Chapter 87 : ဆုံးဖြတ်ချက်ချခြင်း
ကျင်းယွင်ကျောင်း၏ စကားများက လူတိုင်းအား ဆွံ့အသွားစေပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။ အချို့လူများက ကျင်းယွင်ကျောင်းအား လက်ညှိုးထိုး၍ ခေါင်းများကို ခါယမ်းကာ စတင်၍ လှောင်ပြောင်ရယ်မောလာကြသည်။
သူတို့သည် ယခင်က ချောင်ဝေ့မင်ထံမှ ဤမိန်းကလေးသည် အသိတရားမရှိကြောင်း ကြားဖူးပြီးသားဖြစ်၏။ သို့သော် သူတို့သည် သူတို့ရှေ့ရှိ ဤမြင်ကွင်းကို မမြင်ရသေးခင်အထိ ၎င်းကို သူ၏ အပြောသက်သက်ဟုသာ ထင်ခဲ့ကြသည်။
"ကလေးမလေး၊ ရွှေစက္ကူ ငွေစက္ကူ နှစ်သိန်း မဟုတ်ဘူးနော် ဟားဟား"
တစ်စုံတစ်ယောက်က ကျယ်ကျယ်လောင်လောင်ပင် ရယ်မောလိုက်၏။
(T/N : ရွှေစက္ကူ ငွေစက္ကူ ဆိုတာ တရုတ်အသုဘတွေမှာ သေသူအတွက် တမလွန်မှာ သုံးဖို့ငွေအဖြစ် မီးရှို့ပေးတာတွေပါ။ ဇာတ်ကားတွေထဲမှာပါတဲ့ ရွှေသစ်ရွက်၊ ငွေသစ်ရွက်ပုံစံလေးတွေလေ။)
အဖိုးလီသည် ရှေးဟောင်းခရားကြီးကို ပိုက်ထားရင်း သူ၏ ရတနာအား ပေးလိုက်ရန် ငြင်းဆန်နေသည်။ သူသည် အနည်းငယ် ရှက်ရွံ့နေမိ၏။ သူသည် လူရိုးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့ကိုယ်သူတော့ လွယ်လွယ်ကူကူ လှောင်ပြောင်ခွင့် မပြုနိုင်ပေ။ အကယ်၍ သူ၏ရှေ့၌ရှိသောသူမှာ မိန်းကလေးတစ်ယောက်သာ မဟုတ်ပါက သူသည်လည်း သူမအား စတင်ပြစ်တင်ရှုတ်ချနေပြီဖြစ်သည်။
ကျင်းယွင်ကျောင်းသည် သူမအား လှောင်ပြောင်နေကြသူများကြောင့် အနှောက်အယှက် ဖြစ်မသွားပေ။ သူမက စာအိတ်တစ်လုံးကိုသာ ထုတ်ယူလိုက်သည်။
"တကယ်လို့ ဘဏ်ကနေတဆင့် ငွေလွှဲရတာ ဦးလေးအတွက် အခက်အခဲရှိမယ်ဆိုရင်လည်း ကျွန်မ ငွေသားနဲ့ ပေးနိုင်ပါတယ်။ ပိုက်ဆံက ဒီမှာ အပြည့်ရှိတယ်။ ကျွန်မ ထုတ်ပေးရတော့မလား"
အဖိုးလီက လက်ငင်းငွေချေခြင်းနှင့် နှိုင်းယှဥ်လျှင် ဘဏ်ငွေလွှဲခြင်းက ပို၍ လုံခြုံသော ရွေးခြယ်မှုဖြစ်ကြောင်း ခံစားလိုက်ရသည်။ စင်စစ် ဤနေရာ၌ လူအတော်လေးများ၏။ အသက်ကြီးကြီး ဦးလေးကြီးသည် ငွေသားများစွာကို သယ်၍ လမ်းလျှောက်ခြင်းက သေချာပေါက် အန္တရာယ်ရှိကြောင်း ခံစားလိုက်ရသည်။
"လက်ငင်း ငွေချေမယ်တဲ့လား"
စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့အား လှောင်ပြောင်နေသောသူများသည် ချက်ချင်း မတ်တပ်ထရပ်မိသွားကြပြီး မယုံကြည်နိုင်သောကြောင့် စားလက်စအစားအသောက်များဖြင့် လည်ပင်းတစ်သွားကြ၏။
သူတို့ စောင့်ကြည့်နေစဥ်မှာပင် ကျင်းယွင်ကျောင်းက စာအိတ်ကို ဖွင့်လိုက်ပြီး သပ်သပ်ရပ်ရပ် စီထုတ်ထားသော ငွေစက္ကူအုပ် နှစ်ဆယ်ကို ထုတ်ပြလိုက်သည်။ တစ်ဖက်မှ လက်ခံသည့်လူက အတုဟု ထင်နေမည်ကို စိုးရိမ်သောကြောင့် ကျင်းယွင်ကျောင်းသည် ပိုက်ဆံအား နှစ်ခါပြန်စစ်ဆေးနိုင်စေရန် အနီရောင်အထုပ်ကို သူ၏ လက်ထဲသို့ အလျင်အမြန် ထည့်ပေးလိုက်၏။ ထို့နောက် သူမသည် သူ့ထံမှ ကြွေထည်ပစ္စည်းကို ကတိုက်ကရိုက် ယူလိုက်သည်။
အဖိုးလီသည် ရောင်းစျေးအား ယွမ်နှစ်သိန်းဟု သတ်မှတ်ထားသော်လည်း သူသည် ခရားအား အမှန်တကယ် ရောင်းနိုင်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ ယခုအခါ သူသည် ခရားကို ရောင်းလိုက်ပြီဖြစ်၍ တကယ် အံသြလွန်း၍ စကားမပြောနိုင်တော့။
ထိုအနီရောင် ယွမ်တစ်ရာတန်အထပ်လိုက်သည် အဖိုးလီ၏ မျက်လုံးများအား နီရဲလာစေသည်။ သူသည် ထိုငွေများအား အတတ်နိုင်ဆုံး ဂရုတစိုက်ဖြင့် တွန့်ဆုတ်တွ့န်ဆုတ် ထိလိုက်၏။ ပိုက်ဆံအစစ်တစ်ရွက်ချင်းစီတိုင်းတွင် သူသည် သူ၏ ဇနီးသည်အတွက် ကျဆင်းနေသော မျှော်လင့်ချက် ရောင်စဥ်လေးများကို ခံစားနေရသည်။
သို့ရာတွင် နောက်ဆုံး၌ သူက အံ့သြထိတ်လန့်နေခြင်းမှ ရုန်းထွက်လိုက်ပြီး ဤယွမ်နှစ်သိန်း၏ ပိုင်ရှင်သည် ဤလုံမပျိုငယ်လေးဖြစ်ကြောင်း သတိရသွား၏။
သူက ထပ်မံ၍ သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်သည်။
"ငါ ပိုက်ဆံလိုကောင်းလိုနေလိမ့်မယ်၊ ဒါပေမယ့် မင်းရဲ့ပိုက်ဆံကိုတော့ လွယ်လွယ်မယူနိုင်ဘူး။ မိန်းကလေး၊ မင်းရဲ့မိဘတွေ သေချာပေါက် ဒါကို မသိလောက်ဘူး။ သူတို့သာ...."
"ဦလေး၊ စိတ်အေးအေးထားပါ။ ဒီပိုက်ဆံတွေရဲ့မူလရင်းမြစ်က သန့်ရှင်းပါတယ်။ ကျွန်မမှာ မိဘတွေလည်း မရှိတော့ပါဘူး။ ကျွန်မရဲ့ကိုယ်ပိုင်ပိုက်ဆံကို ကျွန်မရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သုံးလို့ရပါတယ်"
ကျင်းယွင်ကျောင်းက သူ၏ သံသယကို ရှင်းလင်းပေးလိုက်၏။
"ဒါ အမှန်ပဲလား"
အဖိုးလီသည် သူမအား မယုံကြည်နိုင်သေးပေ။
"ဒီစျေးသေးသေးလေးထဲမှာ ကျွန်မကို သိတဲ့သူတွေ အများကြီးရှိတယ်။ ဦလေး မေးရင်မေးကြည့်သလောက် တိတိကျကျ သိလာမှာပါ"
သူမသည် ယခုအချိန်တွင် သူမ၏ အကြောင်းအား တီးတိုးအတင်းပြောနေသမျှကို ရှင်းရှင်းလင်းလင်း ကြားပြီးဖြစ်သည်။
သူမ ပြောလိုက်သည်နှင့် လူများစွာက သံသယဖြင့် ခေါင်းငြိမ့်ပြလာကြ၏။
"လောင်လီ၊ ဒီမိန်းကလေးရဲ့ စေတနာကို လက်ခံပြီး ပိုက်ဆံကို ယူလိုက်ပါ။ သူက ချောင်မိသားစုရဲ့ကလေးတစ်ယောက် ဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ သမီးအရင်း မဟုတ်ဘူး။ အဲဒါသိသွားပြီးတော့ ချောင်မိသားစုက သူ့ကို အိမ်ကနေ နှင်ထုတ်လိုက်ကြတယ်။ အခု သူက တစ်ယောက်တည်းနေနေတာ၊ ဒါကြောင့် ဒီပိုက်ဆံတွေက ချောင်ဝေ့မင်နဲ့ လုံးဝမဆိုင်တာ သေချာတယ်"
ဝင်ပြောလိုက်သော သူသည် အဖိုးလီနှင့် ဆက်ဆံရေးကောင်း၍ သူ၏ မိသားစုအခြေအနေကိုလည်း သိသည်။
ကျင်းယွင်ကျောင်းသည် သူပြောလိုက်သည့် "သူ့ကို အိမ်ကနေ နှင်ထုတ်လိုက်ကြတာ" ဟူသော စကားကို ကြားသောအခါ သူမ၏ နှလုံးသားသည် အေးစိမ့်သွား၏။ ချောင်ဝေ့မင်သည် သူ၏ ဂုဏ်သိက္ခာကို အလွန်အလေးထားသော သူတစ်ယောက်ဖြစ်ရာ သူသည် သူ၏ နာမည်ကို အဖတ်ဆယ်ရန်အတွက် ဤကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ပြောထားသည်မှာ အသေအချာပင်။
"ဒါ...ဒါဆို ငါ တကယ် ဒါကို ယူလို့ရတယ်လား"
အဖိုးလီက သတိကြီးစွာဖြင့် မေးလာရှာသည်။
ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ဦးလေး၊ ဦးလေးရဲ့ဇနီးက နေမကောင်းဖြစ်နေတယ်လို့ ကြားတယ် ဟုတ်လားဟင်။ ကျွန်မ သူ့ရဲ့အခြေအနေကို မေးလို့ ရမလား"
"ငါ အဲဒါအတွက် ဆေးပညာအခေါ်အဝေါ်တွေကိုတော့ တကယ်မသိဘူး၊ ငါသိတာက သူက မကြာခဏ ခေါင်းကိုက်တယ်။ နေ့တိုင်း သူ့ရဲ့ခေါင်းက ကြယ်တွေပါ မြင်ရတဲ့အထိ နာပေမယ့် သူက အတွန့်တက်တဲ့ စကားလေးတစ်ခွန်းတောင် မပြောဘူး။ ညတိုင်း ညတိုင်း သူ တစ်ညလုံး ကောင်းကောင်း မအိပ်နိုင်ဘူး။ ဆရာဝန်တွေက သူ့ကို ခွဲစိတ်မှုလုပ်ဖို့ အားမပေးဘူး၊ ဒါကြောင့် ငါတို့ ဆေးတွေအပေါ်မှာပဲ များသောအားဖြင့် အားထားနေရတယ်။ ဒါပေမယ့် ဆေးတွေက စျေးကြီးလွန်းတယ်။ အဲဒီအပြင် သူ အစာမစားတဲ့အချိန်ကျရင် ရောဂါဟောင်း ပြန်ထလာပြီး သူ့ရဲ့အခြေအနေက ပိုဆိုးလာတယ်။ အခုအချိန်မှာ ငါ အကြပ်အတည်းထဲမှာ ပိတ်မိနေတာ။ ဒီယွမ်နှစ်သိန်းက သူ့ကို အချိန်ခဏလေး တည်ငြိမ်အောင် ထိန်းထားနိုင်ဖို့အတွက်ပဲ လုံလောက်မှာလေ"
အဖိုးလီ၏ အမူအယာမှာ မည်းမှောင်ကာ လေးလံထိုင်းမှိုင်းသွားပြီး သူ သက်ပြင်းများ အထပ်ထပ်ချနေလေသည်။
ကျင်းယွင်ကျောင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူမ စာရွက်တစ်ရွက်ကို ယူလိုက်ပြီး အဖိုးကန်၏ ဖုန်းနံပါတ်ကို ချရေးလိုက်၏။ သူမသည် မူလက သူမ၏ နာမည်ကို ချရေးပေးလိုက်ချင်သော်လည်း သူမ၏ အသက်အရွယ်နှင့်ဆိုလျှင် မည်သူကမှ သူမကို ယုံမည်မဟုတ်ပေ။
"ဒါ ကျွန်မနဲ့သိတဲ့ သမားတော်ကြီးပါ၊ အကူအညီလိုရင် သူ့ကို သွားရှာလို့ ရပါတယ်"
"ကျင်းယွင်ကျောင်း၊ စျေးပေါတဲ့ အပျက်မ၊ နင် ငါ့ရဲ့ နောက်ကွယ်မှာ ပိုက်ဆံတွေအများကြီး ဝှက်ထားရဲတယ်ပေါ့"
တစ်စုံတစ်ယောက်သည် သူတို့နှင့် ဆယ်မီတာခန့်အဝေးမှပင် အော်ဟစ်ကြိမ်းဝါးလာ၏။ သူမ၏ စကားမဆုံးသေးမီမှာပင် ထိုလူသည် သူမဆီသို့ အဝေးမှ အလောတကြီး ပြေးလာနေသည်။
Zawgyi
Chapter 87 : ဆုံးျဖတ္ခ်က္ခ်ျခင္း
က်င္းယြင္ေက်ာင္း၏ စကားမ်ားက လူတိုင္းအား ဆြံ႕အသြားေစၿပီး ပါးစပ္အေဟာင္းသား ျဖစ္သြားေစ၏။ အခ်ိဳ႕လူမ်ားက က်င္းယြင္ေက်ာင္းအား လက္ညွိုးထိုး၍ ေခါင္းမ်ားကို ခါယမ္းကာ စတင္၍ ေလွာင္ေျပာင္ရယ္ေမာလာၾကသည္။
သူတို႔သည္ ယခင္က ေခ်ာင္ေဝ့မင္ထံမွ ဤမိန္းကေလးသည္ အသိတရားမရွိေၾကာင္း ၾကားဖူးၿပီးသားျဖစ္၏။ သို႔ေသာ္ သူတို႔သည္ သူတို႔ေရွ႕ရွိ ဤျမင္ကြင္းကို မျမင္ရေသးခင္အထိ ၎ကို သူ၏ အေျပာသက္သက္ဟုသာ ထင္ခဲ့ၾကသည္။
"ကေလးမေလး၊ ေ႐ႊစကၠဴ ေငြစကၠဴ ႏွစ္သိန္း မဟုတ္ဘူးေနာ္ ဟားဟား"
တစ္စုံတစ္ေယာက္က က်ယ္က်ယ္ေလာင္ေလာင္ပင္ ရယ္ေမာလိုက္၏။
(T/N : ေ႐ႊစကၠဴ ေငြစကၠဴ ဆိုတာ တ႐ုတ္အသုဘေတြမွာ ေသသူအတြက္ တမလြန္မွာ သုံးဖို႔ေငြအျဖစ္ မီးရွို႔ေပးတာေတြပါ။ ဇာတ္ကားေတြထဲမွာပါတဲ့ ေ႐ႊသစ္႐ြက္၊ ေငြသစ္႐ြက္ပုံစံေလးေတြေလ။)
အဖိုးလီသည္ ေရွးေဟာင္းခရားႀကီးကို ပိုက္ထားရင္း သူ၏ ရတနာအား ေပးလိုက္ရန္ ျငင္းဆန္ေနသည္။ သူသည္ အနည္းငယ္ ရွက္႐ြံ႕ေနမိ၏။ သူသည္ လူရိုးတစ္ေယာက္ ျဖစ္ေကာင္းျဖစ္နိုင္ေသာ္လည္း သူ႕ကိုယ္သူေတာ့ လြယ္လြယ္ကူကူ ေလွာင္ေျပာင္ခြင့္ မျပဳနိုင္ေပ။ အကယ္၍ သူ၏ေရွ႕၌ရွိေသာသူမွာ မိန္းကေလးတစ္ေယာက္သာ မဟုတ္ပါက သူသည္လည္း သူမအား စတင္ျပစ္တင္ရႈတ္ခ်ေနၿပီျဖစ္သည္။
က်င္းယြင္ေက်ာင္းသည္ သူမအား ေလွာင္ေျပာင္ေနၾကသူမ်ားေၾကာင့္ အေႏွာက္အယွက္ ျဖစ္မသြားေပ။ သူမက စာအိတ္တစ္လုံးကိုသာ ထုတ္ယူလိုက္သည္။
"တကယ္လို႔ ဘဏ္ကေနတဆင့္ ေငြလႊဲရတာ ဦးေလးအတြက္ အခက္အခဲရွိမယ္ဆိုရင္လည္း ကြၽန္မ ေငြသားနဲ႕ ေပးနိုင္ပါတယ္။ ပိုက္ဆံက ဒီမွာ အျပည့္ရွိတယ္။ ကြၽန္မ ထုတ္ေပးရေတာ့မလား"
အဖိုးလီက လက္ငင္းေငြေခ်ျခင္းႏွင့္ ႏွိုင္းယွဥ္လွ်င္ ဘဏ္ေငြလႊဲျခင္းက ပို၍ လုံၿခဳံေသာ ေ႐ြးျခယ္မႈျဖစ္ေၾကာင္း ခံစားလိုက္ရသည္။ စင္စစ္ ဤေနရာ၌ လူအေတာ္ေလးမ်ား၏။ အသက္ႀကီးႀကီး ဦးေလးႀကီးသည္ ေငြသားမ်ားစြာကို သယ္၍ လမ္းေလွ်ာက္ျခင္းက ေသခ်ာေပါက္ အႏၲရာယ္ရွိေၾကာင္း ခံစားလိုက္ရသည္။
"လက္ငင္း ေငြေခ်မယ္တဲ့လား"
စကၠန့္ပိုင္းအတြင္းမွာပင္ သူတို႔အား ေလွာင္ေျပာင္ေနေသာသူမ်ားသည္ ခ်က္ခ်င္း မတ္တပ္ထရပ္မိသြားၾကၿပီး မယုံၾကည္နိုင္ေသာေၾကာင့္ စားလက္စအစားအေသာက္မ်ားျဖင့္ လည္ပင္းတစ္သြားၾက၏။
သူတို႔ ေစာင့္ၾကည့္ေနစဥ္မွာပင္ က်င္းယြင္ေက်ာင္းက စာအိတ္ကို ဖြင့္လိုက္ၿပီး သပ္သပ္ရပ္ရပ္ စီထုတ္ထားေသာ ေငြစကၠဴအုပ္ ႏွစ္ဆယ္ကို ထုတ္ျပလိုက္သည္။ တစ္ဖက္မွ လက္ခံသည့္လူက အတုဟု ထင္ေနမည္ကို စိုးရိမ္ေသာေၾကာင့္ က်င္းယြင္ေက်ာင္းသည္ ပိုက္ဆံအား ႏွစ္ခါျပန္စစ္ေဆးနိုင္ေစရန္ အနီေရာင္အထုပ္ကို သူ၏ လက္ထဲသို႔ အလ်င္အျမန္ ထည့္ေပးလိုက္၏။ ထို႔ေနာက္ သူမသည္ သူ႕ထံမွ ေႂကြထည္ပစၥည္းကို ကတိုက္ကရိုက္ ယူလိုက္သည္။
အဖိုးလီသည္ ေရာင္းေစ်းအား ယြမ္ႏွစ္သိန္းဟု သတ္မွတ္ထားေသာ္လည္း သူသည္ ခရားအား အမွန္တကယ္ ေရာင္းနိုင္လိမ့္မည္ဟု တစ္ခါမွ မေမွ်ာ္လင့္ထားခဲ့ေပ။ ယခုအခါ သူသည္ ခရားကို ေရာင္းလိုက္ၿပီျဖစ္၍ တကယ္ အံၾသလြန္း၍ စကားမေျပာနိုင္ေတာ့။
ထိုအနီေရာင္ ယြမ္တစ္ရာတန္အထပ္လိုက္သည္ အဖိုးလီ၏ မ်က္လုံးမ်ားအား နီရဲလာေစသည္။ သူသည္ ထိုေငြမ်ားအား အတတ္နိုင္ဆုံး ဂ႐ုတစိုက္ျဖင့္ တြန့္ဆုတ္တြ႕န္ဆုတ္ ထိလိုက္၏။ ပိုက္ဆံအစစ္တစ္႐ြက္ခ်င္းစီတိုင္းတြင္ သူသည္ သူ၏ ဇနီးသည္အတြက္ က်ဆင္းေနေသာ ေမွ်ာ္လင့္ခ်က္ ေရာင္စဥ္ေလးမ်ားကို ခံစားေနရသည္။
သို႔ရာတြင္ ေနာက္ဆုံး၌ သူက အံ့ၾသထိတ္လန့္ေနျခင္းမွ ႐ုန္းထြက္လိုက္ၿပီး ဤယြမ္ႏွစ္သိန္း၏ ပိုင္ရွင္သည္ ဤလုံမပ်ိဳငယ္ေလးျဖစ္ေၾကာင္း သတိရသြား၏။
သူက ထပ္မံ၍ သက္ျပင္းတစ္ခ်က္ကို ခပ္ေလးေလးခ်လိဳက္သည္။
"ငါ ပိုက္ဆံလိုေကာင္းလိုေနလိမ့္မယ္၊ ဒါေပမယ့္ မင္းရဲ႕ပိုက္ဆံကိုေတာ့ လြယ္လြယ္မယူနိုင္ဘူး။ မိန္းကေလး၊ မင္းရဲ႕မိဘေတြ ေသခ်ာေပါက္ ဒါကို မသိေလာက္ဘူး။ သူတို႔သာ...."
"ဦေလး၊ စိတ္ေအးေအးထားပါ။ ဒီပိုက္ဆံေတြရဲ႕မူလရင္းျမစ္က သန့္ရွင္းပါတယ္။ ကြၽန္မမွာ မိဘေတြလည္း မရွိေတာ့ပါဘူး။ ကြၽန္မရဲ႕ကိုယ္ပိုင္ပိုက္ဆံကို ကြၽန္မရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႕ သုံးလို႔ရပါတယ္"
က်င္းယြင္ေက်ာင္းက သူ၏ သံသယကို ရွင္းလင္းေပးလိုက္၏။
"ဒါ အမွန္ပဲလား"
အဖိုးလီသည္ သူမအား မယုံၾကည္နိုင္ေသးေပ။
"ဒီေစ်းေသးေသးေလးထဲမွာ ကြၽန္မကို သိတဲ့သူေတြ အမ်ားႀကီးရွိတယ္။ ဦေလး ေမးရင္ေမးၾကည့္သေလာက္ တိတိက်က် သိလာမွာပါ"
သူမသည္ ယခုအခ်ိန္တြင္ သူမ၏ အေၾကာင္းအား တီးတိုးအတင္းေျပာေနသမွ်ကို ရွင္းရွင္းလင္းလင္း ၾကားၿပီးျဖစ္သည္။
သူမ ေျပာလိုက္သည္ႏွင့္ လူမ်ားစြာက သံသယျဖင့္ ေခါင္းၿငိမ့္ျပလာၾက၏။
"ေလာင္လီ၊ ဒီမိန္းကေလးရဲ႕ ေစတနာကို လက္ခံၿပီး ပိုက္ဆံကို ယူလိုက္ပါ။ သူက ေခ်ာင္မိသားစုရဲ႕ကေလးတစ္ေယာက္ ျဖစ္ခဲ့ေပမယ့္ သူတို႔ရဲ႕ သမီးအရင္း မဟုတ္ဘူး။ အဲဒါသိသြားၿပီးေတာ့ ေခ်ာင္မိသားစုက သူ႕ကို အိမ္ကေန ႏွင္ထုတ္လိုက္ၾကတယ္။ အခု သူက တစ္ေယာက္တည္းေနေနတာ၊ ဒါေၾကာင့္ ဒီပိုက္ဆံေတြက ေခ်ာင္ေဝ့မင္နဲ႕ လုံးဝမဆိုင္တာ ေသခ်ာတယ္"
ဝင္ေျပာလိုက္ေသာ သူသည္ အဖိုးလီႏွင့္ ဆက္ဆံေရးေကာင္း၍ သူ၏ မိသားစုအေျခအေနကိုလည္း သိသည္။
က်င္းယြင္ေက်ာင္းသည္ သူေျပာလိုက္သည့္ "သူ႕ကို အိမ္ကေန ႏွင္ထုတ္လိုက္ၾကတာ" ဟူေသာ စကားကို ၾကားေသာအခါ သူမ၏ ႏွလုံးသားသည္ ေအးစိမ့္သြား၏။ ေခ်ာင္ေဝ့မင္သည္ သူ၏ ဂုဏ္သိကၡာကို အလြန္အေလးထားေသာ သူတစ္ေယာက္ျဖစ္ရာ သူသည္ သူ၏ နာမည္ကို အဖတ္ဆယ္ရန္အတြက္ ဤကဲ့သို႔ ရည္႐ြယ္ခ်က္ရွိရွိ ေျပာထားသည္မွာ အေသအခ်ာပင္။
"ဒါ...ဒါဆို ငါ တကယ္ ဒါကို ယူလို႔ရတယ္လား"
အဖိုးလီက သတိႀကီးစြာျဖင့္ ေမးလာရွာသည္။
က်င္းယြင္ေက်ာင္းက ေခါင္းၿငိမ့္ျပလိုက္သည္။
"ဦးေလး၊ ဦးေလးရဲ႕ဇနီးက ေနမေကာင္းျဖစ္ေနတယ္လို႔ ၾကားတယ္ ဟုတ္လားဟင္။ ကြၽန္မ သူ႕ရဲ႕အေျခအေနကို ေမးလို႔ ရမလား"
"ငါ အဲဒါအတြက္ ေဆးပညာအေခၚအေဝၚေတြကိုေတာ့ တကယ္မသိဘူး၊ ငါသိတာက သူက မၾကာခဏ ေခါင္းကိုက္တယ္။ ေန႕တိုင္း သူ႕ရဲ႕ေခါင္းက ၾကယ္ေတြပါ ျမင္ရတဲ့အထိ နာေပမယ့္ သူက အတြန့္တက္တဲ့ စကားေလးတစ္ခြန္းေတာင္ မေျပာဘူး။ ညတိုင္း ညတိုင္း သူ တစ္ညလုံး ေကာင္းေကာင္း မအိပ္နိုင္ဘူး။ ဆရာဝန္ေတြက သူ႕ကို ခြဲစိတ္မႈလုပ္ဖို႔ အားမေပးဘူး၊ ဒါေၾကာင့္ ငါတို႔ ေဆးေတြအေပၚမွာပဲ မ်ားေသာအားျဖင့္ အားထားေနရတယ္။ ဒါေပမယ့္ ေဆးေတြက ေစ်းႀကီးလြန္းတယ္။ အဲဒီအျပင္ သူ အစာမစားတဲ့အခ်ိန္က်ရင္ ေရာဂါေဟာင္း ျပန္ထလာၿပီး သူ႕ရဲ႕အေျခအေနက ပိုဆိုးလာတယ္။ အခုအခ်ိန္မွာ ငါ အၾကပ္အတည္းထဲမွာ ပိတ္မိေနတာ။ ဒီယြမ္ႏွစ္သိန္းက သူ႕ကို အခ်ိန္ခဏေလး တည္ၿငိမ္ေအာင္ ထိန္းထားနိုင္ဖို႔အတြက္ပဲ လုံေလာက္မွာေလ"
အဖိုးလီ၏ အမူအယာမွာ မည္းေမွာင္ကာ ေလးလံထိုင္းမွိုင္းသြားၿပီး သူ သက္ျပင္းမ်ား အထပ္ထပ္ခ်ေနေလသည္။
က်င္းယြင္ေက်ာင္းက အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေခါင္းညိတ္လိုက္သည္။ သူမ စာ႐ြက္တစ္႐ြက္ကို ယူလိုက္ၿပီး အဖိုးကန္၏ ဖုန္းနံပါတ္ကို ခ်ေရးလိုက္၏။ သူမသည္ မူလက သူမ၏ နာမည္ကို ခ်ေရးေပးလိုက္ခ်င္ေသာ္လည္း သူမ၏ အသက္အ႐ြယ္ႏွင့္ဆိုလွ်င္ မည္သူကမွ သူမကို ယုံမည္မဟုတ္ေပ။
"ဒါ ကြၽန္မနဲ႕သိတဲ့ သမားေတာ္ႀကီးပါ၊ အကူအညီလိုရင္ သူ႕ကို သြားရွာလို႔ ရပါတယ္"
"က်င္းယြင္ေက်ာင္း၊ ေစ်းေပါတဲ့ အပ်က္မ၊ နင္ ငါ့ရဲ႕ ေနာက္ကြယ္မွာ ပိုက္ဆံေတြအမ်ားႀကီး ဝွက္ထားရဲတယ္ေပါ့"
တစ္စုံတစ္ေယာက္သည္ သူတို႔ႏွင့္ ဆယ္မီတာခန့္အေဝးမွပင္ ေအာ္ဟစ္ႀကိမ္းဝါးလာ၏။ သူမ၏ စကားမဆုံးေသးမီမွာပင္ ထိုလူသည္ သူမဆီသို႔ အေဝးမွ အေလာတႀကီး ေျပးလာေနသည္။