Ch106 . - ပင်မဇာတ်လမ်း၏အဆုံး
မင်္ဂလာဆောင်တဲ့ရက်ကို ကျိရှင်းလန် ၏မွေးနေ့ဖြစ်သည့် မေလ ၂ ရက်၊ နွေဦး၏အဆုံးနှင့် နွေရာသီအစတို့မှာဖြစ်သည်။
ယန်ချုံး ဟာ အမျိုးသမီးအဝတ်အစားဝတ်ရတာ ဝါသနာမပါဘူး၊ လူတိုင်းက ဘာပဲပြောပြော မစ္စ စ် ကျိ ပေးခဲ့တဲ့ ဂါဝန်ကိုဝတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ထို့ကြောင့် သူက အရောင်ဖျော့ဖျော့ဝတ်စုံအချို့ကို မှာယူခဲ့သည်။
မင်္ဂလာပွဲအကြိုနေ့မှာ ယန်ချုံးနဲ့ ကျိရှင်းလန် တို့ဟာ သူတို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့အတွက် ညစာစားဖို့ကို သီးသန့်ဟိုတယ်က ကမ်းခြေကိုသွားကြပါတယ်။ သူတို့နှစ်ယောက်လုံး မင်္ဂလာဝတ်စုံ မဝတ်ထားဘူး။ ယန်ချုံး နဲ့ ကျိရှင်းလန် တို့ နှစ်ယောက်လုံး အနောက်တိုင်းဝတ်စုံတွေ ၀တ်ထားတယ်။ တစ်ယောက်က အနက်ရောင်နဲ့ နောက်ယောက်က အဖြူရောင်နဲ့ လိုက်ဖက်နေကြပါတယ်
သူတို့ နှစ်ယောက် ကမ်းခြေမှာ နမ်းကြပြီး ကဏန်းဖမ်းဖို့ ကျောက်တန်းတွေ မှာ ကစားကြပါတယ်။ ဂျွိုက်သည် ကင်မရာကိုင်ဆောင်ကာ ဓာတ်ပုံရိုက်နေသူဖြစ်သည်။ သူမဟာ သူတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ။
မနေ့ညက သူမ ပြန်ရောက်ကတည်းက မျက်လုံးအောက်မှာ မျက်လုံးအိတ်တွေ ရှိနေတယ်။ ဒါပေမယ့် ကျိရှင်းလန် ကိုတွေ့တော့ သက်ပြင်းချလိုက်တယ်။ “ငါတို့နောက်ဆုံးတွေ့ခဲ့တာက တစ်နှစ်ခွဲပဲရှိသေးတယ်၊ နင့်မှာ ကလေးရှိပြီတဲ့လား”
မစ္စစ် ကျိ သည် နေကာမျက်မှန်တပ်ထားပြီး အနီးနားရှိ ကမ်းခြေထီးအောက်က ပက်လက်ကုလားထိုင်ပေါ်တွင် ရှိနေသည်။ ကျိနိုင်း က သူမဘေးမှာ ရပ်နေပြီး ကမ်းခြေမှာ လှည့်စားနေတဲ့ လူငယ်စုံတွဲကို ကြည့်ရင်း နှစ်ယောက်စလုံး မျက်နှာတွေ ပြုံးနေကြတယ်။
“ ကျွန်မမင်္ဂလာဆောင်မှာ မင်္ဂလာဝတ်စုံဝတ်ချင်တယ်” မစ္စစ်ကျိသည် သူမ၏နေကာမျက်မှန်ကို ရုတ်တရက် ချွတ်လိုက်ပြီး ကျိနိုင်းအား ပြောလိုက်သည်။
မာရှယ် ကျိ အနည်းငယ် ရှော့ခ်ရသွား၏။ “ဒါပေမယ့် ဟန်နီ ၊ကိုယ်တို့က မင်္ဂလာဆောင်ပြီးပြီလေ ”
“အဲဒါကို ထည့်မတွက်ဘူး” မစ္စစ် ကျိ က သူ့ “ ပြန်ပေါင်းထုပ်တာကလည်း အိမ်ထောင်ရေးပဲ” ဟူသော စကားဖြင့် သူ့ကိုမျက်လုံးလှန်ကြည့်လိုက်သည်။
အပြစ်ရှိလို့ ကျိနိုင်းက သူ့ကိုယ်သူရှာတွေ့သွားပြီး စကားမပြောနိုင်ဖြစ်သွား၏ ။ ထို့နောက် ပြုံးပြီး သူမကို ပွေ့ဖက်လိုက်သည်။ “ကောင်းပြီ၊ ကိုယ်မင်းစကားနားထောင်မယ်။ မင်္ဂလာပွဲကိုလည်း စီစဉ်လို့ရတယ်”
……
မင်္ဂလာပွဲကို စနေနေ့မှာ ကျင်းပခဲ့ပါတယ်။ ရှားရှားပါးပါး ကြည်လင်သော နေ့တစ်နေ့ ဖြစ်ခဲ့သည်။ အဝေးက ပြာလဲ့လဲ့လဲ့ ကောင်းကင်ကြီးရှိပြီး တိမ်တွေကို မမြင်ရဘဲ ရှုခင်းတွေက လှတယ်။
ယန်ချုံး သည် ဘုရားကျောင်းများတွင် ကန့်သတ်ချုပ်ချယ်သောခံစားချက်ကို မကြိုက်ပါ။ ဆွေးနွေးပြီးနောက် မြက်ခင်းပြင်တွင် မင်္ဂလာပွဲကျင်းပရန် သဘောတူခဲ့ကြသည်။
မစ္စစ်ကျိသည် လူငယ်များ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် သူတို့ဆန္ဒရှိတိုင်း လုပ်ခွင့်ပေးမယ်လို့ ဝမ်းသာအားရ ပြောခဲ့သည်။ ထို့ကြောင့်၊ ကျိရှင်းလန် နှင့်ယန်ချုံး တို့သည် လုပ်ထုံးလုပ်နည်းတစ်ခုလုံးကို သူတို့ဘာသာသူတို့ လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းသူများဖြစ်သည်။
နွေရာသီရောက်ခါနီးဆိုတော့ ပန်းခြံထဲက မြက်ပင်တွေက စိမ်းစိမ်းစိုစိုနဲ့ပါပဲ ။
မြက်ခင်း၏ အလယ်ဗဟိုတွင် ရှည်လျားသော လမ်းကြောင်းတစ်ခု ဖန်တီးထားသော ကော်ဇောဖြူကြီးတစ်ခုရှိသည်။ သူ့ဘေးနှစ်ဖက်တွင် နှင်းဆီပန်းများနှင့် ပူဖောင်း များရှိသည်။ ယန်ချုံး နှင့်ကျိရှင်းလန် တို့သည် ပန်းများနှင့် ပိတ်စများဖြင့် အလှဆင်ထားသော ပေါက်းကူးတံတားသုံးခုကို ဖြတ်လျှောက်သွားရသည်။ အခမ်းအနားစင်မြင့်တစ်ခုရှိပြီး လမ်းတစ်ဖက်တစ်ချက်စီတွင် VIP ထိုင်ခုံများအတွက် သပ်သပ်ရပ်ရပ်စီထားတဲ့ ထိုင်ခုံများထားရှိထားပါသည်။
ဂီတသမားများသည် Wedding March ကို စင်မြင့်နောက်ကွယ်တွင် အကြိမ်ကြိမ် တီးခတ်ခဲ့ကြသည်။
မွန်းတည့်ချိန်နီးတော့ ဧည့်သည်တွေ ရောက်လာတယ်။
ယန်ချုံး သည် လူအုပ်ထဲတွင် ရင်းနှီးသော မျက်နှာအချို့ကို တွေ့လိုက်ရသည်။
လီချန်းရန် နှင့် ရှဲ့ယွီ တို့သည် ယောက်ျားကောင်းများဖြစ်ရန် ဤနေရာကို စောစောကဖော်ပြခဲ့ပြီးဖြစ်သည်။ ရှဲ့ယွီသည် သင့်လျော်သော ဝတ်စုံကို ၀တ်ဆင်ထားပြီး bowtieကိုပင် ၀တ်ဆင်ထားသောကြောင့် သင့်လျော်သော အမျိုးကောင်းသားတစ်ဦးကဲ့သို့ ဖြစ်နေသည်။
သို့သော်လည်း ဝန်ထမ်းများက သတို့သမီးအရံများအတွက် သူ့ကို boutonniere အင်္ကျီကို ဆင်ပေးလိုက်သောအခါ ရှဲ့ယွီ ပဟေဠိဖြစ်သွားခဲ့သည်။ “ငါက ဘာလို့ သတို့သမီးအရံဖြစ်ရတာလဲ”
ယန်ချုံး မော့ကြည့်လိုက်တော့ အဲ့တာကို မြင်လိုက်ရတယ်။ သူက ရယ်ပြီး ပခုံးတွန့်လိုက်၏။ “အဲ့တာက်ုဝတ်ရုံပါပဲ”
သူတို့တွေ့ရှိခဲ့တဲ့ အကောင်းဆုံးအမျိုးသားတွေဟာ လက်တွေ့အားဖြင့် အရပ် ၁၈၅ စင်တီမီတာထက် ပိုမြင့်တဲ့ Alphaလူငယ်တွေပါ။ ဝတ်စုံဝတ်ပြီး အတူရပ်လိုက်သောအခါတွင် ပိုင်ယွမ်ယွမ် သည် မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။ သူမသည် ယန်ချုံး ကိုဆွဲကိုင်ကာ အကောင်းဆုံးယောက်ျားများနှင့် သတို့သမီးအရံများကို အတူတူတွဲပေးမှာလားဟု မေးလိုက်သည်။
Stylist က ယန်ချုံး ၏ဆံပင်ကို လက်ရှိတွင် ပြုလုပ်ပေးနေပါသည်။ ယန်ချုံး က သူ့မေးစေ့နဲ့ဟန်ပြပြီး “နင် ရှဲ့ယွ”လို့ပြောလိုက်တယ် ကို လိုချင်တာလား?"
ပိုင်ယွမ်ယွမ် သည် လင်းဝေ ထက်ပင် လှပနေစေရန် ယနေ့တွင် လှပစွာ ၀တ်ဆင်ထားသည်။ သူမဟာ ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်လို ဆွဲဆောင်မှုရှိစေတဲ့ မိတ်ကပ်ကိုတောင် လိမ်းခြယ်ထားပါသေးတယ်။
ဒါပေမယ့် ရှဲ့ယွီ... ရှဲ့ယွီ က သူမနောက်မှာထိုင်ပြီး အတန်းထဲမှာ သူ့စားပွဲပေါ်မှာ သွားရည်ရွှဲနစ်နေခဲ့တဲ့ အတန်းဖော်တစ်ယောက်ပဲ ဖြစ်ပါတယ်။
“မဟုတ်ဘူး—”
ပိုင်ယွမ်ယွမ် စကားမဆုံးခင်မှာ ချောမောတဲ့ စစ်တပ်ကျောင်းသားလေးတစ်ယောက် သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေတဲ့ မျက်လုံးတွေကို သူမ ရုတ်တရက် သတိပြုမိသွားပြီး တုန်လှုပ်ရင်း တိတ်ဆိတ်သွားခဲ့တယ်။
လီချန်းရန် သည် သူမကို စိုက်ကြည့်နေသော်လည်း သူမ ပျံသန်းနိုင်လောက်အောင် ပျော်ရွှင်နေဆဲဖြစ်သည်။ သူမ၏မျက်နှာပေါ်တွင် သံသယဖြစ်စရာ အနီကွက်နှစ်ခုပေါ်လာ၏။
‘ဘုရားရေ … အဲဒီလူချောလေးက ငါ့ကြောင့် မနာလိုဖြစ်နေတာလား?'
သူမမှာ ဒီလိုကံကောင်းမှုမျိုးရှိတယ်လို့ သူမ မယုံနိုင်ခဲ့ပါဘူး။
……
ယန်ချုံး သည် မိတ်ကပ်လိမ်းခြင်းကို မုန်းဆဲဖြစ်သောကြောင့် ဖောင်ဒေးရှင်းပါးပါးလေးသာ လိမ်းကာ ဆံပင်ကို အနည်းငယ် ပုံဖော်ထားသည်။ သူ့ကို ပိုပြီး တက်ကြွတဲ့ပုံပေါက်အောင် လုပ်ပေးဖို့ လုံလောက်ပါတယ်။
မိတ်ကပ်လိမ်းပြီးတာနဲ့ မှန်ကိုကြည့်လိုက်တယ်။
သူသိတယ်။ ဒီဝတ်စုံက သူ့ပုံစံကို ကောင်းကောင်းထင်ဟပ်စေတယ်။ သူ့တွင် Alphaကဲ့သို့ သန်မာသော ခန္ဓာကိုယ်မရှိသော်လည်း အဖြူရောင်ဝတ်စုံသည် သူ့ခါးကို လှပစွာ ပွေ့ဖက်ထားကာ နုပျိုသောလေကို ပေးစွမ်းနိုင်စေခဲ့သည်။ ယေဘူယျအားဖြင့်တော့ သူက ရိုးရာသဘောအရမဟုတ်ဘဲ ချစ်စရာကောင်းတယ်။
ကျိရှင်းလန် တံခါးကိုဖွင့်ပြီး အထဲဝင်လိုက်သည်။ ယန်ချုံး ကိုတွေ့သောအခါ သူ ပြုံးလိုက်သည်။
“မင်းကြည့်လို့ကောင်းနေတယ် ”
သူစကားပြောနေစဉ် ကျိရှင်းလန် က သူ့ကို နမ်းချင်သော်လည်း ယန်ချုံး က သူ့ကို တွန်းဖယ်လိုက်သည်။
“မလုပ်နဲ့။ lip gloss ဆိုးထားတယ်”
သူ ဒီနေ့ lip gloss နည်းနည်းသုံးဖူးပေမယ့် သူ့နှုတ်ခမ်းအရောင်နဲ့ နီးစပ်ပါတယ်။ နှစ်ခုစလုံးမှာ လင်းတယ် ၊ နှင်းဆီရောင်ရှိသောကြောင့် ထင်ရှားစွာမသိသာပေ။
“ မင်္ဂလာပွဲမစခင်မှာ တစ်ယောက်နဲ့တစ်ယောက် မတွေ့သင့်ဘူးမဟုတ်လား” ယန်ချုံး က သူဘာလို့ ဒီကို လာတာလဲ ဆိုတာကို အနည်းငယ် သိချင်လာသည်။ သူတို့နှစ်ယောက် အချစ်ရေးရှိနေပုံရသည်။
“ တိုးတိုးပြော ။ ဘယ်သူမှမသိဘူး ”ကျိရှင်းလန် က ယန်ချုံး ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး နမ်းလိုက်၏။ “စိတ်လှုပ်ရှားနေတာလား? ”
ဟုတ်ပါတယ်သူစိတ်လှုပ်ရှားနေတယ် ။ ယန်ချုံး ခေါင်းညိတ်လိုက်၏။
သူ့အာရုံကြောတွေ လွတ်ထွက်သွားတော့မှာလား။
……
မင်္ဂလာပွဲကို နေ့လယ်က စတင်ခဲ့ပြီး ထိုင်ခုံတွေမှာ လူတွေ ပြည့်နှက်နေပါတယ်။ သူတို့ သိတဲ့သူရော မသိတဲ့လူတွေရော အကုန်ရောက်လာတယ်။
ခေါင်းလောင်း မြည်လာသည်။ ယန်ချုံးသည် သူ၏ ၀တ်စုံအဖြူရောင် ၀တ်စုံကို ၀တ်ထားပြီး မစ္စစ် ကျိ နှင့် စင်မြင့်ပေါ်၌ လမ်းလျှောက်လာစဉ် ရှက်ရွံ့စွာ နှုတ်ခမ်းကို ဖွဖွဖိထားသည်။ လူတွေက သူ့ကိုကြည့်ပြီး လက်ခုပ်တီးကြတယ်။
အဖြူရှပ်အင်္ကျီနှင့် အနက်ရောင် အဆင့်မြင့်ဖက်ရှင် ဝတ်စုံ ၀တ်ထားပြီး ကော်ဇောရှည်၏ အခြားတစ်ဖက်စွန်းက ကျိရှင်းလန် ကို သူမြင်လိုက်ရသည်။ သူ့ဆံပင်မှာ hair gel ပါပြီး တောက်ပပေမယ့် အနီရောင်မဟုတ်တဲ့ နှင်းဆီပန်းကို သူ့ရင်ဘတ်မှာ တွေ့နိုင်ပါတယ်။ မစ္စတာကျိနှင့် အခြားအကောင်းဆုံး အမျိုးသားများက သူ့နောက်တွင် ရပ်နေကြသည်။
ရွှေရောင်နေရောင်သည် တိမ်တိုက်များကြားတွင် ထွန်းလင်းတောက်ပနေ၏။ အခမ်းအနားအား လူများမြင်တွေ့ကြစဉ် ဘုန်းတော်ကြီးက ၎င်းတို့အတွက် ဆုတောင်းပေးသည်။ကျိရှင်းလန် သည် ကော်ဇောတစ်ဖက်စွန်းမှ ပြုံးကာ သူ့နောက်မှ နေရောင်နှင့်အတူ သူ့ဆီသို့ လျှောက်လှမ်းသွားသည်။
နေက မှိတ်တုတ်မှိတ်တုတ်နဲ့ ။ အတိတ်ကအမှတ်တရတွေက သူ့မျက်လုံးရှေ့မှာ လင်းလက်စပြုလာတယ်။
ကျိရှင်းလန် သည် သူ့ဆီသို့ ကော်ဇောပေါ်တွင် လျှောက်လှမ်းနေရုံသာမဟုတ်ကြောင်း သူ(ယန်ချုံး)သိသည်။ နောက်ဆုံး သူ့ဆီရောက်ဖို့ သွေးတွေနဲ့ မျက်ရည်တွေနဲ့ ဖြတ်လျှောက်လာခဲ့ရတယ်။
ဘုန်းတော်ကြီး ၊ ဧည့်သည်များအားလုံး၊ အဆုံးမဲ့ကောင်းကင်နှင့် ကြီးမားသောသမုဒ္ဒရာတို့သည် ၎င်းတို့၏သက်သေများအဖြစ် အမှုထမ်းကြပြီး ဓမ္မကတိသစ္စာကို ပြီးမြောက်ခဲ့ကြသည်။
ယန်ချုံး သည် ကျိရှင်းလန် ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ နီရဲလာသည်။
ဤသည်မှာ ကတိတစ်ခုတည်းမဟုတ်ဘူး၊ ပြည့်စုံသောကတိတစ်ခုဖြစ်ကြောင်း သူသိသည်။
ဝမ်းသာအားရ လက်ခုပ်တီးသံများကြားတွင် ကျိရှင်းလန် သည် ယန်ချုံး ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။ မရေမတွက်နိုင်သော အကြည့်အစုံအောက်တွင် သူသည် သူ့အား နမ်းရန် မချဉ်းကပ်မီ လက်စွပ်ကို သူ့လက်ချောင်းပေါ်တွင်စွပ်ပေးလိုက်သည်။
နူးညံ့သော အနမ်းတွင် တပ်မက်ခြင်း မရှိပေ ။ ကတိများနှင့် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည့် ရိုးရိုးရှင်းရှင်း ရိုးသားသော အနမ်းတစ်ခုမျှသာဖြစ်သည်။
“ အခု မင်းကကိုယ့်အပိုင်ပဲ”
ကျိရှင်းလန်ကအနမ်းကို ဖြတ်လိုက်သောအခါ ကျိရှင်းလန်က သူ့နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။
……
သူတို့သည် အချိန်ကြာမြင့်စွာက ၎င်းတို့၏လက်ထပ်ခွင့်လိုင်စင်ကို ရရှိထားပြီးဖြစ်သော်လည်း သက်သေခံအဖြစ် အမှုထမ်းသူတိုင်းနှင့် ကျမ်းကျိန်ခြင်းကို ပြီးမြောက်ခဲ့သည်။ ယခုတော့ ယန်ချုံး သည် သူလက်ထပ်သွားခဲ့သလို ခံစားလိုက်ရသည်။
ယန်ချုံး က ကျိန်ဆိုရင်း ငိုလုမတတ်ပါပဲ။ သူ့ကို ဘယ်သူမှ အာရုံမစိုက်ထားဘူးလို့တွေးခဲ့ပြီး မိတ်ကပ်ခန်းထဲမှာ ပုန်းပြီး မျက်ရည်တွေကို သုတ်ခဲ့ပေမယ့် ကျိရှင်းလန်က သူ့ကို မြင်ခဲ့ပါတယ်။
ကျိရှင်းလန်သည် လူတိုင်းကို လွှတ်ထားလိုက်ပြီး မျက်ရည်များကို ဂရုတစိုက် သုတ်ပေးရင်း ယန်ချုံး၏ မျက်နှာကို ထိလိုက်သည်။
“ ဘာဖြစ်လို့လဲ? ဘာလို့ငိုနေတာလဲ”
တခဏချင်းမှာပဲ ယန်ချုံး က ပိုလို့တောင် ငိုလာတယ်။
သူဘာကြောင့် ငိုနေတာလဲဆိုတာ သူ မသိဘူး။ မည်သို့ပင်ဆိုစေကာမူ သူ့ရင်ဘတ်ထဲတွင် ခံစားချက်များ ပြည့်လျှံနေပြီး ငိုချင်လာခဲ့သည်။
ကျိရှင်းလန်က က သူ့ကို မတားပါဘူး။ သူက သူ့ကျောကို ပွတ်သပ်ပေးလိုက်ပြီး ယန်ချုံး က မငိုတော့ဘဲ သူ့အတွက် မျက်ရည်တွေကို သုတ်လိုက်တယ်။
ယန်ချုံး ၏ ထူထဲသော အနက်ရောင် မျက်တောင်များသည် မျက်ရည်များဖြင့် စိုရွှဲသွားသည်။ သူ့မျက်လုံးများနှင့် နှာသီးဖျားများ ကနီရဲနေပြီး သနားစရာကောင်းလှသည်။
ကျိရှင်းလန် က သူ့နဖူးကို နမ်းလိုက်ပြီး “မင်း ငိုလို့ဝသွားပြီလား” ဟု ညင်သာစွာ မေးလိုက်သည်။
ယန်ချုံး က သူ့မျက်လုံးတွေကို သုတ်ဖို့ သူ့လက်ဖမိုးကိုသုံးလိုက်၏
ဒီနေ့ဟာ ပျော်ရွှင်စရာနေ့တစ်နေ့လို့ သူခံစားမိတဲ့အတွက် သူဒီလိုပျော်ရွှင်နေတဲ့သူကိုစိတ်ညစ်အောင် မလုပ်သင့်ပေမယ့် သူအဲ့တာကိုထိန်းမထားနိုင်ခဲ့ပါဘူး။
ထို့ကြောင့် သူ့ကိုယ်သူ ပြုံးဖို့တွန်းအားပေးလိုက်သော်လည်း သူ့အပြုံးက ငိုတာထက် ပိုဆိုးသည်။
ကျိရှင်းလန် က သက်ပြင်းချလိုက်ပြီး ခေါင်းနောက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ “ကိုယ့်ကိုကိုယ် အတင်းတွန်းအားမပေးပါနဲ့။ မင်းငိုတဲ့အခါ ကိုယ်လည်းပဲ ငိုချင်တယ်”
ယန်ချုံး နောက်ဆုံးတော့ ငြိမ်သက်သွားပြီး တိတ်ဆိတ်သွားတယ်။ ကျိရှင်းလန် သည် သူ့ခေါင်းကို သူ့ပခုံးပေါ်တင်လိုက်ကာ စနောက်လိုက်၏“ကိုယ့်ကို လက်မထပ်ချင်ဘူးလား”
ယန်ချုံး က သူ့နှုတ်ခမ်းတွေကို ဖွဖွဖိရင်း ခေါင်းကို အကြိမ်ကြိမ်ခါလိုက်သည်။
“ ဒါဆို မင်းဘာလို့ငိုနေတာလဲ”
“ဘာလို့ ငိုတာလဲဆိုတာ ငါလည်း မသိဘူး”
သူစကားပြောပြီးသောအခါ ယန်ချုံးသည် သူရူးသွပ်သွားသလို ခံစားလိုက်ရသည်။ ရုတ်တရက် သူဘာကြောင့် စိတ်ခံစားလွယ်လာတာလဲ။
သူငယ်ငယ်တုန်းက မိသားစုမရှိဖူးဘူး။ ယုတ္တိဗေဒအရပြောရရင် အိမ်ထောင်ကျပြီးရင်တောင် ဝမ်းနည်းမနေသင့်ပါဘူး။ သို့သော် ရုတ်တရက်၊ သူသည် မိသားစုနှင့် သက်ဆိုင်ပြီး ထိထိမိမိ ခံစားခဲ့ရသည်။ ကျိရှင်းလန် အတွက် သူ့နှလုံးသားက နာကျင်နေတော့ နည်းနည်းတော့ ကြေကွဲသွားတယ်။
ကျိရှင်းလန် သက်ပြင်းချလိုက်ပြီး ယန်ချုံး ၏ ဆံပင်ကို ပုတ်လိုက်သည်။
သူတို့ ရောက်နေတဲ့နေရာကို ရောက်လာဖို့ ခက်ခဲခဲ့တယ်။
……
မင်္ဂလာပွဲပြီးတဲ့အခါ ဧည့်သည်တွေက ဟိုတယ်ကို ပြောင်းရွှေ့စားသောက်ကြပါတယ်။
ကောင်းကင်က မှောင်မည်းနေပြီး ငြိမ်သက်နေတဲ့ ပင်လယ်မျက်နှာပြင်မှာ အနီရောင်အလင်းတန်းတွေ လင်းထိန်လာချိန်မှာတော့ ညစာစားပွဲကို စတင်ခဲ့ပါတယ်။
ယန်ချုံး သည် မိတ်ကပ်ခန်းထဲတွင် တစ်ယောက်တည်းထိုင်ကာ မှန်ရှေ့တွင် သူ့အဝတ်အစားများကို သေသပ်အောင်လုပ်လိုက်သည်။ သူသည် ဝိုင်နီရောင် ၀တ်စုံကို ပြောင်းကာ ကုတ်အင်္ကျီကော်လာများကို ပြင်လိုက်သည်။
သူ့ရင်သွေးရှိနေတဲ့ဗိုက်လေးက မထင်ရှားသေးဘဲ သူဝတ်စုံဝတ်ထားသည့်တိုင် ဘာကိုမှ မမြင်နိုင်ပေ။
သူ့အနောက်က တံခါးပွင့်လာပြီး မင်္ဂလာဧည့်ခံပွဲဆီက ဆူညံသံတွေ ဝင်လာပေမယ့် မကြာခင် တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်။
ကျိရှင်းလန် ဝင်လာသည်ဟု ယန်ချုံး တွေးထင်ခဲ့သော်လည်း လှည့်ကြည့်လိုက်တော့ မစ္စစ် ကျိ ဖြစ်နေ၏ ။ ယန်ချုံး ကိုတွေ့တော့ သူမနောက်က တံခါးကိုပိတ်ပြီး တခစ်ခစ်ရယ်လိုက်တယ်။
“ကြည့်ရတာ ဒီလိုနဲ့အရမ်းလှတယ် ”
ယန်ချုံး သည် သူမ၏ ချီးကျူးမှုကြောင့် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး မစ္စစ် ကျိ က သူ့ကော်လာကို ပြင်ပေးလိုက်သည်
ပွဲစနေပြီဖြစ်ပြီး၊ လောလောဆယ်မှာတော့ သူတို့ရှိနေဖို့ မလိုအပ်ပါဘူး။ ယန်ချုံး သည် ကျိရှင်းလန် သူ့ဆီလာရန် စောင့်ဆိုင်းဖို့ မိတ်ကပ်ခန်းထဲတွင် နေခဲ့သည် ။
တစ်နေကုန် အလုပ်ရှုပ်နေပြီးနောက်၊ မစ္စစ်ကျိသည် နောက်ဆုံးတွင် ယန်ချုံးနှင့် စကားပြောရန် အားလပ်ချိန်တစ်ခု ရခဲ့သည်။
“ချစ်လေး၊ ဒီနေ့ မင်းငိုနေတာကို လန်လန်ဆီက မား ကြားခဲ့တယ်”
ယန်ချုံးသည် ရှက်ကိုးရှက်ကန်းဖြစ်တာကို ဖုံးကွယ်ရန် ရှက်ရွံ့စွာနဲ့ နှာခေါင်းကို မပွတ်မီ မှင်တက်သွားခဲ့သည်။
ကျိရှင်းလန်..... ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုကို သူဘယ်လိုပြောနိုင်ရတာလဲ။
မစ္စစ် ကျိက ယန်ချုံး တွေးနေတာတွေကို သိပုံရပြီး သူမကသူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး “ရှက်စရာ ဘာမှမရှိပါဘူး။ မင်္ဂလာဆောင်ချိန်မှာ ငိုချင်နေတာက ပုံမှန်ပါပဲ။ အရင်တုန်းကတော့ သူ့အဖေနဲ့ လက်ထပ်တုန်းက ဟိုတယ်မှာ ပုန်းပြီး သုံးရက်လောက် ငိုခဲ့ရတယ်”
ယန်ချုံး ရယ်လုနီးပါးပဲ
မစ္စစ်ကျိက သူ့နောက်ကျောကို လက်နဲ့ပုတ်လိုက်ပြီး “လန်လန်က သူချစ်တဲ့သူကို သစ္စာစောင့်သိတယ်။ သားအဲ့တာကိုသိလိမ့်မယ်လို့ မားယုံကြည်တယ်”
မစ္စစ်ကျိသည် စကားကိုခဏရပ်တန့်လိုက်ပြီး သူမ၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ခေတ္တမျှ ပေါ်လာသော်လည်း ထိုစိုးရိမ်မှုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားကာ ယန်ချုံး က သူ့မျက်လုံးများက သူ့ကိုလှည့်စားနေသည်ဟု ထင်ခဲ့သည်။
“အရင်က လန်လန် ကြိုက်ခဲ့တဲ့သူက...... အနားမှာ မရှိတော့ဘူး။ သူ အရေးပေါ်ခန်းထဲကနေ ရေခဲတိုက်ဆီ လိုက်သွားပြီး သုသာန်ကနေ ပြန်လာပြီးတဲ့နောက် မစားလည်းမစားဘူးအိပ်လည်းမအိပ်ဘဲ အခန်းထဲမှာ ရက်ပေါင်းများစွာ သူ့ကိုယ်သူပိတ်ထားခဲ့တယ်။ မားတို့က သူ့ကို စိတ်ပူပေမယ့် သူက လူတိုင်းကို လျစ်လျူရှုခဲ့တယ်။ အဆုံးမှာတော့ သူ့တံခါးကို ဖြိုဖျက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာမရှိတော့ဘူး၊ မိုက်မဲတဲ့ကောင်လေးက သူ့လက်ကောက်ဝတ်တွေကို ဖြတ်ထားပြီး အရမ်းပိန်သွားတာကို တွေ့လိုက်ရတယ်။ သေသွားတဲ့ကောင်လေး ရဲ့ပုံတူကိုတောင် ကိုင်ထားသေးတယ်”
မစ္စစ်ကျိက ဒီလိုပြောတဲ့အချိန် ဆက်မလုပ်နိုင်တော့ဘူး။ လက်ကိုင်အိတ်ထဲက လက်ကိုင်ပုဝါကို ထုတ်ပြီး မျက်ရည်တွေကို သုတ်လိုက်တယ်။
“ မားတောင်းပန်ပါတယ် ” မစ္စစ်ကျိက ငြိမ်သက်သွားပြီး တောင်းပန်လိုက်သည်။ “ဘာလို့ ဒါကိုပြောပြနေရတာလဲဆိုတာ မား မသိဘူး။ ဒါဟာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်အခါဖြစ်ပြီး ဒါကို မပြောသင့်တာကို”
ယန်ချုံးက ဒီအဖြစ်အပျက်ကို မှန်းဆထားပြီးဖြစ်ပေမဲ့ အဖြစ်အပျက်ကို သိတဲ့သူတစ်ယောက်က သူ့အကြောင်းပြောပြတဲ့အခါ သူ့လည်ချောင်းတွေ ရေငုံနှုတ်ပိတ်နေတာကို တွေ့လိုက်ရပါတယ်။
“ မား ” ယန်ချုံးရဲ့ နှုတ်ခမ်းတွေ တုန်ယင်သွားတယ်။ သူက မစ္စစ် ကျိ ကိုမေးလိုက်တယ် “ကျိရှင်းလန် ကြိုက်ခဲ့တဲ့လူရဲ့ နာမည်ကို မားသိလား ”
မစ္စစ်ကျိသည် သူမ၏နှင်းဆီရောင်နှုတ်ခမ်းများဖြင့် နာမည်ကိုမပြောမီတွင် အံသြသောအမူအရာဖြင့် သူ့ကိုကြည့်နေသည်။ “ ယန်ချုံး ”
ယန်ချုံး က သူ့နှုတ်ခမ်းတွေကို ဖိလိုက်ပြီး သူ့ကို စိုက်ကြည့်နေတယ်။ သတ္တိရှိစဉ်တွင် သူမအား သူအမှန်အတိုင်း ပြောပြခဲ့သည်။ “...ကျွန်တော်က ယန်ချုံးပါ ”
မစ္စစ်ကျိသည် ခဏတာမျှသာ စကားမပြောနိုင်ဘဲ အံ့သြသွားသော်လည်း သူမ အလွန်အံ့သြသွားပုံမပေါ်ပေ။
“အမှန်အတိုင်းပြောရရင် ချစ်လေး..… လန်လန်က မားကို ပြောပြထားပြီးသား ” သူမ သက်ပြင်းချလိုက်ပြီး “ ဟူး ၊ ဒီကောင်လေး… အရင်က မရေမတွက်နိုင်တဲ့ ခံစားချက်တွေ ရှိနေပြီးသားလေ။ သူ့အဖေလိုပဲ ခေါင်းမာတဲ့အတွက် သူ့မှာ စိတ်အပြောင်းအလဲဖြစ်နိုင်စရာအကြောင်းမရှိပါဘူး”
ယန်ချုံး ၏ အာဒမ်ပန်းသီးက အပေါ်အောင်လှုပ်ရှားသွားလေ၏ ။ သူဘာမှမပြောနိုင်တော့ဘူး။
မစ္စစ်ကျိက သူ့ဘေးနားကို ကပ်လာပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ထို့နောက် သွေးထွက်သံယိုမျက်လုံးများဖြင့် ယန်ချုံး၏ခေါင်းကို ထိလိုက်သည်။ “ လိမ္မာလိုက်တဲ့ကောင်းလေး ။ မင်းအနားမှာ မားစိတ်မပူတော့ဘူး။ သူ မင်းအတွက် အများကြီး ခံစားခဲ့ရတယ်၊ ဒါကြောင့် မင်း သူနဲ့အတူတူ ဘဝကို ကောင်းအောင် နေထိုင်ရမယ်နော် ”
……
မင်္ဂလာပွဲစပြီးချိန်မှာတော့ ယန်ချုံး ဟာ ငြိမ်သက်သွားခဲ့ပါပြီ။ သူ့ရဲ့မျက်ရည်စီးကြောင်းနဲ့ အနည်းငယ်ရောင်ရမ်းနေတဲ့ မျက်လုံးတွေကို မိတ်ကပ်ပညာရှင်က ကျွမ်းကျင်စွာ ဖုံးပေးထားခဲ့ပါတယ်။
သူနှင့် ကျိရှင်းလန်တို့သည် ဧည့်သည်များကို နှုတ်ဆက်ရန် အတူတူ ထွက်သွားကြသည်။
ဒီတစ်ခေါက် မင်္ဂလာပွဲအတွက် သူငယ်ချင်း တော်တော်များများကို သူတို့ဖိတ်ထားတယ်။ အဲဒီအထဲမှာ မစ္စတာကျိနဲ့ မစ္စစ်ကျိသိတဲ့ အရေးပါသူတွေလည်း ပါပါတယ်။ မစ္စစ်ကျိသည် စံချမ်းသာသော လူမှုဆက်ဆံရေးသမားကဲ့သို့ ပြုမူကာ သူမ၏ငွေကို အငမ်းမရ သုံးစွဲခဲ့သည်။ သူမသည် လူတိုင်းအတွက် အကောင်းဆုံးကို တောင်းဆိုခဲ့သည်။ယန်ချုံး က သူမကို အရမ်းကြီး ကြီးကြီးကျယ်ကျယ် မလုပ်ဖို့ အကြံပေးခဲ့မယ်ဆိုရင်၊ သူမဟာ မူလက သူတို့ရဲ့ မင်္ဂလာပွဲကို နိုင်ငံရပ်ခြားက ကျွန်းတချို့မှာ စီစဉ်ချင်ခဲ့တာ ။
မင်္ဂလာပွဲအတွက် အဆင့်မြင့်ခန်းမကို အသုံးပြုခဲ့သည်။ တောက်ပသော မီးပဒေသာပင်များကို ခေါင်းထက်တွင် ချိတ်ဆွဲထားကာ ဝိုင်ခွက်ကို တိုက်နေကြသော လူများ၏ အသံများကို သူတို့ပတ်ဝန်းကျင်တွင် ကြားနေရသည်။ ကြမ်းပြင်ကို သေချာ ပွတ်တိုက်ထားပြီး တောက်ပြောင်နေ၏ ။
သူတို့ရဲ့သူငယ်ချင်းတွေအပြင် Mr. ကျိ နဲ့ Mrs. ကျိ ရဲ့ ဆွေမျိုးသူငယ်ချင်းတွေတောင် ဝိုင်းရံကြပါတယ်။ ယန်ချုံးက တစ်ချိန်လုံး ပြုံးနေခဲ့ရတာမို့ သူ့မျက်နှာကြွက်သားတွေက တောင့်တင်းလုနီးပါး ဖြစ်နေပြီ။
ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲကြီးကို သူဘယ်တုန်းကမှ မတက်ရောက်ခဲ့ဘူး၊ ဒါတောင် သူက ဒီမှာရှိနေတယ်။
လူတိုင်းကို နွေးနွေးထွေးထွေးနဲ့ ဆက်ဆံပြီးနောက် ကျိရှင်းလန် သည် ဝိုင်အတော်အတန်သောက်ခဲ့ပြီးမူးနေ၏ အများစုမှာ ယန်ချုံး ၏နေရာတွင် သောက်ရသောကြောင့်ဖြစ်သည်။
ရှဲ့ယွီလည်း မူးနေ၏ ။ သူက ယန်ချုံး ကို ပွေ့ဖက်ပြီး ငိုချလိုက်ပြီး သူ့မျက်ရည်တွေနဲ့ နှပ်ရည်တွေက ယန်ချုံး ရဲ့ ဝတ်စုံတစ်ခုလုံးကို ရွှဲနစ်နေခဲ့တယ်။ လီချန်းရန် က သူ့ကို ဆွဲထုတ်ဖို့ အများကြီး ကြိုးစားခဲ့ရပါတယ်။
ပွဲပြီးသည်နှင့် ယန်ချုံး က သူတို့ကို ဟိုတယ်ဝင်ပေါက်ရှိ လှည့်ပတ်တံခါးဆီသို့ စေလွှတ်လိုက်သည်။ ယန်ချုံးသည် ရှဲ့ယွီအရက်မူးနေသည်ကို မြင်သောအခါ စိတ်ပူပင်တာကိုမတတ်နိုင်ခဲ့ပေ ။ “သူအဆင်ပြေပါ့မလား?”
“သူ အဆင်ပြေသွားပါလိမ့်မယ် ။ ငါသူ့ကိုပြန်ပို့လိုက်မယ်။ မင်းပြန်သွားပြီး ကျိရှင်းလန် နဲ့ အနားယူသင့်တယ် ” လီချန်းရန် သည် ရှဲ့ယွီ ကို ကားထဲသို့ သယ်ဆောင်သွားပြီး သူတို့ကို နှုတ်ဆက်ခဲ့သည်။
ကျိရှင်းလန် ထံမှ လီချန်းရန် အကြောင်း ကောလာဟလများစွာကို သူကြားခဲ့သော်လည်း လီချန်းရန်သည် အမှန်တကယ် ယုံကြည်စိတ်ချရသည်ဟု ယန်ချုံး က ထင်မြင်နေသေးသည်။ ထူးထူးခြားခြား ဖြောင့်မတ်သော စစ်တပ်ကျောင်း ကျောင်းသားများ ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။
လင်းဝေသည် သူမ၏ ချစ်သူအသစ်၏ လက်ကို ကိုင်ကာ လျှောက်လာခဲ့သည်။ ယန်ချုံး ရှေ့မှာ ရပ်လိုက်ပြီး သူ့ကို လက်ဝှေ့ယမ်းကာ ပြုံးပြလိုက်သည်။ “ဂုဏ်ယူပါတယ်နော် ”
လင်းဝေ ထွက်ခွာသွားတာကို ကြည့်ပြီး ယန်ချုံးဟာ ရုတ်တရက် ရှုပ်ထွေးတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေတယ်။
သူနဲ့ ကျိရှင်းလန် တို့ဟာ သူတို့ရဲ့ ဆက်ဆံရေးမှာ အထင်အမြင်လွဲမှားမှုတွေ အများကြီး ကြုံတွေ့ခဲ့ရပြီး လင်းဝေ က အဲဒီ့နောက်ကွယ်က အဓိက အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။
လွန်ခဲ့သည့် နှစ်နှစ်လောက်က ဤကဲ့သို့ အဆုံးသတ်လိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ခဲ့မိပေ။
……
သူတို့ ဧည့်သည်အားလုံးကို လိုက်ပို့ပြီးသည်နှင့် မစ္စစ်ကျိသည် သူတို့တစ်နေကုန်အလုပ်လုပ်ခဲ့ရသောကြောင့် မာရှယ်ကျိကို အပေါ်ထပ်သို့ ဆွဲခေါ်သွားခဲ့သည်။
ယန်ချုံး က အခုအောက်ထပ်မှာ ကျိရှင်းလန် ကို မတွေ့ဘူး။ စောင့်ဆိုင်းရာနေရာကို ဖြတ်သွားသောအခါတွင် ကျိရှင်းလန် သည် ခန်းမဆောင်ရှိ ဆိုဖာပေါ်တွင် ထိုင်နေသည်ကို ရုတ်တရက်တွေ့လိုက်ရပြီး မူးဝေနေသည့် အနေအထားဖြင့် သူ့လက်ကို အုပ်ဖို့ သူ့လက်ကိုသုံးလိုက်သည်။
“မင်းမူးနေတာလား?”
ယန်ချုံး လျှောက်လာသည်နှင့် ကျိရှင်းလန် သည် သူ့လက်ကို အနည်းငယ် အောက်သို့ ရွှေ့လိုက်သည်။ မူးနေတာကြောင့် မျက်လုံးတွေ နီရဲနေတယ်။ သူ့မျက်လုံးထဲတွင် မျက်ရည်ဝိုင်းနေတဲ့ တောက်ပမှုက သူ့ကို ခါတိုင်းထက်ပို၍ ဆွဲဆောင်မှုကိုဖြစ်စေသည်။
ကြည့်ရတာ တော်တော်မူးနေတာပဲ။ ယန်ချုံး က သူ့ကို ကျီစယ်ဖို့ သူ့မေးစေ့ကို စောင်းဖို့ကို သည်းမခံနိုင်တော့ပေ။
ကျိရှင်းလန် သည် အများအားဖြင့် အရက်ကို ခံနိုင်ရည်ရှိသော်လည်း ယနေ့သူ အလွန်အကျွံသောက်ခဲ့ပုံရသည်။
ယန်ချုံးသည် သူ့အရက်သောက်ခြင်းကို ပုံမှန်အားဖြင့် ထိန်းချုပ်နိုင်သည်။ ဒါပေမယ့် ဒီနေ့ သူတို့ရဲ့ မင်္ဂလာပွဲက ခြွင်းချက်ပါ။ သူ သက်ပြင်းချလိုက်ပြီး ကျိရှင်းလန် ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အရက်မူးနေသော Alphaကို ဆွဲလိုက်သည်။
သို့သော် ကြီးမားသောအင်အားတစ်ခုက နောက်ပြန်ဆုတ်သွားပြီး ကျိရှင်းလန် ကို ဆွဲထုတ်မည့်အစား ယန်ချုံးသည် ကျိရှင်းလန် ၏လက်နှစ်ဖက်ထဲသို့ ကျရောက်သွားသည်။ ထူထဲသော Alpha ဖီရိုမိုနမ်များဖြင့် ဝိုင်းရံထားပြီး ဘီယာစည်ပိုင်းထဲသို့ ကျသွားသလို ခံစားရသည်။ သူ့ကိုယ်သူ မူးလုနီးပါး ဖြစ်သွားသည်။
ကျိရှင်းလန်က သူ့ လည်ပင်းကို ဖိထားပြီး ဖြည်းဖြည်းချင်း နီးကပ်လာသည်။ နှုတ်ခမ်းကို မဝံ့မရဲဖြင့်နမ်းရင်း သူ့အပြုအမူတွေက ပိုနူးညံ့သည်။ ယန်ချုံး သည် သူ့နှုတ်ခမ်းပေါ်ရှိ ဝိုင်အမွှေးအကြိုင်ကို မြည်းစမ်းနိုင်ပြီး နှုတ်ခမ်းကို စုထားလိုက်သည်။
“တော်လောက်ပြီ ” ယန်ချုံး က နီရဲသော မျက်နှာဖြင့် သူ့ကို တွန်းထုတ်လိုက်သည်။ ကျိရှင်းလန် မပြေသေးတာကို သူမြင်တော့“အပေါ်ထပ်တက်ရအောင်၊ ဟုတ်ပြီလား?”
မှောင်နေပြီး ခန်းမထဲမှာ ဘယ်သူမှမရှိဘူး။ ကျောက်ပုံဥယျာဥ် ဘွန်ဆိုင်းတွေက သူတို့ကို ဝှက်ထားတာကြောင့် အဝေးက ဧည့်ခံသူတွေက သူတို့ကို သတိမထားမိဘူး။
“ကိုယ့်ကို 'အချစ်' လို့ ခေါ် ” ကျိရှင်းလန် က သူ့ခါးကို ပွေ့ဖက်ကာ အရှက်မဲ့စွာပြုမူနေပြီး လွှတ်ဖို့ငြင်းဆန်ခဲ့သည်။
ယန်ချုံး သည် တစ်ယောက်ယောက်က သူတို့ကိုမြင်လျှင် သူတို့ကိုယ်သူတို့ မကောင်းသောအထင်အမြင်ကို ချန်ထားခဲ့မည်ကို စိုးရိမ်သဖြင့် သူနောင်တရကာ “အချစ် ၊ အပေါ်ထပ်တက်ရအောင်၊ဟုတ်ပြီလား ”ဟု အနူးအညွန့် တောင်းပန်လိုက်သည်။
“Okay.” ကျိရှင်းလန် ကျေနပ်ပုံပေါ်သည်။
“ကိုယ့်ကို သယ်သွား ”
'...သူတကယ်မူးနေတာလား ဟမ်'
ယန်ချုံး က ကြိတ်မှိတ်သည်းခံပြီး သူ့ကို စိုက်ကြည့်နေတယ်။ ကလေးဆန်သော စကားလုံးများနဲ့ အချင်းချင်း ခေါ်ဝေါ်သည့် ဂိမ်းကို သူ မကစားချင်သော်လည်း ဤမျှကြီးမားသော Alphaကြီးကို သယ်ထားနိုင်သည့် နည်းလမ်းမရှိသဖြင့် ကျိရှင်းလန် ၏ လက်မောင်းကို သူ့ပုခုံးပေါ်တင်ကာ အပေါ်ထပ်သို့ သူ့ကိုရွှေ့နိုင်ခဲ့သည်။
ဒါပေမယ့် အရက်မူးနေတဲ့ Alphaက ငြိမ်မနေပါဘူး။ ယန်ချုံးကို သူ့အလေးချိန်တစ်ခုလုံးနဲ့ ဖိထားရုံတင်မကဘဲ ဓာတ်လှေကားထဲမှာတောင် သူ့ကို သတ္တိရှိရှိ လိုက်စမ်းနေတယ်
ဓာတ်လှေကား၏နံရံများကို တောက်ပသောမှန်များဖြင့် အလှဆင်ထားသည်။ ယန်ချုံးသည် မှန်ထဲမှ ရောင်ပြန်ဟပ်မှုကို စိုက်ကြည့်ရင်း ထောင့်စွန်းကို ကပ်ထားသည်။ မှန်ထဲက ထင်ဟပ်နေတဲ့ ပုံရိပ်တွေကနေ သူတို့ နမ်းနေတာကို သူမြင်လိုက်ရတယ်။
သူတို့အပေါ်ထပ်သို့ရောက်သောအခါ ဓာတ်လှေကားသည် တင် ဆိုတဲ့အသံနဲ့တံခါးပွင့်လာပြီး ယန်ချုံး သည် အနမ်းကြောင့် အသက်ရှူကျပ်လုနီးပါး ဖြစ်သွားသည်။ မူးနေသော Alphaကို ဒေါသတကြီး စိုက်ကြည့်ရင်း သူ့မျက်လုံးများ နီရဲလာသည်။ သူ့လက်ကိုသုံးပြီး နှုတ်ခမ်းပေါ်က အစိုဓာတ်ကို သုတ်လိုက်တယ်။ ထို့နောက် သူသည် ရှုပ်ပွနေသော ကော်လာများကို ပွတ်သပ်ကာ ကျိရှင်းလန် ကို ဓာတ်လှေကားထဲမှ ဆွဲထုတ်လိုက်သည်။
ယန်ချုံး က အခန်းကတ်ကို ကိုင်ကာ တံခါးကိုဖွင့်ပြီး ကျိရှင်းလန် ကို ကုတင်ပေါ် ပစ်တင်လိုက်သည်။
အခုက ညဆယ့်တစ်နာရီထိုးနေပြီ။ သူက ဧည့်သည်တွေကို ဧည့်ခံတာနဲ့ အလုပ်ရှုပ်နေတော့ မစားခဲ့ဘူး။ အခုတော့ သူ ဗိုက်ဆာသလို ခံစားရတယ်။ ဒါနဲ့ ယန်ချုံးက အိမ်ရှေ့ စားပွဲကို ခေါ်သွားပြီး သူတို့ အခန်းကို အစားအစာနှစ်ပွဲ ပို့ခိုင်းလိုက်တယ်။
ဖုန်းကိုချပြီးသည်နှင့် ယန်ချုံးသည် ရေအနည်းငယ်ကျိုထားပြီး သူ ရေချိုးခန်းထဲသို့ဝင်စဉ် ကျိရှင်းလန်အတွက် အမူးပြေအောင်ကူညီဖို့ လက်ဖက်ရည်လုပ်ပေးခဲ့သည်။
သူ ပင်ပန်းလွန်းနေသဖြင့် အနားယူရန် ရေချိုးဖို့ လိုအပ်သည်။
ရေချိုးပြီးနောက် ဆံပင်ခြောက်အောင်လုပ်ပြီး မှာထားတဲ့အစားအစာက ရောက်လာခဲ့သည် ။
ယန်ချုံး သည် ကျိရျိင်းလန်နှင့် အတူစားရန် အစားအစာကို ယူလာခဲ့သည်။ ရိုးရှင်းသောပါစတာဖြစ်သော်လည်း ယန်ချုံး သည် ဗိုက်ဆာနေပြီး သူစားပြီးသည့်နောက်တွင် ပန်းကန်ပြားကို လျှာဖြင့်လျက်လုနီးပါးဖြစ်နေသည်။
သူပန်းကန်ပြားကို ကျေနပ်စွာ တွန်းဖယ်လိုက်ပြီး ရေချိုးဝတ်ရုံနဲ့ နူးညံ့တဲ့ ကုတင်ပေါ်မှာ လှဲလိုက်တယ်။
ကုတင်က ကျယ်ပြီး သူတို့ နှစ်ယောက် လုပ်ချင်တာကို လုပ်လို့ရတယ်။
ကျိရှင်းလန် က သူ့နောက်ကို လိုက်လာပြီး နမ်းပြီးတော့ စမ်းတဝါးဝါးသွားကာ သူ့ကို အောက်ဘက်မှပိတ်ထားလိုက်သည် ။ ယန်ချုံး သည် ရေချိုးဖို့ သူ့ကို မကန်ထုတ်မီ အဲ့တာကြောင့် တစ်ခစ်ခစ်ရယ်လိုက်သည်။
“သွား ရေသွားချိုး။ မင်းပြီးရင် ငါမင်းနဲ့ကစားမယ်”
ကျိရှင်းလန် အနည်းငယ် ဝမ်းနည်းနေပုံရသော်လည်း သူပြောသည့်အတိုင်း သူလုပ်နေဆဲဖြစ်သည်။
သူ့ခန္ဓာကိုယ်မှ အရက်နံ့ကို ဖယ်ရှားပြီး သူ့အပေါ်၌ ဆပ်ပြာမွှေးရနံ့နှင့် pheromoneများ ရောစပ်ထားသော pheromone၏ လန်းဆန်းမှုရနံ့သည် ပို၍ ပျော့ပျောင်းလာကာ နှင်းများ၏ နွေးထွေးမှုကဲ့သို့ မွှေးပျံ့လာသည်။
သူတို့သည် ကြမ်းပြင်မှ မျက်နှာကြက် ပြတင်းပေါက်မှတဆင့် ပင်လယ်ပြင်၊ တောက်ပနေသော မီးရှူးတန်ဆောင်များနှင့် ကြယ်များ ကြွေကျနေသော ကောင်းကင်ကြီးကို မြင်နိုင်သည်။ ပင်လယ်လေညင်းက အဖြူရောင်ပိတ်စ ကန့်လန့်ကာတွေကို ကခုန်စေတယ်။ ယန်ချုံးသည် ကျိရှင်းလန် ၏ရင်ခွင်ပေါ်တွင် လှဲလျောင်းနေပြီး လှိုင်းလုံးကြီးများ သန္တာကျောက်တန်းများဆီသို့ လွင့်စင်သွားသည်ကို နားထောင်နေခဲ့သည်။
သူရုတ်တရက် ကျိရှင်းလန် ကိုကြည့်လိုက်တယ်။ “ကျိရှင်းလန် ၊ ငါ မင်းကို လက်ထပ်လက်ဆောင် ပေးချင်တယ်။ မင်း လိုချင်လား ”
“လက်ထပ်လက်ဆောင်? ” ကျိရှင်းလန်က ယန်ချုံးကို ဘာလက်ဆောင်လဲလို့ မေးဖို့ အလျင်စလို မဖြစ်ခဲ့ပါဘူး။ အဲဒီအစား သူက ယန်ချုံးကို စိုက်ကြည့်နေတယ်။ ရုတ်တရက် သူ့လက်ကိုဆွဲပြီး နမ်းလိုက်သည်။
“အိပ်မက်မက်နေသလို ခံစားရတယ်” ဒီစကားတွေကို သူဘယ်သူ့ကိုပြောနေလဲဆိုတာ ဘယ်သူမှ မသိဘူး
ယန်ချုံး ဆုံးပါးသွားသောအခါ ကျိရှင်းလန် ၏ဆယ့်ကိုးနှစ်မြောက်မွေးနေ့မတိုင်မီ တစ်လမှာဖြစ်သည်။ သူ့အသက် ဆယ့်ကိုးနှစ်ပြည့် မွေးနေ့ကို ဖြတ်သန်းဖို့ သူအသက်မရှန်တော့လုနီးပါးဖြစ်ခဲ့ရသည်
ထိုနေ့က သူ့မွေးနေ့တွင် သူရရှိခဲ့သော လက်ဆောင်အားလုံးက ယန်ချုံး နှင့် သက်ဆိုင်သည်။
ထိုနေ့တွင် သူသည် နံနက်ခင်းတွင် ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် သူ့မိသားစုက သူ့ကို ရှာတွေ့သောအခါ ယန်ချုံး ၏ သင်္ချိုင်းဂူရှေ့တွင် ထိုင်နေသည်ကို တွေ့လိုက်ကြပြီး နေရောင်အောက်တွင် သူ့အင်္ကျီကို အနီရောင်ဆိုးထားသည်။
သူ့ရှေ့မှာ ဝိုင်ပုလင်း နှစ်လုံးရှိတယ်။ သူတို့ထဲက တစ်လုံးက ဗလာကျင်းနေပြီး မြေပြင်ပေါ်မှာ လှဲနေကာ ကျန်တစ်လုံးက အဖုံးပိတ်ထားတယ်။ ဘယ်သူမှ အဲ့တာကိုမသောက်ထားဘူး။
……
ယန်ချုံး သည် အမြဲတမ်းနှောင်ကြိုးများအကြောင်း များစွာစဉ်းစားခဲ့သည်။
ကျိရှင်းလန် က သူ့ကို တန်းတူရည်တူ ဆက်ဆံရေးတစ်ခု ပေးချင်သည်။
အမြဲတမ်း နှောင်ကြိုးတွေ မလိုအပ်ဘူးလို့ ပြောခဲ့ပေမယ့် ယန်ချုံး ကတော့ အရာတော်တော်များများကို တွေးနေတုန်းပါပဲ။
သူ့အတွက်၊ အမြဲတမ်း ချည်နှောင်ခြင်းထက် ပိုမြင့်မြတ်သောအရာ မရှိပေ ။ စာချုပ်ချုပ်ပြီးသည်နှင့် သူသည် အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ ကျိရှင်းလန် သာလျှင် သက်ဆိုင်မည်ဖြစ်သည်။
ရိုးရိုးသားသားပြောရရင် ယန်ချုံး က ကျိရှင်းလန် သူ့ကို အမှတ်အသားပြုလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။
ကျိရှင်းလန် သည် သူ့အတွက် reverse bonding ခွဲစိတ်မှုကို ဖြတ်ကျော်သွားသည်ဖြစ်စေ အဲ့တာက ကိစ္စမရှိသော်လည်း ယန်ချုံး သည် ကျိရှင်းလန် နှင့် အမြဲတမ်းနှောင်ကြိုးဖွဲ့ရန် လိုလားနေဆဲဖြစ်သည်။
ကျိရှင်းလန် သည် သူတို့အတူရှိစဉ်တွင် လုံခြုံမှုကို ခံစားရခြင်းမရှိသောကြောင့် ယန်ချုံး သည် ထိုလုံခြုံရေးကို သူ့အား ပေးမည်ဖြစ်သည်။
“မင်းရဲ့ဆယ့်ကိုးနှစ်ပြည့်မွေးနေ့မှာ ငါမရှိခဲ့လို့ တောင်းပန်ပါတယ်”
ယန်ချုံးက ကန့်လန့်ကာတွေကိုဆွဲပြီး ကုတင်ရှေ့ရောက်လာတယ်။ သူသည် ကျိရှင်းလန် ၏လက်ကိုဆွဲထုတ်လိုက်ပြီး သူ၏ရှည်လျားပြီးသေးသွယ်သောလည်ပင်းကို ပေါ်လွင်စေကာ ရေချိုးဝတ်ရုံကို ဖြည်လိုက်သည်။“ကျိရှင်းလန် ၊ မင်းရဲ့ နှစ်ဆယ်ပြည့်မွေးနေ့လက်ဆောင်က ဒီမှာ။ မင်းကို ငါနဲ့ အမြဲတမ်း နှောင်ဖွဲ့ခွင့်ပေးမယ် ”
လှိုင်းလုံးများသည် ကြမ်းပြင်မှ မျက်နှာကျက် ပြတင်းပေါက် အပြင်ဘက် ကမ်းခြေကို ရိုက်ခတ်ပြီး လကလည်း မြင့်တက်လာပြီ ။
.......
T/N 1 : ကောင်းပြီ၊ side story အချိန်ပဲ