Chapter 82 : လိမ္မာသောကလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ခြင်း
ချောင်ဟုန်ယဲ့သည် နှိမ့်ချတတ်သော မိသားစုတစ်စု၏ သမီးတစ်ယောက်နှင့် တူသည့် အဆင့်အတန်းရှိသော မျက်နှာမျိုး ရှိသည်။ သူမ၏ မျက်ခုံးတန်းများက သိမ်မွေ့သောဟန်ရှိပြီး ကျင်းယွင်ကျောင်း၏ ပြတ်သားဟန်ရှိ၍ ထူထဲသော မျက်ခုံးတန်းများနှင့် မတူပေ။ သူမသည် ကျင်းယွင်ကျောင်းကဲ့သို့ အရပ်မရှည်ဘဲ ကျင်းယွင်ကျောင်းထက် ပို၍ ပြည့်သော်လည်း ပုံမှန် ခန္ဓာကိုယ်အချိုးအစားပင်။ ရိုးသားစွာ ပြောရလျှင် သူမသည် နူးညံ့သိမ်မွေ့၍ ချစ်စရာကောင်းသည်။ ချောင်ဟုန်ယဲ့ ကျောင်းတွင် အလွန်နာမည်ကြီးရသည့် အကြောင်းအရင်းမှာ သူမ၏ အဆင့်များသည် ကျောင်း၏ နံပါတ်နှစ်ဖြစ်သောကြောင့် မဟုတ်ဘဲ သူမ၏ ထူးချွန်သော သွင်ပြင်ကြောင့်လည်း မဟုတ်ပေ၊ သူမ၏ အရှိန်အဝါကြောင့်သာ ဖြစ်၏။
သူမသည် တည်ငြိမ်နေသောအခါ နူးညံ့၍ ချိုသာသည်။ ပျော်ရွှင်နေသောအခါ ရှက်ကိုးရှက်ကန်းဖြင့် ချစ်စရာကောင်း၏။ အနိုင်ကျင့်ခံရသောအခါ သနားစဖွယ်ကောင်းသည်။ သူမသည် အမြဲတမ်း အကြည့်တစ်ချက်တည်းနှင့်ပင် ပရော်ပရီလုပ်နိုင်၏။ အမှန်ပင်၊ သူမသည် အခြားသူများ၏ ရှေ့တွင် သူမ၏ တည်ငြိမ်မှုကို ဘယ်တော့မှ မဆုံးရှုံးခဲ့ပေ။
ကျင်းယွင်ကျောင်းနှင့် ချောင်ဟုန်ယဲ့ နှစ်ယောက်တည်း ရှိသည့်အခါတိုင်း ချောင်ဟုန်ယဲ့၏ ကျက်သရေရှိသော မျက်နှာထားက ပျက်ယွင်းသွားခဲ့သည်။ ကျင်းယွင်ကျောင်းသည် သူမနှင့်အတူ ကြီးပြင်းခဲ့သော ထိုမိန်းကလေးက သူမအား အဘယ်ကြောင့် ဤမျှ မုန်းတီးနေရသည်ကို တစ်ခါမှ နားမလည်နိုင်ခဲ့ပေ။
သူမသည် ချောင်မိသားစု၏ ပစ္စည်းဥစ္စာများအတွက် ချောင်ဟုန်ယဲ့နှင့် တစ်ခါမှ ရန်မဖြစ်ဖူးပေ။
လက်ရှိအချိန်တွင် ချောင်ဟုန်ယဲ့၏ မျက်ဝန်းများထဲရှိ အလင်းရောင်လေးက နူးညံ့နေ၏။ သူမသည် ကျင်းယွင်ကျောင်းအား ဘေးသို့ ဆွဲလိုက်ပြီးနောက် ကျင််းယွင်ကျောင်းက သူမအား အနိုင်ကျင့်နေသကဲ့သို့ပင် ကြောက်ရွံ့၍ သတိထားနေသော အမူအယာရှိနေသည်။
"နင် တစ်ခုခု လိုအပ်လို့လား"
ကျင်းယွင်ကျောင်း၏ မျက်လုံးများက အေးစက်နေ၏။ ချောင်ဟုန်ယဲ့အပေါ် နွေးထွေးဖို့ဆိုသည်မှာ သူမအတွက် မဖြစ်နိုင်ပေ။
ချောင်ဟုန်ယဲ့က နှုတ်ခမ်းကိုက်လိုက်သည်။
"တကယ် ဘာမှမဟုတ်ပါဘူး။ ငါက မမ, ကန်ကျင်းချန်အတူ ကျောင်းလာတာ ထူးဆန်းနေတယ်လို့ တွေးမိလို့ပါ"
သူမသည် ယခင်က ကျင်းယွင်ကျောင်းသည် စူးချူနှင့် အလွန်ရင်းနှီး၍ အတူတူ လမ်းလျှောက်၍ ကျောင်းလာသည်ကို မြင်ဖူး၏။ သူမသည် ထိုအကြောင်းကို ပြန်၍ နားလည်ရခက်နေသည်။ ကျင်းယွင်ကျောင်းသည် ထိုတုံးတုံးအအ မိန်းကလေး စူးချူမှ တဆင့် ကန်ကျင်းချန်အား ရင်းနှီးရန် ကြိုးစားနေသည်လား၊ ထိုသို့ မဟုတ်ဘူးလားဆိုသည်ကို သူမ မသိပေ။
ကျင်းယွင်ကျောင်းက ၎င်းကို ရယ်စရာဟုသာ မှတ်ယူလိုက်ပြီး သူမ၏ လက်မောင်းကို ပြန်ဆွဲလိုက်သည်။
"ငါ ဘယ်သူနဲ့ ကျောင်းသွားသွား နင့်အလုပ် မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား"
ဤကမ္ဘာပေါ်တွင် ဤကဲ့သို့ ကြောင်တောင်တောင်လူများစွာ ရှိသည်။
ချောင်ဟုန်ယဲ့၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက နှုတ်ခမ်းစူလိုက်၏။
"မမ၊ ငါက နင့်အတွက် စိတ်မပူရတော့ဘူးလား။ နင်တို့ နှစ်ယောက်က ချိန်းတွေ့နေကြတာလား။ ငါကြားတာ ကန်ကျင်းချန်ရဲ့အဖေက ဆရာဝန်တစ်ယောက် ဖြစ်ပြီးတော့ သူ့အမေက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆို။ သူ့ရဲ့မိသားစုက အတော်လေး ချမ်းသာတာလား"
အဓိကအချက်များမှာ ကန်ကျင်းချန်သည် ရုပ်ချော၍ အဆင့်များကလည်း ကောင်းခြင်းဖြစ်၏။
ချောင်ဟုန်ယဲ့နှင့် ကန်ကျင်းချန်တို့သည် တစ်ယောက်နှင့်တစ်ယောက် သိနေကြသည်မှာ သဘာဝပင်။ ပထမနှစ်ကျောင်းသားများထဲမှ ကျောင်းသားသမဂ္ဂ၏ အဖွဲ့ဝင်အဖြစ် နှစ်ဦးတည်းကိုသာ ရွေးခြယ်ခဲ့ရာ ထိုနှစ်ယောက်မှာ ချောင်ဟုန်ယဲ့နှင့် ကန်ကျင်းချန်ပင်။
အချိန်မှာ မနက်အစောပင်ရှိသေးသည်။ စာသင်ခန်းတံခါး၏ အပြင်ဘက်တွင် လူများရှုပ်ယှက်ခတ်နေ၏။ ချောင်ဟုန်ယဲ့၏ အသံမှာ နားဝင်ချိုလှရာ ၎င်းက အလိုအလျောက်ပင် အခြားသူများ၏အာရုံကို ဆွဲဆောင်နိုင်သည်။ သူမ ထိုသို့ပြောသည်အား ကြားပြီးနောက် မိန်းကလေးများစွာသည် ခြေလှမ်းများ ရပ်သွားကြပြီး ရုတ်ရုတ်သဲသဲဖြစ်လာကြ၏။
"ကျင်းယွင်ကျောင်း၊ နင်က ကန်ကျင်းချန်နဲ့ ချိန်းတွေ့နေတယ်၊ တကယ်ကြီးလား"
မိန်းကလေးတစ်ယောက်က မေးလာသည်။
ကျင်းယွင်ကျောင်း၏ မျက်နှာက မည်းမှောင်သွား၏။
"ချောင်ဟုန်ယဲ့၊ နင့်ခေါင်းထဲမှာ ရွှံ့တွေနဲ့ပြည့်နေတာလား။ ငါ ကျောင်းလာတဲ့လမ်းမှာ စူးချူနဲ့ ကန်ကျင်းချန်ကို မတော်တဆ တွေ့လာရုံပါ။ ဒါပေမယ့် နင့်ပါးစပ်ထဲမှာကျ အဲဒါက ချိန်းတွေ့နေတယ်လို့ ဘာကြောင့် ပြောင်းသွားရတာလဲ"
ကျင်းယွင်ကျောင်းက အေးစက်စက် ပြောလိုက်သည်။
သို့သော် ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်း၏ စကားများအား ဟာသတစ်ခုအလား အလေးမထားဟန်ဖြင့် ကြည့်လာ၏။
"အိုင်းယား...မမရယ်၊ ကျွန်မ အာချောင်မိတာ အားလုံးက ကျွန်မ အမှားပါပဲ။ ဆောရီးနော်။ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ကျွန်မ ဘာမှ ထပ်မပြောတော့ဘူး"
ချောင်ဟုန်ယဲ့က ရည်ရွယ်ချက်ရှိရှိ မျက်စိစွေပြလိုက်သည်။
ဤကဲ့သို့သော အခြေအနေမှာ ပထမဦးဆုံး မဟုတ်ပေ။ လိမ္မာသော ကလေးတစ်ယောက်ကဲ့သို့ သရုပ်ဆောင်သည့်နေရာတွင်တော့ ချောင်ဟုန်ယဲ့သည် အလွန်ကျွမ်းကျင်သူတစ်ယောက်ပင်။
ရုတ်တရက် ကျင်းယွင်ကျောင်း၏ စိတ်ထဲတွင် မရေမတွက်နိုင်သော ပုံရိပ်ပေါင်းများစွာ ဖြတ်ပြေးသွား၏။ သူမ၏ ခပ်တင်းတင်း စေ့ထားသော နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ်သို့ ဖြည်းညှင်းစွာ ကွေးညွတ်သွားသည်။ သူမ၏ ရှေ့တွင်ရှိသော မုန်းစရာကောင်းသည့် မိန်းကလေးအား ကြည့်ရင်း ကျင်းယွင်ကျောင်းသည် လက်မြောက်လိုက်၍ သူမအား ပါးရိုက်လိုက်တော့၏။
'ဖြန်း' ခနဲ အသံတစ်သံထွက်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လူများသည် ကြောင်အ,သွားကြသည်။
ချောင်ဟုန်ယဲ့သည်လည်း ကြောင်အ,နေ၏။ ကျင်းယွင်ကျောင်းက တကယ်ကြီး သူမကို ရိုက်ရဲသည်လား။
သင်းမှာ သူမကို ရိုက်ဖို့ ဘာအခွင့်အရေးများ ရှိလို့လဲ။ မရှိပေ။ သင်းက အောက်တန်းစားတစ်ယောက်သာ ဖြစ်သည်။ သူမ၏ ကိုယ်ပိုင်အိမ်တွင် ကျွေးမွေး မြေတောင်မြှောက်ပေးထားသော အောက်တန်းစားမတစ်ယောက်သာ ဖြစ်၏။
Zawgyi
Chapter 82 : လိမၼာေသာကေလးတစ္ေယာက္ကဲ့သို႔ ဟန္ေဆာင္ျခင္း
ေခ်ာင္ဟုန္ယဲ့သည္ ႏွိမ့္ခ်တတ္ေသာ မိသားစုတစ္စု၏ သမီးတစ္ေယာက္ႏွင့္ တူသည့္ အဆင့္အတန္းရွိေသာ မ်က္ႏွာမ်ိဳး ရွိသည္။ သူမ၏ မ်က္ခုံးတန္းမ်ားက သိမ္ေမြ႕ေသာဟန္ရွိၿပီး က်င္းယြင္ေက်ာင္း၏ ျပတ္သားဟန္ရွိ၍ ထူထဲေသာ မ်က္ခုံးတန္းမ်ားႏွင့္ မတူေပ။ သူမသည္ က်င္းယြင္ေက်ာင္းကဲ့သို႔ အရပ္မရွည္ဘဲ က်င္းယြင္ေက်ာင္းထက္ ပို၍ ျပည့္ေသာ္လည္း ပုံမွန္ ခႏၶာကိုယ္အခ်ိဳးအစားပင္။ ရိုးသားစြာ ေျပာရလွ်င္ သူမသည္ ႏူးညံ့သိမ္ေမြ႕၍ ခ်စ္စရာေကာင္းသည္။ ေခ်ာင္ဟုန္ယဲ့ ေက်ာင္းတြင္ အလြန္နာမည္ႀကီးရသည့္ အေၾကာင္းအရင္းမွာ သူမ၏ အဆင့္မ်ားသည္ ေက်ာင္း၏ နံပါတ္ႏွစ္ျဖစ္ေသာေၾကာင့္ မဟုတ္ဘဲ သူမ၏ ထူးခြၽန္ေသာ သြင္ျပင္ေၾကာင့္လည္း မဟုတ္ေပ၊ သူမ၏ အရွိန္အဝါေၾကာင့္သာ ျဖစ္၏။
သူမသည္ တည္ၿငိမ္ေနေသာအခါ ႏူးညံ့၍ ခ်ိဳသာသည္။ ေပ်ာ္႐ႊင္ေနေသာအခါ ရွက္ကိုးရွက္ကန္းျဖင့္ ခ်စ္စရာေကာင္း၏။ အနိုင္က်င့္ခံရေသာအခါ သနားစဖြယ္ေကာင္းသည္။ သူမသည္ အၿမဲတမ္း အၾကည့္တစ္ခ်က္တည္းႏွင့္ပင္ ပေရာ္ပရီလုပ္နိုင္၏။ အမွန္ပင္၊ သူမသည္ အျခားသူမ်ား၏ ေရွ႕တြင္ သူမ၏ တည္ၿငိမ္မႈကို ဘယ္ေတာ့မွ မဆုံးရႈံးခဲ့ေပ။
က်င္းယြင္ေက်ာင္းႏွင့္ ေခ်ာင္ဟုန္ယဲ့ ႏွစ္ေယာက္တည္း ရွိသည့္အခါတိုင္း ေခ်ာင္ဟုန္ယဲ့၏ က်က္သေရရွိေသာ မ်က္ႏွာထားက ပ်က္ယြင္းသြားခဲ့သည္။ က်င္းယြင္ေက်ာင္းသည္ သူမႏွင့္အတူ ႀကီးျပင္းခဲ့ေသာ ထိုမိန္းကေလးက သူမအား အဘယ္ေၾကာင့္ ဤမွ် မုန္းတီးေနရသည္ကို တစ္ခါမွ နားမလည္နိုင္ခဲ့ေပ။
သူမသည္ ေခ်ာင္မိသားစု၏ ပစၥည္းဥစၥာမ်ားအတြက္ ေခ်ာင္ဟုန္ယဲ့ႏွင့္ တစ္ခါမွ ရန္မျဖစ္ဖူးေပ။
လက္ရွိအခ်ိန္တြင္ ေခ်ာင္ဟုန္ယဲ့၏ မ်က္ဝန္းမ်ားထဲရွိ အလင္းေရာင္ေလးက ႏူးညံ့ေန၏။ သူမသည္ က်င္းယြင္ေက်ာင္းအား ေဘးသို႔ ဆြဲလိုက္ၿပီးေနာက္ က်င္္းယြင္ေက်ာင္းက သူမအား အနိုင္က်င့္ေနသကဲ့သို႔ပင္ ေၾကာက္႐ြံ႕၍ သတိထားေနေသာ အမူအယာရွိေနသည္။
"နင္ တစ္ခုခု လိုအပ္လို႔လား"
က်င္းယြင္ေက်ာင္း၏ မ်က္လုံးမ်ားက ေအးစက္ေန၏။ ေခ်ာင္ဟုန္ယဲ့အေပၚ ေႏြးေထြးဖို႔ဆိုသည္မွာ သူမအတြက္ မျဖစ္နိုင္ေပ။
ေခ်ာင္ဟုန္ယဲ့က ႏႈတ္ခမ္းကိုက္လိုက္သည္။
"တကယ္ ဘာမွမဟုတ္ပါဘူး။ ငါက မမ, ကန္က်င္းခ်န္အတူ ေက်ာင္းလာတာ ထူးဆန္းေနတယ္လို႔ ေတြးမိလို႔ပါ"
သူမသည္ ယခင္က က်င္းယြင္ေက်ာင္းသည္ စူးခ်ဴႏွင့္ အလြန္ရင္းႏွီး၍ အတူတူ လမ္းေလွ်ာက္၍ ေက်ာင္းလာသည္ကို ျမင္ဖူး၏။ သူမသည္ ထိုအေၾကာင္းကို ျပန္၍ နားလည္ရခက္ေနသည္။ က်င္းယြင္ေက်ာင္းသည္ ထိုတုံးတုံးအအ မိန္းကေလး စူးခ်ဴမွ တဆင့္ ကန္က်င္းခ်န္အား ရင္းႏွီးရန္ ႀကိဳးစားေနသည္လား၊ ထိုသို႔ မဟုတ္ဘူးလားဆိုသည္ကို သူမ မသိေပ။
က်င္းယြင္ေက်ာင္းက ၎ကို ရယ္စရာဟုသာ မွတ္ယူလိုက္ၿပီး သူမ၏ လက္ေမာင္းကို ျပန္ဆြဲလိုက္သည္။
"ငါ ဘယ္သူနဲ႕ ေက်ာင္းသြားသြား နင့္အလုပ္ မဟုတ္ဘူးေလ၊ ဟုတ္တယ္မလား"
ဤကမာၻေပၚတြင္ ဤကဲ့သို႔ ေၾကာင္ေတာင္ေတာင္လူမ်ားစြာ ရွိသည္။
ေခ်ာင္ဟုန္ယဲ့၏ မ်က္ႏွာေပၚတြင္ ရွက္႐ြံ႕ေသာ အရိပ္အေယာင္တစ္ခု ျဖတ္ေျပးသြားေသာ္လည္း သူမက ႏႈတ္ခမ္းစူလိုက္၏။
"မမ၊ ငါက နင့္အတြက္ စိတ္မပူရေတာ့ဘူးလား။ နင္တို႔ ႏွစ္ေယာက္က ခ်ိန္းေတြ႕ေနၾကတာလား။ ငါၾကားတာ ကန္က်င္းခ်န္ရဲ႕အေဖက ဆရာဝန္တစ္ေယာက္ ျဖစ္ၿပီးေတာ့ သူ႕အေမက စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ဆို။ သူ႕ရဲ႕မိသားစုက အေတာ္ေလး ခ်မ္းသာတာလား"
အဓိကအခ်က္မ်ားမွာ ကန္က်င္းခ်န္သည္ ႐ုပ္ေခ်ာ၍ အဆင့္မ်ားကလည္း ေကာင္းျခင္းျဖစ္၏။
ေခ်ာင္ဟုန္ယဲ့ႏွင့္ ကန္က်င္းခ်န္တို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ သိေနၾကသည္မွာ သဘာဝပင္။ ပထမႏွစ္ေက်ာင္းသားမ်ားထဲမွ ေက်ာင္းသားသမဂၢ၏ အဖြဲ႕ဝင္အျဖစ္ ႏွစ္ဦးတည္းကိုသာ ေ႐ြးျခယ္ခဲ့ရာ ထိုႏွစ္ေယာက္မွာ ေခ်ာင္ဟုန္ယဲ့ႏွင့္ ကန္က်င္းခ်န္ပင္။
အခ်ိန္မွာ မနက္အေစာပင္ရွိေသးသည္။ စာသင္ခန္းတံခါး၏ အျပင္ဘက္တြင္ လူမ်ားရႈပ္ယွက္ခတ္ေန၏။ ေခ်ာင္ဟုန္ယဲ့၏ အသံမွာ နားဝင္ခ်ိဳလွရာ ၎က အလိုအေလ်ာက္ပင္ အျခားသူမ်ား၏အာ႐ုံကို ဆြဲေဆာင္နိုင္သည္။ သူမ ထိုသို႔ေျပာသည္အား ၾကားၿပီးေနာက္ မိန္းကေလးမ်ားစြာသည္ ေျခလွမ္းမ်ား ရပ္သြားၾကၿပီး ႐ုတ္႐ုတ္သဲသဲျဖစ္လာၾက၏။
"က်င္းယြင္ေက်ာင္း၊ နင္က ကန္က်င္းခ်န္နဲ႕ ခ်ိန္းေတြ႕ေနတယ္၊ တကယ္ႀကီးလား"
မိန္းကေလးတစ္ေယာက္က ေမးလာသည္။
က်င္းယြင္ေက်ာင္း၏ မ်က္ႏွာက မည္းေမွာင္သြား၏။
"ေခ်ာင္ဟုန္ယဲ့၊ နင့္ေခါင္းထဲမွာ ႐ႊံ႕ေတြနဲ႕ျပည့္ေနတာလား။ ငါ ေက်ာင္းလာတဲ့လမ္းမွာ စူးခ်ဴနဲ႕ ကန္က်င္းခ်န္ကို မေတာ္တဆ ေတြ႕လာ႐ုံပါ။ ဒါေပမယ့္ နင့္ပါးစပ္ထဲမွာက် အဲဒါက ခ်ိန္းေတြ႕ေနတယ္လို႔ ဘာေၾကာင့္ ေျပာင္းသြားရတာလဲ"
က်င္းယြင္ေက်ာင္းက ေအးစက္စက္ ေျပာလိုက္သည္။
သို႔ေသာ္ ေခ်ာင္ဟုန္ယဲ့က က်င္းယြင္ေက်ာင္း၏ စကားမ်ားအား ဟာသတစ္ခုအလား အေလးမထားဟန္ျဖင့္ ၾကည့္လာ၏။
"အိုင္းယား...မမရယ္၊ ကြၽန္မ အာေခ်ာင္မိတာ အားလုံးက ကြၽန္မ အမွားပါပဲ။ ေဆာရီးေနာ္။ ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ။ ကြၽန္မ ဘာမွ ထပ္မေျပာေတာ့ဘူး"
ေခ်ာင္ဟုန္ယဲ့က ရည္႐ြယ္ခ်က္ရွိရွိ မ်က္စိေစြျပလိုက္သည္။
ဤကဲ့သို႔ေသာ အေျခအေနမွာ ပထမဦးဆုံး မဟုတ္ေပ။ လိမၼာေသာ ကေလးတစ္ေယာက္ကဲ့သို႔ သ႐ုပ္ေဆာင္သည့္ေနရာတြင္ေတာ့ ေခ်ာင္ဟုန္ယဲ့သည္ အလြန္ကြၽမ္းက်င္သူတစ္ေယာက္ပင္။
႐ုတ္တရက္ က်င္းယြင္ေက်ာင္း၏ စိတ္ထဲတြင္ မေရမတြက္နိုင္ေသာ ပုံရိပ္ေပါင္းမ်ားစြာ ျဖတ္ေျပးသြား၏။ သူမ၏ ခပ္တင္းတင္း ေစ့ထားေသာ ႏႈတ္ခမ္းမ်ားက ေလွာင္ၿပဳံးတစ္ခုအျဖစ္သို႔ ျဖည္းညွင္းစြာ ေကြးၫြတ္သြားသည္။ သူမ၏ ေရွ႕တြင္ရွိေသာ မုန္းစရာေကာင္းသည့္ မိန္းကေလးအား ၾကည့္ရင္း က်င္းယြင္ေက်ာင္းသည္ လက္ေျမာက္လိုက္၍ သူမအား ပါးရိုက္လိုက္ေတာ့၏။
'ျဖန္း' ခနဲ အသံတစ္သံထြက္လာၿပီးေနာက္ ပတ္ဝန္းက်င္ရွိ လူမ်ားသည္ ေၾကာင္အ,သြားၾကသည္။
ေခ်ာင္ဟုန္ယဲ့သည္လည္း ေၾကာင္အ,ေန၏။ က်င္းယြင္ေက်ာင္းက တကယ္ႀကီး သူမကို ရိုက္ရဲသည္လား။
သင္းမွာ သူမကို ရိုက္ဖို႔ ဘာအခြင့္အေရးမ်ား ရွိလို႔လဲ။ မရွိေပ။ သင္းက ေအာက္တန္းစားတစ္ေယာက္သာ ျဖစ္သည္။ သူမ၏ ကိုယ္ပိုင္အိမ္တြင္ ေကြၽးေမြး ေျမေတာင္ျမႇောက္ေပးထားေသာ ေအာက္တန္းစားမတစ္ေယာက္သာ ျဖစ္၏။