Chapter 84 : ငါ့ကို မထိနဲ့
ကျန်ရှ၏ နှလုံးသားက ကျယ်လောင်စွာ မြည်ဟီးသွား၏။ ချောင်ဟုန်ယဲ့အား ကြည့်နေကျ သူ၏ မျက်လုံးများက တွေဝေသွား၍ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွား၏။
ကျင်းယွင်ကျောင်းက သူမကို ရိုက်သွားသည်တဲ့လား။ သူတို့က ညီအစ်မတွေ မဟုတ်ဘူးလား။
ကျန်ရှသည် ကျင်းယွင်ကျောင်းက အမှန်တကယ်ပင် အသိဥာဏ်မရှိ၍ သူမ၏ ညီမဖြစ်သူ ချောင်ဟုန်ယဲ့အပေါ်တွင် ဆိုးဆိုးဝါးဝါး ဆက်ဆံသည်ဟု မှတ်ယူလျှင်တောင်မှ သူသည် ကျင်းယွင်ကျောင်းက ချောင်မိသားစုအပေါ် အကြွေးတင်နေသည်ဟု ယုံကြည်နေဆဲပင်။ ချောင်ဟုန်ယဲ့နှင့် မရင်းနှီးသော်လည်း ကျင်းယွင်ကျောင်းသည် များသောအားဖြင့် သူမ၏ ညီမဖြစ်သူနှင့် စကားများရန်ဖြစ်ခြင်းမရှိသေးပေ။ သို့သော် တကယ်တမ်း ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ကျန်ရှသည် မသက်မသာ ခံစားလိုက်ရသည်။ သူသည် ကျင်းယွင်ကျောင်းထံမှ အရိုက်ခံရပြီးကတည်းက ကျင်းယွင်ကျောင်းအား ကြောက်ရွံ့စွာဖြင့် ရှောင်ရှားလေ့ရှိ၏။ သူက သူမအား သူ၏ ကိုယ်ပိုင်အသိစိတ်ဖြင့် မည်သို့ ချဥ်းကပ်ရဲပါမည်နည်း။
သို့သော် သူ၏ရှေ့တွင် အလွန်သနားစဖွယ်ကောင်းစွာ ငိုကြွေးနေသော ချောင်ဟုန်ယဲ့အား ကြည့်ရင်း သူ၏ နှလုံးသားက တင်းကြပ်လာသည်။ အကယ်၍ သူသည် ကျင်းယွင်ကျောင်းအား မချဥ်းကပ်ဘဲ ကိစ္စများကို အစီအစဥ်မချရဲပါက ချောင်ဟုန်ယဲ့က သူ့အား အလွန်စိတ်ပျက်သွားလိမ့်မည် မဟုတ်လား။
ကျန်ရှသည် သူတစ်ကိုယ်တည်း အပြန်အလှန် အချေအတင်ဖြစ်နေသော်လည်း ချောင်ဟုန်ယဲ့က ထိုယောက်ျားလေးအား အထင်သေးနေပြီး အတော်လေး စိတ်ပျက်နေ၏။
သူမသည် မျက်ကန်းမဟုတ်ပေ။ ဤလူသည် ယခင်က သူမအား ခင်မင်လိုသော သူ၏ ရည်ရွယ်ချက်များကို အကြိမ်များစွာ ထုတ်ဖော်ပြသခဲ့သည်။ သူ့တွင် သူငယ်ချင်းဖြစ်ချင်ရုံက လွဲ၍ အခြားနည်းလမ်းမရှိပေ။ သူသည် သူမအား ကြိုက်နေသည်မှာ အသေအချာပင်။ ကျန်ရှကဲ့သို့သော မိန်းကလေးများစွာ၏ အချစ်ကို ခံရသူက သူမအား များစွာအလေးပေး ဂရုစိုက်လာအောင် လုပ်နိုင်သဖြင့် သူမ ဂုဏ်ယူနေမိသည်မှာ သဘာဝပင်။ သို့ရာတွင် ယခုအချိန်၌ သူမသည် သူမ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုအား ယုံကြည်မှုရှိနေသော်လည်း ကျန်ရှကို အလွန်အမင်း စိတ်ပျက်နေဆဲပင်။
ကျန်ရှအား ကြိုက်နေကြသော မိန်းကလေးများ၏ မျက်လုံးများသည် တစ်ခုခုများ မှားနေကြသလော။ သူသည် ရုပ်ချောကောင်းချောနိုင်သော်လည်း အသုံးမကျသည့် ငဖျင်းတစ်ယောက်သာဖြစ်သည်။ သူသည် မိန်းမတစ်ယောက်အတွက်ပင် ရပ်တည်မပေးနိုင်ပေ။ သူသည် ယောက်ျားတစ်ယောက်ဖြစ်ရန် အရည်အချင်းမပြည့်မီရုံသာမက အသုံးမကျသည့် အမှိုက်တစ်စထက်ပင် ပိုသေးသည်။
"နင့်ရဲ့မျက်နှာက အ...အဆင်ပြေရဲ့လား"
ကျန်ရှသည် ခဏမျှကြာအောင် သူ့ကိုယ်သူ ရုန်းကန်နေပြီးနောက် တစ်ခုခု ပြောလိုက်နိုင်၏။ သို့သော် သူသည် သင့်လျော်သောစကားကိုမူ မပြောခဲ့ချေ။
ချောင်ဟုန်ယဲ့၏ နှလုံးသားသည် မွန်းကြပ်သွား၏။ သူမသည် ယခင်ကထက်ပင် ပို၍ သည်းသည်းထန်ထန် ငိုကြွေးလိုက်သည်။ ကျန်ရှသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။
"နင် ငါ့ကို လိမ်းဆေးသွားဝယ်စေချင်လား"
ချောင်ဟုန်ယဲ့သည် သူမ၏ စိတ်ထဲတွင် အကြိမ်များစွာ မရေမတွက်နိုင်အောင် မျက်ဖြူလှန်ပြနေမိသည်။ သူမသည် ဤအရူးကောင်အား အဆောက်အဦးအောက်သို့ ပစ်ချပစ်လိုက်ချင်၏။
ချောင်ဟုန်ယဲ့သည် မူလက နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူမအတွက် ရပ်တည်ပေးဖို့ ဆန္ဒရှိနေမည်ဟု ထင်ထားခဲ့သော်လည်း သူမသည် ဤကဲ့သို့ အသုံးမကျသည့် ငဖျင်းတစ်ကောင် ရောက်လာလိမ့်မည်ဟု မထင်ခဲ့ပေ။
သူမသည် အချိန်အတော်ကြာ ငိုကြွေးပြီးဖြစ်၏။ အကယ်၍ သူမသာ ဆက်ငိုနေလျှင် ကျင်းယွင်ကျောင်းအား အပြစ်တင်မည့်သူများ မတိုးလာရုံသာမက သူမကိုပါ လူညာတစ်ယောက်အဖြစ် စတင်၍ ပြောလာကြတော့မည်ဖြစ်သည်။ ထို့ကြောင့် သူမ၏ အငိုသရုပ်ဆောင်ခြင်းကို ရပ်တန့်လိုက်ရ၏။ သူမသည် မျက်ရည်များကိုသာ သုတ်လိုက်နိုင်၍ အတန်းသို့ ပြန်ရန် ဟန်ပြင်လိုက်သည်။
"မသွားပါသေးနဲ့ဦး၊ ချောင်ဟုန်ယဲ့။ ငါ နင့်ကို ဆေးရုံကို ခေါ်သွားသင့်တယ်လို့ ထင်တယ်။ တကယ်တော့ မိန်းကလေးတစ်ယောက်ရဲ့မျက်နှာက သူတို့အတွက် အရေးအကြီးဆုံးအရာပဲလေ"
ဤသည်မှာ သူ၏ ရည်ရွယ်သူလေးဖြစ်၏။ ကျန်ရှက ချောင်ဟုန်ယဲ့ စိတ်အားငယ်နေသည်အား မည်သို့ ထားခဲ့ရက်ပါမည်နည်း။ သူသည် သူ၏ နတ်ဘုရားမလေးအား နှစ်သိမ့်ပေးရန် ဆုံးဖြတ်လိုက်သည်။
ချောင်ဟုန်ယဲ့သည် သူ့အား စိုက်မကြည့်ဘဲ မနေနိုင်တော့ချေ။ သူမ၏ မကျေမနပ်ဖြစ်နေမှုမှာ အနည်းငယ် လျော့နည်းသွား၏။ ထိုအစား သူမသည် အီစီကလီအမူအယာဖြင့် ကြည့်လိုက်ရင်း ညည်းညူလိုက်သည်။
"နင် ဂရုစိုက်ဖို့ မလိုပါဘူးဟာ"
ကျန်ရှ၏ နှလုံးသားက ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။
"ဘယ်ဟုတ်ပါ့မလဲ။ နင်က ငါတို့အတန်းရဲ့အပြင်ဘက်မှာ ဒဏ်ရာရတာလေ။ ငါ့ရဲ့အတန်းဖော်တွေကို ကောင်းကောင်း မထိန်းသိမ်းနိုင်တာ အားလုံးက ငါ့အပြစ်တွေပါ။ ငါ နင့်အတွက် တာဝန်ယူပေးမယ်။ ဆေးရုံကို သွားကြစို့။ နင့်ရဲ့မျက်နှာက ယောင်တောင် ယောင်နေပြီ။ ငါတို့ ဒီအတိုင်းထားလိုက်ရင် ကြည့်ရဆိုးသွားလိမ့်မယ်"
ကန်ရှသည် စကားပြောရင်း သူ၏ လက်များက မသင့်မလျော်ပြုမူလာသည်။ သူသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ချောင်ဟုန်ယဲ့၏ မျက်နှာဆီသို့ လက်လှမ်းလိုက်၏။
သူ၏ အေးစက်သော လက်ဖျားများက သူမအား ထိလိုက်သည်နှင့် ချောင်ဟုန်ယဲ့၏ မျက်လုံးများက ပြူးကျယ်ဝိုင်းစက်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
"ငါ့ကို မထိနဲ့"
ဒီကျန်ရှက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ၊ ဟုတ်တယ်မလား။ သူက သူတို့နှစ်ယောက်ကြားမှာ ကောလဟာလအချို့ စစေချင်နေတာလား။
ချောင်ဟုန်ယဲ့သည် လူအများ၏ နောက်ကွယ်တွင် ကောလဟာလများ ဖြန့်ခြင်းကို လုပ်နေကျ အတွေ့အကြုံရှိသောကြောင့် သူမကိုယ်တိုင်ကမူ ကောလဟာလဖြစ်စေမည့်အရာများကို ရှောင်ရှားခြင်းက သဘာဝပင်။ သူမသည် ယောက်ျားလေးများစွာနှင့် ခင်မင်ရင်းနှီး၍ သူမအား လိုက်ကြိုက်နေသည့် လူများစွာရှိသော်လည်း သူမသည် လူမြင်ကွင်း၌ရှိနေစဥ်တွင် အခြားသူများနှင့် မည်သည့်ရင်းနှီးသော အပြန်အလှန် ဆက်ဆံခြင်းကိုမဆို ဘယ်သောအခါမှ လုပ်လိမ့်မည်မဟုတ်ပေ။ ကျန်ရှ လုပ်လိုက်သည်က သူမ၏ အရေးအကြီးဆုံးစည်းကို ထိပါးမိသွားသည်မှာ အသိအသာပင်။
"ငါပြောချင်တာက ငါ့ရဲ့မျက်နှာက နာနေသေးတယ်၊ ဒါကြောင့် မထိနဲ့လို့။ ပြီးတော့ နင် ငါ့ကို ဆေးရုံလိုက်ပို့ဖို့လည်း မလိုပါဘူး"
ချောင်ဟုန်ယဲ့က အသက်ပြင်းပြင်း ရှုသွင်းလိုက်ရင်း စိတ်ထိန်းကာ ပြောလိုက်သည်။
ကျန်ရှသည် ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသူဖြစ်၏။ သူသည် သူက ချောင်ဟုန်ယဲ့အတွက် ဒုက္ခဖြစ်နေသည်ဟု မည်သို့ တွေးမိလိမ့်မည်နည်း။ ထိုအစား သူက ချောင်ဟုန်ယဲ့သည် ကြင်နာတတ်လွန်း၊ သိတတ်လွန်းသည်ဟု တွေးလိုက်သည်။ သူမသည် သူ့အား ဒုက္ခမဖြစ်စေလိုသဖြင့် အလွန် အလေးပေးနေခြင်းဖြစ်သည်ပင်။
သို့ရာတွင် သူသည် ချောင်ဟုန်ယဲ့အား ဆေးရုံလိုက်ပို့ပေးမည့် အကြောင်းကို တွေးလိုက်သောအခါ သူသည် သူ၏ ရည်ရွယ်သူလေးအား ဂရုစိုက်ပေးနိုင်ရုံသာမက သူမနှင့်အတူ နှစ်ယောက်တည်းနေရမည့်အချိန်အချို့ ရလိမ့်မည်ံဖြစ်သောကြောင့် သူ၏မျက်လုံးများမှာ တောက်ပသွားလေတော့သည်။
Zawgyi
Chapter 84 : ငါ့ကို မထိနဲ႕
က်န္ရွ၏ ႏွလုံးသားက က်ယ္ေလာင္စြာ ျမည္ဟီးသြား၏။ ေခ်ာင္ဟုန္ယဲ့အား ၾကည့္ေနက် သူ၏ မ်က္လုံးမ်ားက ေတြေဝသြား၍ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ျဖစ္သြား၏။
က်င္းယြင္ေက်ာင္းက သူမကို ရိုက္သြားသည္တဲ့လား။ သူတို႔က ညီအစ္မေတြ မဟုတ္ဘူးလား။
က်န္ရွသည္ က်င္းယြင္ေက်ာင္းက အမွန္တကယ္ပင္ အသိဥာဏ္မရွိ၍ သူမ၏ ညီမျဖစ္သူ ေခ်ာင္ဟုန္ယဲ့အေပၚတြင္ ဆိုးဆိုးဝါးဝါး ဆက္ဆံသည္ဟု မွတ္ယူလွ်င္ေတာင္မွ သူသည္ က်င္းယြင္ေက်ာင္းက ေခ်ာင္မိသားစုအေပၚ အေႂကြးတင္ေနသည္ဟု ယုံၾကည္ေနဆဲပင္။ ေခ်ာင္ဟုန္ယဲ့ႏွင့္ မရင္းႏွီးေသာ္လည္း က်င္းယြင္ေက်ာင္းသည္ မ်ားေသာအားျဖင့္ သူမ၏ ညီမျဖစ္သူႏွင့္ စကားမ်ားရန္ျဖစ္ျခင္းမရွိေသးေပ။ သို႔ေသာ္ တကယ္တမ္း ဆန့္က်င္ဘက္ ျဖစ္ေနလိမ့္မည္ဟု မည္သူက ထင္မည္နည္း။
က်န္ရွသည္ မသက္မသာ ခံစားလိုက္ရသည္။ သူသည္ က်င္းယြင္ေက်ာင္းထံမွ အရိုက္ခံရၿပီးကတည္းက က်င္းယြင္ေက်ာင္းအား ေၾကာက္႐ြံ႕စြာျဖင့္ ေရွာင္ရွားေလ့ရွိ၏။ သူက သူမအား သူ၏ ကိုယ္ပိုင္အသိစိတ္ျဖင့္ မည္သို႔ ခ်ဥ္းကပ္ရဲပါမည္နည္း။
သို႔ေသာ္ သူ၏ေရွ႕တြင္ အလြန္သနားစဖြယ္ေကာင္းစြာ ငိုေႂကြးေနေသာ ေခ်ာင္ဟုန္ယဲ့အား ၾကည့္ရင္း သူ၏ ႏွလုံးသားက တင္းၾကပ္လာသည္။ အကယ္၍ သူသည္ က်င္းယြင္ေက်ာင္းအား မခ်ဥ္းကပ္ဘဲ ကိစၥမ်ားကို အစီအစဥ္မခ်ရဲပါက ေခ်ာင္ဟုန္ယဲ့က သူ႕အား အလြန္စိတ္ပ်က္သြားလိမ့္မည္ မဟုတ္လား။
က်န္ရွသည္ သူတစ္ကိုယ္တည္း အျပန္အလွန္ အေခ်အတင္ျဖစ္ေနေသာ္လည္း ေခ်ာင္ဟုန္ယဲ့က ထိုေယာက္်ားေလးအား အထင္ေသးေနၿပီး အေတာ္ေလး စိတ္ပ်က္ေန၏။
သူမသည္ မ်က္ကန္းမဟုတ္ေပ။ ဤလူသည္ ယခင္က သူမအား ခင္မင္လိုေသာ သူ၏ ရည္႐ြယ္ခ်က္မ်ားကို အႀကိမ္မ်ားစြာ ထုတ္ေဖာ္ျပသခဲ့သည္။ သူ႕တြင္ သူငယ္ခ်င္းျဖစ္ခ်င္႐ုံက လြဲ၍ အျခားနည္းလမ္းမရွိေပ။ သူသည္ သူမအား ႀကိဳက္ေနသည္မွာ အေသအခ်ာပင္။ က်န္ရွကဲ့သို႔ေသာ မိန္းကေလးမ်ားစြာ၏ အခ်စ္ကို ခံရသူက သူမအား မ်ားစြာအေလးေပး ဂ႐ုစိုက္လာေအာင္ လုပ္နိုင္သျဖင့္ သူမ ဂုဏ္ယူေနမိသည္မွာ သဘာဝပင္။ သို႔ရာတြင္ ယခုအခ်ိန္၌ သူမသည္ သူမ၏ ခ်စ္ခင္ႏွစ္လိုဖြယ္ေကာင္းမႈအား ယုံၾကည္မႈရွိေနေသာ္လည္း က်န္ရွကို အလြန္အမင္း စိတ္ပ်က္ေနဆဲပင္။
က်န္ရွအား ႀကိဳက္ေနၾကေသာ မိန္းကေလးမ်ား၏ မ်က္လုံးမ်ားသည္ တစ္ခုခုမ်ား မွားေနၾကသေလာ။ သူသည္ ႐ုပ္ေခ်ာေကာင္းေခ်ာနိုင္ေသာ္လည္း အသုံးမက်သည့္ ငဖ်င္းတစ္ေယာက္သာျဖစ္သည္။ သူသည္ မိန္းမတစ္ေယာက္အတြက္ပင္ ရပ္တည္မေပးနိုင္ေပ။ သူသည္ ေယာက္်ားတစ္ေယာက္ျဖစ္ရန္ အရည္အခ်င္းမျပည့္မီ႐ုံသာမက အသုံးမက်သည့္ အမွိုက္တစ္စထက္ပင္ ပိုေသးသည္။
"နင့္ရဲ႕မ်က္ႏွာက အ...အဆင္ေျပရဲ႕လား"
က်န္ရွသည္ ခဏမွ်ၾကာေအာင္ သူ႕ကိုယ္သူ ႐ုန္းကန္ေနၿပီးေနာက္ တစ္ခုခု ေျပာလိုက္နိုင္၏။ သို႔ေသာ္ သူသည္ သင့္ေလ်ာ္ေသာစကားကိုမူ မေျပာခဲ့ေခ်။
ေခ်ာင္ဟုန္ယဲ့၏ ႏွလုံးသားသည္ မြန္းၾကပ္သြား၏။ သူမသည္ ယခင္ကထက္ပင္ ပို၍ သည္းသည္းထန္ထန္ ငိုေႂကြးလိုက္သည္။ က်န္ရွသည္ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြား၏။
"နင္ ငါ့ကို လိမ္းေဆးသြားဝယ္ေစခ်င္လား"
ေခ်ာင္ဟုန္ယဲ့သည္ သူမ၏ စိတ္ထဲတြင္ အႀကိမ္မ်ားစြာ မေရမတြက္နိုင္ေအာင္ မ်က္ျဖဴလွန္ျပေနမိသည္။ သူမသည္ ဤအ႐ူးေကာင္အား အေဆာက္အဦးေအာက္သို႔ ပစ္ခ်ပစ္လိုက္ခ်င္၏။
ေခ်ာင္ဟုန္ယဲ့သည္ မူလက ေနာက္ဆုံးတြင္ တစ္စုံတစ္ေယာက္က သူမအတြက္ ရပ္တည္ေပးဖို႔ ဆႏၵရွိေနမည္ဟု ထင္ထားခဲ့ေသာ္လည္း သူမသည္ ဤကဲ့သို႔ အသုံးမက်သည့္ ငဖ်င္းတစ္ေကာင္ ေရာက္လာလိမ့္မည္ဟု မထင္ခဲ့ေပ။
သူမသည္ အခ်ိန္အေတာ္ၾကာ ငိုေႂကြးၿပီးျဖစ္၏။ အကယ္၍ သူမသာ ဆက္ငိုေနလွ်င္ က်င္းယြင္ေက်ာင္းအား အျပစ္တင္မည့္သူမ်ား မတိုးလာ႐ုံသာမက သူမကိုပါ လူညာတစ္ေယာက္အျဖစ္ စတင္၍ ေျပာလာၾကေတာ့မည္ျဖစ္သည္။ ထို႔ေၾကာင့္ သူမ၏ အငိုသ႐ုပ္ေဆာင္ျခင္းကို ရပ္တန့္လိုက္ရ၏။ သူမသည္ မ်က္ရည္မ်ားကိုသာ သုတ္လိုက္နိုင္၍ အတန္းသို႔ ျပန္ရန္ ဟန္ျပင္လိုက္သည္။
"မသြားပါေသးနဲ႕ဦး၊ ေခ်ာင္ဟုန္ယဲ့။ ငါ နင့္ကို ေဆး႐ုံကို ေခၚသြားသင့္တယ္လို႔ ထင္တယ္။ တကယ္ေတာ့ မိန္းကေလးတစ္ေယာက္ရဲ႕မ်က္ႏွာက သူတို႔အတြက္ အေရးအႀကီးဆုံးအရာပဲေလ"
ဤသည္မွာ သူ၏ ရည္႐ြယ္သူေလးျဖစ္၏။ က်န္ရွက ေခ်ာင္ဟုန္ယဲ့ စိတ္အားငယ္ေနသည္အား မည္သို႔ ထားခဲ့ရက္ပါမည္နည္း။ သူသည္ သူ၏ နတ္ဘုရားမေလးအား ႏွစ္သိမ့္ေပးရန္ ဆုံးျဖတ္လိုက္သည္။
ေခ်ာင္ဟုန္ယဲ့သည္ သူ႕အား စိုက္မၾကည့္ဘဲ မေနနိုင္ေတာ့ေခ်။ သူမ၏ မေက်မနပ္ျဖစ္ေနမႈမွာ အနည္းငယ္ ေလ်ာ့နည္းသြား၏။ ထိုအစား သူမသည္ အီစီကလီအမူအယာျဖင့္ ၾကည့္လိုက္ရင္း ညည္းၫူလိုက္သည္။
"နင္ ဂ႐ုစိုက္ဖို႔ မလိုပါဘူးဟာ"
က်န္ရွ၏ ႏွလုံးသားက ဝမ္းနည္းမႈကို ခံစားလိုက္ရ၏။
"ဘယ္ဟုတ္ပါ့မလဲ။ နင္က ငါတို႔အတန္းရဲ႕အျပင္ဘက္မွာ ဒဏ္ရာရတာေလ။ ငါ့ရဲ႕အတန္းေဖာ္ေတြကို ေကာင္းေကာင္း မထိန္းသိမ္းနိုင္တာ အားလုံးက ငါ့အျပစ္ေတြပါ။ ငါ နင့္အတြက္ တာဝန္ယူေပးမယ္။ ေဆး႐ုံကို သြားၾကစို႔။ နင့္ရဲ႕မ်က္ႏွာက ေယာင္ေတာင္ ေယာင္ေနၿပီ။ ငါတို႔ ဒီအတိုင္းထားလိုက္ရင္ ၾကည့္ရဆိုးသြားလိမ့္မယ္"
ကန္ရွသည္ စကားေျပာရင္း သူ၏ လက္မ်ားက မသင့္မေလ်ာ္ျပဳမူလာသည္။ သူသည္ သူ႕ကိုယ္သူ မထိန္းနိုင္ေတာ့ဘဲ ေခ်ာင္ဟုန္ယဲ့၏ မ်က္ႏွာဆီသို႔ လက္လွမ္းလိုက္၏။
သူ၏ ေအးစက္ေသာ လက္ဖ်ားမ်ားက သူမအား ထိလိုက္သည္ႏွင့္ ေခ်ာင္ဟုန္ယဲ့၏ မ်က္လုံးမ်ားက ျပဴးက်ယ္ဝိုင္းစက္သြားၿပီး ေနာက္သို႔ ေျခလွမ္းအနည္းငယ္ ဆုတ္လိုက္သည္။
"ငါ့ကို မထိနဲ႕"
ဒီက်န္ရွက ဒါကို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေနတာ၊ ဟုတ္တယ္မလား။ သူက သူတို႔ႏွစ္ေယာက္ၾကားမွာ ေကာလဟာလအခ်ိဳ႕ စေစခ်င္ေနတာလား။
ေခ်ာင္ဟုန္ယဲ့သည္ လူအမ်ား၏ ေနာက္ကြယ္တြင္ ေကာလဟာလမ်ား ျဖန့္ျခင္းကို လုပ္ေနက် အေတြ႕အႀကဳံရွိေသာေၾကာင့္ သူမကိုယ္တိုင္ကမူ ေကာလဟာလျဖစ္ေစမည့္အရာမ်ားကို ေရွာင္ရွားျခင္းက သဘာဝပင္။ သူမသည္ ေယာက္်ားေလးမ်ားစြာႏွင့္ ခင္မင္ရင္းႏွီး၍ သူမအား လိုက္ႀကိဳက္ေနသည့္ လူမ်ားစြာရွိေသာ္လည္း သူမသည္ လူျမင္ကြင္း၌ရွိေနစဥ္တြင္ အျခားသူမ်ားႏွင့္ မည္သည့္ရင္းႏွီးေသာ အျပန္အလွန္ ဆက္ဆံျခင္းကိုမဆို ဘယ္ေသာအခါမွ လုပ္လိမ့္မည္မဟုတ္ေပ။ က်န္ရွ လုပ္လိုက္သည္က သူမ၏ အေရးအႀကီးဆုံးစည္းကို ထိပါးမိသြားသည္မွာ အသိအသာပင္။
"ငါေျပာခ်င္တာက ငါ့ရဲ႕မ်က္ႏွာက နာေနေသးတယ္၊ ဒါေၾကာင့္ မထိနဲ႕လို႔။ ၿပီးေတာ့ နင္ ငါ့ကို ေဆး႐ုံလိုက္ပို႔ဖို႔လည္း မလိုပါဘူး"
ေခ်ာင္ဟုန္ယဲ့က အသက္ျပင္းျပင္း ရႈသြင္းလိုက္ရင္း စိတ္ထိန္းကာ ေျပာလိုက္သည္။
က်န္ရွသည္ ကိုယ့္ကိုကိုယ္ အထင္ႀကီးလြန္းသူျဖစ္၏။ သူသည္ သူက ေခ်ာင္ဟုန္ယဲ့အတြက္ ဒုကၡျဖစ္ေနသည္ဟု မည္သို႔ ေတြးမိလိမ့္မည္နည္း။ ထိုအစား သူက ေခ်ာင္ဟုန္ယဲ့သည္ ၾကင္နာတတ္လြန္း၊ သိတတ္လြန္းသည္ဟု ေတြးလိုက္သည္။ သူမသည္ သူ႕အား ဒုကၡမျဖစ္ေစလိုသျဖင့္ အလြန္ အေလးေပးေနျခင္းျဖစ္သည္ပင္။
သို႔ရာတြင္ သူသည္ ေခ်ာင္ဟုန္ယဲ့အား ေဆး႐ုံလိုက္ပို႔ေပးမည့္ အေၾကာင္းကို ေတြးလိုက္ေသာအခါ သူသည္ သူ၏ ရည္႐ြယ္သူေလးအား ဂ႐ုစိုက္ေပးနိုင္႐ုံသာမက သူမႏွင့္အတူ ႏွစ္ေယာက္တည္းေနရမည့္အခ်ိန္အခ်ိဳ႕ ရလိမ့္မည္ံျဖစ္ေသာေၾကာင့္ သူ၏မ်က္လုံးမ်ားမွာ ေတာက္ပသြားေလေတာ့သည္။