Chapter 69 : လူရှုပ်လူပွေမျက်နှာ
ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများက လျင်မြန်လှသည်။ အခြားကျောင်းသားများအဖို့ တုံ့ပြန်ဖို့ရန်ပင် အချိန်မရှိလိုက်ဘဲ ကျန်ရှကမူ သူ၏ ဗိုက်ကိုကာ၍ ကိုယ်ကိုကျုံ့ထားပြီး နာကျင်စွာ ညည်းညူနေ၏။
ကျင်းယွင်ကျောင်း၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။ ထိုလက်သီးချက်ပြီးနောက် သူမသည် ခြေဖဝါးကို မြှောက်လိုက်ပြီး ကျန်ရှ၏ နောက်ကျောကို ဆောင့်ကန်လိုက်၏။ ကျန်ရှသည် မြေပေါ်သို့ ချက်ချင်း လဲကျသွားသည်။ ကျင်းယွင်ကျောင်း၏ ခြေဖဝါးအောက်မှ တွားသွားရန် ကြိုးစားနေစဥ်အတွင်း သူသည် ကြောက်ရွံ့တုန်ယင်နေပုံပင်။ ကျန်ရှသည် သူ စိတ်ကစဥ့်ကလျားဖြစ်နေသောအခိုက်၌ မြေပေါ်တွင် အကြိမ်အနည်းငယ်မျှ လှိမ့်နေ၏။ သူ၏ မျက်လုံးများက ပေါက်ထွက်လုမတတ် ပြူးကျယ်နေသည်။
"ကျင်းယွင်ကျောင်း နင် ရူးသွားပြီလား"
ကျန်ရှက နာကျင်မှုကြောင့် ရှုံ့မဲ့နေရင်းမှ ကြိမ်းဝါးလိုက်၏။
"ငါ နင့်ကို အချိန်အကြာကြီး သည်းခံလာခဲ့ပြီးပြီ ကျန်ရှ။ ဒီနေ့တော့ ငါ့ရဲ့သည်းခံမှုက အတိုင်းအတာရှိတယ်ဆိုတာ ပြောပြရတော့မယ်"
ကျင်းယွင်ကျောင်း၏ မျက်လုံးများက စူးရဲနေသည်။ သူမသည် သူ့ဆီသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး ညာဘက် ဝမ်းဗိုက်ကို ကန်လိုက်၏။
ပတ်ဝန်းကျင်ရှိ ကျောင်းသားများအားလုံး ကြောင်အ,နေကြသည်။
ကျင်းယွင်ကျောင်း၏ အတိုက်အခိုက်စွမ်းရည်နှင့် ဆိုင်သည့် ဂုဏ်သတင်းမှာ အတော်လေး ကောင်းမွန်၏။ ယခင်က လုကျားခေါ်လာသော ဝမ်းကွဲသုံးယောက်ပင် သူမအား အနိုင်မယူနိုင်ဟု သူတို့ကြားဖူးထားသည်။
သူမ၏ ဤကဲ့သို့စွမ်းရည်များနှင့်ဆိုလျှင် မည်သူကများ ယှဥ်ရဲမည်နည်း။
အထူးသဖြင့် ကျင်းယွင်ကျောင်း၌ သူမနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆွမ်းကြီးလောင်းပေးမည့် ရှောင်ဟိုင်ချင်းလည်း ရှိသည်။ ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း လုပ်နေသည်အား မြင်သောအခါ သူမလည်း ထိန်းမထားနိုင်တော့ဘဲ ရှေ့သို့တိုးသွား၍ ကျန်ရှ၏ ခြေဖဝါးနှစ်ဖက်အား ကိုင်မြှောက်လိုက်၏။ သူမ၏ အင်အားမှာ အတော်လေး ကြောက်စရာကောင်းသည်။
"သူ့ကို အန်ထွက်အောင် ဒီလိုလုပ်သင့်တာဟ"
ရှောင်ဟိုင်ချင်းက ခပ်ကြမ်းကြမ်း ရယ်မောလိုက်သည်။ သူမသည် အလွန်အမင်း ပျော်ရွှင်နေ၏။
သူတို့နှစ်ယောက်၏ စွမ်းရည်များ ပေါင်းစပ်လိုက်သောအခါ ကျန်ရှသည် လူးလိမ့်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အူထဲတွင်ရှိသော စားထားသမျှ ပြန်အန်ထွက်လာတော့သည်။ သူ၏ ဘေးရှိသူများသည် ရွံရှာစွာဖြင့် နောက်ဆုတ်သွားကြ၏။
ကျင်းယွင်ကျောင်းက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်လိုက်သည်။ သူမ၏ အမူအယာသည် ဤမတိုင်မီက ဘာမှဖြစ်မသွားသကဲ့သို့ ပြန်လည် တည်ငြိမ်သွား၏။
သူမ၏ ဘေးရှိ လီရှောက်ယွင်သည် အံ့သြဆွံ့အ, နေသည်။ သူက သူ၏ ပြောင်လက်နေသော ရှုးဖိနပ်များကို ရှပ်တိုက်လှမ်းလိုက်ပြီး ကျင်းယွင်ကျောင်းအား အထင်ကြီးလေးစားစွာကြည့်၍ လက်မထောင်ပြလိုက်၏။
"မင်းရဲ့အစွမ်းက မဆိုးဘူးပဲ။ ဘယ်သူဆီကနေ သင်ခဲ့တာလဲ"
လီရှောက်ယွင်က အနားတိုးလာပြီး သိချင်စွာဖြင့် မေးလာသည်။
(T/N : အစွမ်းဆိုတာ ကွန်ဖူးစွမ်းရည်၊ အတိုက်အခိုက်စွမ်းရည်ကို ပြောချင်တာပါ။)
ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမ၏ အပေါ်တွင် တင်နေသော ဖုန်မှုန့်များကို ခါချရင်း ပြောလိုက်သည်။
"ဒါက အရမ်းရွံစရာကောင်းတာတစ်ခုကို မြင်လိုက်ရလို့ ဖြစ်လာတဲ့ အလိုအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ၊ များများစားစား မဟုတ်ပါဘူး"
လီရှောက်ယွင်က နှုတ်ခမ်းစေ့လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။ သူတို့၏ ဘေးရှိ မိန်းကလေးများသည် ချက်ချင်း ရှက်သွေးဖြာသွားကြသော်လည်း သူက သတိမပြုမိပေ။ သူက ဆွဲဆောင်မှုရှိရှိ ဆက်ပြုံးနေရင်း ...
"ဒီနေ့ မင်း တုံ့ပြန်တာမြန်ခဲ့လို့ ဒီမိန်းကလေးကိုရော ကိုယ်တို့ရဲ့ ရှန်းဟိုင်စားသောက်ဆိုင်ကိုလည်း ဒုက္ခတွေအများကြီးကနေ ကယ်တင်ခဲ့တာပဲ။ ကိုယ့်ရဲ့ကျေးဇူးတင်မှုကို ဖော်ပြဖို့ ကိုယ် မင်းကို ထမင်းတစ်နပ်လောက် ဧည့်ခံရင်ရော ဘယ်လိုလဲ"
ကျင်းယွင်ကျောင်း၏ မျက်ခုံးများက ကွေးသွားပြီး ...
"မလိုပါဘူး"
ဤလီရှောက်ယွင်၏ လူရှုပ်လူပွေမျက်နှာကို ကြည့်ရသည်မှာ သူနှင့် အရမ်းမရင်းနှီးသွားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
အထူးသဖြင့် ယခုအချိန်တွင် ဤနေရာ၌ရှိသော မိန်းကလေးများ၏မျက်လုံးများက လုံးဝ မှင်သက်နေကြ၏။ အသက်မပြည့်သေးသူများကို ဆွဲဆောင်ခြင်းက ရာဇဝတ်မှုမြောက်သည် မဟုတ်လား။
လီရှောက်ယွင်၏ မျက်လုံးများက မည်းမှောင်သွား၏။ ကျင်းယွင်ကျောင်းအား လေ့လာစမ်းစစ်ရင်း ဤမိန်းကလေးသည် အခြားမိန်းကလေးများနှင့် ကွာခြားသည်ဟု သူ ဆက်၍ ခံစားနေရသည်။ သို့မဟုတ် သူမတွင် အတွေ့အကြုံရှိ၍ ရင့်ကျက်သော ခံစားမှုရှိသည်ဟု ပြောနိုင်၏။ ထပ်မံ၍လည်း သူမ၏ အတိုက်အခိုက် စွမ်းရည်များကြောင့် သူမသည် သာမန် ကိုယ်ခံပညာ လေ့ကျင့်နေသူနှင့် မတူပေ။ သူမသည် သူ့အား သူမအကြောင်းကို မစုံစမ်းဘဲ မနေနိုင်အောင် ခံစားရစေသည်။
သို့သော် ကျင်းယွင်ကျောင်း၏ ငြင်းဆန်မှုကြောင့် လီရှောက်ယွင်သည် အသိစိတ်ပြန်ကပ်သွား၏။
သူသည် သူ့ကိုယ်သူပင် မယုံနိုင်အောင် ဖြစ်နေသည်။ သူ၏ အဆင့်အတန်းအရ သူသည် သူများနှင့်မတူ တမူထူးခြားသော လူများစွာကို မြင်ဖူး၏။ သူ၏ ရှေ့တွင်ရှိသော မိန်းကလေးသည် ပြည့်ပြည့်ဝဝ မရင့်ကျက်သေးသည့် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်ခန့်သာ ရှိသည်။ သိချင်စရာ အကြောင်းအရာ ဘာတစ်ခုမှ မရှိ၊ ဟုတ်တယ်မလား။
သူသည် ချက်ချင်းပင် သူ၏ ရည်ရွယ်ချက်ကို အဆုံးသတ်လိုက်သည်။
ထိုအခိုက်၌ ကျန်ရှသည် အန်ပြီးသွား၍ ဖြစ်နိုင်သည်။ ကျင်းယွင်ကျောင်းအား မုန်းတီးစွာ စိုက်ကြည့်နေပြီး မတ်တပ်ထရပ်ရန် ကြိုးစားနေ၏။
"အတန်းခေါင်းဆောင်၊ နင် စားထားသမျှ အန်ထုတ်လိုက်ပြီးဆိုတော့ ပိုက်ဆံကိစ္စလည်း ပြီးသွားပြီနော်။ ဟုတ်သားပဲ၊ နင် နေလို့မကောင်းဘူးလို့ ခံစားနေရရင် ဆေးရုံက နင့်ရဲ့နောက်မှာ ရှိတယ်။ ဒါပေမယ့် နင့်ရဲ့မျက်နှာ အရောင်အဆင်းကို ကြည့်ရတာ သိပ်မပြင်းထန်တဲ့ပုံပါပဲ။ တကယ်လို့ နင် မတရားဘူးထင်လို့ ငါ့ကို တိုင်မယ်ဆိုရင်လည်း ငါ လျော်ကြေးပေးဖို့ စိတ်မရှိဘူးနော်။ ဒါပေမယ့် ညဘက်ဆို လမ်းတွေက မှောင်ပြီး အန္တရာယ်များတော့ ဂရုစိုက်ဦးပေါ့။ နင် လူဆိုးတွေနဲ့ တွေ့နိုင်တယ်လေ...ပြီးတော့ အဲဒါက ကြောက်ဖို့ကောင်းတယ်"
ကျင်းယွင်ကျောင်းက အကြောက်အလန့်မရှိ ပြောလိုက်သည်။
Zawgyi
Chapter 69 : လူရႈပ္လူေပြမ်က္ႏွာ
က်င္းယြင္ေက်ာင္း၏ လႈပ္ရွားမႈမ်ားက လ်င္ျမန္လွသည္။ အျခားေက်ာင္းသားမ်ားအဖို႔ တုံ႕ျပန္ဖို႔ရန္ပင္ အခ်ိန္မရွိလိုက္ဘဲ က်န္ရွကမူ သူ၏ ဗိုက္ကိုကာ၍ ကိုယ္ကိုက်ဳံ႕ထားၿပီး နာက်င္စြာ ညည္းၫူေန၏။
က်င္းယြင္ေက်ာင္း၏ မ်က္ႏွာသည္ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ ေအးစက္ေနသည္။ ထိုလက္သီးခ်က္ၿပီးေနာက္ သူမသည္ ေျခဖဝါးကို ျမႇောက္လိုက္ၿပီး က်န္ရွ၏ ေနာက္ေက်ာကို ေဆာင့္ကန္လိုက္၏။ က်န္ရွသည္ ေျမေပၚသို႔ ခ်က္ခ်င္း လဲက်သြားသည္။ က်င္းယြင္ေက်ာင္း၏ ေျခဖဝါးေအာက္မွ တြားသြားရန္ ႀကိဳးစားေနစဥ္အတြင္း သူသည္ ေၾကာက္႐ြံ႕တုန္ယင္ေနပုံပင္။ က်န္ရွသည္ သူ စိတ္ကစဥ့္ကလ်ားျဖစ္ေနေသာအခိုက္၌ ေျမေပၚတြင္ အႀကိမ္အနည္းငယ္မွ် လွိမ့္ေန၏။ သူ၏ မ်က္လုံးမ်ားက ေပါက္ထြက္လုမတတ္ ျပဴးက်ယ္ေနသည္။
"က်င္းယြင္ေက်ာင္း နင္ ႐ူးသြားၿပီလား"
က်န္ရွက နာက်င္မႈေၾကာင့္ ရႈံ႕မဲ့ေနရင္းမွ ႀကိမ္းဝါးလိုက္၏။
"ငါ နင့္ကို အခ်ိန္အၾကာႀကီး သည္းခံလာခဲ့ၿပီးၿပီ က်န္ရွ။ ဒီေန႕ေတာ့ ငါ့ရဲ႕သည္းခံမႈက အတိုင္းအတာရွိတယ္ဆိုတာ ေျပာျပရေတာ့မယ္"
က်င္းယြင္ေက်ာင္း၏ မ်က္လုံးမ်ားက စူးရဲေနသည္။ သူမသည္ သူ႕ဆီသို႔ ေျခလွမ္းအနည္းငယ္ ေလွ်ာက္သြားလိုက္ၿပီး ညာဘက္ ဝမ္းဗိုက္ကို ကန္လိုက္၏။
ပတ္ဝန္းက်င္ရွိ ေက်ာင္းသားမ်ားအားလုံး ေၾကာင္အ,ေနၾကသည္။
က်င္းယြင္ေက်ာင္း၏ အတိုက္အခိုက္စြမ္းရည္ႏွင့္ ဆိုင္သည့္ ဂုဏ္သတင္းမွာ အေတာ္ေလး ေကာင္းမြန္၏။ ယခင္က လုက်ားေခၚလာေသာ ဝမ္းကြဲသုံးေယာက္ပင္ သူမအား အနိုင္မယူနိုင္ဟု သူတို႔ၾကားဖူးထားသည္။
သူမ၏ ဤကဲ့သို႔စြမ္းရည္မ်ားႏွင့္ဆိုလွ်င္ မည္သူကမ်ား ယွဥ္ရဲမည္နည္း။
အထူးသျဖင့္ က်င္းယြင္ေက်ာင္း၌ သူမႏွင့္အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ပါဝင္ ဆြမ္းႀကီးေလာင္းေပးမည့္ ေရွာင္ဟိုင္ခ်င္းလည္း ရွိသည္။ ေရွာင္ဟိုင္ခ်င္းသည္ က်င္းယြင္ေက်ာင္း လုပ္ေနသည္အား ျမင္ေသာအခါ သူမလည္း ထိန္းမထားနိုင္ေတာ့ဘဲ ေရွ႕သို႔တိုးသြား၍ က်န္ရွ၏ ေျခဖဝါးႏွစ္ဖက္အား ကိုင္ျမႇောက္လိုက္၏။ သူမ၏ အင္အားမွာ အေတာ္ေလး ေၾကာက္စရာေကာင္းသည္။
"သူ႕ကို အန္ထြက္ေအာင္ ဒီလိုလုပ္သင့္တာဟ"
ေရွာင္ဟိုင္ခ်င္းက ခပ္ၾကမ္းၾကမ္း ရယ္ေမာလိုက္သည္။ သူမသည္ အလြန္အမင္း ေပ်ာ္႐ႊင္ေန၏။
သူတို႔ႏွစ္ေယာက္၏ စြမ္းရည္မ်ား ေပါင္းစပ္လိုက္ေသာအခါ က်န္ရွသည္ လူးလိမ့္သြားၿပီး စကၠန့္ပိုင္းအတြင္းမွာပင္ အူထဲတြင္ရွိေသာ စားထားသမွ် ျပန္အန္ထြက္လာေတာ့သည္။ သူ၏ ေဘးရွိသူမ်ားသည္ ႐ြံရွာစြာျဖင့္ ေနာက္ဆုတ္သြားၾက၏။
က်င္းယြင္ေက်ာင္းက အသက္ျပင္းျပင္း ရႈသြင္းလိုက္ၿပီး သူမ၏ အဝတ္အစားမ်ားကို သပ္ရပ္ေအာင္ ျပဳျပင္လိုက္သည္။ သူမ၏ အမူအယာသည္ ဤမတိုင္မီက ဘာမွျဖစ္မသြားသကဲ့သို႔ ျပန္လည္ တည္ၿငိမ္သြား၏။
သူမ၏ ေဘးရွိ လီေရွာက္ယြင္သည္ အံ့ၾသဆြံ႕အ, ေနသည္။ သူက သူ၏ ေျပာင္လက္ေနေသာ ရႈးဖိနပ္မ်ားကို ရွပ္တိုက္လွမ္းလိုက္ၿပီး က်င္းယြင္ေက်ာင္းအား အထင္ႀကီးေလးစားစြာၾကည့္၍ လက္မေထာင္ျပလိုက္၏။
"မင္းရဲ႕အစြမ္းက မဆိုးဘူးပဲ။ ဘယ္သူဆီကေန သင္ခဲ့တာလဲ"
လီေရွာက္ယြင္က အနားတိုးလာၿပီး သိခ်င္စြာျဖင့္ ေမးလာသည္။
(T/N : အစြမ္းဆိုတာ ကြန္ဖူးစြမ္းရည္၊ အတိုက္အခိုက္စြမ္းရည္ကို ေျပာခ်င္တာပါ။)
က်င္းယြင္ေက်ာင္းက သူ႕အား တစ္ခ်က္ၾကည့္လိုက္၏။ ထို႔ေနာက္ သူမ၏ အေပၚတြင္ တင္ေနေသာ ဖုန္မႈန့္မ်ားကို ခါခ်ရင္း ေျပာလိုက္သည္။
"ဒါက အရမ္း႐ြံစရာေကာင္းတာတစ္ခုကို ျမင္လိုက္ရလို႔ ျဖစ္လာတဲ့ အလိုအေလ်ာက္တုံ႕ျပန္မႈတစ္ခုပါပဲ၊ မ်ားမ်ားစားစား မဟုတ္ပါဘူး"
လီေရွာက္ယြင္က ႏႈတ္ခမ္းေစ့လိုက္ၿပီး ဆြဲေဆာင္မႈရွိစြာ ၿပဳံးလိုက္၏။ သူတို႔၏ ေဘးရွိ မိန္းကေလးမ်ားသည္ ခ်က္ခ်င္း ရွက္ေသြးျဖာသြားၾကေသာ္လည္း သူက သတိမျပဳမိေပ။ သူက ဆြဲေဆာင္မႈရွိရွိ ဆက္ၿပဳံးေနရင္း ...
"ဒီေန႕ မင္း တုံ႕ျပန္တာျမန္ခဲ့လို႔ ဒီမိန္းကေလးကိုေရာ ကိုယ္တို႔ရဲ႕ ရွန္းဟိုင္စားေသာက္ဆိုင္ကိုလည္း ဒုကၡေတြအမ်ားႀကီးကေန ကယ္တင္ခဲ့တာပဲ။ ကိုယ့္ရဲ႕ေက်းဇူးတင္မႈကို ေဖာ္ျပဖို႔ ကိုယ္ မင္းကို ထမင္းတစ္နပ္ေလာက္ ဧည့္ခံရင္ေရာ ဘယ္လိုလဲ"
က်င္းယြင္ေက်ာင္း၏ မ်က္ခုံးမ်ားက ေကြးသြားၿပီး ...
"မလိုပါဘူး"
ဤလီေရွာက္ယြင္၏ လူရႈပ္လူေပြမ်က္ႏွာကို ၾကည့္ရသည္မွာ သူႏွင့္ အရမ္းမရင္းႏွီးသြားျခင္းကသာ အေကာင္းဆုံးျဖစ္ေပလိမ့္မည္။
အထူးသျဖင့္ ယခုအခ်ိန္တြင္ ဤေနရာ၌ရွိေသာ မိန္းကေလးမ်ား၏မ်က္လုံးမ်ားက လုံးဝ မွင္သက္ေနၾက၏။ အသက္မျပည့္ေသးသူမ်ားကို ဆြဲေဆာင္ျခင္းက ရာဇဝတ္မႈေျမာက္သည္ မဟုတ္လား။
လီေရွာက္ယြင္၏ မ်က္လုံးမ်ားက မည္းေမွာင္သြား၏။ က်င္းယြင္ေက်ာင္းအား ေလ့လာစမ္းစစ္ရင္း ဤမိန္းကေလးသည္ အျခားမိန္းကေလးမ်ားႏွင့္ ကြာျခားသည္ဟု သူ ဆက္၍ ခံစားေနရသည္။ သို႔မဟုတ္ သူမတြင္ အေတြ႕အႀကဳံရွိ၍ ရင့္က်က္ေသာ ခံစားမႈရွိသည္ဟု ေျပာနိုင္၏။ ထပ္မံ၍လည္း သူမ၏ အတိုက္အခိုက္ စြမ္းရည္မ်ားေၾကာင့္ သူမသည္ သာမန္ ကိုယ္ခံပညာ ေလ့က်င့္ေနသူႏွင့္ မတူေပ။ သူမသည္ သူ႕အား သူမအေၾကာင္းကို မစုံစမ္းဘဲ မေနနိုင္ေအာင္ ခံစားရေစသည္။
သို႔ေသာ္ က်င္းယြင္ေက်ာင္း၏ ျငင္းဆန္မႈေၾကာင့္ လီေရွာက္ယြင္သည္ အသိစိတ္ျပန္ကပ္သြား၏။
သူသည္ သူ႕ကိုယ္သူပင္ မယုံနိုင္ေအာင္ ျဖစ္ေနသည္။ သူ၏ အဆင့္အတန္းအရ သူသည္ သူမ်ားႏွင့္မတူ တမူထူးျခားေသာ လူမ်ားစြာကို ျမင္ဖူး၏။ သူ၏ ေရွ႕တြင္ရွိေသာ မိန္းကေလးသည္ ျပည့္ျပည့္ဝဝ မရင့္က်က္ေသးသည့္ ဆယ့္ငါးႏွစ္၊ ဆယ့္ေျခာက္ႏွစ္အ႐ြယ္ခန့္သာ ရွိသည္။ သိခ်င္စရာ အေၾကာင္းအရာ ဘာတစ္ခုမွ မရွိ၊ ဟုတ္တယ္မလား။
သူသည္ ခ်က္ခ်င္းပင္ သူ၏ ရည္႐ြယ္ခ်က္ကို အဆုံးသတ္လိုက္သည္။
ထိုအခိုက္၌ က်န္ရွသည္ အန္ၿပီးသြား၍ ျဖစ္နိုင္သည္။ က်င္းယြင္ေက်ာင္းအား မုန္းတီးစြာ စိုက္ၾကည့္ေနၿပီး မတ္တပ္ထရပ္ရန္ ႀကိဳးစားေန၏။
"အတန္းေခါင္းေဆာင္၊ နင္ စားထားသမွ် အန္ထုတ္လိုက္ၿပီးဆိုေတာ့ ပိုက္ဆံကိစၥလည္း ၿပီးသြားၿပီေနာ္။ ဟုတ္သားပဲ၊ နင္ ေနလို႔မေကာင္းဘူးလို႔ ခံစားေနရရင္ ေဆး႐ုံက နင့္ရဲ႕ေနာက္မွာ ရွိတယ္။ ဒါေပမယ့္ နင့္ရဲ႕မ်က္ႏွာ အေရာင္အဆင္းကို ၾကည့္ရတာ သိပ္မျပင္းထန္တဲ့ပုံပါပဲ။ တကယ္လို႔ နင္ မတရားဘူးထင္လို႔ ငါ့ကို တိုင္မယ္ဆိုရင္လည္း ငါ ေလ်ာ္ေၾကးေပးဖို႔ စိတ္မရွိဘူးေနာ္။ ဒါေပမယ့္ ညဘက္ဆို လမ္းေတြက ေမွာင္ၿပီး အႏၲရာယ္မ်ားေတာ့ ဂ႐ုစိုက္ဦးေပါ့။ နင္ လူဆိုးေတြနဲ႕ ေတြ႕နိုင္တယ္ေလ...ၿပီးေတာ့ အဲဒါက ေၾကာက္ဖို႔ေကာင္းတယ္"
က်င္းယြင္ေက်ာင္းက အေၾကာက္အလန့္မရွိ ေျပာလိုက္သည္။