Chapter 79 : ညီမကိုပင် အနိုင်မယူနိုင်ခြင်း
ကျင်းယွင်ကျောင်းသည် သူမ၏ အတိတ်ဘဝက အနှစ်နှစ်ဆယ်ကျော် ရှင်သန်နေထိုင်ခဲ့သူဖြစ်သည်။ ဆယ့်ခြောက်နှစ်အရွယ် ကလေးငယ်သာ ဖြစ်သည့် ကန်ကျင်းချန်၏ အတွေးများကို ခန့်မှန်းရန် မခက်ခဲပေ။
သူမ၏ လက်ထဲရှိ ရုပ်ပုံထဲမှ အမျိုးသမီးတွင် အတော်လေး ဆိုးရွာသော အခြေအနေရှိသည်ဟု ထင်ရသောကြောင့် ဖြစ်ရမည်။ ထို့နောက် အဖိုး၏ မေးခွန်းများ အားလုံးက မရိုးရှင်းသည်ကို ထည့်ပေါင်းလိုက်သောအခါ သူ့ဆီမှ "တီဘီရောဂါ" ဟုသော အဖြေထွက်ပေါ်လာခြင်း ဖြစ်နိုင်၏။
"မင်း ဘယ်လိုကြောင့် သေချာနေတာလဲ။ ဒါဆိုရင် ဘာလဲ"
"သာမန်လူတစ်ယောက်ရဲ့ မျက်နှာက အနည်းငယ် အဝါရောင်သမ်းပြီးတော့ နီမြန်းပြီး တောက်ပနေတာပဲ ဖြစ်သင့်ပါတယ်။ ဒီအမျိုးသမီးရဲ့ မျက်နှာက အနည်းငယ် နီရဲနေတာ၊ ဒါက တစ်ခုခုမှားနေတယ်ဆိုတာ သိသာပါတယ်။ သူ့ရဲ့ဆံပင်ကို ကြည့်ပါ၊ သပ်သပ်ရပ်ရပ် စည်းနှောင်ထားတယ်။ သူ့ရဲ့ အဝတ်အစားတွေက ထူပြီးတော့ လေးလွန်းနေပေမယ့် သူတို့က အရမ်း လိုက်ဖက်နေတယ်။ ဒီအမျိုးသမီးက သူ့ရဲ့ ပုံပန်းသွင်ပြင်ကို အရမ်းဂရုစိုက်တာလည်း သိသာတယ်၊ ဒါကြောင့် သူ့ရဲ့ နှုတ်ခမ်းနားမှာ ရှိတဲ့ အနာတွေကို အမှန်တကယ်ပဲ မိတ်ကပ်နဲ့ ဖုံးထားတယ်၊ ဒါပေမယ့် ဒါတွေက အဲဒီမှာ မရှိဘူးလို့ မဆိုလိုဘူး။ တကယ်လို့ သူ့ရဲ့ နှုတ်ခမ်းနားက အသားရောင်ကို အနီးကပ်ကြည့်ရင် နည်းနည်းလေး ကွဲပြားနေတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ဒီလိုအဝတ်အစားတွေ ဝတ်ထားတာကလည်း သူက သူ့ရဲ့ကိုယ်ပေါ်မှာရှိတဲ့ အဖုအပိန့်တွေကို ဖုံးထားချင်လို့ပါ။ သူရဲ့ကုပ်ပိုးအောက်ကို ကြည့်ရင်လည်း အဖုအပိန့်နည်းနည်းကို မြင်နိုင်ပါသေးတယ်"
ကန်ကျင်းချန်၏ မျက်နှာက နီရဲသွားသည်။ သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်၏။ အဘယ်ကြောင့် ထိုအစိတ်အပိုင်းကို ကြည့်မိလိမ့်မည်နည်း။ ထိုဆွေးနွေးခံရသောသူသည် ရှေးရိုးဆန်ဆန်ဟန်ပန်ကိုသာ ဝတ်စားဆင်ယင်ထားလျှင်တောင်မှ သူသည် ထိုပေါ်နေသော အသားအရေကို သိသိသာသာ ကြည့်ရန်မှာ မဖြစ်နိုင်ပေ။
"ထပ်ပြီးပြောရရင် ပါးနှစ်ဖက်လုံး နီရဲနေတာက တီဘီရောဂါသယ်တွေမှာ တွေ့ရများပါတယ်။ အထူးသဖြင့် နေ့လယ်ဘက် ပိုပြီး ပူတဲ့အချိန်တွေမှာပါ။ တကယ်လို့ တစ်စုံတစ်ယောက်ကို အတိအကျ ရောဂါရှာဖွေဖော်ထုတ်ချင်တယ်ဆိုရင် တစ်ဖက်လူကို သူတို့ရဲ့ခန္ဓာကိုယ်မှာ အခြား နေရတာ မသက်သာတဲ့ နေရာတွေ ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာကို မေးဖို့ လိုပါသေးတယ်"
ကျင်းယွင်ကျောင်းက ဆက်ပြောလိုက်သည်။
ကျင်ယွင်ကျောင်း ဖြေပြီးသွားသောအခါ ကန်ကျင်းချန်သည် တွင်းတစ်တွင်းရှာ၍ သူ့ကိုယ်သူ ဝင်ပုန်းချင်နေစိတ် ဖြစ်သွားမိ၏။
သို့ရာတွင် သူသည် သူ့ကိုယ်သူ အရှက်မခွဲချင်ပေ။ ထို့ကြောင့် သူသည် စိတ်ထဲတွင် လုံးဝမထားသယောင် ပြုမူနေပြီး ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။
"ကျွန်တော် ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး အတွေး အရမ်းလွန်သွားတယ်။ ချူချူ၊ နင့်အလှည့်"
စူးချူက သူမ၏ ပြောင်ကောအား စိုက်ကြည့်လိုက်၏။ ထို့နောက် အဖိုးအိုအား ကြည့်၍ သူမ၏ လက်ထဲက ရုပ်ပုံအား ညွှန်ပြ၍ ဖြေလိုက်သည်။
"ဒီလူမှာ ထုလုံးရှည်ပုံသဏ္ဍာန် ရင်အုပ်ရှိတယ်။ သူ့ရဲ့နံရိုးတွေရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်မှာရှိတဲ့ လျှောဇောက်တွေက နံရိုးတွေကြားက ကျယ်ပြန့်နေတဲ့နေရာလွတ်နဲ့ အတူတူ မြင့်တက်နေတယ်။ ဒါကို ပန်းနာရင်ကြပ်၊ နာတာရှည် လေပြွန်ရောင်ရမ်းပြီးတော့ လေအိတ်ရောင်ရောဂါကို ဦးတည်နေတဲ့ လူနာတွေမှာ အများဆုံးတွေ့ရပါတယ်"
သူမ ပြောပြီးသည်နှင့် စူးချူသည် သူမအဖိုးဖြစ်သူ၏ အမူအယာအား ငိုချတော့မည့် ဟန်ပန်ဖြင့် ချောင်းကြည့်လိုက်သည်။
သူမ မှားသွားတာများ ဖြစ်နိုင်မလား။ သူမ၏အဖိုးသည် ဤကဲ့သို့ အလွန်ကြောက်စရာကောင်း၏။
အဖိုးအို၏ မျက်ဝန်းထဲမှ ခံစားမှုများ မှေးမှိန်သွားသည်က စူးချူအား နေမထိထိုင်မသာ ဖြစ်လာစေသည်။ သူမသည် စာရွက်ပေါ်မှ ဖောင်တိန်ကို ကြည့်နေ၍ သတိအနေအထားဖြင့် နေနေ၏။ ဖောင်တိန်၏ အမှတ်ပေးမှုပြီးဆုံးသွားသော အခိုက်တွင် စူးချူသည် ချက်ချင်း ထခုန်လိုက်တော့သည်။
"အရမ်းကောင်းတယ်။ ငါဖြေတာ မှန်တယ်။ ဝူး..ဝူး..ဒါ တအားခက်လွန်းတယ်၊ ကံကောင်းလို့ ငါ...."
ပြောရင်းတန်းလန်းဖြင့် သူမသည် တစ်ခုခုမှားနေသည် ရုတ်တရက် သတိထားမိသွားပြီး စာကြောင်းကို ချက်ချင်း ပြောင်းလိုက်၏။
"ကံကောင်းလို့ ကျွန်မ အလုပ်ကို ပုံမှန်ကြိုးစားပြီး စာကို ပြင်းပြင်းထန်ထန် လေ့လာလို့သာပေါ့"
သူမသည် မနေ့က ဤမေးခွန်းအား သူမ၏ စာအုပ်ထဲတွင် အပေါ်ယံ ဖတ်ကြည့်ခဲ့သည်။ ထိုအချိန်က သူမသည် အလွန်ပျင်းရိနေ၍ ထုလုံးရှည်ပုံ ရင်အုပ်ကို ကြည့်နေခဲ့၏။
ထို့နောက် သူမသည် ခဏမျှ စိတ်ကူးယဥ်မိသွားခဲ့သည်။ သို့မဟုတ်ပါက မည်သူက ဤသည်ကို ရည်ရွယ်ချက်ရှိရှိ ကျက်ထားလိမ့်မည်နည်း။
ဘာပဲဖြစ်ဖြစ် သူမသည် ဤမေးခွန်းကို မှန်မှန်ကန်ကန် ဖြေနိုင်ခဲ့သည်။ အဖိုးလည်း ကျေနပ်ပျော်ရွှင်သွား၏။
သို့ရာတွင် သူ၏ မြေးဖြစ်သူနှင့် မျက်နှာချင်းဆိုင်လိုက်သောအခါ သူသည် စိတ်ရှည်မှုမရှိတော့ပေ။ ကန်ကျင်းချန် ကိုယ်တိုင်သည်ပင် ဆက်၍ ထိုင်မနေနိုင်တော့ပေ။ စင်စစ် သူ့ထက် ပိုငယ်သော မိန်းကလေးနှစ်ယောက်လုံးသည် သူ့ထက် ပို၍ ကောင်းအောင် လုပ်နိုင်သည်။ သူသည် ဤအရှက်ကွဲမှုကို ဘယ်တော့မှ ဖြတ်ကျော်ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
"ဒုတိယမေးခွန်း။ ဒီဆေးအမျိုးအစားပေါင်း တစ်ရာရဲ့ ဆေးစွမ်းတွေကို ချရေးရမယ်"
အဖိုးအိုက စာမေးပွဲစာရွက်အထပ်လိုက် သုံးထပ်ကို ထုတ်ယူရင်း ပြောလိုက်သည်။
ဆေးပင်တွေကို နှိုင်ယှဥ်ရမည်လား။ ကန်ကျင်းချန်၏ မျက်လုံးများက တောက်ပသွားသည်။ ဤအပိုင်းသည် သူ အကျွမ်းကျင်ဆုံးဖြစ်၏။
စာမေးပွဲစာရွက်များကို အူယားဖားယား လက်ခံလိုက်ရင်း သူသည် ပို၍ စိတ်အားတက်ကြွလာခဲ့သည်။ ကျင်းယွင်ကျောင်းသည်လည်း စာရွက်များကို ယူရန် အချိန်ဖြုန်းမနေတော့ပဲ လှမ်းယူလိုက်၏။ သူမသည် စာရွက်ကို တစ်ချက်ကြည့်လိုက်ရင်း သူမ၏ နှလုံးသားထဲတွင် သေချာမှုအချို့ ရရှိလာ၏။
ကျောက်စိမ်းစာလိပ်ကို မဆိုထားနှင့်၊ မကောင်းဆိုးဝါးအိုကြီးဖြစ်သည့် အဖိုးရှု သူမကို ပေးသည့် အပတ်စဥ်အိမ်စာများသည်ပင် ဤသည်ထက် ပို၍ ရှုပ်ထွေးသည်။ အဖိုးရှု၏ စကားအရ ဆိုရပါလျှင် ဆေးပင်များ၏ ပုံပန်းသဏ္ဍာန်၊ အသက်အရွယ်နှင့်၊ အစွမ်းသတ္တိများကို မသိလျှင် ကိစ္စများကိုဆောင်ရွက်ရန် အဘယ်ကဲ့သို့ ယုံကြည်စိတ်ချရပါမည်နည်း။
Zawgyi
Chapter 79 : ညီမကိုပင္ အနိုင္မယူနိုင္ျခင္း
က်င္းယြင္ေက်ာင္းသည္ သူမ၏ အတိတ္ဘဝက အႏွစ္ႏွစ္ဆယ္ေက်ာ္ ရွင္သန္ေနထိုင္ခဲ့သူျဖစ္သည္။ ဆယ့္ေျခာက္ႏွစ္အ႐ြယ္ ကေလးငယ္သာ ျဖစ္သည့္ ကန္က်င္းခ်န္၏ အေတြးမ်ားကို ခန့္မွန္းရန္ မခက္ခဲေပ။
သူမ၏ လက္ထဲရွိ ႐ုပ္ပုံထဲမွ အမ်ိဳးသမီးတြင္ အေတာ္ေလး ဆိုး႐ြာေသာ အေျခအေနရွိသည္ဟု ထင္ရေသာေၾကာင့္ ျဖစ္ရမည္။ ထို႔ေနာက္ အဖိုး၏ ေမးခြန္းမ်ား အားလုံးက မရိုးရွင္းသည္ကို ထည့္ေပါင္းလိုက္ေသာအခါ သူ႕ဆီမွ "တီဘီေရာဂါ" ဟုေသာ အေျဖထြက္ေပၚလာျခင္း ျဖစ္နိုင္၏။
"မင္း ဘယ္လိုေၾကာင့္ ေသခ်ာေနတာလဲ။ ဒါဆိုရင္ ဘာလဲ"
"သာမန္လူတစ္ေယာက္ရဲ႕ မ်က္ႏွာက အနည္းငယ္ အဝါေရာင္သမ္းၿပီးေတာ့ နီျမန္းၿပီး ေတာက္ပေနတာပဲ ျဖစ္သင့္ပါတယ္။ ဒီအမ်ိဳးသမီးရဲ႕ မ်က္ႏွာက အနည္းငယ္ နီရဲေနတာ၊ ဒါက တစ္ခုခုမွားေနတယ္ဆိုတာ သိသာပါတယ္။ သူ႕ရဲ႕ဆံပင္ကို ၾကည့္ပါ၊ သပ္သပ္ရပ္ရပ္ စည္းေႏွာင္ထားတယ္။ သူ႕ရဲ႕ အဝတ္အစားေတြက ထူၿပီးေတာ့ ေလးလြန္းေနေပမယ့္ သူတို႔က အရမ္း လိုက္ဖက္ေနတယ္။ ဒီအမ်ိဳးသမီးက သူ႕ရဲ႕ ပုံပန္းသြင္ျပင္ကို အရမ္းဂ႐ုစိုက္တာလည္း သိသာတယ္၊ ဒါေၾကာင့္ သူ႕ရဲ႕ ႏႈတ္ခမ္းနားမွာ ရွိတဲ့ အနာေတြကို အမွန္တကယ္ပဲ မိတ္ကပ္နဲ႕ ဖုံးထားတယ္၊ ဒါေပမယ့္ ဒါေတြက အဲဒီမွာ မရွိဘူးလို႔ မဆိုလိုဘူး။ တကယ္လို႔ သူ႕ရဲ႕ ႏႈတ္ခမ္းနားက အသားေရာင္ကို အနီးကပ္ၾကည့္ရင္ နည္းနည္းေလး ကြဲျပားေနတာကို ေတြ႕ရပါလိမ့္မယ္။ ၿပီးေတာ့ ဒီလိုအဝတ္အစားေတြ ဝတ္ထားတာကလည္း သူက သူ႕ရဲ႕ကိုယ္ေပၚမွာရွိတဲ့ အဖုအပိန့္ေတြကို ဖုံးထားခ်င္လို႔ပါ။ သူရဲ႕ကုပ္ပိုးေအာက္ကို ၾကည့္ရင္လည္း အဖုအပိန့္နည္းနည္းကို ျမင္နိုင္ပါေသးတယ္"
ကန္က်င္းခ်န္၏ မ်က္ႏွာက နီရဲသြားသည္။ သူသည္ ေယာက္်ားေလးတစ္ေယာက္ျဖစ္၏။ အဘယ္ေၾကာင့္ ထိုအစိတ္အပိုင္းကို ၾကည့္မိလိမ့္မည္နည္း။ ထိုေဆြးေႏြးခံရေသာသူသည္ ေရွးရိုးဆန္ဆန္ဟန္ပန္ကိုသာ ဝတ္စားဆင္ယင္ထားလွ်င္ေတာင္မွ သူသည္ ထိုေပၚေနေသာ အသားအေရကို သိသိသာသာ ၾကည့္ရန္မွာ မျဖစ္နိုင္ေပ။
"ထပ္ၿပီးေျပာရရင္ ပါးႏွစ္ဖက္လုံး နီရဲေနတာက တီဘီေရာဂါသယ္ေတြမွာ ေတြ႕ရမ်ားပါတယ္။ အထူးသျဖင့္ ေန႕လယ္ဘက္ ပိုၿပီး ပူတဲ့အခ်ိန္ေတြမွာပါ။ တကယ္လို႔ တစ္စုံတစ္ေယာက္ကို အတိအက် ေရာဂါရွာေဖြေဖာ္ထုတ္ခ်င္တယ္ဆိုရင္ တစ္ဖက္လူကို သူတို႔ရဲ႕ခႏၶာကိုယ္မွာ အျခား ေနရတာ မသက္သာတဲ့ ေနရာေတြ ရွိေသးလား၊ မရွိေတာ့ဘူးလားဆိုတာကို ေမးဖို႔ လိုပါေသးတယ္"
က်င္းယြင္ေက်ာင္းက ဆက္ေျပာလိုက္သည္။
က်င္ယြင္ေက်ာင္း ေျဖၿပီးသြားေသာအခါ ကန္က်င္းခ်န္သည္ တြင္းတစ္တြင္းရွာ၍ သူ႕ကိုယ္သူ ဝင္ပုန္းခ်င္ေနစိတ္ ျဖစ္သြားမိ၏။
သို႔ရာတြင္ သူသည္ သူ႕ကိုယ္သူ အရွက္မခြဲခ်င္ေပ။ ထို႔ေၾကာင့္ သူသည္ စိတ္ထဲတြင္ လုံးဝမထားသေယာင္ ျပဳမူေနၿပီး ေခါင္းကို တစ္ဖက္သို႔ လွည့္လိုက္သည္။
"ကြၽန္ေတာ္ ဒီေမးခြန္းနဲ႕ ပတ္သတ္ၿပီး အေတြး အရမ္းလြန္သြားတယ္။ ခ်ဴခ်ဴ၊ နင့္အလွည့္"
စူးခ်ဴက သူမ၏ ေျပာင္ေကာအား စိုက္ၾကည့္လိုက္၏။ ထို႔ေနာက္ အဖိုးအိုအား ၾကည့္၍ သူမ၏ လက္ထဲက ႐ုပ္ပုံအား ၫႊန္ျပ၍ ေျဖလိုက္သည္။
"ဒီလူမွာ ထုလုံးရွည္ပုံသ႑ာန္ ရင္အုပ္ရွိတယ္။ သူ႕ရဲ႕နံရိုးေတြရဲ႕ အေနာက္ဘက္နဲ႕ အေရွ႕ဘက္မွာရွိတဲ့ ေလွ်ာေဇာက္ေတြက နံရိုးေတြၾကားက က်ယ္ျပန့္ေနတဲ့ေနရာလြတ္နဲ႕ အတူတူ ျမင့္တက္ေနတယ္။ ဒါကို ပန္းနာရင္ၾကပ္၊ နာတာရွည္ ေလႁပြန္ေရာင္ရမ္းၿပီးေတာ့ ေလအိတ္ေရာင္ေရာဂါကို ဦးတည္ေနတဲ့ လူနာေတြမွာ အမ်ားဆုံးေတြ႕ရပါတယ္"
သူမ ေျပာၿပီးသည္ႏွင့္ စူးခ်ဴသည္ သူမအဖိုးျဖစ္သူ၏ အမူအယာအား ငိုခ်ေတာ့မည့္ ဟန္ပန္ျဖင့္ ေခ်ာင္းၾကည့္လိုက္သည္။
သူမ မွားသြားတာမ်ား ျဖစ္နိုင္မလား။ သူမ၏အဖိုးသည္ ဤကဲ့သို႔ အလြန္ေၾကာက္စရာေကာင္း၏။
အဖိုးအို၏ မ်က္ဝန္းထဲမွ ခံစားမႈမ်ား ေမွးမွိန္သြားသည္က စူးခ်ဴအား ေနမထိထိုင္မသာ ျဖစ္လာေစသည္။ သူမသည္ စာ႐ြက္ေပၚမွ ေဖာင္တိန္ကို ၾကည့္ေန၍ သတိအေနအထားျဖင့္ ေနေန၏။ ေဖာင္တိန္၏ အမွတ္ေပးမႈၿပီးဆုံးသြားေသာ အခိုက္တြင္ စူးခ်ဴသည္ ခ်က္ခ်င္း ထခုန္လိုက္ေတာ့သည္။
"အရမ္းေကာင္းတယ္။ ငါေျဖတာ မွန္တယ္။ ဝူး..ဝူး..ဒါ တအားခက္လြန္းတယ္၊ ကံေကာင္းလို႔ ငါ...."
ေျပာရင္းတန္းလန္းျဖင့္ သူမသည္ တစ္ခုခုမွားေနသည္ ႐ုတ္တရက္ သတိထားမိသြားၿပီး စာေၾကာင္းကို ခ်က္ခ်င္း ေျပာင္းလိုက္၏။
"ကံေကာင္းလို႔ ကြၽန္မ အလုပ္ကို ပုံမွန္ႀကိဳးစားၿပီး စာကို ျပင္းျပင္းထန္ထန္ ေလ့လာလို႔သာေပါ့"
သူမသည္ မေန႕က ဤေမးခြန္းအား သူမ၏ စာအုပ္ထဲတြင္ အေပၚယံ ဖတ္ၾကည့္ခဲ့သည္။ ထိုအခ်ိန္က သူမသည္ အလြန္ပ်င္းရိေန၍ ထုလုံးရွည္ပုံ ရင္အုပ္ကို ၾကည့္ေနခဲ့၏။
ထို႔ေနာက္ သူမသည္ ခဏမွ် စိတ္ကူးယဥ္မိသြားခဲ့သည္။ သို႔မဟုတ္ပါက မည္သူက ဤသည္ကို ရည္႐ြယ္ခ်က္ရွိရွိ က်က္ထားလိမ့္မည္နည္း။
ဘာပဲျဖစ္ျဖစ္ သူမသည္ ဤေမးခြန္းကို မွန္မွန္ကန္ကန္ ေျဖနိုင္ခဲ့သည္။ အဖိုးလည္း ေက်နပ္ေပ်ာ္႐ႊင္သြား၏။
သို႔ရာတြင္ သူ၏ ေျမးျဖစ္သူႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္ေသာအခါ သူသည္ စိတ္ရွည္မႈမရွိေတာ့ေပ။ ကန္က်င္းခ်န္ ကိုယ္တိုင္သည္ပင္ ဆက္၍ ထိုင္မေနနိုင္ေတာ့ေပ။ စင္စစ္ သူ႕ထက္ ပိုငယ္ေသာ မိန္းကေလးႏွစ္ေယာက္လုံးသည္ သူ႕ထက္ ပို၍ ေကာင္းေအာင္ လုပ္နိုင္သည္။ သူသည္ ဤအရွက္ကြဲမႈကို ဘယ္ေတာ့မွ ျဖတ္ေက်ာ္ရွင္သန္နိုင္လိမ့္မည္ မဟုတ္ေပ။
"ဒုတိယေမးခြန္း။ ဒီေဆးအမ်ိဳးအစားေပါင္း တစ္ရာရဲ႕ ေဆးစြမ္းေတြကို ခ်ေရးရမယ္"
အဖိုးအိုက စာေမးပြဲစာ႐ြက္အထပ္လိုက္ သုံးထပ္ကို ထုတ္ယူရင္း ေျပာလိုက္သည္။
ေဆးပင္ေတြကို ႏွိုင္ယွဥ္ရမည္လား။ ကန္က်င္းခ်န္၏ မ်က္လုံးမ်ားက ေတာက္ပသြားသည္။ ဤအပိုင္းသည္ သူ အကြၽမ္းက်င္ဆုံးျဖစ္၏။
စာေမးပြဲစာ႐ြက္မ်ားကို အူယားဖားယား လက္ခံလိုက္ရင္း သူသည္ ပို၍ စိတ္အားတက္ႂကြလာခဲ့သည္။ က်င္းယြင္ေက်ာင္းသည္လည္း စာ႐ြက္မ်ားကို ယူရန္ အခ်ိန္ျဖဳန္းမေနေတာ့ပဲ လွမ္းယူလိုက္၏။ သူမသည္ စာ႐ြက္ကို တစ္ခ်က္ၾကည့္လိုက္ရင္း သူမ၏ ႏွလုံးသားထဲတြင္ ေသခ်ာမႈအခ်ိဳ႕ ရရွိလာ၏။
ေက်ာက္စိမ္းစာလိပ္ကို မဆိုထားႏွင့္၊ မေကာင္းဆိုးဝါးအိုႀကီးျဖစ္သည့္ အဖိုးရႈ သူမကို ေပးသည့္ အပတ္စဥ္အိမ္စာမ်ားသည္ပင္ ဤသည္ထက္ ပို၍ ရႈပ္ေထြးသည္။ အဖိုးရႈ၏ စကားအရ ဆိုရပါလွ်င္ ေဆးပင္မ်ား၏ ပုံပန္းသ႑ာန္၊ အသက္အ႐ြယ္ႏွင့္၊ အစြမ္းသတၱိမ်ားကို မသိလွ်င္ ကိစၥမ်ားကိုေဆာင္႐ြက္ရန္ အဘယ္ကဲ့သို႔ ယုံၾကည္စိတ္ခ်ရပါမည္နည္း။