Chapter 63 : မက်မွန်ပွင့်ချပ်များက လက်ယပ်ခေါ်ခြင်း
ထိုအမျိုးသား၏ ပုံပန်းသွင်ပြင်မှာ အရပ်ရှည်၍ ခပ်ဖြောင့်ဖြောင့်ဖြစ်ကာ အသက် နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးဝန်းကျင်ဖြစ်၏။ သူသည် အဖြူရောင်တီရှပ်တစ်ထည်ကို ကြယ်သီးအနည်းငယ် ဖြုတ်၍ ဝတ်ဆင်ထားရာ ငွေရောင်စိန်လည်ဆွဲတစ်ကုံးက ထင်းနေသည်။ သူသည် သိပ်ဟန်များပုံမပေါ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အလျင်စလိုဖြစ်နေသဖြင့် သူ၏ လက်ထဲတွင် ကိုင်ထားသော နက်ပြာရောင်ကုတ်အင်္ကျီကို ဝတ်ရန်ပင် အခွင့်အရေးမရှာပေ။
မည်သို့ပင်ဖြစ်စေကာမူ ရာသီဥတု အေးနေပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်ကွေးနေပြီး မျက်ခုံးတန်းများကို ခပ်ပြေပြေ စုကျုံ့ထား၏။
ထို့ပြင် ကျင်းယွင်ကျောင်း သတိပြုမိသည်မှာ သူ၏ အသွင်အပြင် ဖြစ်သည်။ သူသည် အလွန်ခံ့ညား၏။ မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများသည် အရယ်အပြုံးမရှိလျှင်တောင်မှ အနည်းငယ် တွန့်ကွေးနေကြသည်။ နှုတ်ခမ်းပါးပါးလေးများလည်း ရှိ၏။ သူ၏ အသားအရေမှာ ဖြူသည်။ သူ၏ အစိတ်အပိုင်းများအားလုံးသည် တစ်ခုနှင့်တစ်ခု ပြီးပြည့်စုံစွာ ယှဥ်တွဲတည်ရှိနေ၏။
သို့ရာတွင် သူသည် လူချမ်းသာ သားသမီးပုံစံ အနည်းငယ် ပေါက်၍ သူ၏ ရုပ်ရည်သွင်ပြင်မှာ ဆန့်ကျင်ဘက်လိင်အား အလွယ်တကူ စွမ်းဆောင်နိုင်သည်။
ကျင်းယွင်ကျောင်းက အမျိုးသားများသည် ရိုးရိုးရှင်းရှင်းသာ ဖြစ်သင့်သည်ဟု တွေးခဲ့၏။ အမျိုးသားတစ်ယောက်သည် အမျိုးသမီးတစ်ယောက်ထက် ပိုကြည့်ကောင်းနေပါက သူတို့အား သာမန်လူတစ်ယောက်က ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
သူမသည် သူ့ထံသို့ စက္ကန့်အနည်းငယ်ကြာ စိုက်ငေးကြည့်နေပြီး ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်သည်။
"ကိုယ်က ရုပ်ဆိုးလို့လား"
ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများကို သူက အာရုံစိုက်မိသွား၏။ သူ၏ မည်းနက်နေသော မျက်ဝန်းများက သူမအား ထပ်တူထပ်မျှ အကဲခတ်နေသကဲ့သို့ စိုက်ကြည့်လာသည်။
ကျင်းယွင်ကျောင်းက ကြောင်တောင်တောင်နိုင်သည်ဟု တွေးလိုက်ပြီး ပြန်ဖြေလိုက်၏။
"အဆင်ပြေပါတယ်"
အဆင်ပြေပါတယ် ဟုတ်လား။ လီရှောက်ယွင်က ပြုံးလိုက်သည်။ ဤသည်မှာ သူ၏ ဘဝတွင် တစ်စုံတစ်ယောက်က သူ၏ ပုံပန်းသွင်ပြင်ကို ဖော်ညွှန်းရန်အတွက် ဤစကားလုံးကို အသုံးပြုသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
သူသည် စားသောက်ဆိုင်၏ အောက်ထပ် ထောင့်တစ်နေရာတွင် ထိုင်နေခဲ့သည်။ သူသည် ကျင်းယွင်ကျောင်းဆိုသည့် အမည်ကို အကြိမ်များစွာ ကြားခဲ့ရ၏။ မိန်းကလေး ယန်ထျန်းထျန်း ဒဏ်ရာရသောအခါ သူသည် ဒုတိယထပ်မှ ပြေးဆင်းလာသော ဤမိန်းကလေးအား တွေ့လိုက်ရသည်။ သူမသည် အငြင်းပွားမှု၏ အဓိက အကြောင်းအရာဖြစ်မည်ဟု သူ ယူဆမိ၏။
"မင်းက အကျန်တွေပို့ခဲ့တယ်ဆိုတဲ့ တစ်ယောက်လား"
လီရှောက်ယွင်က ပြုံး၍ မေးလိုက်သည်။
ထိုဟင်းပွဲအကျန်မှာ ဤသွေးထွက်သံယို မတော်တဆမှုကို ဖြစ်ပွားစေသော အရာဟု ဆိုနိုင်၏။
"ဟုတ်ပါတယ်။ ဒါပေမယ့် လူကြီးမင်း၊ ကျွန်မဆီကို တခြားတစ်ယောက်ရဲ့ အကျန်တွေ အရင်ဆုံးယူလာပေးတာ ရှင့်ရဲ့စားပွဲထိုးပါ။ ကျွန်မက ပြန်ပြီး မျက်နှာသာပေးလိုက်တာ ပြဿနာရှိလို့လား"
ကျင်းယွင်ကျောင်းက အကြောင်းပြချက် ပေးလိုက်သည်။
ဤအမျိုးသားသည် စိတ်ရှုပ်စရာကောင်း၏။ သူမသည် အသက်ငယ်သေးသဖြင့် သိပ်မဖြစ်နိုင်သော်လည်း သူက သူမကို ဤမတော်တဆမှုအတွက် အပြည့်အဝ တာဝန်ယူစေချင်နေတာလား။
ကျင်းယွင်ကျောင်း၏ ခုခံချေပမှုကို မြင်သောအခါ လီရှောက်ယွင်က ခပ်မြန်မြန် ပြောလိုက်၏။
"ဟုတ်တာပေါ့၊ ပြဿနာမရှိပါဘူး။ ကိုယ်က သိချင်လို့ မေးလိုက်တာပါ"
ကျင်းယွင်ကျောင်းက သူ့အား ကြည့်လိုက်သော်လည်း ဆက်၍ အနှောက်အယှက်မပေးတော့ပေ။ ယန်ထျန်းထျန်းသည် ဤနေရာတွင် လဲလျောင်းနေဆဲဖြစ်၏။ အခြားကိစ္စများကို နောက်မှပြောသည်က အကောင်းဆုံးပင်။
ထျန်းရှန်းလော်သည် ဟွားနင်ခရိုင်မြို့၏ အလယ်ခေါင်တွင် တည်ရှိသည်။ ဆေးရုံနှင့် လမ်းအနည်းငယ်သာ ကွာဝေး၏။ မကြာမီမှာပင် သူတို့ ဆေးရုံသို့ ရောက်ရှိသွားကြပြီး ယန်ထျန်းထျန်းအား အရေးပေါ်ခန်းသို့ ချက်ချင်းပို့လိုက်သည်။ ကျင်းယွင်ကျောင်းနှင့် ကျန်သူများသည် အပြင်ဘက်၌ ငိုင်တွေတွေ ငေးကြည့်ရင်း ကျန်ခဲ့ကြ၏။
ရုတ်တရက် ကျင်းယွင်ကျောင်းသည် ယဲ့ချင်း လွတ်မြောက်သွားသည်အား သတိရလိုက်သည်။
လူနာတင်ယာဥ် ရောက်လာသောအခါ ယဲ့ချင်းအား ထိုနေရာတွင် မတွေ့ရတော့ပေ။
သို့မဟုတ်ပါက သူမလည်း သူတို့နှင့်အတူ လိုက်ပါလာရပေလိမ့်မည်။
ယန်ထျန်းထျန်းသည် ဆေးရုံသို့ ရောက်နေပြီဖြစ်၏။ အခြားကျောင်းသားများသည်လည်း သတိပြန်ဝင်လာကြ၍ ဆေးရုံသို့ မကြာမီပင် ရောက်ရှိလာကြသည်။ ယန်ထျန်းထျန်း၏ မိသားစုနှင့် ရင်းနှီးသောသူများကလည်း သူမ၏ မိဘများအား ဆက်သွယ်ကြပြီးဖြစ်၏။
ယန်ထျန်းထျန်း၏ ဖခင်သည် ထိုအကြောင်းကို ကြားသောအခါ အံ့သြထိတ်လန့်သွားသည်။ ညစာစားရန် အပြင်ထွက်သွားသော သူ၏ သမီးဖြစ်သူသည် ဆေးရုံရောက်နေသည်အား နားမလည်နိုင်ပေ။
သူမ၏ မိဘများ ရောက်လာသောအခါ ယန်ထျန်းထျန်း၏ ဒဏ်ရာများသည် ဆေးထည့်ကုသပြီးဖြစ်၏။ သူမသည် လူနာခန်းတစ်ခန်းတွင် အေးချမ်းစွာ လဲလျောင်း အိပ်စက်နေသည်။
"မင်းက စားသောက်ဆိုင်ပိုင်ရှင်လား။ ငါ့သမီးတစ်ခုခုဖြစ်လို့ကတော့ ငါသေမယ်ဆိုရင်တောင် တရားမျှတမှုအတွက် တိုက်ခိုက်သွားရမှာပဲ"
အမေယန်က လီရှောက်ယွင်အား ခက်ထန်စွာ ပြောလိုက်၏။ သူမသည် ရောက်လာသောအခါ အိပ်ယာဘေးသို့ ချက်ချင်း ပြေးသွားခဲ့သည်။ သူမ၏ သမီးအား ဤသို့မြင်ရသည်မှာ သူမ၏ အသည်းနှလုံးကို ကြီးစွာနာကျင်စေ၏။
ကျင်းယွင်ကျောင်းက မျက်ခုံးတွန့်လိုက်ပြီး လီရှောက်ယွင်အား စိတ်ရှုပ်စွာ ကြည့်လိုက်သည်။
ကြည့်ရသည်မှာ လီရှောက်ယွင်၏ တာဝန်သည်လည်း မသေးချေ။ အကယ်၍ ယဲ့ချင်းသာ ဤဖြစ်ရပ်များကို မဖြစ်စေခဲ့ပါက ကိစ္စများသည်လည်း ဤသို့ပြောင်းလဲသွားမည် မဟုတ်ပေ။ ထို့အပြင် လီရှောက်ယွင်သည် သူတို့နှင့် ဤအထိ တစ်လမ်းလုံး လိုက်ပါလာခဲ့သည်။ အခကြေးငွေအများစုကိုလည်း သူသာ ပေးဆောင်ခဲ့ခြင်းဖြစ်၏။ သူသည် အတော်လေး တာဝန်ကျေပေသည်။
သို့သော်လည်း ယန်ထျန်းထျန်း၏ မိဘများသည် သူတို့၏သမီးဖြစ်သူ စားသောက်ဆိုင်၌ ဒဏ်ရာရခဲ့သည်ဟူ၍သာ သိထားကြခြင်းဖြစ်၏။ သူတို့သည် ဖြစ်စဥ်အသေးစိတ်ကို မသိသေးသောကြောင့် သူတို့၏ တုံ့ပြန်မှုမှာ ပုံမှန်ပင်။
Zawgyi
Chapter 63 : မက္မြန္ပြင့္ခ်ပ္မ်ားက လက္ယပ္ေခၚျခင္း
ထိုအမ်ိဳးသား၏ ပုံပန္းသြင္ျပင္မွာ အရပ္ရွည္၍ ခပ္ေျဖာင့္ေျဖာင့္ျဖစ္ကာ အသက္ ႏွစ္ဆယ့္ေလး၊ ႏွစ္ဆယ့္ငါးဝန္းက်င္ျဖစ္၏။ သူသည္ အျဖဴေရာင္တီရွပ္တစ္ထည္ကို ၾကယ္သီးအနည္းငယ္ ျဖဳတ္၍ ဝတ္ဆင္ထားရာ ေငြေရာင္စိန္လည္ဆြဲတစ္ကုံးက ထင္းေနသည္။ သူသည္ သိပ္ဟန္မ်ားပုံမေပၚေပ။ အဘယ္ေၾကာင့္ဆိုေသာ္ သူသည္ အလ်င္စလိုျဖစ္ေနသျဖင့္ သူ၏ လက္ထဲတြင္ ကိုင္ထားေသာ နက္ျပာေရာင္ကုတ္အကၤ်ီကို ဝတ္ရန္ပင္ အခြင့္အေရးမရွာေပ။
မည္သို႔ပင္ျဖစ္ေစကာမူ ရာသီဥတု ေအးေနၿပီျဖစ္သည္။ သူ၏ခႏၶာကိုယ္မွာ အနည္းငယ္ေကြးေနၿပီး မ်က္ခုံးတန္းမ်ားကို ခပ္ေျပေျပ စုက်ဳံ႕ထား၏။
ထို႔ျပင္ က်င္းယြင္ေက်ာင္း သတိျပဳမိသည္မွာ သူ၏ အသြင္အျပင္ ျဖစ္သည္။ သူသည္ အလြန္ခံ့ညား၏။ မက္မြန္ပြင့္သ႑ာန္ မ်က္လုံးမ်ားသည္ အရယ္အၿပဳံးမရွိလွ်င္ေတာင္မွ အနည္းငယ္ တြန့္ေကြးေနၾကသည္။ ႏႈတ္ခမ္းပါးပါးေလးမ်ားလည္း ရွိ၏။ သူ၏ အသားအေရမွာ ျဖဴသည္။ သူ၏ အစိတ္အပိုင္းမ်ားအားလုံးသည္ တစ္ခုႏွင့္တစ္ခု ၿပီးျပည့္စုံစြာ ယွဥ္တြဲတည္ရွိေန၏။
သို႔ရာတြင္ သူသည္ လူခ်မ္းသာ သားသမီးပုံစံ အနည္းငယ္ ေပါက္၍ သူ၏ ႐ုပ္ရည္သြင္ျပင္မွာ ဆန့္က်င္ဘက္လိင္အား အလြယ္တကူ စြမ္းေဆာင္နိုင္သည္။
က်င္းယြင္ေက်ာင္းက အမ်ိဳးသားမ်ားသည္ ရိုးရိုးရွင္းရွင္းသာ ျဖစ္သင့္သည္ဟု ေတြးခဲ့၏။ အမ်ိဳးသားတစ္ေယာက္သည္ အမ်ိဳးသမီးတစ္ေယာက္ထက္ ပိုၾကည့္ေကာင္းေနပါက သူတို႔အား သာမန္လူတစ္ေယာက္က ထိန္းခ်ဳပ္နိုင္မည္ မဟုတ္ေပ။
သူမသည္ သူ႕ထံသို႔ စကၠန့္အနည္းငယ္ၾကာ စိုက္ေငးၾကည့္ေနၿပီး ခပ္ျမန္ျမန္ပင္ အၾကည့္လႊဲလိုက္သည္။
"ကိုယ္က ႐ုပ္ဆိုးလို႔လား"
က်င္းယြင္ေက်ာင္း၏ လႈပ္ရွားမႈမ်ားကို သူက အာ႐ုံစိုက္မိသြား၏။ သူ၏ မည္းနက္ေနေသာ မ်က္ဝန္းမ်ားက သူမအား ထပ္တူထပ္မွ် အကဲခတ္ေနသကဲ့သို႔ စိုက္ၾကည့္လာသည္။
က်င္းယြင္ေက်ာင္းက ေၾကာင္ေတာင္ေတာင္နိုင္သည္ဟု ေတြးလိုက္ၿပီး ျပန္ေျဖလိုက္၏။
"အဆင္ေျပပါတယ္"
အဆင္ေျပပါတယ္ ဟုတ္လား။ လီေရွာက္ယြင္က ၿပဳံးလိုက္သည္။ ဤသည္မွာ သူ၏ ဘဝတြင္ တစ္စုံတစ္ေယာက္က သူ၏ ပုံပန္းသြင္ျပင္ကို ေဖာ္ၫႊန္းရန္အတြက္ ဤစကားလုံးကို အသုံးျပဳသည္မွာ ပထမဆုံးအႀကိမ္ ျဖစ္၏။
သူသည္ စားေသာက္ဆိုင္၏ ေအာက္ထပ္ ေထာင့္တစ္ေနရာတြင္ ထိုင္ေနခဲ့သည္။ သူသည္ က်င္းယြင္ေက်ာင္းဆိုသည့္ အမည္ကို အႀကိမ္မ်ားစြာ ၾကားခဲ့ရ၏။ မိန္းကေလး ယန္ထ်န္းထ်န္း ဒဏ္ရာရေသာအခါ သူသည္ ဒုတိယထပ္မွ ေျပးဆင္းလာေသာ ဤမိန္းကေလးအား ေတြ႕လိုက္ရသည္။ သူမသည္ အျငင္းပြားမႈ၏ အဓိက အေၾကာင္းအရာျဖစ္မည္ဟု သူ ယူဆမိ၏။
"မင္းက အက်န္ေတြပို႔ခဲ့တယ္ဆိုတဲ့ တစ္ေယာက္လား"
လီေရွာက္ယြင္က ၿပဳံး၍ ေမးလိုက္သည္။
ထိုဟင္းပြဲအက်န္မွာ ဤေသြးထြက္သံယို မေတာ္တဆမႈကို ျဖစ္ပြားေစေသာ အရာဟု ဆိုနိုင္၏။
"ဟုတ္ပါတယ္။ ဒါေပမယ့္ လူႀကီးမင္း၊ ကြၽန္မဆီကို တျခားတစ္ေယာက္ရဲ႕ အက်န္ေတြ အရင္ဆုံးယူလာေပးတာ ရွင့္ရဲ႕စားပြဲထိုးပါ။ ကြၽန္မက ျပန္ၿပီး မ်က္ႏွာသာေပးလိုက္တာ ျပႆနာရွိလို႔လား"
က်င္းယြင္ေက်ာင္းက အေၾကာင္းျပခ်က္ ေပးလိုက္သည္။
ဤအမ်ိဳးသားသည္ စိတ္ရႈပ္စရာေကာင္း၏။ သူမသည္ အသက္ငယ္ေသးသျဖင့္ သိပ္မျဖစ္နိုင္ေသာ္လည္း သူက သူမကို ဤမေတာ္တဆမႈအတြက္ အျပည့္အဝ တာဝန္ယူေစခ်င္ေနတာလား။
က်င္းယြင္ေက်ာင္း၏ ခုခံေခ်ပမႈကို ျမင္ေသာအခါ လီေရွာက္ယြင္က ခပ္ျမန္ျမန္ ေျပာလိုက္၏။
"ဟုတ္တာေပါ့၊ ျပႆနာမရွိပါဘူး။ ကိုယ္က သိခ်င္လို႔ ေမးလိုက္တာပါ"
က်င္းယြင္ေက်ာင္းက သူ႕အား ၾကည့္လိုက္ေသာ္လည္း ဆက္၍ အေႏွာက္အယွက္မေပးေတာ့ေပ။ ယန္ထ်န္းထ်န္းသည္ ဤေနရာတြင္ လဲေလ်ာင္းေနဆဲျဖစ္၏။ အျခားကိစၥမ်ားကို ေနာက္မွေျပာသည္က အေကာင္းဆုံးပင္။
ထ်န္းရွန္းေလာ္သည္ ဟြားနင္ခရိုင္ၿမိဳ႕၏ အလယ္ေခါင္တြင္ တည္ရွိသည္။ ေဆး႐ုံႏွင့္ လမ္းအနည္းငယ္သာ ကြာေဝး၏။ မၾကာမီမွာပင္ သူတို႔ ေဆး႐ုံသို႔ ေရာက္ရွိသြားၾကၿပီး ယန္ထ်န္းထ်န္းအား အေရးေပၚခန္းသို႔ ခ်က္ခ်င္းပို႔လိုက္သည္။ က်င္းယြင္ေက်ာင္းႏွင့္ က်န္သူမ်ားသည္ အျပင္ဘက္၌ ငိုင္ေတြေတြ ေငးၾကည့္ရင္း က်န္ခဲ့ၾက၏။
႐ုတ္တရက္ က်င္းယြင္ေက်ာင္းသည္ ယဲ့ခ်င္း လြတ္ေျမာက္သြားသည္အား သတိရလိုက္သည္။
လူနာတင္ယာဥ္ ေရာက္လာေသာအခါ ယဲ့ခ်င္းအား ထိုေနရာတြင္ မေတြ႕ရေတာ့ေပ။
သို႔မဟုတ္ပါက သူမလည္း သူတို႔ႏွင့္အတူ လိုက္ပါလာရေပလိမ့္မည္။
ယန္ထ်န္းထ်န္းသည္ ေဆး႐ုံသို႔ ေရာက္ေနၿပီျဖစ္၏။ အျခားေက်ာင္းသားမ်ားသည္လည္း သတိျပန္ဝင္လာၾက၍ ေဆး႐ုံသို႔ မၾကာမီပင္ ေရာက္ရွိလာၾကသည္။ ယန္ထ်န္းထ်န္း၏ မိသားစုႏွင့္ ရင္းႏွီးေသာသူမ်ားကလည္း သူမ၏ မိဘမ်ားအား ဆက္သြယ္ၾကၿပီးျဖစ္၏။
ယန္ထ်န္းထ်န္း၏ ဖခင္သည္ ထိုအေၾကာင္းကို ၾကားေသာအခါ အံ့ၾသထိတ္လန့္သြားသည္။ ညစာစားရန္ အျပင္ထြက္သြားေသာ သူ၏ သမီးျဖစ္သူသည္ ေဆး႐ုံေရာက္ေနသည္အား နားမလည္နိုင္ေပ။
သူမ၏ မိဘမ်ား ေရာက္လာေသာအခါ ယန္ထ်န္းထ်န္း၏ ဒဏ္ရာမ်ားသည္ ေဆးထည့္ကုသၿပီးျဖစ္၏။ သူမသည္ လူနာခန္းတစ္ခန္းတြင္ ေအးခ်မ္းစြာ လဲေလ်ာင္း အိပ္စက္ေနသည္။
"မင္းက စားေသာက္ဆိုင္ပိုင္ရွင္လား။ ငါ့သမီးတစ္ခုခုျဖစ္လို႔ကေတာ့ ငါေသမယ္ဆိုရင္ေတာင္ တရားမွ်တမႈအတြက္ တိုက္ခိုက္သြားရမွာပဲ"
အေမယန္က လီေရွာက္ယြင္အား ခက္ထန္စြာ ေျပာလိုက္၏။ သူမသည္ ေရာက္လာေသာအခါ အိပ္ယာေဘးသို႔ ခ်က္ခ်င္း ေျပးသြားခဲ့သည္။ သူမ၏ သမီးအား ဤသို႔ျမင္ရသည္မွာ သူမ၏ အသည္းႏွလုံးကို ႀကီးစြာနာက်င္ေစ၏။
က်င္းယြင္ေက်ာင္းက မ်က္ခုံးတြန့္လိုက္ၿပီး လီေရွာက္ယြင္အား စိတ္ရႈပ္စြာ ၾကည့္လိုက္သည္။
ၾကည့္ရသည္မွာ လီေရွာက္ယြင္၏ တာဝန္သည္လည္း မေသးေခ်။ အကယ္၍ ယဲ့ခ်င္းသာ ဤျဖစ္ရပ္မ်ားကို မျဖစ္ေစခဲ့ပါက ကိစၥမ်ားသည္လည္း ဤသို႔ေျပာင္းလဲသြားမည္ မဟုတ္ေပ။ ထို႔အျပင္ လီေရွာက္ယြင္သည္ သူတို႔ႏွင့္ ဤအထိ တစ္လမ္းလုံး လိုက္ပါလာခဲ့သည္။ အခေၾကးေငြအမ်ားစုကိုလည္း သူသာ ေပးေဆာင္ခဲ့ျခင္းျဖစ္၏။ သူသည္ အေတာ္ေလး တာဝန္ေက်ေပသည္။
သို႔ေသာ္လည္း ယန္ထ်န္းထ်န္း၏ မိဘမ်ားသည္ သူတို႔၏သမီးျဖစ္သူ စားေသာက္ဆိုင္၌ ဒဏ္ရာရခဲ့သည္ဟူ၍သာ သိထားၾကျခင္းျဖစ္၏။ သူတို႔သည္ ျဖစ္စဥ္အေသးစိတ္ကို မသိေသးေသာေၾကာင့္ သူတို႔၏ တုံ႕ျပန္မႈမွာ ပုံမွန္ပင္။