Unicode
တိချိုးဟယ်နှင့် ဟောပိုင်တို့နှစ်ယောက်လုံး ခန်းမထဲမှ ထွက်ပြီးနောက် သက်တော်စောင့်များ၏ ကောင်းမှုကြောင့် ကားထဲအဆင်ပြေချောမွေ့စွာ ရောက်လေသည်။
ခန်းမအပြင်ဘက်တွင် စောင့်နေကြသည့် တိချိုးဟယ်ပရိသတ်များကလဲ အပျော်လွန်ကာ အော်ဟစ် ထခုန်နေကြ၏။
ကားထဲရောက်တော့မှ ဟောပိုင်က မျက်နှာအုပ်ထားသည်ကို ဖယ်၍ ခန်းမအပြင်ဘက်မှ ဆူညံနေသည့် လူအုပ်ကိုကြည့်၍ တိုးတိုးလေး ရေရွတ်သည်။
" ကျစ်..ရှက်စရာကောင်းလိုက်တာ"
တွင်းတစ်တွင်းတူးကာ ဝင်ပုန်းပြီး လူတွေရှေ့မှာ နမ်းခဲ့သည့်အကြောင်းကို မေ့ပစ်လိုက်ချင်သွားသည်။
" ခွေးပေါက်လေး.."
တိချိုးဟယ်က သူ့ကို အခုထိ အကြည့်လွှဲနေသည့် ဟောပိုင်၏ နားရွက်ဖျားလေးကို ဖွဖွနမ်း၍ မျက်နှာအုပ်ထားသည့် လက်လေးကို ဆွဲဖယ်နေသည်။ ပေါ်လာသည့် ဟောပိုင်မျက်နှာလေးက ရဲရဲနီနေ၏။
" ခွေးပေါက်လေး မင်းက ကိုယ့်အပေါ် အရမ်းကောင်းတာပဲ.. ဒီနေ့ ကိုယ် ဘယ်လောက်ပျော်နေတယ်ဆိုတာ စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူးသိလား"
တိချိုးဟယ်က ဟောပိုင်နားနားကပ်ကာ လေသံနှင့် တိုးတိုးလေးပြောနေသည်။
ထိုစကားကြောင့် နဂိုထဲက နီနေသည့် နားရွက်လေးမှာ ရဲတွတ်သွားကာ တိချိုးဟယ်ပါးစပ်ကို လက်နှင့်အုပ်သည်။
" မပြောပါနဲ့တော့ဆို"
" ဟုတ်ပါပြီဗျာ.. ဟုတ်ပါပြီ"
တိချိုးဟယ်က ဟောပိုင်လက်ဖဝါးလေးကို နမ်းရင်း ရယ်နေ၏။
" အပြစ်ဒဏ်အနေနဲ့ ကိုယ် တစ်သက်လုံး မင်းရဲ့မော်ဒယ်အဖြစ်နဲ့ နေပေးမယ်လေ... မကောင်းဘူးလား"
" ကျွန်တော် တော်တော့လို့ ပြောနေတယ်နော်"
ဟောပိုင်က တိချိုးဟယ်ကို လည်ပင်းထညှစ်တော့မလို လုပ်တော့မှ တိချိုးဟယ်တစ်ယောက် ဟောပိုင်မျက်နှာလေးကို သေချာမြင်ရတော့သည်။ မျက်နှာတစ်ခုလုံး ခရမ်းချဥ်သီးလေးလို ရဲတွတ်နေရုံမရ မျက်လုံးလေးများကလဲ ဒေါသကြောင့် ရဲရဲနီကာ တိချိုးဟယ်ကို စိုက်ကြည့်နေ၏။
" ပွဲမှာတုန်းကတော့ ကျွန်တော့်မော်ဒယ်မလုပ်ချင်ဘူးဆို.. ရတယ်လေ.. တခြားတစ်ယောက်ပဲ လိုက်ရှာတော့မယ်"
" မရပါဘူး"
တိချိုးဟယ်က သူ့နဖူးနှင့် ဟောပိုင်နဖူးကို ထိကပ်ထားလိုက်သည်။
" အခု ကိုယ်တို့နှစ်ယောက်တွဲနေတယ်ဆိုတာ လူတိုင်းသိသွားကြပြီလေ.. မင်းကို ကိုယ် ပိုင်သွားပြီ"
တိချိုးဟယ်က ပျော်နေသည်ကို နည်းနည်းလေးတောင် ချုပ်မထားနိုင်ပေ။ မျက်လုံးလေးတွေ အရောင်လက်နေသည်ကို မှောင််မဲမဲကားပေါ်တွင်ပင် အထင်းသား မြင်နေရသည်။ ဟောပိုင်လဲ ဘာမှမပြောနိုင်တော့ပဲ ပြုံး၍သာ ကြည့်နေရသည်။
" ခင်ဗျား.. တော်တော်ရူးတဲ့ချာတိတ်လေးပဲ.. ကျွန်တော့်နားမလာနဲ့ ဝေးဝေးနေ.. တော်ကြာခင်ဗျားဆီက ရူးတာတွေ ကျွန်တော့်ကို ကူးကုန်လိမ့်မယ်"
" ကိုယ် မင်းအနားက ဝေးဝေးမနေနိုင်ပါဘူး.."
တိချိုးဟယ်က ဟောပိုင်ကို ပို၍ တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
" ကိုယ် မင်းနဲ့ တစ်သက်လုံးနေမှာ.. ကိုယ်ရူးရင် မင်းဆီလဲ သေချာပေါက် ကူးမှာပဲ စိတ်ချ"
ဟောပိုင်လဲ သူ့ကံတရား သူလက်ခံလိုက်ရကာ တိချိုးဟယ်နမ်းနေသည်ကို မငြင်းပဲ ငြိမ်ခံနေ၏။
တိချိုးဟယ်က နမ်းနေရာမှ ရုတ်တရက် ရပ်ကာ မျက်မှောင်ကျုံ့၍ ဟောပိုင်နဖူးကို စမ်းလိုက် တစ်ကိုယ်လုံးကို လိုက်စမ်းလိုက် လုပ်နေသည်။
" မရဘူးနော်.. ဒီမှာတော့ မရဘူး"
ဟောပိုင်က အသံတိုးတိုးနှင့် ငြင်းသည်။
" ကျွန်တော်တို့ အိမ်ပြန်မရောက်သေးဘူးနော်"
တိချိုးဟယ်က ဟောပိုင်၏ အပေါ်အင်္ကျီကို ဆွဲချွတ်လိုက်၏။
ဟောပိုင် တော်တော်စိတ်တိုသွားသည်။
" ကားပေါ်ကြီးမှာလို့ ပြောနေတယ်နော်.. ခင်ဗျား တော်တော့ဆိုတာ..."
" မင်း ချွေးတွေအများကြီး ထွက်နေတယ်"
တိချိုးဟယ်မျက်နှာပေါ်တွင် စောစောက အပြုံးတွေ တစ်ခုမှ ရှိမနေတော့။ စိုးရိမ်စိတ်တို့က အစားထိုးဝင်ရောက်လာသည်။ တိချိုးဟယ်က ဟောပိုင်ရှပ်အင်္ကျီကို စမ်းကာ ဆက်ပြော၏။
" ရှပ်အင်္ကျီမှာ ချွေးတွေစိုရွှဲနေတာပဲ.. အဖျားလဲ ရှိနေသလိုပဲ"
" အာ.."
ဟောပိုင်လဲ ထိုအခါမှ သူ့နဖူးသူ စမ်းမိရင်း အသံတိုးသွား၏။
" ဟုတ်သားပဲ.. အဲ့ဒါကြောင့် ခုနက နေရတာ တစ်မျိုးဖြစ်နေ..."
ဟောပိုင်အသံက တဖြည်းဖြည်းတိမ်ဝင်ကာ သတိလစ်မလိုဖြစ်နေသည်။
" ရှောင်ပိုင်!!"
တိချိုးဟယ်အလန့်တကြားနှင့် ဟောပိုင်ကိုပွေ့ကာ စောင်နှင့် ပတ်လိုက်၏။
" ရှောင်ပိုင်.. ကိုယ့်ကို စကားပြောပါဦး.. အဆင်ပြေရဲ့လား"
ဟောပိုင်လဲ မျက်လုံးကို အားယူဖွင့်သည်။ သို့သော် ခြေလက်တို့က အားမရှိသလို လှုပ်မရ။
" ကျွန်တော်အဆင်ပြေပါတယ်.. နည်းနည်းမူးသွားရုံပဲ.. ဘာမှမဖြစ်ဘူး.. ကျွန်တော့်အနားမှာ ခင်ဗျားရှိနေလို့ စိတ်လျှော့ချလိုက်တာ.. ချွေးထွက်နေတာက ခုနမလာခင်တုန်းက ဆေးသောက်ခဲ့လို့ပါ.. ဆေးသောက်ပြီး ချွေးထွက်တာ ပုံမှန်ပဲကို"
" မဟုတ်ဘူး.. ဒီလိုမဟုတ်ဘူး"
တိချိုးဟယ်က ရှုချင်းကို လှမ်းပြောလိုက်သည်။
" ရှုချင်း ဆေးရုံကိုမောင်းပေးပါ.. ရှောင်ပိုင်အဖျားတက်လာတယ်နဲ့တူတယ်"
ထိုစကားကြောင့် ရှုချင်းလဲ အရှိန်မြှင့်သည်။
.........
" ငါသိနေတယ် ငါ သိနေတယ်"
ဟောပိုင်ကုတင်ဘေးထိုင်ရင်း ဟူကျောက်က ဗျစ်တောက် ဗျစ်တောက် ပြောနေသည်။
" မင်းတို့နှစ်ယောက် .. ကိုယ့်အသက်ကိုလဲ ပြန်ကြည့်.. ဘာလို့ ကလေးလေးတွေလို လုပ်နေကြတာလဲ ဟမ်"
တော်တော်သက်သာနေပြီဖြစ်သည့် ဟောပိုင်မှာ စောင်ခေါင်းမြီးခြုံ၍ ဟူကျောက်ကို မမြင်ချင်ယောင်ဆောင်နေသည်။ တိချိုးဟယ်ကတော့ ကုတင်ဘေးတွင်ထိုင်ကာ သစ်တော်သီး အခွံခွာနေ၏။
" ဆေးစစ်ရမှာမို့လို့ ရှောင်ပိုင်ဘာမှစားလို့မရဘူးလေ.. ဘာလို့သစ်တော်သီးတွေ ခွဲနေသေးတာလဲ"
ဟူကျောက်က တိချိုးဟယ်ကို ဆူလိုက်သည်။
" ဦးလေးဟူ"
တိချိုးဟယ် အခုမှ အသံထွက်လာသည်။
" သစ်တော်သီးက ဦးလေးအတွက်ပါ"
" ဟားဟား .. အဟွတ်"
စောင်ထဲမှ ဟောပိုင်က ရုတ်တရက်ထရယ်ကာ ချောင်းဆိုးသလို လျှောချလိုက်၏။
တိချိုးဟယ်ကလဲ ကုတင်ပေါ်တက်ထိုင်ကာ ဟူကျောက်မမြင်အောင် ဟောပိုင်ကို ပြုံးပြလိုက်သည်။
" ဦးလေးဟူ.. သစ်တော်သီးလေးစားပါဦး"
ဟူကျောက် ဆွံ့အသွားလေ၏။
ဟူကျောက်ကို ပြန်လိုက်ပို့ပြီးနောက် တိချိုးဟယ် ပြန်ရောက်လာကာ ဟောပိုင်နားနားကပ်၍ တိုးတိုးလေးပြောသည်။
" ခွေးပေါက်လေး.. ဦးလေးဟူက မင်းကို စိတ်တွေဆိုးနေတာ"
ဟောပိုင်က စောင်ကိုတွန်းထုတ်၍ တိချိုးဟယ်ကို စိုက်ကြည့်သည်။
" မဟုတ်ပါဘူး.. ဦးလေးဟူက ခင်ဗျားကို စိတ်ဆိုးနေတာ"
အခုမှသာ ဟောပိုင်မျက်နှာတစ်ခုလုံးကို တိချိုးဟယ် မြင်လိုက်ရသည်။ နှုတ်ခမ်းရဲရဲလေးကို ငုံ့နမ်းပြီးနောက် တိချိုးဟယ်က ဆက်ပြော၏။
" တော်သေးတာပေါ့.. မင်းနှုတ်ခမ်းလေး သွေးရောင်သန်းလာလို့.. နှုတ်ခမ်းဖျော့ဖျော့ကြီးနဲ့ မလိုက်ပါဘူး"
ဟောပိုင်က စောင်ခြုံထဲ ပြန်ပုန်းနေကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
" ဗိုက်ဆာတယ်"
" နေပါဦး.. မင်းမျက်နှာရဲနေပြန်ပြီ.. ဖျားနေတာနဲ့တူတယ် သူနာပြုသွားခေါ်ပေးမယ်"
" မဟုတ်ပါဘူး..ဖျားလို့မဟုတ်ဘူး"
ဟောပိုင်က စောင်ဖယ်ကာ တိချိုးဟယ်ကို အတင်းလှမ်းဆွဲသည်။
" မဟုတ်ပါဘူးဆို.. လာ နဖူးလာစမ်းကြည့်. ဘာမှမဖြစ်ဘူး ဘယ်သူ့ကိုမှ သွားမခေါ်နဲ့"
တိချိုးဟယ်က ဟောပိုင်မျက်နှာလေးကို ဆွဲညှစ်ကာ ပြုံးလိုက်သည်။ ထို့နောက် စောင်သေချာပတ်၍ ခြုံပေးရင်း ပြောင်စပ်စပ်ပြောလေသည်။
" အဖျားမဟုတ်ဘူးဆိုတာ ကိုယ်သိသားပဲ.. လာ စွပ်ပြုတ်လေးသောက်လိုက်.. ဦးလေးဟူ ခုနက ယူလာတဲ့ဟာလေး"
" ခင်ဗျားက ကျွန်တော့်ကို လှောင်တယ်ပေါ့လေ"
" အင်း နည်းနည်း"
ဒေါသထွက်နေသည့် ယုန်လေးကိုမြင်တော့ တိချိုးဟယ် မနေနိုင်ပဲ ပါးလေးကို ငုံ့နမ်းပြန်သည်။
" အားရား ရှောင်ပိုင်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ"
ဟောပိုင်က တိချိုးဟယ်ကို ဆောင့်ကန်လိုက်သည်။
စွပ်ပြုတ်ပူပူလေး သောက်ပြီးနောက်တွင်တော့ ဟောပိုင်လဲ အိပ်ပျော်သွား၏။
.......
End of part 262
Thank u all
Zawgyi
တိခ်ိဳးဟယ္ႏွင့္ ေဟာပိုင္တို႔ႏွစ္ေယာက္လုံး ခန္းမထဲမွ ထြက္ၿပီးေနာက္ သက္ေတာ္ေစာင့္မ်ား၏ ေကာင္းမႈေၾကာင့္ ကားထဲအဆင္ေျပေခ်ာေမြ႕စြာ ေရာက္ေလသည္။
ခန္းမအျပင္ဘက္တြင္ ေစာင့္ေနၾကသည့္ တိခ်ိဳးဟယ္ပရိသတ္မ်ားကလဲ အေပ်ာ္လြန္ကာ ေအာ္ဟစ္ ထခုန္ေနၾက၏။
ကားထဲေရာက္ေတာ့မွ ေဟာပိုင္က မ်က္ႏွာအုပ္ထားသည္ကို ဖယ္၍ ခန္းမအျပင္ဘက္မွ ဆူညံေနသည့္ လူအုပ္ကိုၾကည့္၍ တိုးတိုးေလး ေရ႐ြတ္သည္။
" က်စ္..ရွက္စရာေကာင္းလိုက္တာ"
တြင္းတစ္တြင္းတူးကာ ဝင္ပုန္းၿပီး လူေတြေရွ႕မွာ နမ္းခဲ့သည့္အေၾကာင္းကို ေမ့ပစ္လိုက္ခ်င္သြားသည္။
" ေခြးေပါက္ေလး.."
တိခ်ိဳးဟယ္က သူ႕ကို အခုထိ အၾကည့္လႊဲေနသည့္ ေဟာပိုင္၏ နား႐ြက္ဖ်ားေလးကို ဖြဖြနမ္း၍ မ်က္ႏွာအုပ္ထားသည့္ လက္ေလးကို ဆြဲဖယ္ေနသည္။ ေပၚလာသည့္ ေဟာပိုင္မ်က္ႏွာေလးက ရဲရဲနီေန၏။
" ေခြးေပါက္ေလး မင္းက ကိုယ့္အေပၚ အရမ္းေကာင္းတာပဲ.. ဒီေန႕ ကိုယ္ ဘယ္ေလာက္ေပ်ာ္ေနတယ္ဆိုတာ စကားလုံးနဲ႕ေတာင္ ေဖာ္ျပလို႔မရဘူးသိလား"
တိခ်ိဳးဟယ္က ေဟာပိုင္နားနားကပ္ကာ ေလသံႏွင့္ တိုးတိုးေလးေျပာေနသည္။
ထိုစကားေၾကာင့္ နဂိုထဲက နီေနသည့္ နား႐ြက္ေလးမွာ ရဲတြတ္သြားကာ တိခ်ိဳးဟယ္ပါးစပ္ကို လက္ႏွင့္အုပ္သည္။
" မေျပာပါနဲ႕ေတာ့ဆို"
" ဟုတ္ပါၿပီဗ်ာ.. ဟုတ္ပါၿပီ"
တိခ်ိဳးဟယ္က ေဟာပိုင္လက္ဖဝါးေလးကို နမ္းရင္း ရယ္ေန၏။
" အျပစ္ဒဏ္အေနနဲ႕ ကိုယ္ တစ္သက္လုံး မင္းရဲ႕ေမာ္ဒယ္အျဖစ္နဲ႕ ေနေပးမယ္ေလ... မေကာင္းဘူးလား"
" ကြၽန္ေတာ္ ေတာ္ေတာ့လို႔ ေျပာေနတယ္ေနာ္"
ေဟာပိုင္က တိခ်ိဳးဟယ္ကို လည္ပင္းထညွစ္ေတာ့မလို လုပ္ေတာ့မွ တိခ်ိဳးဟယ္တစ္ေယာက္ ေဟာပိုင္မ်က္ႏွာေလးကို ေသခ်ာျမင္ရေတာ့သည္။ မ်က္ႏွာတစ္ခုလုံး ခရမ္းခ်ဥ္သီးေလးလို ရဲတြတ္ေန႐ုံမရ မ်က္လုံးေလးမ်ားကလဲ ေဒါသေၾကာင့္ ရဲရဲနီကာ တိခ်ိဳးဟယ္ကို စိုက္ၾကည့္ေန၏။
" ပြဲမွာတုန္းကေတာ့ ကြၽန္ေတာ့္ေမာ္ဒယ္မလုပ္ခ်င္ဘူးဆို.. ရတယ္ေလ.. တျခားတစ္ေယာက္ပဲ လိုက္ရွာေတာ့မယ္"
" မရပါဘူး"
တိခ်ိဳးဟယ္က သူ႕နဖူးႏွင့္ ေဟာပိုင္နဖူးကို ထိကပ္ထားလိုက္သည္။
" အခု ကိုယ္တို႔ႏွစ္ေယာက္တြဲေနတယ္ဆိုတာ လူတိုင္းသိသြားၾကၿပီေလ.. မင္းကို ကိုယ္ ပိုင္သြားၿပီ"
တိခ်ိဳးဟယ္က ေပ်ာ္ေနသည္ကို နည္းနည္းေလးေတာင္ ခ်ဳပ္မထားနိုင္ေပ။ မ်က္လုံးေလးေတြ အေရာင္လက္ေနသည္ကို ေမွာင္္မဲမဲကားေပၚတြင္ပင္ အထင္းသား ျမင္ေနရသည္။ ေဟာပိုင္လဲ ဘာမွမေျပာနိုင္ေတာ့ပဲ ၿပဳံး၍သာ ၾကည့္ေနရသည္။
" ခင္ဗ်ား.. ေတာ္ေတာ္႐ူးတဲ့ခ်ာတိတ္ေလးပဲ.. ကြၽန္ေတာ့္နားမလာနဲ႕ ေဝးေဝးေန.. ေတာ္ၾကာခင္ဗ်ားဆီက ႐ူးတာေတြ ကြၽန္ေတာ့္ကို ကူးကုန္လိမ့္မယ္"
" ကိုယ္ မင္းအနားက ေဝးေဝးမေနနိုင္ပါဘူး.."
တိခ်ိဳးဟယ္က ေဟာပိုင္ကို ပို၍ တင္းတင္းၾကပ္ၾကပ္ ဖက္လိုက္သည္။
" ကိုယ္ မင္းနဲ႕ တစ္သက္လုံးေနမွာ.. ကိုယ္႐ူးရင္ မင္းဆီလဲ ေသခ်ာေပါက္ ကူးမွာပဲ စိတ္ခ်"
ေဟာပိုင္လဲ သူ႕ကံတရား သူလက္ခံလိုက္ရကာ တိခ်ိဳးဟယ္နမ္းေနသည္ကို မျငင္းပဲ ၿငိမ္ခံေန၏။
တိခ်ိဳးဟယ္က နမ္းေနရာမွ ႐ုတ္တရက္ ရပ္ကာ မ်က္ေမွာင္က်ဳံ႕၍ ေဟာပိုင္နဖူးကို စမ္းလိုက္ တစ္ကိုယ္လုံးကို လိုက္စမ္းလိုက္ လုပ္ေနသည္။
" မရဘူးေနာ္.. ဒီမွာေတာ့ မရဘူး"
ေဟာပိုင္က အသံတိုးတိုးႏွင့္ ျငင္းသည္။
" ကြၽန္ေတာ္တို႔ အိမ္ျပန္မေရာက္ေသးဘူးေနာ္"
တိခ်ိဳးဟယ္က ေဟာပိုင္၏ အေပၚအကၤ်ီကို ဆြဲခြၽတ္လိုက္၏။
ေဟာပိုင္ ေတာ္ေတာ္စိတ္တိုသြားသည္။
" ကားေပၚႀကီးမွာလို႔ ေျပာေနတယ္ေနာ္.. ခင္ဗ်ား ေတာ္ေတာ့ဆိုတာ..."
" မင္း ေခြၽးေတြအမ်ားႀကီး ထြက္ေနတယ္"
တိခ်ိဳးဟယ္မ်က္ႏွာေပၚတြင္ ေစာေစာက အၿပဳံးေတြ တစ္ခုမွ ရွိမေနေတာ့။ စိုးရိမ္စိတ္တို႔က အစားထိုးဝင္ေရာက္လာသည္။ တိခ်ိဳးဟယ္က ေဟာပိုင္ရွပ္အကၤ်ီကို စမ္းကာ ဆက္ေျပာ၏။
" ရွပ္အကၤ်ီမွာ ေခြၽးေတြစို႐ႊဲေနတာပဲ.. အဖ်ားလဲ ရွိေနသလိုပဲ"
" အာ.."
ေဟာပိုင္လဲ ထိုအခါမွ သူ႕နဖူးသူ စမ္းမိရင္း အသံတိုးသြား၏။
" ဟုတ္သားပဲ.. အဲ့ဒါေၾကာင့္ ခုနက ေနရတာ တစ္မ်ိဳးျဖစ္ေန..."
ေဟာပိုင္အသံက တျဖည္းျဖည္းတိမ္ဝင္ကာ သတိလစ္မလိုျဖစ္ေနသည္။
" ေရွာင္ပိုင္!!"
တိခ်ိဳးဟယ္အလန့္တၾကားႏွင့္ ေဟာပိုင္ကိုေပြ႕ကာ ေစာင္ႏွင့္ ပတ္လိုက္၏။
" ေရွာင္ပိုင္.. ကိုယ့္ကို စကားေျပာပါဦး.. အဆင္ေျပရဲ႕လား"
ေဟာပိုင္လဲ မ်က္လုံးကို အားယူဖြင့္သည္။ သို႔ေသာ္ ေျခလက္တို႔က အားမရွိသလို လႈပ္မရ။
" ကြၽန္ေတာ္အဆင္ေျပပါတယ္.. နည္းနည္းမူးသြား႐ုံပဲ.. ဘာမွမျဖစ္ဘူး.. ကြၽန္ေတာ့္အနားမွာ ခင္ဗ်ားရွိေနလို႔ စိတ္ေလွ်ာ့ခ်လိဳက္တာ.. ေခြၽးထြက္ေနတာက ခုနမလာခင္တုန္းက ေဆးေသာက္ခဲ့လို႔ပါ.. ေဆးေသာက္ၿပီး ေခြၽးထြက္တာ ပုံမွန္ပဲကို"
" မဟုတ္ဘူး.. ဒီလိုမဟုတ္ဘူး"
တိခ်ိဳးဟယ္က ရႈခ်င္းကို လွမ္းေျပာလိုက္သည္။
" ရႈခ်င္း ေဆး႐ုံကိုေမာင္းေပးပါ.. ေရွာင္ပိုင္အဖ်ားတက္လာတယ္နဲ႕တူတယ္"
ထိုစကားေၾကာင့္ ရႈခ်င္းလဲ အရွိန္ျမႇင့္သည္။
.........
" ငါသိေနတယ္ ငါ သိေနတယ္"
ေဟာပိုင္ကုတင္ေဘးထိုင္ရင္း ဟူေက်ာက္က ဗ်စ္ေတာက္ ဗ်စ္ေတာက္ ေျပာေနသည္။
" မင္းတို႔ႏွစ္ေယာက္ .. ကိုယ့္အသက္ကိုလဲ ျပန္ၾကည့္.. ဘာလို႔ ကေလးေလးေတြလို လုပ္ေနၾကတာလဲ ဟမ္"
ေတာ္ေတာ္သက္သာေနၿပီျဖစ္သည့္ ေဟာပိုင္မွာ ေစာင္ေခါင္းၿမီးၿခဳံ၍ ဟူေက်ာက္ကို မျမင္ခ်င္ေယာင္ေဆာင္ေနသည္။ တိခ်ိဳးဟယ္ကေတာ့ ကုတင္ေဘးတြင္ထိုင္ကာ သစ္ေတာ္သီး အခြံခြာေန၏။
" ေဆးစစ္ရမွာမို႔လို႔ ေရွာင္ပိုင္ဘာမွစားလို႔မရဘူးေလ.. ဘာလို႔သစ္ေတာ္သီးေတြ ခြဲေနေသးတာလဲ"
ဟူေက်ာက္က တိခ်ိဳးဟယ္ကို ဆူလိုက္သည္။
" ဦးေလးဟူ"
တိခ်ိဳးဟယ္ အခုမွ အသံထြက္လာသည္။
" သစ္ေတာ္သီးက ဦးေလးအတြက္ပါ"
" ဟားဟား .. အဟြတ္"
ေစာင္ထဲမွ ေဟာပိုင္က ႐ုတ္တရက္ထရယ္ကာ ေခ်ာင္းဆိုးသလို ေလွ်ာခ်လိဳက္၏။
တိခ်ိဳးဟယ္ကလဲ ကုတင္ေပၚတက္ထိုင္ကာ ဟူေက်ာက္မျမင္ေအာင္ ေဟာပိုင္ကို ၿပဳံးျပလိုက္သည္။
" ဦးေလးဟူ.. သစ္ေတာ္သီးေလးစားပါဦး"
ဟူေက်ာက္ ဆြံ႕အသြားေလ၏။
ဟူေက်ာက္ကို ျပန္လိုက္ပို႔ၿပီးေနာက္ တိခ်ိဳးဟယ္ ျပန္ေရာက္လာကာ ေဟာပိုင္နားနားကပ္၍ တိုးတိုးေလးေျပာသည္။
" ေခြးေပါက္ေလး.. ဦးေလးဟူက မင္းကို စိတ္ေတြဆိုးေနတာ"
ေဟာပိုင္က ေစာင္ကိုတြန္းထုတ္၍ တိခ်ိဳးဟယ္ကို စိုက္ၾကည့္သည္။
" မဟုတ္ပါဘူး.. ဦးေလးဟူက ခင္ဗ်ားကို စိတ္ဆိုးေနတာ"
အခုမွသာ ေဟာပိုင္မ်က္ႏွာတစ္ခုလုံးကို တိခ်ိဳးဟယ္ ျမင္လိုက္ရသည္။ ႏႈတ္ခမ္းရဲရဲေလးကို ငုံ႕နမ္းၿပီးေနာက္ တိခ်ိဳးဟယ္က ဆက္ေျပာ၏။
" ေတာ္ေသးတာေပါ့.. မင္းႏႈတ္ခမ္းေလး ေသြးေရာင္သန္းလာလို႔.. ႏႈတ္ခမ္းေဖ်ာ့ေဖ်ာ့ႀကီးနဲ႕ မလိုက္ပါဘူး"
ေဟာပိုင္က ေစာင္ၿခဳံထဲ ျပန္ပုန္းေနကာ စကားလမ္းေၾကာင္းလႊဲလိုက္သည္။
" ဗိုက္ဆာတယ္"
" ေနပါဦး.. မင္းမ်က္ႏွာရဲေနျပန္ၿပီ.. ဖ်ားေနတာနဲ႕တူတယ္ သူနာျပဳသြားေခၚေပးမယ္"
" မဟုတ္ပါဘူး..ဖ်ားလို႔မဟုတ္ဘူး"
ေဟာပိုင္က ေစာင္ဖယ္ကာ တိခ်ိဳးဟယ္ကို အတင္းလွမ္းဆြဲသည္။
" မဟုတ္ပါဘူးဆို.. လာ နဖူးလာစမ္းၾကည့္. ဘာမွမျဖစ္ဘူး ဘယ္သူ႕ကိုမွ သြားမေခၚနဲ႕"
တိခ်ိဳးဟယ္က ေဟာပိုင္မ်က္ႏွာေလးကို ဆြဲညွစ္ကာ ၿပဳံးလိုက္သည္။ ထို႔ေနာက္ ေစာင္ေသခ်ာပတ္၍ ၿခဳံေပးရင္း ေျပာင္စပ္စပ္ေျပာေလသည္။
" အဖ်ားမဟုတ္ဘူးဆိုတာ ကိုယ္သိသားပဲ.. လာ စြပ္ျပဳတ္ေလးေသာက္လိုက္.. ဦးေလးဟူ ခုနက ယူလာတဲ့ဟာေလး"
" ခင္ဗ်ားက ကြၽန္ေတာ့္ကို ေလွာင္တယ္ေပါ့ေလ"
" အင္း နည္းနည္း"
ေဒါသထြက္ေနသည့္ ယုန္ေလးကိုျမင္ေတာ့ တိခ်ိဳးဟယ္ မေနနိုင္ပဲ ပါးေလးကို ငုံ႕နမ္းျပန္သည္။
" အားရား ေရွာင္ပိုင္ေလးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ"
ေဟာပိုင္က တိခ်ိဳးဟယ္ကို ေဆာင့္ကန္လိုက္သည္။
စြပ္ျပဳတ္ပူပူေလး ေသာက္ၿပီးေနာက္တြင္ေတာ့ ေဟာပိုင္လဲ အိပ္ေပ်ာ္သြား၏။
.......
End of part 262
Thank u all