Chapter 73 : အရှက်ကွဲခြင်း
ယဲ့ချင်းက ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ သူမသည် အမှားမလုပ်ထားဘဲ မှားယွင်းစွပ်စွဲခံရသူ ဖြစ်နေသကဲ့သို့ပင်။
"ကျွန်မတို့ မိသားစု စီးပွားပျက်သွားပြီဆိုတာ ကျွန်မရဲ့ အတန်းဖော်တွေက သေချာပေါက် သိသွားပြီ။ တကယ်လို့ ကျွန်မသာ ပြန်သွားပြီး တောင်းပန်လို့ သူတို့က ဘာမှမလုပ်ဘူးဆိုရင်တောင် ကျွန်မ ဒီဒုက္ခကို ခံနိုင်မှာ မဟုတ်ဘူး။ အနာဂတ်မှာ ကျွန်မ ကျောင်းခန်းမတွေကို ဖြတ်လျှောက်သွားရင် သူတို့က ကျွန်မကို သေချာပေါက် လက်ညိုးထိုးပြီး ကဲ့ရဲ့ကြလိမ့်မယ်။ ဆင်းရဲတဲ့မိသားစုက လာတဲ့သူတွေထက်ကို ကျွန်မက ပိုဆိုးသွားလိမ့်မယ်။ အမေ၊ ကျွန်မ အရှက်မကွဲချင်ဘူး။ ကျွန်မကို ပိုက်ဆံနည်းနည်းပေးပါ၊ အတတ်နိုင်ဆုံး ကျွန်မ အဝေးကို သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးလေ။ အကယ်လို့ အမေ သမီးကို လွမ်းတယ်ဆိုရင်လည်း သမီးကို တခြားကျောင်းကို ပြောင်းပေးလိုက်လို့လည်း ဖြစ်တာပဲ။ ဒီလောက်အကြွေးတွေ အများကြီးကို သမီးတို့က နောက်ဆုံးကျရင် တကယ်ရော ပြန်ဆပ်နိုင်မှာလား။ ထွက်ပြေးကြမလားဟင်။ ကျွန်မတို့ ထွက်ပြေးနိုင်သရွေ့ အကြွေးလည်း ပြန်ဆပ်စရာ မလိုတော့ဘူးလေ"
ယဲ့ချင်းက ငိုရင်း ပြောလိုက်သည်။
သူမ၏ မွေးနေ့ပွဲ ပျက်ဆီးသွားသည့် အကြောင်းကို တွေးလိုက်မိသည်နှင့် သူမသည် ကောင်းကင်ကြီးပြိုကျသွားသကဲ့သို့ ခံစားနေရ၏။ ဤအခြေအနေ ဖြစ်သွားသော ယန်ထျန်းထျန်းရောသာဆိုလျှင် အခြားကျောင်းသားများက သူမအား မည်သို့ ကြည့်ကြလိမ့်မည်နည်း။
အန်တီယဲ့သည် သူမ၏ သမီးရင်းဖြစ်သူအား မျက်ရည်အပြည့်ဖြင့် ကြည့်လိုက်ရင်း စိမ်းသက်သော ခံစားချက်တစ်ခုကို ခံစားနေရသည်။
အတိတ်တုန်းက သူမ၏ သမီးက ဒီလိုပဲလား။ အမြဲတစေ နူးညံ့သိမ်မွေ့၍ အသိဉာဏ်ရှိသော အိမ်၏ မင်းသမီးလေးသည် ဘယ်အချိန်ကပင် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပြောင်းသွားခဲ့သနည်း။
မကောင်းဆိုးဝါးတဲ့လား။ အန်တီယဲ့သည် အထိတ်တလန့် ဖြစ်သွား၏။ သူမ၏ သမီးအရင်းဖြစ်သူအား အဘယ်ကြောင့် ဤသို့တွေးမိသွားမှန်း သူမကိုယ်တိုင် မသိတော့ပေ။
အန်တီယဲ့၏ အမူအယာသည် တဖြည်းဖြည်း အေးစက်သွား၏။
"နင် ဘာလို့ ဒီလိုမျိုးပြောထွက်ရတာလဲ။ နင် ငယ်ငယ်တုန်းက ငါ နင့်ကို ဘယ်လိုသင်ပေးထားခဲ့တာလဲ။ နင် အမှားတစ်ခုလုပ်ထားရင် အဲဒါကို မှားကြောင်း ဝန်ခံဖို့လိုတယ်။ ငါတို့မှာ အကြွေးအများကြီး ရှိတော့ရော ဘာဖြစ်လဲ။ အမေက နင့်ကို အပြင်ထွက်ပြီး အကြွေးဆပ်ဖို့ ပိုက်ဆံရှာပါလို့ ဘယ်တုန်းကမှ မတိုက်တွန်းခဲ့ဖူးဘူး။ နင် ပညာဆက်သင်နေသရွေ့ အနာဂတ်မှာ တက္ကသိုလ်ကောင်းတစ်ခုမှာတက်ရပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုကို ရမယ်၊ အရာအားလုံး အဆင်ပြေသွားမယ်။ အကြွေးက နင်နဲ့ ဘာမှ မဆိုင်ဘူး"
"ဘာလို့ ကျွန်မနဲ့ ဘာမှမဆိုင်ရမှာလဲ"
ယဲ့ချင်းက အော်ဟစ်လိုက်သည်။
"အရင်တုန်းက လူတိုင်းက ကျွန်မကို အထင်ကြီးတဲ့အကြည့်တွေနဲ့ပဲ ကြည့်ခဲ့တာ။ အခုကျတော့ရော။ သူတို့က ကျွန်မကို သနားကြတော့မယ်။ ကျွန်မ ဒီလိုသနားတာမျိုးကို မုန်းတယ်။ အဲဒါက ရှက်စရာကောင်းတယ်"
အန်တီယဲ့၏ ခန္ဓာကိုယ်က တုန်ရီသွားပြီး ရုတ်တရက် အားအင်များ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် ဘာအတွက် အလုပ်ကြိုးစားနေခဲ့သနည်း။ သူမ၏ ခင်ပွန်းဖြစ်သူသည် အားမကိုးရပေ၊ သူသည် သတင်းဆိုးများကို ကြားသိပြီးနောက် လွယ်လွယ်ကူကူပင် အရုပ်ကြိုးပြတ်ဖြစ်သွားခဲ့သည်။ သူမ၏ သမီးဖြစ်သူကပင် ဤသို့ဖြစ်လာခဲ့ပြီ မဟုတ်လား။ ထို့ကြောင့် သူမ အလုပ်ကြိုးစားနေရသည့် အကြောင်းရင်းက ဘာများလဲ။
သူမ၏ ခန္ဓာကိုယ်သည် ပြိုလဲကျလုဆဲဆဲဖြစ်သည်။ ယဲ့ချင်းသည် စိတ်ရိုင်းဝင်နေသေးသည်ဖြစ်ရာ သူမ အမေဖြစ်သူ၏ အဝတ်အစားများအား ဆောင့်ဆွဲလိုက်၏။
"အမေ၊ ကျွန်မကို ပြောပါ။ ကျွန်မတို့ မိသားစုရဲ့ ပိုက်ဆံတွေ ဘယ်မှာဖွက်ထားတာလဲ။ အမေ ဘယ်နေရာမှာ ဖွက်ထားတာလဲလို့"
သူတို့သည် ယခင်က အလွန်ချမ်းသာခဲ့သည်၊ သူတို့တွင် ပိုက်ဆံလုံးဝ မရှိတော့သည်မှာ မဖြစ်နိုင်ချေ။ အခြားသူများ သိသွားမည်ကို စိုးရိမ်သဖြင့် တစ်နေရာရာတွင် ဖွက်ထားသည်မှာ ကျိန်းသေ၏။
အန်တီယဲ့သည် မူးနောက်နောက် ခံစားလိုက်ရပြီး သူမ၏ အမြင်အာရုံက ကျဥ်းမြောင်းသွားသည်။ သူမသမီး၏ အမူအရာက သူမအား ထိတ်လန့်ကြောက်ရွံ့စေ၏။
သူမ လဲကျသွားချိန်တွင် ကျင်းယွင်ကျောင်းက အလိုက်သင့် လှမ်းထိန်းလိုက်နိုင်ပြီး သူမအား တွဲထားပေးလိုက်သည်။
"ကျင်းယွင်ကျောင်း၊ နင်က ဘာလို့ ဒီရောက်နေတာလဲ။ နင့်ကို ဘယ်သူက လာဖို့ ပြောလို့လဲ"
ယဲ့ချင်းသည် ကျင်းယွင်ကျောင်းအား မြင်မြင်ချင်း သူမအမေ၏ အခြေအနေကို သတိမပြုမိရုံသာမက သူမသည် ပို၍ပင် စိတ်အားပြင်းပြလာခဲ့၏။
နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် အန်တီယဲ့ကဲ့သို့ သန်မာသောသူတစ်ယောက်က အဘယ်ကြောင့် သူမ၏ အတိတ်ဘဝတွင် သတ်သေရန် ဖိအားပေးခံခဲ့ရသနည်း ဆိုသည်အား နားလည်သွားခဲ့သည်။ ယဲ့ချင်းသည် တစ်နေ့ပြီးတစ်နေ့ နူးညံ့သိမ်မွေ့၍ စဥ်းစားဉာဏ်ရှိသယောင် ဟန်ဆောင်နေခဲ့သော်လည်း လက်တွေ့တွင်တော့ သူမသည် သူမအဖေ၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော စိတ်သဘောကို အမွေရထားခဲ့လေ၏။ အထူးသဖြင့် နှစ်ပေါင်းများစွာ အလိုလိုက်အကြိုက်ဆောင်ခံလာရပြီးသည့်နောက်တွင် သူမသည် ပို၍ တစ်ကိုယ်ကောင်းဆန်လာပြီး ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်လာသည်။
"နင့်ဟာနင် အိမ်က ထွက်ပြေးပြေး၊ မပြေးပြေး ငါနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် နင် အန်တီယဲ့ကိုတော့ ဒီလိုဆက်ဆံလို့ မရဘူး"
ကျင်းယွင်ကျောင်းက အေးစက်စွာ တုံ့ပြန်လာ၏။
"နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလို့လဲ"
"အများကြီးတော့ မဟုတ်ပါဘူး။ သူက ငါ့ဆီကနေ ပိုက်ဆံချေးထားတုန်း ရှိသေးတယ်လေ။ ငါ့ကို အကြွေးပေးစရာရှိတဲ့သူဖြစ်နေတော့ သူ အခြားတစ်ယောက်ရဲ့ညှင်းပန်းမှုကြောင့် ထိခိုက်အနာတရမဖြစ်သွားစေဖို့ လိုအပ်တယ်။ အကြွေး ပြန်မဆပ်နိုင်ဘဲ ဖြစ်သွားမှာ စိုးလို့လေ။ ဒါက ပြဿနာရှိလို့လား"
စင်စစ် ပြဿနာသည် အမေနှင့် သမီး၏ ကြားတွင်သာ ဖြစ်သည်။ ထို့ကြောင့် သူမက ကြားဝင်စွက်ဖက်၍ မကောင်းလေရာ ဖြေရှင်းချက်တစ်ခုကို အလွယ်ပင် ပေးလိုက်၏။
အကြွေးဟု ခေါင်းစဥ်တပ်လိုက်သော်လည်း လက်တွေ့တွင် အန်တီယဲ့ သူမအား ပေးစရာရှိသည်မှာ ယွမ်တစ်ထောင်ဝန်းကျင်သာ ဖြစ်သည်။
သူမသည် ထိုငွေပမာဏကို အရေးတကြီး လိုအပ်မနေချေ။
သို့ရာတွင် ယဲ့ချင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခိုက် သူမ၏ မျက်နှာက ဖြူဖျော့သွား၏။ သူမ၏ မိသားစုသည် အကြွေးများစွာရှိနေပြီးဖြစ်သော်လည်း ကျင်းယွင်ကျောင်းသည် ထိုအကြွေးရှင်များထဲမှ တစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားခဲ့ပေ။
Zawgyi
Chapter 73 : အရွက္ကြဲျခင္း
ယဲ့ခ်င္းက ရွိုက္ႀကီးတငင္ ငိုေႂကြးေနသည္။ သူမသည္ အမွားမလုပ္ထားဘဲ မွားယြင္းစြပ္စြဲခံရသူ ျဖစ္ေနသကဲ့သို႔ပင္။
"ကြၽန္မတို႔ မိသားစု စီးပြားပ်က္သြားၿပီဆိုတာ ကြၽန္မရဲ႕ အတန္းေဖာ္ေတြက ေသခ်ာေပါက္ သိသြားၿပီ။ တကယ္လို႔ ကြၽန္မသာ ျပန္သြားၿပီး ေတာင္းပန္လို႔ သူတို႔က ဘာမွမလုပ္ဘူးဆိုရင္ေတာင္ ကြၽန္မ ဒီဒုကၡကို ခံနိုင္မွာ မဟုတ္ဘူး။ အနာဂတ္မွာ ကြၽန္မ ေက်ာင္းခန္းမေတြကို ျဖတ္ေလွ်ာက္သြားရင္ သူတို႔က ကြၽန္မကို ေသခ်ာေပါက္ လက္ညိုးထိုးၿပီး ကဲ့ရဲ႕ၾကလိမ့္မယ္။ ဆင္းရဲတဲ့မိသားစုက လာတဲ့သူေတြထက္ကို ကြၽန္မက ပိုဆိုးသြားလိမ့္မယ္။ အေမ၊ ကြၽန္မ အရွက္မကြဲခ်င္ဘူး။ ကြၽန္မကို ပိုက္ဆံနည္းနည္းေပးပါ၊ အတတ္နိုင္ဆုံး ကြၽန္မ အေဝးကို သြားၿပီး ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူးေလ။ အကယ္လို႔ အေမ သမီးကို လြမ္းတယ္ဆိုရင္လည္း သမီးကို တျခားေက်ာင္းကို ေျပာင္းေပးလိုက္လို႔လည္း ျဖစ္တာပဲ။ ဒီေလာက္အေႂကြးေတြ အမ်ားႀကီးကို သမီးတို႔က ေနာက္ဆုံးက်ရင္ တကယ္ေရာ ျပန္ဆပ္နိုင္မွာလား။ ထြက္ေျပးၾကမလားဟင္။ ကြၽန္မတို႔ ထြက္ေျပးနိုင္သေ႐ြ႕ အေႂကြးလည္း ျပန္ဆပ္စရာ မလိုေတာ့ဘူးေလ"
ယဲ့ခ်င္းက ငိုရင္း ေျပာလိုက္သည္။
သူမ၏ ေမြးေန႕ပြဲ ပ်က္ဆီးသြားသည့္ အေၾကာင္းကို ေတြးလိုက္မိသည္ႏွင့္ သူမသည္ ေကာင္းကင္ႀကီးၿပိဳက်သြားသကဲ့သို႔ ခံစားေနရ၏။ ဤအေျခအေန ျဖစ္သြားေသာ ယန္ထ်န္းထ်န္းေရာသာဆိုလွ်င္ အျခားေက်ာင္းသားမ်ားက သူမအား မည္သို႔ ၾကည့္ၾကလိမ့္မည္နည္း။
အန္တီယဲ့သည္ သူမ၏ သမီးရင္းျဖစ္သူအား မ်က္ရည္အျပည့္ျဖင့္ ၾကည့္လိုက္ရင္း စိမ္းသက္ေသာ ခံစားခ်က္တစ္ခုကို ခံစားေနရသည္။
အတိတ္တုန္းက သူမ၏ သမီးက ဒီလိုပဲလား။ အၿမဲတေစ ႏူးညံ့သိမ္ေမြ႕၍ အသိဉာဏ္ရွိေသာ အိမ္၏ မင္းသမီးေလးသည္ ဘယ္အခ်ိန္ကပင္ မေကာင္းဆိုးဝါးတစ္ေကာင္ကဲ့သို႔ ေျပာင္းသြားခဲ့သနည္း။
မေကာင္းဆိုးဝါးတဲ့လား။ အန္တီယဲ့သည္ အထိတ္တလန့္ ျဖစ္သြား၏။ သူမ၏ သမီးအရင္းျဖစ္သူအား အဘယ္ေၾကာင့္ ဤသို႔ေတြးမိသြားမွန္း သူမကိုယ္တိုင္ မသိေတာ့ေပ။
အန္တီယဲ့၏ အမူအယာသည္ တျဖည္းျဖည္း ေအးစက္သြား၏။
"နင္ ဘာလို႔ ဒီလိုမ်ိဳးေျပာထြက္ရတာလဲ။ နင္ ငယ္ငယ္တုန္းက ငါ နင့္ကို ဘယ္လိုသင္ေပးထားခဲ့တာလဲ။ နင္ အမွားတစ္ခုလုပ္ထားရင္ အဲဒါကို မွားေၾကာင္း ဝန္ခံဖို႔လိုတယ္။ ငါတို႔မွာ အေႂကြးအမ်ားႀကီး ရွိေတာ့ေရာ ဘာျဖစ္လဲ။ အေမက နင့္ကို အျပင္ထြက္ၿပီး အေႂကြးဆပ္ဖို႔ ပိုက္ဆံရွာပါလို႔ ဘယ္တုန္းကမွ မတိုက္တြန္းခဲ့ဖူးဘူး။ နင္ ပညာဆက္သင္ေနသေ႐ြ႕ အနာဂတ္မွာ တကၠသိုလ္ေကာင္းတစ္ခုမွာတက္ရၿပီး ေပ်ာ္႐ႊင္တဲ့ဘဝတစ္ခုကို ရမယ္၊ အရာအားလုံး အဆင္ေျပသြားမယ္။ အေႂကြးက နင္နဲ႕ ဘာမွ မဆိုင္ဘူး"
"ဘာလို႔ ကြၽန္မနဲ႕ ဘာမွမဆိုင္ရမွာလဲ"
ယဲ့ခ်င္းက ေအာ္ဟစ္လိုက္သည္။
"အရင္တုန္းက လူတိုင္းက ကြၽန္မကို အထင္ႀကီးတဲ့အၾကည့္ေတြနဲ႕ပဲ ၾကည့္ခဲ့တာ။ အခုက်ေတာ့ေရာ။ သူတို႔က ကြၽန္မကို သနားၾကေတာ့မယ္။ ကြၽန္မ ဒီလိုသနားတာမ်ိဳးကို မုန္းတယ္။ အဲဒါက ရွက္စရာေကာင္းတယ္"
အန္တီယဲ့၏ ခႏၶာကိုယ္က တုန္ရီသြားၿပီး ႐ုတ္တရက္ အားအင္မ်ား ထိုးက်သြားသကဲ့သို႔ ခံစားလိုက္ရသည္။
သူမသည္ ဘာအတြက္ အလုပ္ႀကိဳးစားေနခဲ့သနည္း။ သူမ၏ ခင္ပြန္းျဖစ္သူသည္ အားမကိုးရေပ၊ သူသည္ သတင္းဆိုးမ်ားကို ၾကားသိၿပီးေနာက္ လြယ္လြယ္ကူကူပင္ အ႐ုပ္ႀကိဳးျပတ္ျဖစ္သြားခဲ့သည္။ သူမ၏ သမီးျဖစ္သူကပင္ ဤသို႔ျဖစ္လာခဲ့ၿပီ မဟုတ္လား။ ထို႔ေၾကာင့္ သူမ အလုပ္ႀကိဳးစားေနရသည့္ အေၾကာင္းရင္းက ဘာမ်ားလဲ။
သူမ၏ ခႏၶာကိုယ္သည္ ၿပိဳလဲက်လဳဆဲဆဲျဖစ္သည္။ ယဲ့ခ်င္းသည္ စိတ္ရိုင္းဝင္ေနေသးသည္ျဖစ္ရာ သူမ အေမျဖစ္သူ၏ အဝတ္အစားမ်ားအား ေဆာင့္ဆြဲလိုက္၏။
"အေမ၊ ကြၽန္မကို ေျပာပါ။ ကြၽန္မတို႔ မိသားစုရဲ႕ ပိုက္ဆံေတြ ဘယ္မွာဖြက္ထားတာလဲ။ အေမ ဘယ္ေနရာမွာ ဖြက္ထားတာလဲလို႔"
သူတို႔သည္ ယခင္က အလြန္ခ်မ္းသာခဲ့သည္၊ သူတို႔တြင္ ပိုက္ဆံလုံးဝ မရွိေတာ့သည္မွာ မျဖစ္နိုင္ေခ်။ အျခားသူမ်ား သိသြားမည္ကို စိုးရိမ္သျဖင့္ တစ္ေနရာရာတြင္ ဖြက္ထားသည္မွာ က်ိန္းေသ၏။
အန္တီယဲ့သည္ မူးေနာက္ေနာက္ ခံစားလိုက္ရၿပီး သူမ၏ အျမင္အာ႐ုံက က်ဥ္းေျမာင္းသြားသည္။ သူမသမီး၏ အမူအရာက သူမအား ထိတ္လန့္ေၾကာက္႐ြံ႕ေစ၏။
သူမ လဲက်သြားခ်ိန္တြင္ က်င္းယြင္ေက်ာင္းက အလိုက္သင့္ လွမ္းထိန္းလိုက္နိုင္ၿပီး သူမအား တြဲထားေပးလိုက္သည္။
"က်င္းယြင္ေက်ာင္း၊ နင္က ဘာလို႔ ဒီေရာက္ေနတာလဲ။ နင့္ကို ဘယ္သူက လာဖို႔ ေျပာလို႔လဲ"
ယဲ့ခ်င္းသည္ က်င္းယြင္ေက်ာင္းအား ျမင္ျမင္ခ်င္း သူမအေမ၏ အေျခအေနကို သတိမျပဳမိ႐ုံသာမက သူမသည္ ပို၍ပင္ စိတ္အားျပင္းျပလာခဲ့၏။
ေနာက္ဆုံး၌ က်င္းယြင္ေက်ာင္းသည္ အန္တီယဲ့ကဲ့သို႔ သန္မာေသာသူတစ္ေယာက္က အဘယ္ေၾကာင့္ သူမ၏ အတိတ္ဘဝတြင္ သတ္ေသရန္ ဖိအားေပးခံခဲ့ရသနည္း ဆိုသည္အား နားလည္သြားခဲ့သည္။ ယဲ့ခ်င္းသည္ တစ္ေန႕ၿပီးတစ္ေန႕ ႏူးညံ့သိမ္ေမြ႕၍ စဥ္းစားဉာဏ္ရွိသေယာင္ ဟန္ေဆာင္ေနခဲ့ေသာ္လည္း လက္ေတြ႕တြင္ေတာ့ သူမသည္ သူမအေဖ၏ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းေသာ စိတ္သေဘာကို အေမြရထားခဲ့ေလ၏။ အထူးသျဖင့္ ႏွစ္ေပါင္းမ်ားစြာ အလိုလိုက္အႀကိဳက္ေဆာင္ခံလာရၿပီးသည့္ေနာက္တြင္ သူမသည္ ပို၍ တစ္ကိုယ္ေကာင္းဆန္လာၿပီး ကိုယ့္အတြက္ကိုယ္ပဲ ၾကည့္တတ္လာသည္။
"နင့္ဟာနင္ အိမ္က ထြက္ေျပးေျပး၊ မေျပးေျပး ငါနဲ႕ ဘာမွမဆိုင္ဘူး။ ဒါေပမယ့္ နင္ အန္တီယဲ့ကိုေတာ့ ဒီလိုဆက္ဆံလို႔ မရဘူး"
က်င္းယြင္ေက်ာင္းက ေအးစက္စြာ တုံ႕ျပန္လာ၏။
"နင့္ကိုယ္နင္ ဘယ္သူလို႔ ထင္ေနလို႔လဲ"
"အမ်ားႀကီးေတာ့ မဟုတ္ပါဘူး။ သူက ငါ့ဆီကေန ပိုက္ဆံေခ်းထားတုန္း ရွိေသးတယ္ေလ။ ငါ့ကို အေႂကြးေပးစရာရွိတဲ့သူျဖစ္ေနေတာ့ သူ အျခားတစ္ေယာက္ရဲ႕ညွင္းပန္းမႈေၾကာင့္ ထိခိုက္အနာတရမျဖစ္သြားေစဖို႔ လိုအပ္တယ္။ အေႂကြး ျပန္မဆပ္နိုင္ဘဲ ျဖစ္သြားမွာ စိုးလို႔ေလ။ ဒါက ျပႆနာရွိလို႔လား"
စင္စစ္ ျပႆနာသည္ အေမႏွင့္ သမီး၏ ၾကားတြင္သာ ျဖစ္သည္။ ထို႔ေၾကာင့္ သူမက ၾကားဝင္စြက္ဖက္၍ မေကာင္းေလရာ ေျဖရွင္းခ်က္တစ္ခုကို အလြယ္ပင္ ေပးလိုက္၏။
အေႂကြးဟု ေခါင္းစဥ္တပ္လိုက္ေသာ္လည္း လက္ေတြ႕တြင္ အန္တီယဲ့ သူမအား ေပးစရာရွိသည္မွာ ယြမ္တစ္ေထာင္ဝန္းက်င္သာ ျဖစ္သည္။
သူမသည္ ထိုေငြပမာဏကို အေရးတႀကီး လိုအပ္မေနေခ်။
သို႔ရာတြင္ ယဲ့ခ်င္းသည္ ထိုစကားကို ၾကားလိုက္ရသည့္အခိုက္ သူမ၏ မ်က္ႏွာက ျဖဴေဖ်ာ့သြား၏။ သူမ၏ မိသားစုသည္ အေႂကြးမ်ားစြာရွိေနၿပီးျဖစ္ေသာ္လည္း က်င္းယြင္ေက်ာင္းသည္ ထိုအေႂကြးရွင္မ်ားထဲမွ တစ္ေယာက္ျဖစ္ေနလိမ့္မည္ဟု သူမ တစ္ခါမွ ထင္မထားခဲ့ေပ။