Chapter 86 : အခြားသူများ၏ ချမ်းသာမည့်လမ်းကြောင်းကို ခိုးယူခြင်း
ကျင်းယွင်ကျောင်းသည် အတိတ်ဘဝ၌ ထိုအလုပ်သမားနှင့် ပတ်သတ်သည့် အကြောင်းများစွာကို ချောင်ဝေ့မင်ထံမှ ကြားခဲ့ဖူးသည်။ သူ၏ အဆိုအရ ထိုအလုပ်သမားသည် ကြွေထည်ပစ္စည်းကို ရောင်းပြီးနောက် တစ်စုံတစ်ယောက်က မေး၍ သူ့အား လာရှာခဲ့၏။ ထိုအချိန်၌ အလုပ်သမားသည် အလွန်အမင်း နောင်တရသွားခဲ့သော်လည်း ကံဆိုးစွာပင် ပစ္စည်းပြန်ယူရန်အတွက် ထိုရှေးဟောင်းပစ္စည်းရောင်းဝယ်သူအား သူ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် ဒေါသများအား ရင်ထဲတွင်သာ မျိုသိပ်ထားရုံပင်။
သူသည် ထိုသို့ရောင်းမိသည်အား နောင်တရခြင်း မဟုတ်၊ ၎င်းကို ရောင်းချခဲ့စဥ်က အရေးပေါ်ငွေလိုနေသောကြောင့်သာ။ ထိုအချိန်က ရောင်းစျေးသည် ယွမ်နှစ်သိန်းဖြစ်သော်လည်း လူတိုင်းက သူ့အား အရူးဟု ခေါ်ခဲ့ကြသည်။ နောက်ပိုင်း၌ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူ ရောက်လာသောအခါ ထိုသူက သူ၏ ပစ္စည်းအား အတုဟုပင် ပြောခဲ့၏။
ထိုရှေးဟောင်းပစ္စည်းရောင်းဝယ်သူသည် အာသွက်လျှာသွက်နှင့် စကားပြောကောင်းသူဖြစ်သည်။ မည်သူမှ နားမလည်သည့် အကြောင်းအရာတစ်ပုံတစ်ပင်ကို ပြောဆိုပြီးနောက် အလုပ်သမားအား သူ၏ လက်ထဲတွင်ရှိသော ပစ္စည်းသည် အမှန်တကယ်ပင် အတုတစ်ခုဟု ထင်သွားစေခဲ့၏။ သူ စိတ်အခြေအနေဆိုးဝါးနေသော အခိုက်တွင် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူက ကရုဏာသက်နေသော အမူအယာဖြင့် ၎င်းကြွေခရားကို ယွမ်တစ်ထောင်ဖြင့် လိမ်လည်ဝယ်ယူသွားခဲ့သည်။
သူသည် ထိုတရုတ်ကြွေထည်အား ရှေးဟောင်းပစ္စည်းရောင်းဝယ်သူထံသို့ ရောင်းချခဲ့ပြီးသောအခါ အလုပ်သမားသည် သူ့အား အနည်းငယ် ကျေးဇူးတင်သလိုပင် ခံစားခဲ့ရသေး၏။ တစ်လပင် မပြည့်သေးသောအချိန်မှာပင် တစ်စုံတစ်ယောက်က ထိုပစ္စည်းအား မြင်သွားခဲ့၍ ယွမ်နှစ်သန်းကျော်ဖြင့်ပင် ဝယ်သွားလိမ့်မည်ဟု မည်သူက သိမည်နည်း။
ထိုအလုပ်သမားသည် လူရိုးတစ်ယောက်ဖြစ်သည်။ သူသည် ထို မိုးထိမြင့်နေသော စျေးနှုန်းအား လိုချင်တပ်မက်မှုမရှိဘဲ သူ၏ ကိုယ်ပိုင် ယွမ်နှစ်သိန်းကိုသာ တမ်းတဝမ်းနည်းနေခြင်းဖြစ်၏။
ထိုသို့ဖြစ်သောကြောင့် ကျင်းယွင်ကျောင်းသည် ထိုရှေးဟောင်းပစ္စည်းရောင်းဝယ်သူ၏ ချမ်းသာမည့်လမ်းကြောင်းကို ခိုးယူရန် ကြိုးစားခြင်းအတွက် အပြစ်ရှိသည်ဟု မခံစားရခြင်းပင်။
အနားသို့ ကပ်လာပြီးနောက် ကျင်းယွင်ကျောင်းသည် အလုပ်သမား၏ ရှေ့တွင် ရပ်လိုက်သည်။
ထိုလူသည် အသက်ငါးဆယ်၊ ခြောက်ဆယ်ခန့်သာ ရှိကြောင်း တွေ့ရပြီး သူ၏ အသားအရေမှာ နေလောင်၍ ညိုနေကာ မျက်နှာတွင် အရေးအကြောင်းများရှိလျှက် သူ၏ မျက်လုံးများတွင် စိုးရိမ်နေသော အရိပ်အယောင်များ ရှိနေ၏။ သူသည် ကြွေခရားအား သူ၏ လက်မောင်းများထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ပိုက်သယ်ဆောင်ထား၍ တစ်စုံတစ်ယောက်က ၎င်းအား မတော်တဆ တိုက်ချမိမည်ကို အလွန်အမင်း ကြောက်နေသည်။
ထိုလက်မောင်းများက ကြမ်းတမ်း၍ ခြောက်သွေ့နေပြီး တစ်ချက်ကြည့်ရုံနှင့်ပင် နှစ်ပေါင်းများစွာ လုပ်ခဲ့ရသော အလုပ်ကြမ်းများ၏ ဒဏ်ဖြစ်ကြောင်း ပြောနိုင်၏။ သူ၏နောက်ကျောသည် အနည်းငယ် ကုန်းနေပြီး သူ၏ တီရှပ်ပေါ်တွင် ဖုန်တစ်ထပ်ရှိနေသည်။ သူ၏ ဖိနပ်များမှာ ပေါက်ပြဲနေကာ ခြေရာများပင် ခပ်တိမ်တိမ် စွဲထင်နေပြီး ရွံ့များနှင့် ညစ်ပေနေ၍ ၎င်း၏ သက်တမ်းကို ခန့်မှန်းရခက်စေ၏။
"ဦးလေး၊ ဒီခရားကို ရောင်းနေတာလား"
ကျင်းယွင်ကျောင်းက မေးလိုက်သည်။
ထိုစကားနှင့်ပင် အနီးနားရှိ အစားအသောက်ဆိုင်ငယ်လေးများမှ လူများ၏ အာရုံများအားလုံးကို သူတို့ဆီသို့ ဆွဲဆောင်လိုက်နိုင်၏။ ဤ အဖိုးအိုလီသည် ဤကြွေခရားကြီးကို စျေးငယ်လေးဆီသို့ သယ်လာသည်မှာ တစ်လခန့်ကြာပြီ ဖြစ်သည်။ ၎င်း၏ အကြောင်းကို မေးသူများရှိသော်လည်း သူတို့သည် စျေးနှုန်းကို ကြားသည်နှင့် ထွက်သွားကြ၏။
သူတို့တွင် ရှေးဟောင်းပစ္စည်များနှင့် ပတ်သတ်၍ ဗဟုသုတမရှိပေ၊ သူတို့က ဤခရားသည် အလွန်အမင်း ဟောင်းနွမ်းနေပြီး များများစားစား မသိုလှောင်နိုင်၍ အများဆုံးအနေဖြင့် ၎င်းကို အလှဆင်ပစ္စည်းတစ်ခုအနေနှင့်သာ သုံးနိုင်ကြောင်း သိကြသည်။ ယွမ်ဆယ်ဂဏန်းသာဆိုလျှင် သူတို့လက်ခံနိုင်သေးသော်လည်း ယွမ်နှစ်သိန်း...အရူးတစ်ယောက်ကသာ ၎င်းကို ဝယ်လိမ့်မည်ပင်။
သို့ရာတွင် ထိုခရားအား စျေးမေးသူများအားလုံးမှာ များသောအားဖြင့် အသက်လေးဆယ်ကျော် လူကြီးများသာဖြစ်သည်။ ယနေ့၌မူ မိန်းကလေးငယ်လေးတစ်ဦး ပေါ်ထွက်လာလေပြီ။
ထိုမိန်းကလေး၏ ပုံပန်းသွင်ပြင်ကိုလည်း အနည်းငယ်ရင်းနှီးနေ၏။ အကယ်၍ သူတို့သာ မမှားလျှင် ဒါ ချောင်ဝေ့မင်၏ အကြီးဆုံးသမီး မဟုတ်ပါလော။ ကောလဟာလများက ပြောကြသည်မှာ သူမသည် အိမ်မှ နှင်ထုတ်ခံရသည်ဆို၏။ ထိုသည်မှာ အမှန်လော၊ အမှားလော။
အဖိုးလီ၏ စိတ်ထားက အတော်လေးကောင်းမွန်၏။
"မိန်းကလေး၊ ငါ ဒီခရားကို ရောင်းနေတာ အတော်လေး စျေးများတယ်ကွယ့်"
"ဦးလေး သတ်မှတ်ထားတဲ့ စျေးကို အရင်ဆုံး ပြောပြရင် ပိုကောင်းပါတယ်။ ကျွန်မ ဒီပစ္စည်းကို အတော်လေး သဘောကျတယ်၊ စျေးက ကျွန်မအတွက် သင့်တော်တယ်ဆိုရင် ကျွန်မ ဒါကို ဝယ်မယ်"
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
အဖိုးလီက ခေါင်းယမ်းလိုက်၏။ ဤမိန်းကလေးငယ်လေးသည် အတော်လေး နှစ်လိုဖွယ်ကောင်းသည်။ သူမသည် သူ ဤသို့ လာရောင်းနေသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း တွေ့မြင်နေရ၍ သူ့ကို သနားနေခြင်းဖြစ်ရမည်။
"ငါ မင်းကို လိမ်မရောင်းပါဘူး။ ငါ့ရဲ့အိမ်ထောင်ဖက်က နေမကောင်းဖြစ်နေလို့ ကုသစရိတ်ရှာဖို့အတွက် ငါ ဒါကို ရောင်းနေတာပါ။ ငါ ဒါကို ယွမ်နှစ်သိန်းနဲ့ရောင်းနေတာ၊ တစ်ပြားမှ မလျော့ဘူး"
အဖိုးလီက ကြွေခရားကြီးကို ပွတ်သပ်လိုက်ပြီး ၎င်းနှင့် ခွဲခွာရန်အတွက် အနည်းငယ် ဆန္ဒမရှိသလိုပုံစံပြသလိုက်သည်။
သူသည် အတော်လေး ငယ်ရွယ်စဥ်က ဤခရားကို တူးဖော်ရရှိခဲ့၏။ ထိုအချိန်က သူသည် ၎င်း၏ အကြောင်းကို မည်သူကိုမှ မပြောရဲခဲ့ဘဲ နှစ်သုံးဆယ်ကြာအောင် ဖွက်ထားခဲ့သည်။ သူသည် ဤခရား၏ ဇစ်မြစ်ကို မသိသော်လည်း မြေကြီးထဲတွင် မြှုပ်နှံထားသောအရာမှာ ကောင်းသောအရာသာ ဖြစ်သင့်ကြောင်း သူတွေးမိ၏။ ထို့ကြောင့် သူသည် သူ၏ သားများအား သူတို့၏ မိသားစုအမွေအနှစ်အဖြစ် ချန်ထားပေးရန် တွေးခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ သူ၏ ဇနီးသည်က နေမကောင်းဖြစ်လာ၏။
သူသည် ဘဝတစ်လျှောက်လုံး အလုပ်ကြိုးစားခဲ့၍ သူ၏ သားများအား အိုးပိုင်အိမ်ပိုင်များဖြစ်စေရန် ကူညီပေးခဲ့သည်။ သူကိုယ်တိုင်တွင်တော့ ပိုင်ဆိုင်မှုတစ်ခုမှ မရှိချေ။
သူသည် သားများအား ပိုက်ဆံတောင်းသောအခါ သူ၏ သားနှစ်ဦးစလုံးက သူတို့ဆင်းရဲကြပ်တည်းနေကြောင်း ညည်းတွားကြသည်။ သူသည် လပေါင်းများစွာ တောင်းခဲ့သော်လည်း သူတို့ဆီမှ ငွေတစ်ပြားတစ်ချပ်ပင် တစ်ခါမှ မရခဲ့ပေ။
သေရေးရှင်ရေးတမျှ အခြေအနေများအောက်တွင် သူသည် သူ နှစ်ပေါင်းများစွာ ဝှက်ထားသော ရတနာကို ထုတ်လာပြီး ငွေအတွက် ရောင်းချရန် အတင်းအကြပ် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရသည်။
မမျှော်လင့်ဘဲ ၎င်းကလည်း စိတ်ပျက်စရာဖြစ်သွားခဲ့၏။ ဤအပြင်လူများပင် မဆိုထားနှင့်၊ သူ၏ သားများကပင် ၎င်းမှာ သူ၏ စည်းလွတ်ဝါးလွတ် စိတ်ကူးယဥ်ခြင်းတစ်မျိုးသာဖြစ်၍ ခရားကို ရတနာတစ်ခုသဖွယ် ဆက်ဆံနေခြင်းဖြစ်သည်ဟု စောဒကတက်ကြသည်။
(T/N: သူတို့က သူက ဒီခရားလို အမှိုက်မျိုးကို ရတနာလို ဆက်ဆံနေတာက သူရဲ့စိတ်ကူးယဥ်သက်သက်ပဲလို့ ဆိုပြီး သူ့ကို အရူးလို့ တွေးနေကြတာပါ။)
"ယွမ်နှစ်သိန်းလား။ ဦးလေး၊ ဒီနားမှာရှိတဲဲ့ ဘဏ်ဖွင့်တဲ့အချိန်အထိစောင့်ပြီးရင် ကျွန်မနဲ့အတူ အဲဒီကိုလိုက်ခဲ့ပါ။ ကျွန်မ ဦးလေးဆီကို ပိုက်ဆံလွှဲပေးမယ်"
အဖိုးလီက သူ၏ သားနှစ်ယောက်အား မကျေမနပ်နှင့် ဝမ်းနည်းနေဆဲမှာပင် ကျင်းယွင်ကျောင်းက ရုတ်တရက် ထပြောလိုက်ခြင်းဖြစ်လေသည်။
Zawgyi
Chapter 86 : အျခားသူမ်ား၏ ခ်မ္းသာမည့္လမ္းေၾကာင္းကို ခိုးယူျခင္း
က်င္းယြင္ေက်ာင္းသည္ အတိတ္ဘဝ၌ ထိုအလုပ္သမားႏွင့္ ပတ္သတ္သည့္ အေၾကာင္းမ်ားစြာကို ေခ်ာင္ေဝ့မင္ထံမွ ၾကားခဲ့ဖူးသည္။ သူ၏ အဆိုအရ ထိုအလုပ္သမားသည္ ေႂကြထည္ပစၥည္းကို ေရာင္းၿပီးေနာက္ တစ္စုံတစ္ေယာက္က ေမး၍ သူ႕အား လာရွာခဲ့၏။ ထိုအခ်ိန္၌ အလုပ္သမားသည္ အလြန္အမင္း ေနာင္တရသြားခဲ့ေသာ္လည္း ကံဆိုးစြာပင္ ပစၥည္းျပန္ယူရန္အတြက္ ထိုေရွးေဟာင္းပစၥည္းေရာင္းဝယ္သူအား သူ ရွာမေတြ႕ခဲ့ေပ။ ထို႔ေၾကာင့္ သူသည္ ေဒါသမ်ားအား ရင္ထဲတြင္သာ မ်ိဳသိပ္ထား႐ုံပင္။
သူသည္ ထိုသို႔ေရာင္းမိသည္အား ေနာင္တရျခင္း မဟုတ္၊ ၎ကို ေရာင္းခ်ခဲ့စဥ္က အေရးေပၚေငြလိုေနေသာေၾကာင့္သာ။ ထိုအခ်ိန္က ေရာင္းေစ်းသည္ ယြမ္ႏွစ္သိန္းျဖစ္ေသာ္လည္း လူတိုင္းက သူ႕အား အ႐ူးဟု ေခၚခဲ့ၾကသည္။ ေနာက္ပိုင္း၌ ေရွးေဟာင္းပစၥည္းေရာင္းဝယ္သူ ေရာက္လာေသာအခါ ထိုသူက သူ၏ ပစၥည္းအား အတုဟုပင္ ေျပာခဲ့၏။
ထိုေရွးေဟာင္းပစၥည္းေရာင္းဝယ္သူသည္ အာသြက္လွ်ာသြက္ႏွင့္ စကားေျပာေကာင္းသူျဖစ္သည္။ မည္သူမွ နားမလည္သည့္ အေၾကာင္းအရာတစ္ပုံတစ္ပင္ကို ေျပာဆိုၿပီးေနာက္ အလုပ္သမားအား သူ၏ လက္ထဲတြင္ရွိေသာ ပစၥည္းသည္ အမွန္တကယ္ပင္ အတုတစ္ခုဟု ထင္သြားေစခဲ့၏။ သူ စိတ္အေျခအေနဆိုးဝါးေနေသာ အခိုက္တြင္ ေရွးေဟာင္းပစၥည္းေရာင္းဝယ္သူက က႐ုဏာသက္ေနေသာ အမူအယာျဖင့္ ၎ေႂကြခရားကို ယြမ္တစ္ေထာင္ျဖင့္ လိမ္လည္ဝယ္ယူသြားခဲ့သည္။
သူသည္ ထိုတ႐ုတ္ေႂကြထည္အား ေရွးေဟာင္းပစၥည္းေရာင္းဝယ္သူထံသို႔ ေရာင္းခ်ခဲ့ၿပီးေသာအခါ အလုပ္သမားသည္ သူ႕အား အနည္းငယ္ ေက်းဇူးတင္သလိုပင္ ခံစားခဲ့ရေသး၏။ တစ္လပင္ မျပည့္ေသးေသာအခ်ိန္မွာပင္ တစ္စုံတစ္ေယာက္က ထိုပစၥည္းအား ျမင္သြားခဲ့၍ ယြမ္ႏွစ္သန္းေက်ာ္ျဖင့္ပင္ ဝယ္သြားလိမ့္မည္ဟု မည္သူက သိမည္နည္း။
ထိုအလုပ္သမားသည္ လူရိုးတစ္ေယာက္ျဖစ္သည္။ သူသည္ ထို မိုးထိျမင့္ေနေသာ ေစ်းႏႈန္းအား လိုခ်င္တပ္မက္မႈမရွိဘဲ သူ၏ ကိုယ္ပိုင္ ယြမ္ႏွစ္သိန္းကိုသာ တမ္းတဝမ္းနည္းေနျခင္းျဖစ္၏။
ထိုသို႔ျဖစ္ေသာေၾကာင့္ က်င္းယြင္ေက်ာင္းသည္ ထိုေရွးေဟာင္းပစၥည္းေရာင္းဝယ္သူ၏ ခ်မ္းသာမည့္လမ္းေၾကာင္းကို ခိုးယူရန္ ႀကိဳးစားျခင္းအတြက္ အျပစ္ရွိသည္ဟု မခံစားရျခင္းပင္။
အနားသို႔ ကပ္လာၿပီးေနာက္ က်င္းယြင္ေက်ာင္းသည္ အလုပ္သမား၏ ေရွ႕တြင္ ရပ္လိုက္သည္။
ထိုလူသည္ အသက္ငါးဆယ္၊ ေျခာက္ဆယ္ခန့္သာ ရွိေၾကာင္း ေတြ႕ရၿပီး သူ၏ အသားအေရမွာ ေနေလာင္၍ ညိုေနကာ မ်က္ႏွာတြင္ အေရးအေၾကာင္းမ်ားရွိလွ်က္ သူ၏ မ်က္လုံးမ်ားတြင္ စိုးရိမ္ေနေသာ အရိပ္အေယာင္မ်ား ရွိေန၏။ သူသည္ ေႂကြခရားအား သူ၏ လက္ေမာင္းမ်ားထဲတြင္ တင္းတင္းၾကပ္ၾကပ္ ေပြ႕ပိုက္သယ္ေဆာင္ထား၍ တစ္စုံတစ္ေယာက္က ၎အား မေတာ္တဆ တိုက္ခ်မိမည္ကို အလြန္အမင္း ေၾကာက္ေနသည္။
ထိုလက္ေမာင္းမ်ားက ၾကမ္းတမ္း၍ ေျခာက္ေသြ႕ေနၿပီး တစ္ခ်က္ၾကည့္႐ုံႏွင့္ပင္ ႏွစ္ေပါင္းမ်ားစြာ လုပ္ခဲ့ရေသာ အလုပ္ၾကမ္းမ်ား၏ ဒဏ္ျဖစ္ေၾကာင္း ေျပာနိုင္၏။ သူ၏ေနာက္ေက်ာသည္ အနည္းငယ္ ကုန္းေနၿပီး သူ၏ တီရွပ္ေပၚတြင္ ဖုန္တစ္ထပ္ရွိေနသည္။ သူ၏ ဖိနပ္မ်ားမွာ ေပါက္ၿပဲေနကာ ေျခရာမ်ားပင္ ခပ္တိမ္တိမ္ စြဲထင္ေနၿပီး ႐ြံ႕မ်ားႏွင့္ ညစ္ေပေန၍ ၎၏ သက္တမ္းကို ခန့္မွန္းရခက္ေစ၏။
"ဦးေလး၊ ဒီခရားကို ေရာင္းေနတာလား"
က်င္းယြင္ေက်ာင္းက ေမးလိုက္သည္။
ထိုစကားႏွင့္ပင္ အနီးနားရွိ အစားအေသာက္ဆိုင္ငယ္ေလးမ်ားမွ လူမ်ား၏ အာ႐ုံမ်ားအားလုံးကို သူတို႔ဆီသို႔ ဆြဲေဆာင္လိုက္နိုင္၏။ ဤ အဖိုးအိုလီသည္ ဤေႂကြခရားႀကီးကို ေစ်းငယ္ေလးဆီသို႔ သယ္လာသည္မွာ တစ္လခန့္ၾကာၿပီ ျဖစ္သည္။ ၎၏ အေၾကာင္းကို ေမးသူမ်ားရွိေသာ္လည္း သူတို႔သည္ ေစ်းႏႈန္းကို ၾကားသည္ႏွင့္ ထြက္သြားၾက၏။
သူတို႔တြင္ ေရွးေဟာင္းပစၥည္မ်ားႏွင့္ ပတ္သတ္၍ ဗဟုသုတမရွိေပ၊ သူတို႔က ဤခရားသည္ အလြန္အမင္း ေဟာင္းႏြမ္းေနၿပီး မ်ားမ်ားစားစား မသိုေလွာင္နိုင္၍ အမ်ားဆုံးအေနျဖင့္ ၎ကို အလွဆင္ပစၥည္းတစ္ခုအေနႏွင့္သာ သုံးနိုင္ေၾကာင္း သိၾကသည္။ ယြမ္ဆယ္ဂဏန္းသာဆိုလွ်င္ သူတို႔လက္ခံနိုင္ေသးေသာ္လည္း ယြမ္ႏွစ္သိန္း...အ႐ူးတစ္ေယာက္ကသာ ၎ကို ဝယ္လိမ့္မည္ပင္။
သို႔ရာတြင္ ထိုခရားအား ေစ်းေမးသူမ်ားအားလုံးမွာ မ်ားေသာအားျဖင့္ အသက္ေလးဆယ္ေက်ာ္ လူႀကီးမ်ားသာျဖစ္သည္။ ယေန႕၌မူ မိန္းကေလးငယ္ေလးတစ္ဦး ေပၚထြက္လာေလၿပီ။
ထိုမိန္းကေလး၏ ပုံပန္းသြင္ျပင္ကိုလည္း အနည္းငယ္ရင္းႏွီးေန၏။ အကယ္၍ သူတို႔သာ မမွားလွ်င္ ဒါ ေခ်ာင္ေဝ့မင္၏ အႀကီးဆုံးသမီး မဟုတ္ပါေလာ။ ေကာလဟာလမ်ားက ေျပာၾကသည္မွာ သူမသည္ အိမ္မွ ႏွင္ထုတ္ခံရသည္ဆို၏။ ထိုသည္မွာ အမွန္ေလာ၊ အမွားေလာ။
အဖိုးလီ၏ စိတ္ထားက အေတာ္ေလးေကာင္းမြန္၏။
"မိန္းကေလး၊ ငါ ဒီခရားကို ေရာင္းေနတာ အေတာ္ေလး ေစ်းမ်ားတယ္ကြယ့္"
"ဦးေလး သတ္မွတ္ထားတဲ့ ေစ်းကို အရင္ဆုံး ေျပာျပရင္ ပိုေကာင္းပါတယ္။ ကြၽန္မ ဒီပစၥည္းကို အေတာ္ေလး သေဘာက်တယ္၊ ေစ်းက ကြၽန္မအတြက္ သင့္ေတာ္တယ္ဆိုရင္ ကြၽန္မ ဒါကို ဝယ္မယ္"
က်င္းယြင္ေက်ာင္းက ျပန္ေျဖလိုက္သည္။
အဖိုးလီက ေခါင္းယမ္းလိုက္၏။ ဤမိန္းကေလးငယ္ေလးသည္ အေတာ္ေလး ႏွစ္လိုဖြယ္ေကာင္းသည္။ သူမသည္ သူ ဤသို႔ လာေရာင္းေနသည္မွာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ေၾကာင္း ေတြ႕ျမင္ေနရ၍ သူ႕ကို သနားေနျခင္းျဖစ္ရမည္။
"ငါ မင္းကို လိမ္မေရာင္းပါဘူး။ ငါ့ရဲ႕အိမ္ေထာင္ဖက္က ေနမေကာင္းျဖစ္ေနလို႔ ကုသစရိတ္ရွာဖို႔အတြက္ ငါ ဒါကို ေရာင္းေနတာပါ။ ငါ ဒါကို ယြမ္ႏွစ္သိန္းနဲ႕ေရာင္းေနတာ၊ တစ္ျပားမွ မေလ်ာ့ဘူး"
အဖိုးလီက ေႂကြခရားႀကီးကို ပြတ္သပ္လိုက္ၿပီး ၎ႏွင့္ ခြဲခြာရန္အတြက္ အနည္းငယ္ ဆႏၵမရွိသလိုပုံစံျပသလိုက္သည္။
သူသည္ အေတာ္ေလး ငယ္႐ြယ္စဥ္က ဤခရားကို တူးေဖာ္ရရွိခဲ့၏။ ထိုအခ်ိန္က သူသည္ ၎၏ အေၾကာင္းကို မည္သူကိုမွ မေျပာရဲခဲ့ဘဲ ႏွစ္သုံးဆယ္ၾကာေအာင္ ဖြက္ထားခဲ့သည္။ သူသည္ ဤခရား၏ ဇစ္ျမစ္ကို မသိေသာ္လည္း ေျမႀကီးထဲတြင္ ျမႇုပ္ႏွံထားေသာအရာမွာ ေကာင္းေသာအရာသာ ျဖစ္သင့္ေၾကာင္း သူေတြးမိ၏။ ထို႔ေၾကာင့္ သူသည္ သူ၏ သားမ်ားအား သူတို႔၏ မိသားစုအေမြအႏွစ္အျဖစ္ ခ်န္ထားေပးရန္ ေတြးခဲ့သည္။
သို႔ေသာ္ မေမွ်ာ္လင့္ဘဲ သူ၏ ဇနီးသည္က ေနမေကာင္းျဖစ္လာ၏။
သူသည္ ဘဝတစ္ေလွ်ာက္လုံး အလုပ္ႀကိဳးစားခဲ့၍ သူ၏ သားမ်ားအား အိုးပိုင္အိမ္ပိုင္မ်ားျဖစ္ေစရန္ ကူညီေပးခဲ့သည္။ သူကိုယ္တိုင္တြင္ေတာ့ ပိုင္ဆိုင္မႈတစ္ခုမွ မရွိေခ်။
သူသည္ သားမ်ားအား ပိုက္ဆံေတာင္းေသာအခါ သူ၏ သားႏွစ္ဦးစလုံးက သူတို႔ဆင္းရဲၾကပ္တည္းေနေၾကာင္း ညည္းတြားၾကသည္။ သူသည္ လေပါင္းမ်ားစြာ ေတာင္းခဲ့ေသာ္လည္း သူတို႔ဆီမွ ေငြတစ္ျပားတစ္ခ်ပ္ပင္ တစ္ခါမွ မရခဲ့ေပ။
ေသေရးရွင္ေရးတမွ် အေျခအေနမ်ားေအာက္တြင္ သူသည္ သူ ႏွစ္ေပါင္းမ်ားစြာ ဝွက္ထားေသာ ရတနာကို ထုတ္လာၿပီး ေငြအတြက္ ေရာင္းခ်ရန္ အတင္းအၾကပ္ ခက္ခက္ခဲခဲဆုံးျဖတ္ခဲ့ရသည္။
မေမွ်ာ္လင့္ဘဲ ၎ကလည္း စိတ္ပ်က္စရာျဖစ္သြားခဲ့၏။ ဤအျပင္လူမ်ားပင္ မဆိုထားႏွင့္၊ သူ၏ သားမ်ားကပင္ ၎မွာ သူ၏ စည္းလြတ္ဝါးလြတ္ စိတ္ကူးယဥ္ျခင္းတစ္မ်ိဳးသာျဖစ္၍ ခရားကို ရတနာတစ္ခုသဖြယ္ ဆက္ဆံေနျခင္းျဖစ္သည္ဟု ေစာဒကတက္ၾကသည္။
(T/N: သူတို႔က သူက ဒီခရားလို အမွိုက္မ်ိဳးကို ရတနာလို ဆက္ဆံေနတာက သူရဲ႕စိတ္ကူးယဥ္သက္သက္ပဲလို႔ ဆိုၿပီး သူ႕ကို အ႐ူးလို႔ ေတြးေနၾကတာပါ။)
"ယြမ္ႏွစ္သိန္းလား။ ဦးေလး၊ ဒီနားမွာရွိတဲဲ့ ဘဏ္ဖြင့္တဲ့အခ်ိန္အထိေစာင့္ၿပီးရင္ ကြၽန္မနဲ႕အတူ အဲဒီကိုလိုက္ခဲ့ပါ။ ကြၽန္မ ဦးေလးဆီကို ပိုက္ဆံလႊဲေပးမယ္"
အဖိုးလီက သူ၏ သားႏွစ္ေယာက္အား မေက်မနပ္ႏွင့္ ဝမ္းနည္းေနဆဲမွာပင္ က်င္းယြင္ေက်ာင္းက ႐ုတ္တရက္ ထေျပာလိုက္ျခင္းျဖစ္ေလသည္။