Chapter 93 : ကောလဟာလများပြန်စတင်ခြင်း
ချောင်ဝေ့မင်သည် သူမအား ညွှန်ကြားချက်များပေး၍ ထွက်သွားပြီးနောက် ချောင်ဟုန်ယဲ့၏ စိတ်သည် အတော်လေး ကသိကအောက် ဖြစ်နေသည်။
သူမသည် မူလက ဤအပတ်တွင် သူမ၏ သူငယ်ချင်းများနှင့် နွေဦးရာသီအပန်းဖြေခရီးတစ်ခု သွားရန် စီစဥ်ထားခဲ့၏။ အဆုံး၌ သူမ၏ အားလပ်ချိန်နှင့် ပျော်စရာအချိန်လေးများသည် ကျင်းယွင်ကျောင်းကြောင့် ပျက်စီးသွားရသည်။ အထူးသဖြင့် ကျင်းယွင်ကျောင်းက ခရားအစုတ်တစ်လုံးအတွက် ယွမ်နှစ်သိန်းသုံးသွားကြောင်း သတိရသောအခါ သူမ စိတ်ဓါတ်ကျသွား၏။
"ဟုန်ယဲ့၊ နင့်ကြည့်ရတာ ဘာလို့ အရမ်းစိတ်ညစ်နေတာလဲ။ အ်ိမ်မှာ တစ်ခုခုများ ဖြစ်လို့လား"
ချောင်ဟုန်ယဲ့ ကျောင်းသို့ပြန်လာပြီးနောက် ကြည့်ရသည်မှာ စိတ်ဓါတ်ကျနေပုံပေါက်နေသည်။ သူမ၏ မကြည်သာသော အမူအရာက ဘေးမှ လူများ၏ အာရုံကို ဆွဲဆောင်နေ၏။
ချောင်ဟုန်ယဲ့က နှုတ်ခမ်းကို ဖိကိုက်ထားပြီး ခေါင်းယမ်းပြလိုက်၏။ သူမ၏ စကားပြောချင်စိတ်မရှိခြင်းက ဘေးမှကျောင်းသားများအား သူမကို ပို၍ကူညီချင်စိတ်ပေါက်စေသည်။
"ကျင်းယွင်ကျောင်းက နင့်အဖေကို တစ်ခုခုများ ပြောလိုက်လို့လား"
တစ်ယောက်က မေးလိုက်၏။
ချောင်ဟုန်ယဲ့၏ အပေါင်းအသင်းများအားလုံးက ကျင်းယွင်ကျောင်းအား သပိတ်လွယ်ငှက်၏ အသိုက်ကို အပိုင်စီးသည့် ချိုးငှက်အဖြစ်သိကြ၏။ သူတို့က သူမသည် အကြံကြီးသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး အိမ်၌ ချောင်ဟုန်ယဲ့အား မကြာခဏ အနိုင်ကျင့်တတ်သည် ဟူ၍လည်း သိထားကြသည်။ သို့ရာတွင် ချောင်ဟုန်ယဲ့သည် ကြင်နာတတ်၍ သည်းခံတတ်ပြီး အရာအားလုံးကို ရင်ထဲတွင်သာ မျိုသိပ်ထားတတ်၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ ချောင်ဟုန်ယဲ့ကို စိတ်ထိခိုက်အောင် မလုပ်ပါက ကျောင်း၏ အဆင့်တစ် ဖြစ်လာလိမ့်မည်လားဆိုသည်ကို မည်သူသိနိုင်မည်နည်း။
(T/N : သပိတ်လွယ်ငှက်၏အသိုက်ကို အပိုင်စီးသည့် ချိုးငှက်ဆိုတာ သူတစ်ပါးပိုင်တဲ့ပစ္စည်းကို ကိုယ့်ဟာမဟုတ်ဘဲ အတင်းအကြပ် မောင်ပိုင်စီးတာကို ပြောတာပါ။)
ချောင်ဟုန်ယဲ့က ခေါင်းကို ခပ်သွက်သွက် ယမ်းပြလိုက်၏။ သူမ၏မျက်နှာက သတိအပြည့်နှင့်ပင်။
"တကယ်တော့ အဲလိုမဟုတ်ပါဘူး...အဖေက မမရဲ့လုံခြုံရေးကို စိုးရိမ်လို့ပါ။ နင်တို့အားလုံး သူ အိမ်ကနေ ထွက်ပြေးသွားတာကို သိကြတယ်မလား။ အခု သူ ဘယ်မှာနေလဲဆိုတာ ငါတို့မှာ သဲလွန်စတောင် မရှိသေးဘူး။ ငါတို့မိသားစုက သူ လူဆိုးတွေနဲ့ တွေ့မှာကို စိုးရိမ်နေတာ၊ ပြီးတော့ စိုးရိမ်တာကိုလည်း မရပ်နိုင်ဘူး"
"ဒါဆို ဒါက ဘာလဲ။ နင် ဒါကို ထုတ်မပြောရင် ငါ မေ့နေတော့မလို့။ အရင်ရက်က ကျင်းယွင်ကျောင်းက ကျောင်းကို စူးချူ၊ ကန်ကျင်းချန်တို့နဲ့အတူ လာခဲ့တယ် မဟုတ်လား။ သူတို့က တကယ်ကြီး အတူတူနေကြတာ။ ငါ သူတို့သုံးယောက်ကို ဝမ်ရှင်းဟွားယွမ့်ကနေ ထွက်လာတာ မြင်လိုက်တယ်။ လမ်းမှာ ကျင်းယွင်ကျောင်းက ကန်ကျင်းချန်နဲ့အတူတူ စကားတွေပြောပြီး ရယ်မောနေတာ၊ ပရော်ပရီနိုင်ချက်ပဲ"
မိန်းကလေးတစ်ယောက်က မှတ်ချက်ပေးလိုက်သည်။
ချောင်ဟုန်ယဲ့ကြောင့် သူမ၏ ပတ်ဝန်းကျင်ရှိ သူငယ်ချင်းများအားလုံးသည် ကျင်းယွင်ကျောင်းအား အရိုးထဲစွဲအောင် မုန်းတီးနေကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းကဲ့သို့သော မကောင်းဆိုးဝါးမျိုး ရှိနေသည်အား မယုံကြည်နိုင်ကြပေ။
ချောင်ဟုန်ယဲ့သည် ကြောင်အ,သွား၍ အသက်ရှုကြပ်ပြီး လည်ပင်းတင်းကြပ်သွား၏။ ကျင်းယွင်ကျောင်းနှင့် ကန်ကျင်းချန်တို့ကြားတွင် တစ်ခုခု ရှိကိုရှိနေရမည်။
ကန်ကျင်းချန်သည် ကျောင်း၏ အချောဆုံးများထဲမှ တစ်ယောက်ဖြစ်၍ အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်၏။ ချောင်ဟုန်ယဲ့နှင့် ကန်ကျင်းချန်နှစ်ဦးစလုံးသည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဖြစ်ကြသော်လည်း ချောင်ဟုန်ယဲ့သည် ကန်ကျင်းချန်က သူမအား အထူးအရေးပေး၍ ဆက်ဆံသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမသည် မူလက ကန်ကျင်းချန်အား ကျိုးကြောင်းဆီလျော်မှုမရှိ၍ မရင်းနှီးလွယ်သော အကျင့်စရိုက်ရှိသူဟု ထင်ထားသောကြောင့် သူမသည် ၎င်းကို အများကြီးမတွေးမိခဲ့ပေ။ စင်စစ် ကန်ကျင်းချန်က သူမအား မကြိုက်လျှင်တောင်မှ သူမအား ကြိုက်သည့်သူများစွာရှိ၏။ သို့ရာတွင် ကန်ကျင်းချန်အား ကျင်းယွင်ကျောင်းနှင့် ရင်းနှီးနေသည်ကို မြင်ရသည်က သူမအား နေမထိထိုင်မသာ ဖြစ်စေသည်။
ကျင်းယွင်ကျောင်းနဲ့ယှဥ်ရင် သူမက ဘာချို့ယွင်းနေလို့လဲ။ ဘာကြောင့် ကန်ကျင်းချန်က ကျင်းယွင်ကျောင်းကို သတိထားမိပေမယ့် သူမကိုကျ သတိမထားမိသလဲ။
ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ကြည့်ကောင်းသော မျက်နှာကို ပိုင်ဆိုင်ထားသော်လည်း ထိုမျက်နှာထားသည် အေးစက်၍ စိမ်းကားလှသည်။ ယောကျ်ားတွေက ချစ်စရာကောင်းပြီး နူးညံ့တဲ့ မိန်းကလေးတွေကို သဘောကျတာမဟုတ်လား။
ချောင်ဟုန်ယဲ့၏ မျက်နှာသည် အနည်းငယ် ဖျော့တော့နေသည်။
"သူတို့က အတူတူနေကြတာလား။ ဒါပေမယ့် သူတို့ တစ်ခုခု ဖြစ်...ဖြစ်နေကြရင်ရော။ အိုး..မဟုတ်သေးပါဘူး၊ အဖေသိသွားရင် သူသေလောက်အောင် စိုးရိမ်သွားလိမ့်မယ်။ ငါ့ရဲ့အစ်မက ငယ်ငယ်လေး ရှိသေးတာ။ တကယ်လို့..."
ချောင်ဟုန်ယဲ့သည် စကားတစ်ဝက်တစ်ပျက်နှင့် သူမ၏ ပါးစပ်ကို ပိတ်လိုက်၏။
သို့သော် အခြားသူများသည် အလိုအလျောက်ပင် သူတို့၏ ခေါင်းထဲတွင် ဖြည့်တွေးလိုက်သည်။
ကန်ကျင်းချန်သည် အလွန်ချောမောခံညား၏။ ကျင်းယွင်ကျောင်းက အဘယ်ကြောင့် လိုလိုချင်ချင်မဖြစ်ရမည်နည်း။
သူတို့သည် အလွန်ငယ်သေးသည်။ တကယ်လို့ သူမမှာ ကိုယ်ဝန်ရှိသွားရင်ရော။
သူတို့ကသည် သူမတို့နှင့် အတူနေသည့် စူးချူအား အလိုအလျောက်ပင် လျစ်လျူရှုလိုက်ကြတော့သည်။
အခြားသူများ၏ မျက်နှာများ အစိမ်းရောင်မှ အနက်ရောင်သို့ ပြောင်းသွားသည်အား ကြည့်ရင်း ချောင်ဟုန်ယဲ့သည် သူမ၏ စကားလုံးများအား ချက်ချင်းပင် ပြောင်းလိုက်၏။
"ကိစ္စတွေကို လျှောက်ပြီး မယူဆပါနဲ့။ ငါက စိတ်လိုက်မာန်ပါ ပြောမိသွားရုံပါ။ ငါ့အစ်မ သိသွားရင် ငါ့ကို သတ်လိမ့်မယ်"
ချက်ချင်းပင် လူအုပ်ကြီးသည် ကျင်းယွင်ကျောင်းအား 'ကြမ်းတမ်းသည်' ဟူသော စကားလုံးနှင့် ချည်နှောင်လိုက်ကြသည်။ လူတိုင်းသည် တမုဟုတ်ချင်း တိတ်ဆိတ်သွားကြ၏။ သို့ရာတွင် သူတို့၏ တရားမျှတမှု လိုလားသောစိတ်အား လောင်စာထည့်ပေးလိုက်သည်။ ထို့ကြောင့် ချောင်ဟုန်ယဲ့သည် သူမလိုချင်သည့် ရလဒ်အား ရရှိသွားလေ၏။
ဤကောလဟာလသည် ချက်ချင်း ပျံ့နှံ့သွားသည်။ နေ့လည်စာစားပြီးချိန်တွင် လူအများပြောနေကြသည့် ကျင်းယွင်ကျောင်းနှင့် ကန်ကျင်းချန်သည်လည်း ထိုကိစ္စအား ကြားသိပြီးသွားကြပြီဖြစ်၏။
ကန်ကျင်းချန်သည် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေသည်။ သူက ကျင်းယွင်ကျောင်းအား ကိုယ်ဝန်ရအောင် လုပ်ခဲ့သည်ဟု ပြောနေကြ၏။ ၎င်းက လုံးဝကို အဓိပ္ပါယ်မရှိသော စကားပေ။
Zawgyi
Chapter 93 : ေကာလဟာလမ်ားျပန္စတင္ျခင္း
ေခ်ာင္ေဝ့မင္သည္ သူမအား ၫႊန္ၾကားခ်က္မ်ားေပး၍ ထြက္သြားၿပီးေနာက္ ေခ်ာင္ဟုန္ယဲ့၏ စိတ္သည္ အေတာ္ေလး ကသိကေအာက္ ျဖစ္ေနသည္။
သူမသည္ မူလက ဤအပတ္တြင္ သူမ၏ သူငယ္ခ်င္းမ်ားႏွင့္ ေႏြဦးရာသီအပန္းေျဖခရီးတစ္ခု သြားရန္ စီစဥ္ထားခဲ့၏။ အဆုံး၌ သူမ၏ အားလပ္ခ်ိန္ႏွင့္ ေပ်ာ္စရာအခ်ိန္ေလးမ်ားသည္ က်င္းယြင္ေက်ာင္းေၾကာင့္ ပ်က္စီးသြားရသည္။ အထူးသျဖင့္ က်င္းယြင္ေက်ာင္းက ခရားအစုတ္တစ္လုံးအတြက္ ယြမ္ႏွစ္သိန္းသုံးသြားေၾကာင္း သတိရေသာအခါ သူမ စိတ္ဓါတ္က်သြား၏။
"ဟုန္ယဲ့၊ နင့္ၾကည့္ရတာ ဘာလို႔ အရမ္းစိတ္ညစ္ေနတာလဲ။ အ္ိမ္မွာ တစ္ခုခုမ်ား ျဖစ္လို႔လား"
ေခ်ာင္ဟုန္ယဲ့ ေက်ာင္းသို႔ျပန္လာၿပီးေနာက္ ၾကည့္ရသည္မွာ စိတ္ဓါတ္က်ေနပုံေပါက္ေနသည္။ သူမ၏ မၾကည္သာေသာ အမူအရာက ေဘးမွ လူမ်ား၏ အာ႐ုံကို ဆြဲေဆာင္ေန၏။
ေခ်ာင္ဟုန္ယဲ့က ႏႈတ္ခမ္းကို ဖိကိုက္ထားၿပီး ေခါင္းယမ္းျပလိုက္၏။ သူမ၏ စကားေျပာခ်င္စိတ္မရွိျခင္းက ေဘးမွေက်ာင္းသားမ်ားအား သူမကို ပို၍ကူညီခ်င္စိတ္ေပါက္ေစသည္။
"က်င္းယြင္ေက်ာင္းက နင့္အေဖကို တစ္ခုခုမ်ား ေျပာလိုက္လို႔လား"
တစ္ေယာက္က ေမးလိုက္၏။
ေခ်ာင္ဟုန္ယဲ့၏ အေပါင္းအသင္းမ်ားအားလုံးက က်င္းယြင္ေက်ာင္းအား သပိတ္လြယ္ငွက္၏ အသိုက္ကို အပိုင္စီးသည့္ ခ်ိဳးငွက္အျဖစ္သိၾက၏။ သူတို႔က သူမသည္ အႀကံႀကီးေသာ မိန္းကေလးတစ္ေယာက္ျဖစ္ၿပီး အိမ္၌ ေခ်ာင္ဟုန္ယဲ့အား မၾကာခဏ အနိုင္က်င့္တတ္သည္ ဟူ၍လည္း သိထားၾကသည္။ သို႔ရာတြင္ ေခ်ာင္ဟုန္ယဲ့သည္ ၾကင္နာတတ္၍ သည္းခံတတ္ၿပီး အရာအားလုံးကို ရင္ထဲတြင္သာ မ်ိဳသိပ္ထားတတ္၏။ အကယ္၍ က်င္းယြင္ေက်ာင္းသာ ေခ်ာင္ဟုန္ယဲ့ကို စိတ္ထိခိုက္ေအာင္ မလုပ္ပါက ေက်ာင္း၏ အဆင့္တစ္ ျဖစ္လာလိမ့္မည္လားဆိုသည္ကို မည္သူသိနိုင္မည္နည္း။
(T/N : သပိတ္လြယ္ငွက္၏အသိုက္ကို အပိုင္စီးသည့္ ခ်ိဳးငွက္ဆိုတာ သူတစ္ပါးပိုင္တဲ့ပစၥည္းကို ကိုယ့္ဟာမဟုတ္ဘဲ အတင္းအၾကပ္ ေမာင္ပိုင္စီးတာကို ေျပာတာပါ။)
ေခ်ာင္ဟုန္ယဲ့က ေခါင္းကို ခပ္သြက္သြက္ ယမ္းျပလိုက္၏။ သူမ၏မ်က္ႏွာက သတိအျပည့္ႏွင့္ပင္။
"တကယ္ေတာ့ အဲလိုမဟုတ္ပါဘူး...အေဖက မမရဲ႕လုံၿခဳံေရးကို စိုးရိမ္လို႔ပါ။ နင္တို႔အားလုံး သူ အိမ္ကေန ထြက္ေျပးသြားတာကို သိၾကတယ္မလား။ အခု သူ ဘယ္မွာေနလဲဆိုတာ ငါတို႔မွာ သဲလြန္စေတာင္ မရွိေသးဘူး။ ငါတို႔မိသားစုက သူ လူဆိုးေတြနဲ႕ ေတြ႕မွာကို စိုးရိမ္ေနတာ၊ ၿပီးေတာ့ စိုးရိမ္တာကိုလည္း မရပ္နိုင္ဘူး"
"ဒါဆို ဒါက ဘာလဲ။ နင္ ဒါကို ထုတ္မေျပာရင္ ငါ ေမ့ေနေတာ့မလို႔။ အရင္ရက္က က်င္းယြင္ေက်ာင္းက ေက်ာင္းကို စူးခ်ဴ၊ ကန္က်င္းခ်န္တို႔နဲ႕အတူ လာခဲ့တယ္ မဟုတ္လား။ သူတို႔က တကယ္ႀကီး အတူတူေနၾကတာ။ ငါ သူတို႔သုံးေယာက္ကို ဝမ္ရွင္းဟြားယြမ့္ကေန ထြက္လာတာ ျမင္လိုက္တယ္။ လမ္းမွာ က်င္းယြင္ေက်ာင္းက ကန္က်င္းခ်န္နဲ႕အတူတူ စကားေတြေျပာၿပီး ရယ္ေမာေနတာ၊ ပေရာ္ပရီနိုင္ခ်က္ပဲ"
မိန္းကေလးတစ္ေယာက္က မွတ္ခ်က္ေပးလိုက္သည္။
ေခ်ာင္ဟုန္ယဲ့ေၾကာင့္ သူမ၏ ပတ္ဝန္းက်င္ရွိ သူငယ္ခ်င္းမ်ားအားလုံးသည္ က်င္းယြင္ေက်ာင္းအား အရိုးထဲစြဲေအာင္ မုန္းတီးေနၾကသည္။ သူတို႔သည္ က်င္းယြင္ေက်ာင္းကဲ့သို႔ေသာ မေကာင္းဆိုးဝါးမ်ိဳး ရွိေနသည္အား မယုံၾကည္နိုင္ၾကေပ။
ေခ်ာင္ဟုန္ယဲ့သည္ ေၾကာင္အ,သြား၍ အသက္ရႈၾကပ္ၿပီး လည္ပင္းတင္းၾကပ္သြား၏။ က်င္းယြင္ေက်ာင္းႏွင့္ ကန္က်င္းခ်န္တို႔ၾကားတြင္ တစ္ခုခု ရွိကိုရွိေနရမည္။
ကန္က်င္းခ်န္သည္ ေက်ာင္း၏ အေခ်ာဆုံးမ်ားထဲမွ တစ္ေယာက္ျဖစ္၍ အာ႐ုံစိုက္မႈမ်ားစြာကို ဆြဲေဆာင္နိုင္၏။ ေခ်ာင္ဟုန္ယဲ့ႏွင့္ ကန္က်င္းခ်န္ႏွစ္ဦးစလုံးသည္ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္မ်ားျဖစ္ၾကေသာ္လည္း ေခ်ာင္ဟုန္ယဲ့သည္ ကန္က်င္းခ်န္က သူမအား အထူးအေရးေပး၍ ဆက္ဆံသည္ကို တစ္ခါမွ မျမင္ဖူးခဲ့ေခ်။ သူမသည္ မူလက ကန္က်င္းခ်န္အား က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိ၍ မရင္းႏွီးလြယ္ေသာ အက်င့္စရိုက္ရွိသူဟု ထင္ထားေသာေၾကာင့္ သူမသည္ ၎ကို အမ်ားႀကီးမေတြးမိခဲ့ေပ။ စင္စစ္ ကန္က်င္းခ်န္က သူမအား မႀကိဳက္လွ်င္ေတာင္မွ သူမအား ႀကိဳက္သည့္သူမ်ားစြာရွိ၏။ သို႔ရာတြင္ ကန္က်င္းခ်န္အား က်င္းယြင္ေက်ာင္းႏွင့္ ရင္းႏွီးေနသည္ကို ျမင္ရသည္က သူမအား ေနမထိထိုင္မသာ ျဖစ္ေစသည္။
က်င္းယြင္ေက်ာင္းနဲ႕ယွဥ္ရင္ သူမက ဘာခ်ိဳ႕ယြင္းေနလို႔လဲ။ ဘာေၾကာင့္ ကန္က်င္းခ်န္က က်င္းယြင္ေက်ာင္းကို သတိထားမိေပမယ့္ သူမကိုက် သတိမထားမိသလဲ။
က်င္းယြင္ေက်ာင္းသည္ အမွန္တကယ္ပင္ ၾကည့္ေကာင္းေသာ မ်က္ႏွာကို ပိုင္ဆိုင္ထားေသာ္လည္း ထိုမ်က္ႏွာထားသည္ ေအးစက္၍ စိမ္းကားလွသည္။ ေယာက်္ားေတြက ခ်စ္စရာေကာင္းၿပီး ႏူးညံ့တဲ့ မိန္းကေလးေတြကို သေဘာက်တာမဟုတ္လား။
ေခ်ာင္ဟုန္ယဲ့၏ မ်က္ႏွာသည္ အနည္းငယ္ ေဖ်ာ့ေတာ့ေနသည္။
"သူတို႔က အတူတူေနၾကတာလား။ ဒါေပမယ့္ သူတို႔ တစ္ခုခု ျဖစ္...ျဖစ္ေနၾကရင္ေရာ။ အိုး..မဟုတ္ေသးပါဘူး၊ အေဖသိသြားရင္ သူေသေလာက္ေအာင္ စိုးရိမ္သြားလိမ့္မယ္။ ငါ့ရဲ႕အစ္မက ငယ္ငယ္ေလး ရွိေသးတာ။ တကယ္လို႔..."
ေခ်ာင္ဟုန္ယဲ့သည္ စကားတစ္ဝက္တစ္ပ်က္ႏွင့္ သူမ၏ ပါးစပ္ကို ပိတ္လိုက္၏။
သို႔ေသာ္ အျခားသူမ်ားသည္ အလိုအေလ်ာက္ပင္ သူတို႔၏ ေခါင္းထဲတြင္ ျဖည့္ေတြးလိုက္သည္။
ကန္က်င္းခ်န္သည္ အလြန္ေခ်ာေမာခံညား၏။ က်င္းယြင္ေက်ာင္းက အဘယ္ေၾကာင့္ လိုလိုခ်င္ခ်င္မျဖစ္ရမည္နည္း။
သူတို႔သည္ အလြန္ငယ္ေသးသည္။ တကယ္လို႔ သူမမွာ ကိုယ္ဝန္ရွိသြားရင္ေရာ။
သူတို႔ကသည္ သူမတို႔ႏွင့္ အတူေနသည့္ စူးခ်ဴအား အလိုအေလ်ာက္ပင္ လ်စ္လ်ဴရႈလိုက္ၾကေတာ့သည္။
အျခားသူမ်ား၏ မ်က္ႏွာမ်ား အစိမ္းေရာင္မွ အနက္ေရာင္သို႔ ေျပာင္းသြားသည္အား ၾကည့္ရင္း ေခ်ာင္ဟုန္ယဲ့သည္ သူမ၏ စကားလုံးမ်ားအား ခ်က္ခ်င္းပင္ ေျပာင္းလိုက္၏။
"ကိစၥေတြကို ေလွ်ာက္ၿပီး မယူဆပါနဲ႕။ ငါက စိတ္လိုက္မာန္ပါ ေျပာမိသြား႐ုံပါ။ ငါ့အစ္မ သိသြားရင္ ငါ့ကို သတ္လိမ့္မယ္"
ခ်က္ခ်င္းပင္ လူအုပ္ႀကီးသည္ က်င္းယြင္ေက်ာင္းအား 'ၾကမ္းတမ္းသည္' ဟူေသာ စကားလုံးႏွင့္ ခ်ည္ေႏွာင္လိုက္ၾကသည္။ လူတိုင္းသည္ တမုဟုတ္ခ်င္း တိတ္ဆိတ္သြားၾက၏။ သို႔ရာတြင္ သူတို႔၏ တရားမွ်တမႈ လိုလားေသာစိတ္အား ေလာင္စာထည့္ေပးလိုက္သည္။ ထို႔ေၾကာင့္ ေခ်ာင္ဟုန္ယဲ့သည္ သူမလိုခ်င္သည့္ ရလဒ္အား ရရွိသြားေလ၏။
ဤေကာလဟာလသည္ ခ်က္ခ်င္း ပ်ံ့ႏွံ႕သြားသည္။ ေန႕လည္စာစားၿပီးခ်ိန္တြင္ လူအမ်ားေျပာေနၾကသည့္ က်င္းယြင္ေက်ာင္းႏွင့္ ကန္က်င္းခ်န္သည္လည္း ထိုကိစၥအား ၾကားသိၿပီးသြားၾကၿပီျဖစ္၏။
ကန္က်င္းခ်န္သည္ ရွက္လည္းရွက္၊ ေဒါသလည္း ထြက္ေနသည္။ သူက က်င္းယြင္ေက်ာင္းအား ကိုယ္ဝန္ရေအာင္ လုပ္ခဲ့သည္ဟု ေျပာေနၾက၏။ ၎က လုံးဝကို အဓိပၸါယ္မရွိေသာ စကားေပ။