Chapter 68 : အန်ထုတ်ပစ်စမ်း
ယဲ့ချင်း၏ အမေသည် ရိုးအသော်လည်း ကျင်းယွင်ကျောင်းနှင့် လီရှောက်ယွင်က သူမ၏ အခက်အခဲများကို သတိထားမိ၍ ကူညီရန် ကြိုးစားနေခြင်းဖြစ်ကြောင်းကိုတော့ မြင်နိုင်သေး၏။ ထိုအချိန်တွင် သူမသည် စိတ်လှုပ်ရှားသွားသော်လည်း အပြစ်ရှိစိတ်ကိုပါ ခံစားလိုက်ရသည်။
သူမ၏ မိသားစု တရားဝင် စီးပွားပျက်သွားချိန်မှစ၍ သူမ၏ နေ့ရက်များသည် မလွယ်ကူလှပေ။ သူမ၏ သမီးအတွက် သူမသည် လောကဒဏ်အားလုံးကို ကြံ့ကြံ့ခံခဲ့သည်။ သို့သော် ယခုအခါတွင်တော့ သူမ အမြဲတမ်း ဂုဏ်ယူခဲ့ရပြီး အလုပ်ကို ကုန်းရုန်းကြိုးစားလုပ်နေရသည့် အကြောင်းရင်း နောက်ဆုံး ကောက်ရိုးလေးတစ်မျှင်နီးပါးဖြစ်သည့် သမီးဖြစ်သူသည် သူမ စိတ်ကူးယဥ်ထားသကဲ့သို့ ကြံ့ခိုင်မှုမရှိ၊ စဥ်းစားဉာဏ်မရှိကြောင်း သိလိုက်ရသည်။
ယခုအခါ သူမသည် ယခင်က သမီးဖြစ်သူအား အလိုလိုက် ပျက်ဆီးစေခဲ့သည်များအား နောင်တရနေပြီဖြစ်၏။
တကယ်တော့ အမေယဲ့၏ အတိတ်၌ သူမ၏ ကလေးဖြစ်သူအား ပြုစုပျိုးထောင်ခဲ့သည့် နည်းလမ်းများသည် ပြဿနာ များများစားစား မရှိခဲ့ပေ။ အဖေယဲ့သည်သာ အဓိက အကြောင်းအရင်းဖြစ်သည်။
ထိုယခင်နှစ်များက အဖေယဲ့၏ ဘဝသည် ချောချောမွေ့မွေ့ပင် ရွက်လွှင့်နိုင်ခဲ့ပြီး သူ့တွင် သမီးတစ်ယောက်သာရှိ၏။ ထို့ကြောင့် သူသည် ယဲ့ချင်းအား သူမ တောင်းဆိုသမျှကို ခွင့်ပြုခဲ့သည်။ ယဲ့ချင်း ပါးစပ်ဟလိုက်သရွေ့ သူမလိုချင်တာမှန်သမျှ သူက ပေးလိမ့်မည်ပင်။ အမေယဲ့သည် သူမ၏သမီးဖြစ်သူအား စတင်သင်ကြားသောအခါ အလွန်နောက်ကျသွားပြီဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် ယဲ့ချင်းသည် အသက်ငယ်ငယ်လေးကတည်းက သူမသည် မိသားစု၏ မင်းသမီးတစ်ပါးဖြစ်ကြောင်း သိနေပြီဖြစ်သောကြောင့်ပင်။ သူမ၏ အဖေ ရှိနေသမျှကာလပတ်လုံး သူမ လိုချင်တာမှန်သမျှရရှိနေသည်အား မိခင်ဖြစ်သူက တားနိုင်မည် မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့သမီးကို ရှာတွေ့ရင် တောင်းပန်ဖို့ သူ့ကို သေချာပေါက် ခေါ်လာခဲ့ပါမယ်"
အမေယဲ့က မျက်ရည်များကို ထိန်းလိုက်ရင်း ပြောလာသည်။ သူမသည် ဘာပြောရမှန်း မသိတော့ချေ။
အမှားတစ်ခု ကျူးလွန်ပြီးသွားပြီဖြစ်၏။ အကယ်၍ သူမ၏ သမီးဖြစ်သူကသာ တောင်းပန်ရန် သတ္တိမရှိလျှင် ယခုအချိန်တွင် သူမ ဘာတတ်နိုင်မည်နည်း။
အမေယဲ့၏ စကားဆုံးသည်နှင့် ကျန်ရှက ပါးစပ်ဖွင့်ရန် ဟန်ပြင်လိုက်သောအခါ ကျင်းယွင်ကျောင်းက ဝင်ပြောလိုက်သည်။
"ကျွန်မတို့အားလုံး ထျန်းထျန်း အနားယူတာကို နှောက်ယှက်မိတော့မယ်။ အန်တီယဲ့၊ အန်တီယန်၊ အရင်ဆုံးသွားခွင့်ပြုပါဦးရှင့်၊ ပြီးတော့ ထျန်းထျန်း နိုးလာမှ ပြန်လာခဲ့ပါ့မယ်"
အမေယန်က ခေါင်းညိတ်ပြလိုက်၏။ အမှန်တကယ်လည်း လူများစွာကြောင့် အနည်းငယ် ဆူညံနေသည်လေ။
ကျန်ရှက ကျင်းယွင်ကျောင်းအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ဘယ်သူကများ ထွက်သွားချင်နေလို့လဲ။
သို့သော် ပြောစရာရှိသည်ကို ပြောပြီးသွားပြီဖြစ်၍ လီရှောက်ယွင်နှင့် ကျင်းယွင်ကျောင်းသည် အရင်ဆုံး လှည့်ထွက်သွားကြပြီဖြစ်သည်။ သူ့စကားအား ကြားသော အခြားသူများကလည်း သူ့ကို လျစ်လျူရှု၍ ထွက်သွားကြ၏။ ကျန်ရှတွင် ငြင်းဆန်ရန် အခွင့်အရေးမရှိတော့ပေ။
အခြားသူများက ထွက်လာသော်လည်း ဒဏ်ရာရသူ၏ အမေဖြစ်သော အမေယန်က ယန်ထျန်းထျန်းအား ပြုစုပေးရန် လူနာခန်းထဲတွင်သာ နေရစ်၏။ ကျင်းယွင်ကျောင်းနှင့် ကျန်လူများ ဆေးရုံထဲမှ ထွက်လာပြီးသည်နှင့် ကျန်ရှက မနေနိုင်တော့ဘဲ ပြောလာသည်။
"အန်တီယဲ့က ထူးဆန်းနေတယ်လို့ နင်တို့ မထင်ဘူးလား။ ဦးလေးယဲ့ရောပဲ။ ငါ သူတို့ကို အရင် တွေ့တုန်းက သူတို့က ဒီလိုပုံစံ မဟုတ်ပါဘူး။ ပြီးတော့ ယဲ့မိသားစုက အရမ်းချမ်းသာတယ် ပြောပေမယ့် သူက အိမ်ကထွက်လာတော့ ဘာလို့ ပိုက်ဆံရာဂဏန်းပဲ ယူလာတာလဲ။ အိုး...ပြီးတော့ အရေးအကြီးဆုံးက သူဝတ်ထားတာကလည်း......"
"ကျန်ရှ၊ ငါ ထင်နေတာတော့ ထူးဆန်းတဲ့သူက မင်းပဲ"
ကျောင်းသားများထဲမှ တစ်ယောက်က ပြောလာ၏။
"အမှန်ပဲ၊ ငါ အတန်းခေါင်းဆောင်ကို ဒီလိုမျိုးလို့ မထင်ခဲ့မိဘူး။ ယဲ့ချင်းက အမှားလုပ်ခဲ့ပြီး သဘောကျစရာ မကောင်းဘူးဆိုရင်တောင်မှ အဲဒါ သူ့အမေနဲ့ ဘာဆိုင်လို့လဲ"
အခြားကျောင်းသား တစ်ယောက်က ထပ်ပြောလိုက်သည်။
ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း ထောက်ခံသည့် အမူအယာပြလိုက်၏။
ယခင်အား ကျန်ရှ သူမအားပြောနေကျ စကားများသည် သူမ အာရုံထားနေဖို့ မထိုက်တန်ပေ။ သူမသည် သူပြောသည်များအား အမြဲတမ်း မကြားချင်ယောင်ဆောင်ခဲ့သည်။ သို့သော် ယခုအခါတွင် အခြေအနေက ဤနေရာထိ ရောက်လာခဲ့ပြီဖြစ်ရာ သူသည် ဆိုးဆိုးဝါးဝါး ဆီလျော်မှုမရှိ ဖြစ်နေပြီပင်။
"မင်းတို့တွေ ဘာဖြစ်နေကြတာလဲ။ ငါ ပြောတာ ဘာမှားလို့လဲ။ ယဲ့ချင်းက အမြဲ ချမ်းသာသလို နေပြခဲ့ပေမယ့် အခု အဲဒါက အလိမ်အညာဆိုတာ ရှင်းရှင်းလင်းလင်း သိရပြီလေ။ ငါက သူ ငါတို့ကို ထပ်ပြီးတော့ လှည့်စားမှာကို ကြောက်နေရုံပဲ"
ကျန်ရှက သူသည် သူတို့အား ရန်စသလို ဖြစ်နေခဲ့ကြောင်း လုံးဝသဘောမပေါက်ခဲ့ပေ။ ဤလူများသည် ကျိုးကြောင်းမဆီလျော်ဟုပင် သူက တွေးနေလိုက်သေး၏။
အထူးသဖြင့် သူသည် ကျင်းယွင်ကျောင်းက နှုတ်ခမ်းစေ့၍ ပြုံးလိုက်သည်ကို မြင်သောအခါ ပို၍ ဒေါသထွက်လာသည်။
"ကျင်းယွင်ကျောင်း၊ နင် စားသောက်ဆိုင်က ဘေလ်ကို နင်ရှင်းမယ်လို့ ပြောခဲ့တာနော်။ နင် အဲ့စကားကို ပြန်ရုတ်သိမ်းဖို့တော့ မတွေးထားဘူး မဟုတ်လား"
"ဒါပေါ့၊ မတွေးပါဘူး"
ကျင်းယွင်ကျောင်းက သရော်ပြုံးပြုံး၍ ပြောလိုက်ပြီး သူမ၏ မျက်လုံးများက အေးစက်နေ၏။
"ဒါပေမယ့် ငါက ကျွေးတယ်ဆိုရင်တောင်မှ အချို့လူတွေကိုတော့ အလကား စားဖို့၊ သောက်ဖို့ ခွင့်မပြုပေးနိုင်ဘူးလေ ဟုတ်တယ်မလား"
"နင် ဒါက ဘာသဘောလဲ။ ငါတို့က စားပြီးသွားပြီလေ။ နင် ငါတို့ကို ပိုက်ဆံပြန်ပေးစေချင်နေတာတော့ မဖြစ်နိုင်ဘူးမလား"
ကျန်ရှက မျက်လုံးလှန်ပြရင်း ကျင်းယွင်ကျောင်းအား အထင်သေးစွာ ကြည့်လိုက်သည်။ ယဲ့ချင်းက လူလိမ်တစ်ယောက်ဖြစ်နိုင်သော်လည်း သူသည် ကျင်းယွင်ကျောင်းအား ကပ်စေးအိုးတစ်ယောက်ဟု ထင်မထားခဲ့ပေ။
ကျင်းယွင်ကျောင်းက တခစ်ခစ်ရယ်လိုက်၏။ ထို့နောက် သူမသည် သူမ၏ လက်များကို တစ်ဖက်နှင့်တစ်ဖက် ပွတ်သပ်လိုက်ပြီး ကျန်ရှ၏ ဝမ်းဗိုက်ဆီသို့ တည့်တည့်ပင် ခပ်ပြင်းပြင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။
"နင် ငါ့ကို ပိုက်ဆံပြန်ပေးစရာမလိုပါဘူး၊ ဒါပေမယ့် နင် စားပြီးသားတွေအားလုံးကိုတော့ အန်ထုတ်ရမယ်"
Zawgyi
Chapter 68 : အန္ထုတ္ပစ္စမ္း
ယဲ့ခ်င္း၏ အေမသည္ ရိုးအေသာ္လည္း က်င္းယြင္ေက်ာင္းႏွင့္ လီေရွာက္ယြင္က သူမ၏ အခက္အခဲမ်ားကို သတိထားမိ၍ ကူညီရန္ ႀကိဳးစားေနျခင္းျဖစ္ေၾကာင္းကိုေတာ့ ျမင္နိုင္ေသး၏။ ထိုအခ်ိန္တြင္ သူမသည္ စိတ္လႈပ္ရွားသြားေသာ္လည္း အျပစ္ရွိစိတ္ကိုပါ ခံစားလိုက္ရသည္။
သူမ၏ မိသားစု တရားဝင္ စီးပြားပ်က္သြားခ်ိန္မွစ၍ သူမ၏ ေန႕ရက္မ်ားသည္ မလြယ္ကူလွေပ။ သူမ၏ သမီးအတြက္ သူမသည္ ေလာကဒဏ္အားလုံးကို ႀကံ့ႀကံ့ခံခဲ့သည္။ သို႔ေသာ္ ယခုအခါတြင္ေတာ့ သူမ အၿမဲတမ္း ဂုဏ္ယူခဲ့ရၿပီး အလုပ္ကို ကုန္း႐ုန္းႀကိဳးစားလုပ္ေနရသည့္ အေၾကာင္းရင္း ေနာက္ဆုံး ေကာက္ရိုးေလးတစ္မွ်င္နီးပါးျဖစ္သည့္ သမီးျဖစ္သူသည္ သူမ စိတ္ကူးယဥ္ထားသကဲ့သို႔ ႀကံ့ခိုင္မႈမရွိ၊ စဥ္းစားဉာဏ္မရွိေၾကာင္း သိလိုက္ရသည္။
ယခုအခါ သူမသည္ ယခင္က သမီးျဖစ္သူအား အလိုလိုက္ ပ်က္ဆီးေစခဲ့သည္မ်ားအား ေနာင္တရေနၿပီျဖစ္၏။
တကယ္ေတာ့ အေမယဲ့၏ အတိတ္၌ သူမ၏ ကေလးျဖစ္သူအား ျပဳစုပ်ိဳးေထာင္ခဲ့သည့္ နည္းလမ္းမ်ားသည္ ျပႆနာ မ်ားမ်ားစားစား မရွိခဲ့ေပ။ အေဖယဲ့သည္သာ အဓိက အေၾကာင္းအရင္းျဖစ္သည္။
ထိုယခင္ႏွစ္မ်ားက အေဖယဲ့၏ ဘဝသည္ ေခ်ာေခ်ာေမြ႕ေမြ႕ပင္ ႐ြက္လႊင့္နိုင္ခဲ့ၿပီး သူ႕တြင္ သမီးတစ္ေယာက္သာရွိ၏။ ထို႔ေၾကာင့္ သူသည္ ယဲ့ခ်င္းအား သူမ ေတာင္းဆိုသမွ်ကို ခြင့္ျပဳခဲ့သည္။ ယဲ့ခ်င္း ပါးစပ္ဟလိုက္သေ႐ြ႕ သူမလိုခ်င္တာမွန္သမွ် သူက ေပးလိမ့္မည္ပင္။ အေမယဲ့သည္ သူမ၏သမီးျဖစ္သူအား စတင္သင္ၾကားေသာအခါ အလြန္ေနာက္က်သြားၿပီျဖစ္၏၊ အဘယ္ေၾကာင့္ဆိုေသာ္ ယဲ့ခ်င္းသည္ အသက္ငယ္ငယ္ေလးကတည္းက သူမသည္ မိသားစု၏ မင္းသမီးတစ္ပါးျဖစ္ေၾကာင္း သိေနၿပီျဖစ္ေသာေၾကာင့္ပင္။ သူမ၏ အေဖ ရွိေနသမွ်ကာလပတ္လုံး သူမ လိုခ်င္တာမွန္သမွ်ရရွိေနသည္အား မိခင္ျဖစ္သူက တားနိုင္မည္ မဟုတ္ေပ။
"ေက်းဇူးတင္ပါတယ္။ ကြၽန္မရဲ႕သမီးကို ရွာေတြ႕ရင္ ေတာင္းပန္ဖို႔ သူ႕ကို ေသခ်ာေပါက္ ေခၚလာခဲ့ပါမယ္"
အေမယဲ့က မ်က္ရည္မ်ားကို ထိန္းလိုက္ရင္း ေျပာလာသည္။ သူမသည္ ဘာေျပာရမွန္း မသိေတာ့ေခ်။
အမွားတစ္ခု က်ဴးလြန္ၿပီးသြားၿပီျဖစ္၏။ အကယ္၍ သူမ၏ သမီးျဖစ္သူကသာ ေတာင္းပန္ရန္ သတၱိမရွိလွ်င္ ယခုအခ်ိန္တြင္ သူမ ဘာတတ္နိုင္မည္နည္း။
အေမယဲ့၏ စကားဆုံးသည္ႏွင့္ က်န္ရွက ပါးစပ္ဖြင့္ရန္ ဟန္ျပင္လိုက္ေသာအခါ က်င္းယြင္ေက်ာင္းက ဝင္ေျပာလိုက္သည္။
"ကြၽန္မတို႔အားလုံး ထ်န္းထ်န္း အနားယူတာကို ေႏွာက္ယွက္မိေတာ့မယ္။ အန္တီယဲ့၊ အန္တီယန္၊ အရင္ဆုံးသြားခြင့္ျပဳပါဦးရွင့္၊ ၿပီးေတာ့ ထ်န္းထ်န္း နိုးလာမွ ျပန္လာခဲ့ပါ့မယ္"
အေမယန္က ေခါင္းညိတ္ျပလိုက္၏။ အမွန္တကယ္လည္း လူမ်ားစြာေၾကာင့္ အနည္းငယ္ ဆူညံေနသည္ေလ။
က်န္ရွက က်င္းယြင္ေက်ာင္းအား ေဒါသတႀကီး စိုက္ၾကည့္လိုက္၏။ ဘယ္သူကမ်ား ထြက္သြားခ်င္ေနလို႔လဲ။
သို႔ေသာ္ ေျပာစရာရွိသည္ကို ေျပာၿပီးသြားၿပီျဖစ္၍ လီေရွာက္ယြင္ႏွင့္ က်င္းယြင္ေက်ာင္းသည္ အရင္ဆုံး လွည့္ထြက္သြားၾကၿပီျဖစ္သည္။ သူ႕စကားအား ၾကားေသာ အျခားသူမ်ားကလည္း သူ႕ကို လ်စ္လ်ဴရႈ၍ ထြက္သြားၾက၏။ က်န္ရွတြင္ ျငင္းဆန္ရန္ အခြင့္အေရးမရွိေတာ့ေပ။
အျခားသူမ်ားက ထြက္လာေသာ္လည္း ဒဏ္ရာရသူ၏ အေမျဖစ္ေသာ အေမယန္က ယန္ထ်န္းထ်န္းအား ျပဳစုေပးရန္ လူနာခန္းထဲတြင္သာ ေနရစ္၏။ က်င္းယြင္ေက်ာင္းႏွင့္ က်န္လူမ်ား ေဆး႐ုံထဲမွ ထြက္လာၿပီးသည္ႏွင့္ က်န္ရွက မေနနိုင္ေတာ့ဘဲ ေျပာလာသည္။
"အန္တီယဲ့က ထူးဆန္းေနတယ္လို႔ နင္တို႔ မထင္ဘူးလား။ ဦးေလးယဲ့ေရာပဲ။ ငါ သူတို႔ကို အရင္ ေတြ႕တုန္းက သူတို႔က ဒီလိုပုံစံ မဟုတ္ပါဘူး။ ၿပီးေတာ့ ယဲ့မိသားစုက အရမ္းခ်မ္းသာတယ္ ေျပာေပမယ့္ သူက အိမ္ကထြက္လာေတာ့ ဘာလို႔ ပိုက္ဆံရာဂဏန္းပဲ ယူလာတာလဲ။ အိုး...ၿပီးေတာ့ အေရးအႀကီးဆုံးက သူဝတ္ထားတာကလည္း......"
"က်န္ရွ၊ ငါ ထင္ေနတာေတာ့ ထူးဆန္းတဲ့သူက မင္းပဲ"
ေက်ာင္းသားမ်ားထဲမွ တစ္ေယာက္က ေျပာလာ၏။
"အမွန္ပဲ၊ ငါ အတန္းေခါင္းေဆာင္ကို ဒီလိုမ်ိဳးလို႔ မထင္ခဲ့မိဘူး။ ယဲ့ခ်င္းက အမွားလုပ္ခဲ့ၿပီး သေဘာက်စရာ မေကာင္းဘူးဆိုရင္ေတာင္မွ အဲဒါ သူ႕အေမနဲ႕ ဘာဆိုင္လို႔လဲ"
အျခားေက်ာင္းသား တစ္ေယာက္က ထပ္ေျပာလိုက္သည္။
က်င္းယြင္ေက်ာင္းက ႏႈတ္ခမ္းကို တင္းတင္းေစ့လိုက္ရင္း ေထာက္ခံသည့္ အမူအယာျပလိုက္၏။
ယခင္အား က်န္ရွ သူမအားေျပာေနက် စကားမ်ားသည္ သူမ အာ႐ုံထားေနဖို႔ မထိုက္တန္ေပ။ သူမသည္ သူေျပာသည္မ်ားအား အၿမဲတမ္း မၾကားခ်င္ေယာင္ေဆာင္ခဲ့သည္။ သို႔ေသာ္ ယခုအခါတြင္ အေျခအေနက ဤေနရာထိ ေရာက္လာခဲ့ၿပီျဖစ္ရာ သူသည္ ဆိုးဆိုးဝါးဝါး ဆီေလ်ာ္မႈမရွိ ျဖစ္ေနၿပီပင္။
"မင္းတို႔ေတြ ဘာျဖစ္ေနၾကတာလဲ။ ငါ ေျပာတာ ဘာမွားလို႔လဲ။ ယဲ့ခ်င္းက အၿမဲ ခ်မ္းသာသလို ေနျပခဲ့ေပမယ့္ အခု အဲဒါက အလိမ္အညာဆိုတာ ရွင္းရွင္းလင္းလင္း သိရၿပီေလ။ ငါက သူ ငါတို႔ကို ထပ္ၿပီးေတာ့ လွည့္စားမွာကို ေၾကာက္ေန႐ုံပဲ"
က်န္ရွက သူသည္ သူတို႔အား ရန္စသလို ျဖစ္ေနခဲ့ေၾကာင္း လုံးဝသေဘာမေပါက္ခဲ့ေပ။ ဤလူမ်ားသည္ က်ိဳးေၾကာင္းမဆီေလ်ာ္ဟုပင္ သူက ေတြးေနလိုက္ေသး၏။
အထူးသျဖင့္ သူသည္ က်င္းယြင္ေက်ာင္းက ႏႈတ္ခမ္းေစ့၍ ၿပဳံးလိုက္သည္ကို ျမင္ေသာအခါ ပို၍ ေဒါသထြက္လာသည္။
"က်င္းယြင္ေက်ာင္း၊ နင္ စားေသာက္ဆိုင္က ေဘလ္ကို နင္ရွင္းမယ္လို႔ ေျပာခဲ့တာေနာ္။ နင္ အဲ့စကားကို ျပန္႐ုတ္သိမ္းဖို႔ေတာ့ မေတြးထားဘူး မဟုတ္လား"
"ဒါေပါ့၊ မေတြးပါဘူး"
က်င္းယြင္ေက်ာင္းက သေရာ္ၿပဳံးၿပဳံး၍ ေျပာလိုက္ၿပီး သူမ၏ မ်က္လုံးမ်ားက ေအးစက္ေန၏။
"ဒါေပမယ့္ ငါက ေကြၽးတယ္ဆိုရင္ေတာင္မွ အခ်ိဳ႕လူေတြကိုေတာ့ အလကား စားဖို႔၊ ေသာက္ဖို႔ ခြင့္မျပဳေပးနိုင္ဘူးေလ ဟုတ္တယ္မလား"
"နင္ ဒါက ဘာသေဘာလဲ။ ငါတို႔က စားၿပီးသြားၿပီေလ။ နင္ ငါတို႔ကို ပိုက္ဆံျပန္ေပးေစခ်င္ေနတာေတာ့ မျဖစ္နိုင္ဘူးမလား"
က်န္ရွက မ်က္လုံးလွန္ျပရင္း က်င္းယြင္ေက်ာင္းအား အထင္ေသးစြာ ၾကည့္လိုက္သည္။ ယဲ့ခ်င္းက လူလိမ္တစ္ေယာက္ျဖစ္နိုင္ေသာ္လည္း သူသည္ က်င္းယြင္ေက်ာင္းအား ကပ္ေစးအိုးတစ္ေယာက္ဟု ထင္မထားခဲ့ေပ။
က်င္းယြင္ေက်ာင္းက တခစ္ခစ္ရယ္လိုက္၏။ ထို႔ေနာက္ သူမသည္ သူမ၏ လက္မ်ားကို တစ္ဖက္ႏွင့္တစ္ဖက္ ပြတ္သပ္လိုက္ၿပီး က်န္ရွ၏ ဝမ္းဗိုက္ဆီသို႔ တည့္တည့္ပင္ ခပ္ျပင္းျပင္း လက္သီးတစ္ခ်က္ ပစ္သြင္းလိုက္ေတာ့သည္။
"နင္ ငါ့ကို ပိုက္ဆံျပန္ေပးစရာမလိုပါဘူး၊ ဒါေပမယ့္ နင္ စားၿပီးသားေတြအားလုံးကိုေတာ့ အန္ထုတ္ရမယ္"