Chapter 98 : အပြာရောင်မှ ဆင်းသက်လာသော အစိမ်းရောင်
ကောင်းရှင်းက ပြုံးလိုက်ပြီး ချောင်ဟုန်ယဲ့အား သရော်ကြည့် ကြည့်လိုက်၏။ သူသည် သူမဆီမှ ဘယ်လို ဇာတ်လမ်းမျိုး ထွက်လာမည်ဆိုသည်အား အမှန်တကယ်ပင် သိချင်နေ၏။
"အနည်းဆုံးတော့ ကျွန်မ ဘာလို့ အိမ်မပြန်ဘဲ ဒီတည်းခိုခန်းမှာ တည်းနေတာလဲဆိုတာကို ရှင် နည်းနည်းလောက် မသိချင်ဘူးလား။ တကယ်တော့ ဒါတွေအားလုံးက ကျင်းယွင်ကျောင်းကြောင့်ပဲ။ သူက တောင်ပေါ်ကနေပြီး ဂျင်ဆင်းအရိုင်းအမြစ်နှစ်ခုကို တူးလာခဲ့တယ်တဲ့၊ ကျွန်မအဖေက သူကိုယ်တိုင် မျက်လုံးနဲ့မြင်ခဲ့တာလို့ ပြောတယ်။ အဲဒါက အနည်းဆုံး သန်းနဲ့ချီပြီး တန်တယ်တဲ့။ ကျင်းယွင်ကျောင်းကလည်း မြို့ထဲမှာ ခရားအကွဲတစ်လုံးကို ဝယ်ဖို့ ယွမ်နှစ်သိန်းတောင် သုံးခဲ့တာ။ ရှင် မြို့ထဲမှာ မေးကြည့်ရင် သိလာလိမ့်မယ်။ အခု ကျွန်မရဲ့အဖေက သူ ဘယ်မှာနေတာလဲဆိုတာ အတိအကျ သိချင်နေတယ်။ အဖေက ပိုက်ဆံတွေကို ပြန်လုချင်နေတာ သေချာသလောက်ပဲ"
ချောင်ဟုန်ယဲ့က ပျာယီးပျာယာဖြင့် ရှင်းပြလိုက်သည်။ ကောင်းရှင်းသည် ဤသွေးဆောင်မှုကို တောင့်မခံနိုင်ကြောင်း သူမ သိ၏။
မျှော်လင့်ထားသည့် အတိုင်းပင် ထိုသတင်းကို ကြားပြီးနောက် ကောင်းရှင်းသည် အံ့သြထိတ်လန့်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူသည် လောဘစိတ်ကို ထုတ်ဖော်မပြဘဲ မနေနိုင်ခဲ့။
"ဒီ ကျင်းယွင်ကျောင်းက တကယ်ပဲ ဒီလို သောက်ကျိုးနည်း ကံကောင်းမှုအကြီးကြီး ရှိနေတာလား"
ဂျင်ဆင်းက ဘယ်အချိန်တုန်းကများ ဒီလောက် တူးရလွယ်သွားတာလဲ။ နင်းရှန်မြို့တွင် စားဝတ်နေရေးအတွက် တောင်များကို မှီခိုနေရသူ များစွာရှိ၍ ဤကဲ့သို့ ရတနာသိုက်ကို ရှာတွေ့သူတစ်ယောက်မှ မရှိသည်ကတော့ အမှန်ပင်။
"ကျွန်မ သိပါတယ်၊ ဟုတ်တယ်မဟုတ်လား။ ကောင်းကော ရှင်က အခု ပိုက်ဆံပြတ်နေပြီးတော့ ကျွန်မအဖေက ကျွန်မကို ကျင်းယွင်ကျောင်းရဲ့အကြောင်း စုံစမ်းဖို့ တာဝန်ပေးထားတယ်။ ဒါကြောင့် ကျွန်မတို့ အတူ အလုပ်လုပ်သင့်တယ်"
ချောင်ဟုန်ယဲ့က ချောချောမွေ့မွေ့ အကြံပြုလိုက်ပြီးနောက် ဆက်ပြောလာသည်။
"ကျွန်မက ကျင်းယွင်ကျောင်းနေတဲ့နေရာကို ရှာနိုင်တယ်၊ ပြီးရင် အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန် ရှင်က တံခါးဖြတ်ပြီးဝင်လိုက်။ အောင်မြင်ရင် ကျွန်မတို့ တစ်ဝက်စီ ခွဲယူကြမယ်"
"ညီမလေး ချောင်၊ မင်းက ပိုပြီးတော့ လိမ္မာပါးနပ်လာတာပဲ။ ဘာမှ အားစိုက်ထုတ်တာမရှိဘဲနဲ့ မင်းက အကျိုးအမြတ်တွေ ရနိုင်ဦးမယ်၊ မင်းရဲ့အဖေကိုပါ ညီတူမျှတူထဲ ပေါင်းထည့်လိုက်သေးတယ်"
ကောင်းရှင်းက ပြင်းပြင်းထန်ထန် လှောင်ပြောင်နေသောအသံဖြင့် ပြောလိုက်သည်။
ချောင်ဟုန်ယဲ့က နှုတ်ခမ်းတွန့်၍ ပြုံးလိုက်၏။
"ကျွန်မ အဖေ ဘယ်လိုလဲဆိုတာ ရှင်သိပါတယ်။ သူက ကျင်းယွင်ကျောင်းရဲ့ ပစ္စည်းတွေအားလုံးကို ရသွားရင်တောင်မှ ကျွန်မကို မြို့တော်က အကသင်တန်းတွေဆီပို့ဖို့ လိုအပ်တဲ့ ယွမ်သောင်းဂဏန်းကိုတောင်မှ ပေးဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး"
ချောင်ဟုန်ယဲ့သည် သူမ၏ အဖေက သူမအား မက်လုံးတစ်ခုပေးရန် ပြောခဲ့ခြင်းသာဖြစ်ကြောင်း သူမ၏ နှလုံးသားထဲက ရှင်းရှင်းလင်းလင်း သိနေ၏။ သူသည် ပစ္စည်း လက်ထဲရောက်သည်နှင့် သူက သူမ မင်္ဂလာဆောင်လျှင် ထည့်ပေးရမည့် ခန်းဝင်ပစ္စည်းအတွက် ငွေစုနေကြောင်း ပြောမည်မှာ အသေအချာပင်။ ထို့နောက် သူသည် သူမ အဝတ်အစားဝယ်ရန်အတွက် အများဆုံး ယွမ်ရာဂဏန်းသာ ပေးလိမ့်မည်။
ထိုသည်နှင့် နှိုင်းယှဥ်ကြည့်ပါက အဘယ့်ကြောင့် ကောင်းရှင်းနှင့် မပူးပေါင်းရမည်နည်း။ သူမ၏ အဖေသည် ထိုကိစ္စကို လုပ်ရန်အတွက် လူတစ်ယောက်ကို ရှာတွေ့သောအခါ အရာအားလုံးသည် နောက်ကျလွန်းသွားပြီ ဖြစ်လိမ့်မည်။ အကယ်၍ သူသည် ဘာမှ ရှာမတွေ့ပါက သူမကို အပြစ်တင်လိမ့်မည် မဟုတ်ဘဲ ဒေါသများကို ကျင်းယွင်ကျောင်းအပေါ်၌သာ တစ်ဆင့် ပုံချလိမ့်မည်။
ကောင်းရှင်းသည် စီးကရက်တစ်လိပ်ကို ထုတ်၍ အနည်းငယ် ဖွာလိုက်သည်။ မီးခိုးငွေ့များကို မှုတ်ထုတ်၍ သူ၏ ရှေ့တွင်ရှိသော အရွယ်ကောင်း မိန်းမပျိုလေးကို အကဲခတ်လိုက်၏။ ထို့နောက် အကြောင်းပြချက်အချို့ကြောင့် သူသည် ကြောက်ရွံ့တုန်ယင်သွားသလို ခံစားလိုက်ရသည်။
အမှန်တကယ်ပင် ဤသမီးဖြစ်သူသည် ဖခင်ဖြစ်သူ၏ လမ်းအတိုင်း လိုက်၏။ ချောင်ဟုန်ယဲ့နှင့် ချောင်ဝေ့မင်တို့၏ အကျင့်စရိုက်များသည် တထပ်တည်း တူညီသည်၊ အစိမ်းသည် အပြာမှ ဆင်းသက်လာသည်ဟူသော စကားအတိုင်းပင်။
(T/N : တရုတ်စကားပုံပါ၊ အဓိပ္ပါယ်က အဖေတူ သား/သမီးလို့ ပြောတာပါ။)
အစပိုင်းတွင် ကောင်းရှင်းသည် သူမအပေါ်၌ မကောင်းသော အတွေးအနည်းငယ် ရှိနေခဲ့သည်။ စင်စစ်၊ သူသည် ချောင်ဟုန်ယဲ့အား ကြိုက်နေသည်မှာ အတော်ကြာပြီဖြစ်ပြီး သို့မဟုတ်ပါက သူသည် သူမအား ဒီအချိန်ထိ ကူညီနေလိမ့်မည် မဟုတ်ပေ။ ယခုအချိန်၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် အခန်းတစ်ခန်းကို အတူမျှဝေသုံးစွဲနေပြီး ဤကဲ့သို့သော အခွင့်အရေးများက ရှားပါးလွန်းလှသည်။ သို့သော် ချောင်ဟုန်ယဲ့၏ ဤဘက်အခြမ်းကို မြင်ပြီးနောက် သူ၏ စိတ်ဆန္ဒများအားလုံး ငြိမ်းသတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သေချာပေါက်ပင် သူသည် ချောင်ဟုန်ယဲ့အား တစ်ခုခု မလုပ်ချင်တော့သည်မှာ သူ ဂျင်ဆင်းကို ခိုးပြီး ပြန်လာပါက လက်စားချေခံရမည်ကို စိုးသောကြောင့်သာ။
လူနှစ်ယောက်နှင့် ညတစ်ည၊ ထူးဆန်းစွာပင် ဘာမှမဖြစ်ပျက်သွားဘဲ ကုန်ဆုံးသွား၏။
ဒုတိယနေ့ မနက်တွင် မက်စ်တပ်ထား၍ ဦးထုပ်ဆောင်းသော မိန်းကလေးတစ်ယောက်သည် မနက်ခင်း လေ့ကျင့်ခန်းလုပ်ချင်ယောင်ဆောင်ရင်း ရိပ်သာလမ်းလေးတစ်လျှောက်တွင် လမ်းလျှောက်နေဟန်ဖြင့် ပေါ်ထွက်လာသည်။
ကျင်းယွင်ကျောင်းသည် စနေနေ့တိုင်း အဖိုးရှု၏ အိမ်သို့ ဆေးပင်များ ရောင်းရန် ဦးတည်လေ့ရှိ၏။
သို့သော် သူမသည် အောက်ထပ်သို့ ဆင်းလာသောအခါ၊ ရုတ်တရက် မနှစ်မျိုဖွယ်ကောင်းသော အကြည့်တစ်ခုကို ခံစားမိလိုက်သည်။
လက်ရှိအချိန်တွင် သူမသည် ကိုယ်ခံပညာလေ့ကျင့်သူတစ်ယောက် ဖြစ်၏။ သူမတွင် ကျွမ်းကျင်မှုမရှိသေးလျှင်တောင်မှ လေ့ကျင့်နေသူတစ်ယောက် အနေနှင့် သူမသည် ကိစ္စများအပေါ် ပို၍ လေးလေးနက်နက် အာရုံစူးစိုက်တတ်လာသည်။ ထိုကဲ့သို့သော အကြည့်များကို လျစ်လျူရှုရန် ခဲယဥ်းလွန်းလှ၏။
သူမက ခေါင်းလှည့်၍ လျှောက်ပတ်ကြည့်လိုက်သော်လည်း တစ်ဖက်လူက သူမကို ကြည့်နေခြင်းအား ရပ်လိုက်၍ သူမအား ကျောပေးလိုက်သည်ကိုသာ မြင်လိုက်ရသည်။ ထိုလူသည် အနက်ရောင် ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် လုံလုံခြုံခြုံ ဖုံးကာထား၏။ မနက်ခင်း အားကစားလုပ်နေသည်နှင့် တူသော်လည်း ဝတ်စားထားသည့်ပုံစံနှင့် ထိုပေါ့ပါး၍ အားနည်းသော ခြေလှမ်းများက ထိုသူ၏ အပြုအမူမှာ တစ်ခုခုမှားယွင်းနေကြောင်း အသိအသာပင်။
ထို့အပြင် ထိုပုံသဏ္ဍာန်သည် အလွန်အမင်း ရင်းနှီးနေ၏။
ကျင်းယွင်ကျောင်း၏ စိတ်ထဲတွင် ပုံသဏ္ဍာန်တစ်ခုက လျှပ်ခနဲ ဖြတ်ပြေးသွား၍ သူမသည် ရုတ်တရက် ပြုံးလိုက်သည်။ ထို့နောက် သူမသည် နောက်သို့ပြန်မလှည့်မီ စိတ်ထဲမှ ကြိတ်ရယ်လိုက်ပြီး ဘာမှ ထူးထူးခြားခြား မတွေ့သယောင် ဟန်ဆောင်လိုက်၏။
သူမ၏ နောက်တွင်မူ ချောင်ဟုန်ယဲ့သည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်ထွက်လာ၏။ အဆောက်အဦးအား စိုက်ကြည့်ရင်း သူမသည် မျက်လုံးကစားလိုက်ရာ အပြင်ဘက်၌ အဝတ်လှမ်းနေသော စူးချူကို တွေ့လိုက်ရသည်။ သူမ၏ နှလုံးသားသည် အံ့သြတကြီး ဆောင့်ခုန်သွားပြီး အလွန်အမင်း ပျာယာခတ်သွား၏။
Zawgyi
Chapter 98 : အျပာေရာင္မွ ဆင္းသက္လာေသာ အစိမ္းေရာင္
ေကာင္းရွင္းက ၿပဳံးလိုက္ၿပီး ေခ်ာင္ဟုန္ယဲ့အား သေရာ္ၾကည့္ ၾကည့္လိုက္၏။ သူသည္ သူမဆီမွ ဘယ္လို ဇာတ္လမ္းမ်ိဳး ထြက္လာမည္ဆိုသည္အား အမွန္တကယ္ပင္ သိခ်င္ေန၏။
"အနည္းဆုံးေတာ့ ကြၽန္မ ဘာလို႔ အိမ္မျပန္ဘဲ ဒီတည္းခိုခန္းမွာ တည္းေနတာလဲဆိုတာကို ရွင္ နည္းနည္းေလာက္ မသိခ်င္ဘူးလား။ တကယ္ေတာ့ ဒါေတြအားလုံးက က်င္းယြင္ေက်ာင္းေၾကာင့္ပဲ။ သူက ေတာင္ေပၚကေနၿပီး ဂ်င္ဆင္းအရိုင္းအျမစ္ႏွစ္ခုကို တူးလာခဲ့တယ္တဲ့၊ ကြၽန္မအေဖက သူကိုယ္တိုင္ မ်က္လုံးနဲ႕ျမင္ခဲ့တာလို႔ ေျပာတယ္။ အဲဒါက အနည္းဆုံး သန္းနဲ႕ခ်ီၿပီး တန္တယ္တဲ့။ က်င္းယြင္ေက်ာင္းကလည္း ၿမိဳ႕ထဲမွာ ခရားအကြဲတစ္လုံးကို ဝယ္ဖို႔ ယြမ္ႏွစ္သိန္းေတာင္ သုံးခဲ့တာ။ ရွင္ ၿမိဳ႕ထဲမွာ ေမးၾကည့္ရင္ သိလာလိမ့္မယ္။ အခု ကြၽန္မရဲ႕အေဖက သူ ဘယ္မွာေနတာလဲဆိုတာ အတိအက် သိခ်င္ေနတယ္။ အေဖက ပိုက္ဆံေတြကို ျပန္လုခ်င္ေနတာ ေသခ်ာသေလာက္ပဲ"
ေခ်ာင္ဟုန္ယဲ့က ပ်ာယီးပ်ာယာျဖင့္ ရွင္းျပလိုက္သည္။ ေကာင္းရွင္းသည္ ဤေသြးေဆာင္မႈကို ေတာင့္မခံနိုင္ေၾကာင္း သူမ သိ၏။
ေမွ်ာ္လင့္ထားသည့္ အတိုင္းပင္ ထိုသတင္းကို ၾကားၿပီးေနာက္ ေကာင္းရွင္းသည္ အံ့ၾသထိတ္လန့္သြားေသာ္လည္း တစ္ခ်ိန္တည္းမွာပင္ သူသည္ ေလာဘစိတ္ကို ထုတ္ေဖာ္မျပဘဲ မေနနိုင္ခဲ့။
"ဒီ က်င္းယြင္ေက်ာင္းက တကယ္ပဲ ဒီလို ေသာက္က်ိဳးနည္း ကံေကာင္းမႈအႀကီးႀကီး ရွိေနတာလား"
ဂ်င္ဆင္းက ဘယ္အခ်ိန္တုန္းကမ်ား ဒီေလာက္ တူးရလြယ္သြားတာလဲ။ နင္းရွန္ၿမိဳ႕တြင္ စားဝတ္ေနေရးအတြက္ ေတာင္မ်ားကို မွီခိုေနရသူ မ်ားစြာရွိ၍ ဤကဲ့သို႔ ရတနာသိုက္ကို ရွာေတြ႕သူတစ္ေယာက္မွ မရွိသည္ကေတာ့ အမွန္ပင္။
"ကြၽန္မ သိပါတယ္၊ ဟုတ္တယ္မဟုတ္လား။ ေကာင္းေကာ ရွင္က အခု ပိုက္ဆံျပတ္ေနၿပီးေတာ့ ကြၽန္မအေဖက ကြၽန္မကို က်င္းယြင္ေက်ာင္းရဲ႕အေၾကာင္း စုံစမ္းဖို႔ တာဝန္ေပးထားတယ္။ ဒါေၾကာင့္ ကြၽန္မတို႔ အတူ အလုပ္လုပ္သင့္တယ္"
ေခ်ာင္ဟုန္ယဲ့က ေခ်ာေခ်ာေမြ႕ေမြ႕ အႀကံျပဳလိုက္ၿပီးေနာက္ ဆက္ေျပာလာသည္။
"ကြၽန္မက က်င္းယြင္ေက်ာင္းေနတဲ့ေနရာကို ရွာနိုင္တယ္၊ ၿပီးရင္ အိမ္မွာ ဘယ္သူမွ မရွိတဲ့အခ်ိန္ ရွင္က တံခါးျဖတ္ၿပီးဝင္လိုက္။ ေအာင္ျမင္ရင္ ကြၽန္မတို႔ တစ္ဝက္စီ ခြဲယူၾကမယ္"
"ညီမေလး ေခ်ာင္၊ မင္းက ပိုၿပီးေတာ့ လိမၼာပါးနပ္လာတာပဲ။ ဘာမွ အားစိုက္ထုတ္တာမရွိဘဲနဲ႕ မင္းက အက်ိဳးအျမတ္ေတြ ရနိုင္ဦးမယ္၊ မင္းရဲ႕အေဖကိုပါ ညီတူမွ်တူထဲ ေပါင္းထည့္လိုက္ေသးတယ္"
ေကာင္းရွင္းက ျပင္းျပင္းထန္ထန္ ေလွာင္ေျပာင္ေနေသာအသံျဖင့္ ေျပာလိုက္သည္။
ေခ်ာင္ဟုန္ယဲ့က ႏႈတ္ခမ္းတြန့္၍ ၿပဳံးလိုက္၏။
"ကြၽန္မ အေဖ ဘယ္လိုလဲဆိုတာ ရွင္သိပါတယ္။ သူက က်င္းယြင္ေက်ာင္းရဲ႕ ပစၥည္းေတြအားလုံးကို ရသြားရင္ေတာင္မွ ကြၽန္မကို ၿမိဳ႕ေတာ္က အကသင္တန္းေတြဆီပို႔ဖို႔ လိုအပ္တဲ့ ယြမ္ေသာင္းဂဏန္းကိုေတာင္မွ ေပးဖို႔ ဆႏၵရွိမွာ မဟုတ္ဘူး"
ေခ်ာင္ဟုန္ယဲ့သည္ သူမ၏ အေဖက သူမအား မက္လုံးတစ္ခုေပးရန္ ေျပာခဲ့ျခင္းသာျဖစ္ေၾကာင္း သူမ၏ ႏွလုံးသားထဲက ရွင္းရွင္းလင္းလင္း သိေန၏။ သူသည္ ပစၥည္း လက္ထဲေရာက္သည္ႏွင့္ သူက သူမ မဂၤလာေဆာင္လွ်င္ ထည့္ေပးရမည့္ ခန္းဝင္ပစၥည္းအတြက္ ေငြစုေနေၾကာင္း ေျပာမည္မွာ အေသအခ်ာပင္။ ထို႔ေနာက္ သူသည္ သူမ အဝတ္အစားဝယ္ရန္အတြက္ အမ်ားဆုံး ယြမ္ရာဂဏန္းသာ ေပးလိမ့္မည္။
ထိုသည္ႏွင့္ ႏွိုင္းယွဥ္ၾကည့္ပါက အဘယ့္ေၾကာင့္ ေကာင္းရွင္းႏွင့္ မပူးေပါင္းရမည္နည္း။ သူမ၏ အေဖသည္ ထိုကိစၥကို လုပ္ရန္အတြက္ လူတစ္ေယာက္ကို ရွာေတြ႕ေသာအခါ အရာအားလုံးသည္ ေနာက္က်လြန္းသြားၿပီ ျဖစ္လိမ့္မည္။ အကယ္၍ သူသည္ ဘာမွ ရွာမေတြ႕ပါက သူမကို အျပစ္တင္လိမ့္မည္ မဟုတ္ဘဲ ေဒါသမ်ားကို က်င္းယြင္ေက်ာင္းအေပၚ၌သာ တစ္ဆင့္ ပုံခ်လိမ့္မည္။
ေကာင္းရွင္းသည္ စီးကရက္တစ္လိပ္ကို ထုတ္၍ အနည္းငယ္ ဖြာလိုက္သည္။ မီးခိုးေငြ႕မ်ားကို မႈတ္ထုတ္၍ သူ၏ ေရွ႕တြင္ရွိေသာ အ႐ြယ္ေကာင္း မိန္းမပ်ိဳေလးကို အကဲခတ္လိုက္၏။ ထို႔ေနာက္ အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ သူသည္ ေၾကာက္႐ြံ႕တုန္ယင္သြားသလို ခံစားလိုက္ရသည္။
အမွန္တကယ္ပင္ ဤသမီးျဖစ္သူသည္ ဖခင္ျဖစ္သူ၏ လမ္းအတိုင္း လိုက္၏။ ေခ်ာင္ဟုန္ယဲ့ႏွင့္ ေခ်ာင္ေဝ့မင္တို႔၏ အက်င့္စရိုက္မ်ားသည္ တထပ္တည္း တူညီသည္၊ အစိမ္းသည္ အျပာမွ ဆင္းသက္လာသည္ဟူေသာ စကားအတိုင္းပင္။
(T/N : တ႐ုတ္စကားပုံပါ၊ အဓိပၸါယ္က အေဖတူ သား/သမီးလို႔ ေျပာတာပါ။)
အစပိုင္းတြင္ ေကာင္းရွင္းသည္ သူမအေပၚ၌ မေကာင္းေသာ အေတြးအနည္းငယ္ ရွိေနခဲ့သည္။ စင္စစ္၊ သူသည္ ေခ်ာင္ဟုန္ယဲ့အား ႀကိဳက္ေနသည္မွာ အေတာ္ၾကာၿပီျဖစ္ၿပီး သို႔မဟုတ္ပါက သူသည္ သူမအား ဒီအခ်ိန္ထိ ကူညီေနလိမ့္မည္ မဟုတ္ေပ။ ယခုအခ်ိန္၌ အမ်ိဳးသားတစ္ေယာက္ႏွင့္ အမ်ိဳးသမီးတစ္ေယာက္သည္ အခန္းတစ္ခန္းကို အတူမွ်ေဝသုံးစြဲေနၿပီး ဤကဲ့သို႔ေသာ အခြင့္အေရးမ်ားက ရွားပါးလြန္းလွသည္။ သို႔ေသာ္ ေခ်ာင္ဟုန္ယဲ့၏ ဤဘက္အျခမ္းကို ျမင္ၿပီးေနာက္ သူ၏ စိတ္ဆႏၵမ်ားအားလုံး ၿငိမ္းသတ္သြားသကဲ့သို႔ ခံစားလိုက္ရ၏။ ေသခ်ာေပါက္ပင္ သူသည္ ေခ်ာင္ဟုန္ယဲ့အား တစ္ခုခု မလုပ္ခ်င္ေတာ့သည္မွာ သူ ဂ်င္ဆင္းကို ခိုးၿပီး ျပန္လာပါက လက္စားေခ်ခံရမည္ကို စိုးေသာေၾကာင့္သာ။
လူႏွစ္ေယာက္ႏွင့္ ညတစ္ည၊ ထူးဆန္းစြာပင္ ဘာမွမျဖစ္ပ်က္သြားဘဲ ကုန္ဆုံးသြား၏။
ဒုတိယေန႕ မနက္တြင္ မက္စ္တပ္ထား၍ ဦးထုပ္ေဆာင္းေသာ မိန္းကေလးတစ္ေယာက္သည္ မနက္ခင္း ေလ့က်င့္ခန္းလုပ္ခ်င္ေယာင္ေဆာင္ရင္း ရိပ္သာလမ္းေလးတစ္ေလွ်ာက္တြင္ လမ္းေလွ်ာက္ေနဟန္ျဖင့္ ေပၚထြက္လာသည္။
က်င္းယြင္ေက်ာင္းသည္ စေနေန႕တိုင္း အဖိုးရႈ၏ အိမ္သို႔ ေဆးပင္မ်ား ေရာင္းရန္ ဦးတည္ေလ့ရွိ၏။
သို႔ေသာ္ သူမသည္ ေအာက္ထပ္သို႔ ဆင္းလာေသာအခါ၊ ႐ုတ္တရက္ မႏွစ္မ်ိဳဖြယ္ေကာင္းေသာ အၾကည့္တစ္ခုကို ခံစားမိလိုက္သည္။
လက္ရွိအခ်ိန္တြင္ သူမသည္ ကိုယ္ခံပညာေလ့က်င့္သူတစ္ေယာက္ ျဖစ္၏။ သူမတြင္ ကြၽမ္းက်င္မႈမရွိေသးလွ်င္ေတာင္မွ ေလ့က်င့္ေနသူတစ္ေယာက္ အေနႏွင့္ သူမသည္ ကိစၥမ်ားအေပၚ ပို၍ ေလးေလးနက္နက္ အာ႐ုံစူးစိုက္တတ္လာသည္။ ထိုကဲ့သို႔ေသာ အၾကည့္မ်ားကို လ်စ္လ်ဴရႈရန္ ခဲယဥ္းလြန္းလွ၏။
သူမက ေခါင္းလွည့္၍ ေလွ်ာက္ပတ္ၾကည့္လိုက္ေသာ္လည္း တစ္ဖက္လူက သူမကို ၾကည့္ေနျခင္းအား ရပ္လိုက္၍ သူမအား ေက်ာေပးလိုက္သည္ကိုသာ ျမင္လိုက္ရသည္။ ထိုလူသည္ အနက္ေရာင္ ကုတ္အကၤ်ီတစ္ထည္ကို ဝတ္ဆင္ထားၿပီး ခႏၶာကိုယ္တစ္ခုလုံးကို တင္းတင္းၾကပ္ၾကပ္ လုံလုံၿခဳံၿခဳံ ဖုံးကာထား၏။ မနက္ခင္း အားကစားလုပ္ေနသည္ႏွင့္ တူေသာ္လည္း ဝတ္စားထားသည့္ပုံစံႏွင့္ ထိုေပါ့ပါး၍ အားနည္းေသာ ေျခလွမ္းမ်ားက ထိုသူ၏ အျပဳအမူမွာ တစ္ခုခုမွားယြင္းေနေၾကာင္း အသိအသာပင္။
ထို႔အျပင္ ထိုပုံသ႑ာန္သည္ အလြန္အမင္း ရင္းႏွီးေန၏။
က်င္းယြင္ေက်ာင္း၏ စိတ္ထဲတြင္ ပုံသ႑ာန္တစ္ခုက လွ်ပ္ခနဲ ျဖတ္ေျပးသြား၍ သူမသည္ ႐ုတ္တရက္ ၿပဳံးလိုက္သည္။ ထို႔ေနာက္ သူမသည္ ေနာက္သို႔ျပန္မလွည့္မီ စိတ္ထဲမွ ႀကိတ္ရယ္လိုက္ၿပီး ဘာမွ ထူးထူးျခားျခား မေတြ႕သေယာင္ ဟန္ေဆာင္လိုက္၏။
သူမ၏ ေနာက္တြင္မူ ေခ်ာင္ဟုန္ယဲ့သည္ စိတ္သက္သာရာ ရသြားၿပီး သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။ တစ္ခ်ိန္တည္းမွာပင္ သူမ၏ မ်က္ဝန္းထဲ၌ စိတ္လႈပ္ရွားေသာ အရိပ္အေယာင္မ်ား ေပၚထြက္လာ၏။ အေဆာက္အဦးအား စိုက္ၾကည့္ရင္း သူမသည္ မ်က္လုံးကစားလိုက္ရာ အျပင္ဘက္၌ အဝတ္လွမ္းေနေသာ စူးခ်ဴကို ေတြ႕လိုက္ရသည္။ သူမ၏ ႏွလုံးသားသည္ အံ့ၾသတႀကီး ေဆာင့္ခုန္သြားၿပီး အလြန္အမင္း ပ်ာယာခတ္သြား၏။