Unicode
ဝမ်ပေါ်ရီနှင့်အတူ သက်တော်စောင့်များလဲ ကိတ်မုန့်လှည်း ပြန်တွန်းကာ ထွက်သွားကြသည်။ ထိုအခါကျမှ တိချိုးဟယ်လဲ ကိတ်မုန့်နှင့် အခန်းအလှဆင်ထားသည့်ပုံများကို စုစည်းကာ ဟောပိုင်ကို ဖုန်းခေါ်၏။
သို့သော် ဟောပိုင်ဘက်မှ ဖုန်းကိုချပစ်သည်။
တိချိုးဟယ်လဲ မိနစ်အနည်းငယ်လောက် စောင့်ပြီးမှ ပြန်ခေါ်သည်။
သို့သော် ဖုန်းအချခံလိုက်ရပြန်သည်။
... ငါ့ခွေးပေါက်လေး အလုပ်ရှုပ်နေတာများလား..
ထို့ကြောင့် စာပဲပို့ရန် စိတ်ကူးလိုက်၏။
ထိုအချိန် ဝမ်ပေါ်ရီက သခင်လေးဟော မှာသည့်စကားကို ပြောဖို့မေ့နေသည်ဟုဆိုကာ တံခါးလာခေါက်သည်။
တိချိုးဟယ်လဲ သိချင်ဇောနှင့် ပြန်မေး၏။
" သူ ဘာမှာထားလို့လဲ"
" သခင်လေးဟောက သခင်လေးအတွက် မွေးနေ့လက်ဆောင် ဝယ်ပေးထားတယ်တဲ့.. ကျွန်တော် အိပ်ရာပေါ်မှာ တင်ထားပေးတယ်.. ညအိပ်ရင် ဖက်အိပ်ပါလို့လဲ မှာလိုက်တယ်"
ဝမ်ပေါ်ရီက ပြန်ဖြေသည်။
" ပြီးတော့ မကြာခင် သူ လိုက်လာမယ်လို့လဲ ပြောလိုက်ပါသေးတယ်"
" ဘယ်တော့တဲ့လဲ"
တိချိုးဟယ်၏ မျက်ဝန်းလေးများ တဖျပ်ဖျပ် လက်လာသည်။
" ဘယ်တော့လာမယ်လို့ အတိအကျပြောသေးလား.. ဘယ်လောက်ကြာဦးမှာလဲ"
ဝမ်ပေါ်ရီက ခေါင်းရမ်း၏။
" အဲ့ဒါတော့ ကျွန်တော်လဲ မသိဘူး... သခင်လေးဟောက ဘယ်တော့လာမယ်လို့တော့ မပြောသွားဘူး.. အလုပ်ရှုပ်နေတဲ့ပုံပေါ်လို့ ကျွန်တော်လဲ မမေးတော့ပဲ ဖုန်းချလိုက်ရတာ"
ဟောပိုင်က ပါမောက္ခရွှီနှင့် သူငယ်ချင်းတွေအကုန်လုံးကို သွားတွေ့မည်ဟု ပြောထားသည်ကို သတိရလိုက်တော့ တိချိုးဟယ်က ခေါင်းညိတ်ကာ ပြုံးသည်။
ဝမ်ပေါ်ရီ ထွက်သွားပြီးနောက် တိချိုးဟယ်လဲ အိပ်ခန်းထဲ ဝင်လာကာ လူအရွယ်အစားလောက်ရှိသည့် ဝက်ဝံရုပ်နှင့် မျက်နှာချင်း ဆိုင်မိသွားသည်။ အိပ်ရာပေါ် တက်ကာ ပြုံးဖြီးဖြီးလုပ်နေပြီးနောက် ဝက်ဝံရုပ်လည်ပင်းရှိ ဖဲကြိုးလေးကို ကိုင်ကြည့်သည်။
ခွေးပေါက်လေးကို စာပို့ရန် ဖုန်းကို လက်လှမ်းရုံရှိသေး ခွေးပေါက်လေးဆီမှ စာရောက်လာသည်။
ဟောပိုင် : ကျွန်တော် ဆရာရွှီနဲ့ အော်ပရာပြဇာတ်ရုံထဲ ရောက်နေတာ .. နောက်မှ ဖုန်းခေါ်လိုက်မယ်နော်
အားရား.. ခွေးပေါက်လေးက ပြဇာတ်တောင် သွားကြည့်နေတာပဲ.. ချစ်ဖို့ကောင်းလိုက်တာ....
တိချိုးဟယ် : ကိစ္စမရှိပါဘူး.. ပြဇာတ်က ဘယ်လိုနေလဲ...
ဟောပိုင် : အမှန်အတိုင်းပြောရရင်တော့ ကျွန်တော့်အကြိုက်မဟုတ်ဘူး . .
တိချိုးဟယ်က ရယ်လိုက်ပြန်သည်။ ထို့နောက် အိပ်ရာပေါ် ပစ်လှဲကာ မွေးနေ့လက်ဆောင် ဝက်ဝံရုပ်ကိုမှီ၍ စာဆက်ရိုက်သည်။
တိချိုးဟယ် : ကိုယ့်အတွက် မွေးနေ့ပွဲလေးလုပ်ပေးတာ ကျေးဇူးတင်ပါတယ်ဗျ.. လက်ဆောင်အရုပ်လေးကိုလဲ အရမ်းသဘောကျတယ်
တိချိုးဟယ် သူ့အပေါ်မှီလိုက်၍ ဟောပိုင်တစ်ယောက် သူ့နှလုံးခုန်သံပင် သူ ပြန်ကြားလာရသည်။ ထို့နောက် စာထပ်ရိုက်ပြန်သည်။
ဟောပိုင် : ကျွန်တော်ပို့လိုက်တဲ့ လက်ဆောင်ကို သဘောကျတယ်မဟုတ်လား.. ဝက်ဝံရုပ်လေးကို ကောင်းကောင်းဆက်ဆံနော်.. ညအိပ်ရင် ဖက်အိပ်...
တိချိုးဟယ်က ဘေးနားမှ ဝက်ဝံရုပ်ကြီးကို ကြည့်ရင်း ပြုံးလိုက်သည်။
တိချိုးဟယ် : သေချာတာပေါ့.. အခုတော့ ဝက်ဝံရုပ်လေးကို ဖက်အိပ်မှာ မင်း ပြန်လာရင်တော့ မင်းကို ဖက်အိပ်မှာပဲ...
ဟောပိုင်မှာ စာရိုက်နေရင် သိသွားမှာစိုး၍ ဆရာနဲ့ရှိနေတုန်းစာပို့နေတာ ရိုင်းမှာစိုးလို့ဟု နောက်ဆုံးတစ်ခေါက်သာ ပို့လိုက်သည်။
တိချိုးဟယ်ကလဲ နားလည်ကြောင်း စာပြန်ပို့ကာ ဖုန်းချ၍ ရေချိုးခန်းထဲ ဝင်သွားလေ၏။ ထိုအခါမှသာ ဟောပိုင်တစ်ယောက် သက်ပြင်းချလိုက်နိုင်သည်။ တိချိုးဟယ်တစ်ယောက် ဘာမှမရိပ်မိသေး။
ရေချိုးပြီးနောက် တိချိုးဟယ်က လက်တော့ပ်ဖွင့်ကာ Huading ၏ အမည်ခံ CEO ခဲ့ရှီနှင့် အစည်းအဝေးလုပ်သည်။ တစ်နာရီ နှစ်နာရီကြာသည်အထိ ဖုန်းမချသေးပဲ အလုပ်လုပ်နေသေး၏။
ဝက်ဝံရုပ်ထဲမှ ဟောပိုင်မှာ ပူလဲပူ ပျင်းလဲပျင်းလာသည်နှင့် တိချိုးဟယ်ကို စာပို့လိုက်သည်။
ဟောပိုင် : ခင်ဗျား အခုထိ အလုပ်လုပ်နေတုန်းပဲလား.. အိပ်တော့လေ.. ဒီနေ့က ခင်ဗျားရဲ့မွေးနေ့ပဲကို ... အလုပ်ပဲ အရမ်းမကြိုးစားနဲ့လေ ... အားရှိမှ အလုပ်ပိုလုပ်နိုင်မှာပေါ့...
ဝက်ဝံရုပ်ထဲတွင် ဘယ်လောက်ကြာကြာ ပုန်းနိုင်မလဲ သူ့ကိုယ်သူ မသိတော့ပေ။
ဟောပိုင်ထံမှ စာကိုဖတ်ပြီးနောက် တိချိုးဟယ်က ဖွဖွရယ်ရင်း ခဲ့ရှီနှင့်အစည်းအဝေးကို အဆုံးသတ်လိုက်လေ၏။
ဟောပိုင်က တိချိုးဟယ် အိပ်ရာဝင်တော့မည်ဟု ထင်လိုက်သော်လဲ သူ့အထင် မှားလေသည်။ တိချိုးဟယ်က တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေ၏။
ဟောပိုင်က ဝက်ဝံရုပ်ထဲမှနေ၍ စိုက်ကြည့်သည်။ ... ဘယ်သူ့ကို ခေါ်နေတာလဲ... ငါ့နောက်ကွယ်မှာ တခြားတစ်ယောက် ရှိနေတာမဟုတ်ဘူးလား....
" ဟဲလို..."
"..."
" ဟားဟား မင်း အိပ်ပျော်နေတာလား"
"..."
" ဟား ဟား ဟား ညသန်းခေါင်ကြီး မင်းကို အိပ်ရာကနေ လှုပ်နှိုးလိုက်ရတဲ့ ခံစားချက်က ကောင်းလိုက်တာ..."
"..."
" ဒီနေ့ ငါ့မွေးနေ့လေကွာ... ငါ့အတွက် လက်ဆောင်ဘယ်မှာလဲ.."
"..."
" ရှောင်ပိုင်တောင် ငါ့ကို မွေးနေ့လက်ဆောင် တကူးတက ပို့လိုက်သေးတယ်... သူ့မှာ စာတွေလုပ်ရလို့ မအားတာတောင်မှ ငါ့အတွက် လက်ဆောင်ပို့ပေးလိုက်တယ်ကွ.. "
"..."
" အင်း ဟုတ်တယ်.. ဝက်ဝံရုပ်ကြီးက အကြီးကြီးပဲ .. ဖက်လို့လဲကောင်းတယ် အိအိလေး..."
"..."
ထိုစကားကြောင့် ဟောပိုင် မျက်နှာလေးရဲသွား၏။ ဒီချာတိတ်လေးကတော့လေ.. ဒီလိုလျှောက်ကြွားနေရလား...
" ရှိုးဝမ်.. အဲ့ဝက်ဝံရုပ်လေး မင်းကြည့်ချင်လား"
တစ်ဖက်မှ ကျန်းရှိုးဝမ်မှာ ထပေါက်ကွဲလေတော့သည်။
" မကြည့်ဘူးကွာ.. ငါ့ကို ဖုန်းလာမခေါ်နဲ့.. ခွေးစာမစားချင်ဘူး.. ငါ့ကို သနားပေးလို့မရဘူးလားကွာ..."
တိချိုးဟယ်က ဖုန်းချကာ အိပ်ရာပေါ်တက်၍ မီးပိတ်လိုက်သည်။ ထို့နောက် ဝက်ဝံရုပ်လေးကို ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
" ဟားဟား... ကျန်းရှိုးဝမ်ကြီး စိတ်ဆိုးသွားပြီ.. night night နော် ခွေးပေါက်လေး"
ကျန်းရှိုးဝမ်၏ စိတ်ညစ်နေသောအသံကို မသဲမကွဲ ကြားလိုက်ရသော ဟောပိုင်မှာ ဆွံ့အသွားရှာလေ၏။
... ချာတိတ်တိလေး.. ခင်ဗျားကမှ အရှက်မရှိ သူများကို လျှောက်ကြွားနေတဲ့ လူဆိုးလေး.. အရှက်ကတော့ တကယ်ကို မရှိတာပဲ...
......
End of part 238
Thank you all
Zawgyi
ဝမ္ေပၚရီႏွင့္အတူ သက္ေတာ္ေစာင့္မ်ားလဲ ကိတ္မုန့္လွည္း ျပန္တြန္းကာ ထြက္သြားၾကသည္။ ထိုအခါက်မွ တိခ်ိဳးဟယ္လဲ ကိတ္မုန့္ႏွင့္ အခန္းအလွဆင္ထားသည့္ပုံမ်ားကို စုစည္းကာ ေဟာပိုင္ကို ဖုန္းေခၚ၏။
သို႔ေသာ္ ေဟာပိုင္ဘက္မွ ဖုန္းကိုခ်ပစ္သည္။
တိခ်ိဳးဟယ္လဲ မိနစ္အနည္းငယ္ေလာက္ ေစာင့္ၿပီးမွ ျပန္ေခၚသည္။
သို႔ေသာ္ ဖုန္းအခ်ခံလိုက္ရျပန္သည္။
... ငါ့ေခြးေပါက္ေလး အလုပ္ရႈပ္ေနတာမ်ားလား..
ထို႔ေၾကာင့္ စာပဲပို႔ရန္ စိတ္ကူးလိုက္၏။
ထိုအခ်ိန္ ဝမ္ေပၚရီက သခင္ေလးေဟာ မွာသည့္စကားကို ေျပာဖို႔ေမ့ေနသည္ဟုဆိုကာ တံခါးလာေခါက္သည္။
တိခ်ိဳးဟယ္လဲ သိခ်င္ေဇာႏွင့္ ျပန္ေမး၏။
" သူ ဘာမွာထားလို႔လဲ"
" သခင္ေလးေဟာက သခင္ေလးအတြက္ ေမြးေန႕လက္ေဆာင္ ဝယ္ေပးထားတယ္တဲ့.. ကြၽန္ေတာ္ အိပ္ရာေပၚမွာ တင္ထားေပးတယ္.. ညအိပ္ရင္ ဖက္အိပ္ပါလို႔လဲ မွာလိုက္တယ္"
ဝမ္ေပၚရီက ျပန္ေျဖသည္။
" ၿပီးေတာ့ မၾကာခင္ သူ လိုက္လာမယ္လို႔လဲ ေျပာလိုက္ပါေသးတယ္"
" ဘယ္ေတာ့တဲ့လဲ"
တိခ်ိဳးဟယ္၏ မ်က္ဝန္းေလးမ်ား တဖ်ပ္ဖ်ပ္ လက္လာသည္။
" ဘယ္ေတာ့လာမယ္လို႔ အတိအက်ေျပာေသးလား.. ဘယ္ေလာက္ၾကာဦးမွာလဲ"
ဝမ္ေပၚရီက ေခါင္းရမ္း၏။
" အဲ့ဒါေတာ့ ကြၽန္ေတာ္လဲ မသိဘူး... သခင္ေလးေဟာက ဘယ္ေတာ့လာမယ္လို႔ေတာ့ မေျပာသြားဘူး.. အလုပ္ရႈပ္ေနတဲ့ပုံေပၚလို႔ ကြၽန္ေတာ္လဲ မေမးေတာ့ပဲ ဖုန္းခ်လိဳက္ရတာ"
ေဟာပိုင္က ပါေမာကၡ႐ႊီႏွင့္ သူငယ္ခ်င္းေတြအကုန္လုံးကို သြားေတြ႕မည္ဟု ေျပာထားသည္ကို သတိရလိုက္ေတာ့ တိခ်ိဳးဟယ္က ေခါင္းညိတ္ကာ ၿပဳံးသည္။
ဝမ္ေပၚရီ ထြက္သြားၿပီးေနာက္ တိခ်ိဳးဟယ္လဲ အိပ္ခန္းထဲ ဝင္လာကာ လူအ႐ြယ္အစားေလာက္ရွိသည့္ ဝက္ဝံ႐ုပ္ႏွင့္ မ်က္ႏွာခ်င္း ဆိုင္မိသြားသည္။ အိပ္ရာေပၚ တက္ကာ ၿပဳံးၿဖီးၿဖီးလုပ္ေနၿပီးေနာက္ ဝက္ဝံ႐ုပ္လည္ပင္းရွိ ဖဲႀကိဳးေလးကို ကိုင္ၾကည့္သည္။
ေခြးေပါက္ေလးကို စာပို႔ရန္ ဖုန္းကို လက္လွမ္း႐ုံရွိေသး ေခြးေပါက္ေလးဆီမွ စာေရာက္လာသည္။
ေဟာပိုင္ : ကြၽန္ေတာ္ ဆရာ႐ႊီနဲ႕ ေအာ္ပရာျပဇာတ္႐ုံထဲ ေရာက္ေနတာ .. ေနာက္မွ ဖုန္းေခၚလိုက္မယ္ေနာ္
အားရား.. ေခြးေပါက္ေလးက ျပဇာတ္ေတာင္ သြားၾကည့္ေနတာပဲ.. ခ်စ္ဖို႔ေကာင္းလိုက္တာ....
တိခ်ိဳးဟယ္ : ကိစၥမရွိပါဘူး.. ျပဇာတ္က ဘယ္လိုေနလဲ...
ေဟာပိုင္ : အမွန္အတိုင္းေျပာရရင္ေတာ့ ကြၽန္ေတာ့္အႀကိဳက္မဟုတ္ဘူး . .
တိခ်ိဳးဟယ္က ရယ္လိုက္ျပန္သည္။ ထို႔ေနာက္ အိပ္ရာေပၚ ပစ္လွဲကာ ေမြးေန႕လက္ေဆာင္ ဝက္ဝံ႐ုပ္ကိုမွီ၍ စာဆက္ရိုက္သည္။
တိခ်ိဳးဟယ္ : ကိုယ့္အတြက္ ေမြးေန႕ပြဲေလးလုပ္ေပးတာ ေက်းဇူးတင္ပါတယ္ဗ်.. လက္ေဆာင္အ႐ုပ္ေလးကိုလဲ အရမ္းသေဘာက်တယ္
တိခ်ိဳးဟယ္ သူ႕အေပၚမွီလိုက္၍ ေဟာပိုင္တစ္ေယာက္ သူ႕ႏွလုံးခုန္သံပင္ သူ ျပန္ၾကားလာရသည္။ ထို႔ေနာက္ စာထပ္ရိုက္ျပန္သည္။
ေဟာပိုင္ : ကြၽန္ေတာ္ပို႔လိုက္တဲ့ လက္ေဆာင္ကို သေဘာက်တယ္မဟုတ္လား.. ဝက္ဝံ႐ုပ္ေလးကို ေကာင္းေကာင္းဆက္ဆံေနာ္.. ညအိပ္ရင္ ဖက္အိပ္...
တိခ်ိဳးဟယ္က ေဘးနားမွ ဝက္ဝံ႐ုပ္ႀကီးကို ၾကည့္ရင္း ၿပဳံးလိုက္သည္။
တိခ်ိဳးဟယ္ : ေသခ်ာတာေပါ့.. အခုေတာ့ ဝက္ဝံ႐ုပ္ေလးကို ဖက္အိပ္မွာ မင္း ျပန္လာရင္ေတာ့ မင္းကို ဖက္အိပ္မွာပဲ...
ေဟာပိုင္မွာ စာရိုက္ေနရင္ သိသြားမွာစိုး၍ ဆရာနဲ႕ရွိေနတုန္းစာပို႔ေနတာ ရိုင္းမွာစိုးလို႔ဟု ေနာက္ဆုံးတစ္ေခါက္သာ ပို႔လိုက္သည္။
တိခ်ိဳးဟယ္ကလဲ နားလည္ေၾကာင္း စာျပန္ပို႔ကာ ဖုန္းခ်၍ ေရခ်ိဳးခန္းထဲ ဝင္သြားေလ၏။ ထိုအခါမွသာ ေဟာပိုင္တစ္ေယာက္ သက္ျပင္းခ်လိဳက္နိုင္သည္။ တိခ်ိဳးဟယ္တစ္ေယာက္ ဘာမွမရိပ္မိေသး။
ေရခ်ိဳးၿပီးေနာက္ တိခ်ိဳးဟယ္က လက္ေတာ့ပ္ဖြင့္ကာ Huading ၏ အမည္ခံ CEO ခဲ့ရွီႏွင့္ အစည္းအေဝးလုပ္သည္။ တစ္နာရီ ႏွစ္နာရီၾကာသည္အထိ ဖုန္းမခ်ေသးပဲ အလုပ္လုပ္ေနေသး၏။
ဝက္ဝံ႐ုပ္ထဲမွ ေဟာပိုင္မွာ ပူလဲပူ ပ်င္းလဲပ်င္းလာသည္ႏွင့္ တိခ်ိဳးဟယ္ကို စာပို႔လိုက္သည္။
ေဟာပိုင္ : ခင္ဗ်ား အခုထိ အလုပ္လုပ္ေနတုန္းပဲလား.. အိပ္ေတာ့ေလ.. ဒီေန႕က ခင္ဗ်ားရဲ႕ေမြးေန႕ပဲကို ... အလုပ္ပဲ အရမ္းမႀကိဳးစားနဲ႕ေလ ... အားရွိမွ အလုပ္ပိုလုပ္နိုင္မွာေပါ့...
ဝက္ဝံ႐ုပ္ထဲတြင္ ဘယ္ေလာက္ၾကာၾကာ ပုန္းနိုင္မလဲ သူ႕ကိုယ္သူ မသိေတာ့ေပ။
ေဟာပိုင္ထံမွ စာကိုဖတ္ၿပီးေနာက္ တိခ်ိဳးဟယ္က ဖြဖြရယ္ရင္း ခဲ့ရွီႏွင့္အစည္းအေဝးကို အဆုံးသတ္လိုက္ေလ၏။
ေဟာပိုင္က တိခ်ိဳးဟယ္ အိပ္ရာဝင္ေတာ့မည္ဟု ထင္လိုက္ေသာ္လဲ သူ႕အထင္ မွားေလသည္။ တိခ်ိဳးဟယ္က တစ္စုံတစ္ေယာက္ကို ဖုန္းေခၚေန၏။
ေဟာပိုင္က ဝက္ဝံ႐ုပ္ထဲမွေန၍ စိုက္ၾကည့္သည္။ ... ဘယ္သူ႕ကို ေခၚေနတာလဲ... ငါ့ေနာက္ကြယ္မွာ တျခားတစ္ေယာက္ ရွိေနတာမဟုတ္ဘူးလား....
" ဟဲလို..."
"..."
" ဟားဟား မင္း အိပ္ေပ်ာ္ေနတာလား"
"..."
" ဟား ဟား ဟား ညသန္းေခါင္ႀကီး မင္းကို အိပ္ရာကေန လႈပ္ႏွိုးလိုက္ရတဲ့ ခံစားခ်က္က ေကာင္းလိုက္တာ..."
"..."
" ဒီေန႕ ငါ့ေမြးေန႕ေလကြာ... ငါ့အတြက္ လက္ေဆာင္ဘယ္မွာလဲ.."
"..."
" ေရွာင္ပိုင္ေတာင္ ငါ့ကို ေမြးေန႕လက္ေဆာင္ တကူးတက ပို႔လိုက္ေသးတယ္... သူ႕မွာ စာေတြလုပ္ရလို႔ မအားတာေတာင္မွ ငါ့အတြက္ လက္ေဆာင္ပို႔ေပးလိုက္တယ္ကြ.. "
"..."
" အင္း ဟုတ္တယ္.. ဝက္ဝံ႐ုပ္ႀကီးက အႀကီးႀကီးပဲ .. ဖက္လို႔လဲေကာင္းတယ္ အိအိေလး..."
"..."
ထိုစကားေၾကာင့္ ေဟာပိုင္ မ်က္ႏွာေလးရဲသြား၏။ ဒီခ်ာတိတ္ေလးကေတာ့ေလ.. ဒီလိုေလွ်ာက္ႂကြားေနရလား...
" ရွိုးဝမ္.. အဲ့ဝက္ဝံ႐ုပ္ေလး မင္းၾကည့္ခ်င္လား"
တစ္ဖက္မွ က်န္းရွိုးဝမ္မွာ ထေပါက္ကြဲေလေတာ့သည္။
" မၾကည့္ဘူးကြာ.. ငါ့ကို ဖုန္းလာမေခၚနဲ႕.. ေခြးစာမစားခ်င္ဘူး.. ငါ့ကို သနားေပးလို႔မရဘူးလားကြာ..."
တိခ်ိဳးဟယ္က ဖုန္းခ်ကာ အိပ္ရာေပၚတက္၍ မီးပိတ္လိုက္သည္။ ထို႔ေနာက္ ဝက္ဝံ႐ုပ္ေလးကို ပြတ္သပ္ရင္း တိုးတိုးေလး ေျပာလိုက္သည္။
" ဟားဟား... က်န္းရွိုးဝမ္ႀကီး စိတ္ဆိုးသြားၿပီ.. night night ေနာ္ ေခြးေပါက္ေလး"
က်န္းရွိုးဝမ္၏ စိတ္ညစ္ေနေသာအသံကို မသဲမကြဲ ၾကားလိုက္ရေသာ ေဟာပိုင္မွာ ဆြံ႕အသြားရွာေလ၏။
... ခ်ာတိတ္တိေလး.. ခင္ဗ်ားကမွ အရွက္မရွိ သူမ်ားကို ေလွ်ာက္ႂကြားေနတဲ့ လူဆိုးေလး.. အရွက္ကေတာ့ တကယ္ကို မရွိတာပဲ...
......
End of part 238
Thank you all