Chapter 88 : အပြင်လူတစ်ယောက်အား ကူညီခြင်း
ချောင်ဝေ့မင်သည် ကုတ်အင်္ကျီတစ်ထည်နှင့် ဖိနပ်အပါးများကို ဝတ်စားထားပြီး၊ သူ၏ စတိုင်ဘောင်းဘီမှာ တွန့်ကြေနေကာ ခါးပတ်ကလည်း အဆီအငေါ်မတည့်ဖြစ်နေ၏။ သူ၏ ဆံပင်များမှာ ဆီများ ရွှဲနစ်ကာ ရှုပ်ပွနေသည်။ သူ၏ အမွေးအမျှင်များ မရိတ်ထားသည့် မျက်နှာနှင့်သာ ပေါင်းလိုက်ပါက သူ၏ အသွင်အပြင်တစ်ခုလုံးသည် သူ့ကို သိနှင့်ပြီးသားသူများကိုပါ ထိတ်လန့်ကြောက်ရွံ့သွားစေမည်မှာ အသေအချာပင်။
များသောအားဖြင့် ချောင်ဝေ့မင်သည် အိမ်တွင် နေ့တိုင်း အချောင်ခိုနေသော်လည်း သူသည် အမြဲတမ်း သူ့ကိုယ်သူ ရှယ်ယာရှင်ကြီးတစ်ယောက်ဟု အထင်ရောက်နေလေ့ရှိသည်။ သူ အိမ်မှ ထွက်သည့်အခါတိုင်း သူသည် သပ်သပ်ရပ်ရပ် ဝတ်စားတတ်၍ မကြာခဏပင် သူ၏ စကားလုံးများအား လေးနက်သယောင် ဟန်ဆောင်တတ်၏။ ပုံမှန်အားဖြင့် သူသည် ယနေ့ကဲ့သို့ လမ်းပေါ်မှ အရက်သမားတစ်ယောက်နှင့် တူနေလိမ့်မည်မဟုတ်ပေ။ သူ၏ ချဥ်စူးသော အနံ့အသက်များသည် အခြားသူများ သူ့အနီးသို့ ကပ်မလာခင်မှာပင် ရနေ၏။
ယခုအချိန်တွင် ချောင်ဝေ့မင် မည်မျှ အံ့သြတုန်လှုပ်နေသည်ကိုလည်း မည်သူမှ သိမည်မဟုတ်ပေ။
သူသည် တစ်စုံတစ်ယောက်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီး ထိုသူက ကျင်းယွင်ကျောင်းသည် အဖိုးကြီးလီ၏ ကြွေခရားကို ယွမ်နှစ်သိန်းနှင့် ဝယ်လိုက်ကြောင်း သူ့အား ပြောပြခဲ့သည်။
ယွမ်နှစ်သိန်း။ ထိုအယုတ်တမာမ၏ လက်ထဲတွင် ထိုမှများပြားသော ငွေများ မည်သို့ရလာသနည်း။
ချောင်မိသားစု၏ ဘဏ်စုငွေမှာ သန်းနှင့်ချီ၍ ရှိသော်လည်း ထိုငွေများအားလုံးသည် သူ ကိုင်ထားသည်သာ ဖြစ်၏။ ကျင်းယွင်ကျောင်း မဆိုထားနှင့်၊ သူ၏ သားနှင့်သမီးပင်လျှင် ပိုက်ဆံမသုံးရချေ။
ဤသို့ဆိုလျှင် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူမသည် အခြားသူများထံမှ ငွေများလိမ်လည်လာခြင်း ဖြစ်လိမ့်မည်။
အမှန်ပင်၊ သူသည် ငွေများ မည်သည့်နေရာမှလာသည်ကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်မှာ ထိုငွေများအားလုံးသည် ချောင်မိသားစု၏ ပိုင်ဆိုင်မှုများ ဖြစ်လာသင့်သည်။ သို့သော် ထိုအစား သူမက ၎င်းတို့ကို အဖိုးကြီးလီကို ပေးလိုက်သည်တဲ့လား။ သူမမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။
ချောင်ဝေ့မင်သည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာ၍ သူမ၏ ရှေ့သို့ ချက်ချင်း ရောက်လုနီးပါးပင်။ ထို့နောက် သူသည် သူမဆီမှ ကြွေထည် ရှေးဟောင်းပစ္စည်းကို လုယူချင်သောကြောင့် လက်ကို ဆန့်ထုတ်လိုက်သည်။
"ဒီလိုမျိုး ကြွေထည်ခရားက ယွမ်နှစ်သိန်း ကျတယ်တဲ့လား။ ငါ သင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ခွဲပစ်မယ်"
သို့ရာတွင် သူ၏ လက်ချောင်းများက ကြွေထည်ကို ထိမိလိုက်သည်နှင့် ကျင်းယွင်ကျောင်းက သူမ၏ ခန္ဓာကိုယ်ကို ဘေးသို့လှည့်၍ ရှောင်လိုက်သည်။ ချောင်ဝေ့မင်သည် တစ်စုံတစ်ခုအား ခလုတ်တိုက်မိသကဲ့သို့ ခံစားလိုက်ရပြံး မြေကြီးပေါ်သို့ 'ဘမ်း' ခနဲ ပစ်လဲကျသွား၏။
အဖိုးလီသည် တုန်လှုပ်နေ၍ အံ့အားသင့်နေသော်လည်း အလျင်အမြန်ပင် ထသွားလိုက်ပြီး သူ့အား ကူ၍ ထူမပေးလိုက်သည်။
သို့သော် ချောင်ဝေ့မင်၏ မျက်လုံးထဲတွင် ငွေကိုသာ မြင်တော့၏။ ထို့ကြောင့် သူသည် အဖိုးလီ၏ လက်မောင်းများကြားရှိ စာအိတ်ကို လက်လှမ်းယူရန် ထပ်မံ၍ ကြိုးစားလိုက်ပြန်သည်။
စာအိတ်က သူ၏ လက်ချောင်းများကြားသို့ ရောက်သွားသည်နှင့် ကျင်းယွင်ကျောင်းက သူ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်၏။
"ရှင့်ကို လုယက်မှုနဲ့ ထောင်ထဲ ထည့်ပစ်မယ်"
ကျင်းယွင်ကျောင်းသည် ခံစားချက်မရှိသော မျက်နှာသေနှင့် ဖြစ်သော်လည်း သူမသည် ချောင်ဝေ့မင်၏ လက်ကို ဆုပ်ကိုင်ထားရာ၌ ကြီးမားသော ဖိအားကို တိတ်တဆိတ် အသုံးပြုထားရာ ရလဒ်အနေနှင့် ချောင်ဝေ့မင်သည် ပြင်းပြင်းထန်ထန် နာကျင်စွာ သံရှည်ဆွဲ ညည်းညူနေတော့သည်။
"နင် ငါ့လက်ကို ချိုးပစ်ဖို့ကြိုးစားနေတာလား၊ ပုပ်သိုးနေတဲ့ အယုတ်တမာမ။ လွှတ်စမ်း"
ချောင်ဝေ့မင်သည် မချိမဆံ့နာကျင်မှုအား ကြံ့ကြံ့ခံရန် နှုတ်ခမ်းကိုကိုက်ရင်း ထိုစကားလုံးများအား မနည်းဖျစ်ညှစ်၍ ပြောလာ၏။ သို့သော် ပို၍ အရေးကြီးသည်မှာ သူသည် အလွန်အံ့အားသင့်နေသည်။ သူသည် ကျင်းယွင်ကျောင်း၌ လူသန်ကြီးကဲ့သို့ ခွန်အားမျိုးရှိကြောင်း တစ်ခါမှ မသိခဲ့ပေ၊ သူ၏အရိုးများကြေမွသွားလောက်ပြီဟုပင် ထင်နေမိ၏။
ကျင်းယွင်ကျောင်း၏ ပိန်ပါး၍ သန့်ရှင်းသော လက်များကို ကြည့်ရင်း ထိုလက်တစ်စုံတွင် ဤမျှများပြားသော ခွန်အားရှိကြောင်း မည်သူကမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
ယွင်ကျောင်းသည် ချောင်ဝေ့မင် သူမအား ထင်နေသကဲ့သို့ နာခံမှုမရှိချေ။ သူမသည် သူမ၏ လက်ကို သူ၏ လက်ကောက်ဝတ်ရိုးပေါ်သို့ အားထည့်၍ ဖိချလိုက်သည်။ ထိုနာကျင်မှုသည် သူအတွက် အလွန်ပြင်းထန်လှသည်ဖြစ်ရာ သူကိုယ်တိုင်ပင် သူ၏ လက်များကို အတင်းအကြပ် ပြန်လည်ဆွဲယူသည်အထိပင်။ ထိုအခါ သူ၏ လက်များ နောက်ပြန်မဆွဲယူသွားခင် ကျင်းယွင်ကျောင်းက အခွင့်ကောင်းယူလိုက်ပြီး စာအိတ်ကို အဖိုးလီ၏ လက်မောင်းများကြားထဲသို့ ပြန်ထည့်ပေးလိုက်သည်။
"ဦးလေး၊ ပိုက်ဆံတွေကို လုံလုံခြုံခြုံ သိမ်းထားသင့်တယ်။ ကျွန်မတို့အရောင်းအဝယ်က ပြီးသွားပြီဆိုတော့ ဒီပိုက်ဆံတွေကို ဦးလေးပိုင်သွားပြီ၊ ဦးလေး ဒါကို ရဲတိုင်တာက ပိုသင့်တော်လိမ့်မယ်။ ပမာဏက မနည်းတော့ တကယ်လို့ သူခိုးတွေ ပြစ်ဒဏ်ချခံရရင်တောင် သူတို့ ထောင်ထဲမှာ နှစ်တော်တော်ကြာအောင် နေရမှာပဲ"
ကျင်းယွင်ကျောင်းက ခြိမ်းခြောက်လိုက်၏။
ချောင်ဝေ့မင်သည် သူမ၏ စကားများကြောင့် ဒေါသထွက်သွားသည်။
"ဘာလို့ ဒီငွေတွေက သူ့ဟာဖြစ်ရမှာလဲ။ အဲဒါ ငါ့ဟာ"
ချောင်ဝေ့မင်က အော်ဟစ်လိုက်သည်။
ကျင်းယွင်ကျောင်းက သူ၏ အော်သံကို ကြားသောအခါ သူမသည် ဒေါသထွက်မသွားပဲ ထိုအစား ရယ်မောလိုက်၍ ထပ်မံ လှောင်ပြောင်လိုက်၏။
"ရှင့်ဟာ ဟုတ်လား။ ရှင် ကျွန်မကို ဟာသလုပ်နေတာ မဟုတ်တာ သေချာရဲ့လား"
ထိုကိစ္စများသည် ယခင်ကတည်းက သူမနေသားကျနေပြီဖြစ်၏။ အကယ်၍ သူမသည် သူတို့အပေါ် ကျေးဇူးကြွေးတင်နေလျှင်တောင်မှ အတိတ်ဘဝက သူတို့အတွက် သူမရှာပေးခဲ့သော ပိုက်ဆံများဖြင့် သူမ၏ အကြွေးကို ဆပ်ပြီးသင့်ပြီဖြစ်သည်။
"ဒီငွေက ဘာလို့ ငါ့ဟာ မဟုတ်ရမှာလဲ။ ငါ အခု နင်က ကျေးဇူးကန်းတဲ့သူတစ်ယောက်ဆိုတာ သိသွားပြီ။ ဒီနှစ်တွေအတွင်းမှာ ငါ နင့်ကို စားစရာ၊ နေစရာနဲ့ကျောင်းစရိတ်အတွက် ထောက်ပံ့ပေးဖို့ ပိုက်ဆံတွေဘယ်လောက် ကုန်ခဲ့လဲဆိုတာ လူတိုင်း သိတယ်။ နင် နင့်ရဲ့ကျေးဇူးသိတတ်မှုကို ဘယ်လို ဖော်ပြရမှန်းမသိရင်လည်း ရတယ်၊ ဒါပေမယ့် နင် မိသားစုရဲ့ငွေတွေကို အပြင်လူတွေဆီ မပေးသင့်ဘူး"
Zawgyi
Chapter 88 : အျပင္လူတစ္ေယာက္အား ကူညီျခင္း
ေခ်ာင္ေဝ့မင္သည္ ကုတ္အကၤ်ီတစ္ထည္ႏွင့္ ဖိနပ္အပါးမ်ားကို ဝတ္စားထားၿပီး၊ သူ၏ စတိုင္ေဘာင္းဘီမွာ တြန့္ေၾကေနကာ ခါးပတ္ကလည္း အဆီအေငၚမတည့္ျဖစ္ေန၏။ သူ၏ ဆံပင္မ်ားမွာ ဆီမ်ား ႐ႊဲနစ္ကာ ရႈပ္ပြေနသည္။ သူ၏ အေမြးအမွ်င္မ်ား မရိတ္ထားသည့္ မ်က္ႏွာႏွင့္သာ ေပါင္းလိုက္ပါက သူ၏ အသြင္အျပင္တစ္ခုလုံးသည္ သူ႕ကို သိႏွင့္ၿပီးသားသူမ်ားကိုပါ ထိတ္လန့္ေၾကာက္႐ြံ႕သြားေစမည္မွာ အေသအခ်ာပင္။
မ်ားေသာအားျဖင့္ ေခ်ာင္ေဝ့မင္သည္ အိမ္တြင္ ေန႕တိုင္း အေခ်ာင္ခိုေနေသာ္လည္း သူသည္ အၿမဲတမ္း သူ႕ကိုယ္သူ ရွယ္ယာရွင္ႀကီးတစ္ေယာက္ဟု အထင္ေရာက္ေနေလ့ရွိသည္။ သူ အိမ္မွ ထြက္သည့္အခါတိုင္း သူသည္ သပ္သပ္ရပ္ရပ္ ဝတ္စားတတ္၍ မၾကာခဏပင္ သူ၏ စကားလုံးမ်ားအား ေလးနက္သေယာင္ ဟန္ေဆာင္တတ္၏။ ပုံမွန္အားျဖင့္ သူသည္ ယေန႕ကဲ့သို႔ လမ္းေပၚမွ အရက္သမားတစ္ေယာက္ႏွင့္ တူေနလိမ့္မည္မဟုတ္ေပ။ သူ၏ ခ်ဥ္စူးေသာ အနံ႕အသက္မ်ားသည္ အျခားသူမ်ား သူ႕အနီးသို႔ ကပ္မလာခင္မွာပင္ ရေန၏။
ယခုအခ်ိန္တြင္ ေခ်ာင္ေဝ့မင္ မည္မွ် အံ့ၾသတုန္လႈပ္ေနသည္ကိုလည္း မည္သူမွ သိမည္မဟုတ္ေပ။
သူသည္ တစ္စုံတစ္ေယာက္ထံမွ ဖုန္းေခၚဆိုမႈတစ္ခု လက္ခံရရွိခဲ့ၿပီး ထိုသူက က်င္းယြင္ေက်ာင္းသည္ အဖိုးႀကီးလီ၏ ေႂကြခရားကို ယြမ္ႏွစ္သိန္းႏွင့္ ဝယ္လိုက္ေၾကာင္း သူ႕အား ေျပာျပခဲ့သည္။
ယြမ္ႏွစ္သိန္း။ ထိုအယုတ္တမာမ၏ လက္ထဲတြင္ ထိုမွမ်ားျပားေသာ ေငြမ်ား မည္သို႔ရလာသနည္း။
ေခ်ာင္မိသားစု၏ ဘဏ္စုေငြမွာ သန္းႏွင့္ခ်ီ၍ ရွိေသာ္လည္း ထိုေငြမ်ားအားလုံးသည္ သူ ကိုင္ထားသည္သာ ျဖစ္၏။ က်င္းယြင္ေက်ာင္း မဆိုထားႏွင့္၊ သူ၏ သားႏွင့္သမီးပင္လွ်င္ ပိုက္ဆံမသုံးရေခ်။
ဤသို႔ဆိုလွ်င္ တစ္ခုတည္းေသာ ျဖစ္နိုင္ေခ်မွာ သူမသည္ အျခားသူမ်ားထံမွ ေငြမ်ားလိမ္လည္လာျခင္း ျဖစ္လိမ့္မည္။
အမွန္ပင္၊ သူသည္ ေငြမ်ား မည္သည့္ေနရာမွလာသည္ကို ဂ႐ုမစိုက္ေပ။ သူ ဂ႐ုစိုက္သည္မွာ ထိုေငြမ်ားအားလုံးသည္ ေခ်ာင္မိသားစု၏ ပိုင္ဆိုင္မႈမ်ား ျဖစ္လာသင့္သည္။ သို႔ေသာ္ ထိုအစား သူမက ၎တို႔ကို အဖိုးႀကီးလီကို ေပးလိုက္သည္တဲ့လား။ သူမမွာ ဘာလုပ္ပိုင္ခြင့္ရွိလို႔လဲ။
ေခ်ာင္ေဝ့မင္သည္ ေျခလွမ္းက်ဲက်ဲျဖင့္ ေလွ်ာက္လာ၍ သူမ၏ ေရွ႕သို႔ ခ်က္ခ်င္း ေရာက္လုနီးပါးပင္။ ထို႔ေနာက္ သူသည္ သူမဆီမွ ေႂကြထည္ ေရွးေဟာင္းပစၥည္းကို လုယူခ်င္ေသာေၾကာင့္ လက္ကို ဆန့္ထုတ္လိုက္သည္။
"ဒီလိုမ်ိဳး ေႂကြထည္ခရားက ယြမ္ႏွစ္သိန္း က်တယ္တဲ့လား။ ငါ သင္းကို အစိတ္စိတ္အႁမႊာႁမႊာျဖစ္ေအာင္ ခြဲပစ္မယ္"
သို႔ရာတြင္ သူ၏ လက္ေခ်ာင္းမ်ားက ေႂကြထည္ကို ထိမိလိုက္သည္ႏွင့္ က်င္းယြင္ေက်ာင္းက သူမ၏ ခႏၶာကိုယ္ကို ေဘးသို႔လွည့္၍ ေရွာင္လိုက္သည္။ ေခ်ာင္ေဝ့မင္သည္ တစ္စုံတစ္ခုအား ခလုတ္တိုက္မိသကဲ့သို႔ ခံစားလိုက္ရၿပံး ေျမႀကီးေပၚသို႔ 'ဘမ္း' ခနဲ ပစ္လဲက်သြား၏။
အဖိုးလီသည္ တုန္လႈပ္ေန၍ အံ့အားသင့္ေနေသာ္လည္း အလ်င္အျမန္ပင္ ထသြားလိုက္ၿပီး သူ႕အား ကူ၍ ထူမေပးလိုက္သည္။
သို႔ေသာ္ ေခ်ာင္ေဝ့မင္၏ မ်က္လုံးထဲတြင္ ေငြကိုသာ ျမင္ေတာ့၏။ ထို႔ေၾကာင့္ သူသည္ အဖိုးလီ၏ လက္ေမာင္းမ်ားၾကားရွိ စာအိတ္ကို လက္လွမ္းယူရန္ ထပ္မံ၍ ႀကိဳးစားလိုက္ျပန္သည္။
စာအိတ္က သူ၏ လက္ေခ်ာင္းမ်ားၾကားသို႔ ေရာက္သြားသည္ႏွင့္ က်င္းယြင္ေက်ာင္းက သူ၏ လက္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားလိုက္၏။
"ရွင့္ကို လုယက္မႈနဲ႕ ေထာင္ထဲ ထည့္ပစ္မယ္"
က်င္းယြင္ေက်ာင္းသည္ ခံစားခ်က္မရွိေသာ မ်က္ႏွာေသႏွင့္ ျဖစ္ေသာ္လည္း သူမသည္ ေခ်ာင္ေဝ့မင္၏ လက္ကို ဆုပ္ကိုင္ထားရာ၌ ႀကီးမားေသာ ဖိအားကို တိတ္တဆိတ္ အသုံးျပဳထားရာ ရလဒ္အေနႏွင့္ ေခ်ာင္ေဝ့မင္သည္ ျပင္းျပင္းထန္ထန္ နာက်င္စြာ သံရွည္ဆြဲ ညည္းၫူေနေတာ့သည္။
"နင္ ငါ့လက္ကို ခ်ိဳးပစ္ဖို႔ႀကိဳးစားေနတာလား၊ ပုပ္သိုးေနတဲ့ အယုတ္တမာမ။ လႊတ္စမ္း"
ေခ်ာင္ေဝ့မင္သည္ မခ်ိမဆံ့နာက်င္မႈအား ႀကံ့ႀကံ့ခံရန္ ႏႈတ္ခမ္းကိုကိုက္ရင္း ထိုစကားလုံးမ်ားအား မနည္းဖ်စ္ညွစ္၍ ေျပာလာ၏။ သို႔ေသာ္ ပို၍ အေရးႀကီးသည္မွာ သူသည္ အလြန္အံ့အားသင့္ေနသည္။ သူသည္ က်င္းယြင္ေက်ာင္း၌ လူသန္ႀကီးကဲ့သို႔ ခြန္အားမ်ိဳးရွိေၾကာင္း တစ္ခါမွ မသိခဲ့ေပ၊ သူ၏အရိုးမ်ားေၾကမြသြားေလာက္ၿပီဟုပင္ ထင္ေနမိ၏။
က်င္းယြင္ေက်ာင္း၏ ပိန္ပါး၍ သန့္ရွင္းေသာ လက္မ်ားကို ၾကည့္ရင္း ထိုလက္တစ္စုံတြင္ ဤမွ်မ်ားျပားေသာ ခြန္အားရွိေၾကာင္း မည္သူကမွ ယုံၾကည္လိမ့္မည္ မဟုတ္ေပ။
ယြင္ေက်ာင္းသည္ ေခ်ာင္ေဝ့မင္ သူမအား ထင္ေနသကဲ့သို႔ နာခံမႈမရွိေခ်။ သူမသည္ သူမ၏ လက္ကို သူ၏ လက္ေကာက္ဝတ္ရိုးေပၚသို႔ အားထည့္၍ ဖိခ်လိဳက္သည္။ ထိုနာက်င္မႈသည္ သူအတြက္ အလြန္ျပင္းထန္လွသည္ျဖစ္ရာ သူကိုယ္တိုင္ပင္ သူ၏ လက္မ်ားကို အတင္းအၾကပ္ ျပန္လည္ဆြဲယူသည္အထိပင္။ ထိုအခါ သူ၏ လက္မ်ား ေနာက္ျပန္မဆြဲယူသြားခင္ က်င္းယြင္ေက်ာင္းက အခြင့္ေကာင္းယူလိုက္ၿပီး စာအိတ္ကို အဖိုးလီ၏ လက္ေမာင္းမ်ားၾကားထဲသို႔ ျပန္ထည့္ေပးလိုက္သည္။
"ဦးေလး၊ ပိုက္ဆံေတြကို လုံလုံၿခဳံၿခဳံ သိမ္းထားသင့္တယ္။ ကြၽန္မတို႔အေရာင္းအဝယ္က ၿပီးသြားၿပီဆိုေတာ့ ဒီပိုက္ဆံေတြကို ဦးေလးပိုင္သြားၿပီ၊ ဦးေလး ဒါကို ရဲတိုင္တာက ပိုသင့္ေတာ္လိမ့္မယ္။ ပမာဏက မနည္းေတာ့ တကယ္လို႔ သူခိုးေတြ ျပစ္ဒဏ္ခ်ခံရရင္ေတာင္ သူတို႔ ေထာင္ထဲမွာ ႏွစ္ေတာ္ေတာ္ၾကာေအာင္ ေနရမွာပဲ"
က်င္းယြင္ေက်ာင္းက ၿခိမ္းေျခာက္လိုက္၏။
ေခ်ာင္ေဝ့မင္သည္ သူမ၏ စကားမ်ားေၾကာင့္ ေဒါသထြက္သြားသည္။
"ဘာလို႔ ဒီေငြေတြက သူ႕ဟာျဖစ္ရမွာလဲ။ အဲဒါ ငါ့ဟာ"
ေခ်ာင္ေဝ့မင္က ေအာ္ဟစ္လိုက္သည္။
က်င္းယြင္ေက်ာင္းက သူ၏ ေအာ္သံကို ၾကားေသာအခါ သူမသည္ ေဒါသထြက္မသြားပဲ ထိုအစား ရယ္ေမာလိုက္၍ ထပ္မံ ေလွာင္ေျပာင္လိုက္၏။
"ရွင့္ဟာ ဟုတ္လား။ ရွင္ ကြၽန္မကို ဟာသလုပ္ေနတာ မဟုတ္တာ ေသခ်ာရဲ႕လား"
ထိုကိစၥမ်ားသည္ ယခင္ကတည္းက သူမေနသားက်ေနၿပီျဖစ္၏။ အကယ္၍ သူမသည္ သူတို႔အေပၚ ေက်းဇူးေႂကြးတင္ေနလွ်င္ေတာင္မွ အတိတ္ဘဝက သူတို႔အတြက္ သူမရွာေပးခဲ့ေသာ ပိုက္ဆံမ်ားျဖင့္ သူမ၏ အေႂကြးကို ဆပ္ၿပီးသင့္ၿပီျဖစ္သည္။
"ဒီေငြက ဘာလို႔ ငါ့ဟာ မဟုတ္ရမွာလဲ။ ငါ အခု နင္က ေက်းဇူးကန္းတဲ့သူတစ္ေယာက္ဆိုတာ သိသြားၿပီ။ ဒီႏွစ္ေတြအတြင္းမွာ ငါ နင့္ကို စားစရာ၊ ေနစရာနဲ႕ေက်ာင္းစရိတ္အတြက္ ေထာက္ပံ့ေပးဖို႔ ပိုက္ဆံေတြဘယ္ေလာက္ ကုန္ခဲ့လဲဆိုတာ လူတိုင္း သိတယ္။ နင္ နင့္ရဲ႕ေက်းဇူးသိတတ္မႈကို ဘယ္လို ေဖာ္ျပရမွန္းမသိရင္လည္း ရတယ္၊ ဒါေပမယ့္ နင္ မိသားစုရဲ႕ေငြေတြကို အျပင္လူေတြဆီ မေပးသင့္ဘူး"