Chapter 61 : မျှော်လင့်မထားသော မတော်တဆဖြစ်ရပ်
ထိုအချိန်တွင် ကျန်ရှက သူသည် သဘောထားကြီးပြီး ချင့်ချိန်တတ်သူတစ်ယောက်ဖြစ်၍ ဖျန်ဖြေပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ သို့ရာတွင် ယဲ့ချင်းက ထိုစကားကို ကြားသောအခါ သူမ၏မျက်နှာသည် နီမြန်းနေရာမှ ဖြူဖျော့သွား၏။
သူမသည် ကျင်းယွင်ကျောင်းက ဟင်းအကျန် တစ်ပန်းကန် ပို့လိုက်ခြင်းကြောင့် ဒေါသထွက်ခြင်းမဟုတ်ပေ။ ဟင်းပွဲ၏ စျေးနှုန်းကြောင့်သာ ဒေါသထွက်ခြင်းဖြစ်၏။
ဤဟင်းပွဲတစ်ပွဲသည် သူမ၏ တစ်စားပွဲလုံးစာ တန်ဖိုးနှင့် ညီမျှသည်။ ယခု သူက သူမကို အဲဒီဟင်းနှစ်ပွဲ မှာစေချင်နေတာလား။ ထိုများပြားသော ပိုက်ဆံကို သူမ ဘယ်က ရလိမ့်မည်နည်း။
သူမ၏ မွေးနေ့ဖြစ်တာတောင် သူမသည် မိဘများအား အချိန်အတော်ကြာအောင် တောင်းပန်ပြီးမှ ယွမ်ငါးရာသာရခဲ့သည်။ သို့သော် ထိုပမာဏနှင့် မည်သို့လောက်ငှမည်နည်း။ သူမတွင် ရွေးခြယ်စရာမရှိသောကြောင့် လက်ဝတ်လက်စားများနှင့် ယခင်နှစ်မွေးနေ့များက သူမ၏ မိဘများ လက်ဆောင်ပေးခဲ့သော လက်ဆောင်ပစ္စည်းများကို ရောင်းချခဲ့ရသည်။ သူမသည် ထိုပိုက်ဆံကို သူမအတွက် ဝတ်စုံအလှများဝယ်ရန် သုံးလိုက်ပြီး ထိုမှ ကျန်သော ပိုက်ဆံနှင့်သာ သူမ၏ အတန်းဖော်များကို ထမင်းတစ်နပ် ဧည့်ခံခြင်းဖြစ်၏။
"ကျန်ရှ၊ နင် ဆက်ပြောစရာမလိုဘူး။ ငါတို့က သူတောင်းစားတွေ မဟုတ်ဘူး။ ငါတို့လာခဲ့တာလည်း အစားအသောက်အတွက်မဟုတ်ဘဲ သူ့ကို မျက်နှာသာပေးဖို့ လာခဲ့တာ။ ဒါပေမယ့် သူက ငါတို့ကို ဒီလိုမျိုး စော်ကားမယ်လို့တော့ မထင်လိုက်မိဘူး။ ဒီလိုဖြစ်သွားကတည်းက ဒီမှာ နေစရာအကြောင်းလည်း မရှိတော့ဘူး။ ငါတို့ အရင်ဆုံး ထွက်သွားမယ်"
ဟင်းအနှစ်များနှင့် ပက်ခံရသော မိန်းကလေးက မတ်တပ်ထရပ်လိုက်ပြီး သူမ၏ ဂျာကင်အင်္ကျီကို ဆွဲယူကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
သို့သော် ယဲ့ချင်းသည် ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ ဤမိန်းကလေးသာ ထွက်သွားပါက အခြားသူများကလည်း အဘယ်ကြောင့် ဆက်ထိုင်နေရပါဦးမည်နည်း။ သူမ ပိုပြီး အရှက်ကွဲသွားမည်မဟုတ်လား။
သူမသည် ထိုမိန်းကလေးအား တားရန် ကမူးရှုးထိုးပြေးသွားလိုက်သည်။
"နင် ထွက်မသွားရဘူး"
"ငါ့ခြေထောက်တွေက ငါ့ခန္ဓာကိုယ်ကလေ။ နင့်မှာ ငါ့ကို တားဖို့ ဘာအခွင့်အရေးရှိလို့လဲ"
ထိုမိန်းကလေးက ယဲ့ချင်း၏ လက်ကို ခါထုတ်ပစ်လိုက်ပြီး သူမအား စိုက်ကြည့်လိုက်၏။
ထိုမိန်းကလေးအမည်မှာ ယန်ထျန်းထျန်းဖြစ်ပြီး ယခင်က သူမသည် ယဲ့ချင်းနှင့် အတော်လေး ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သို့သော် ယဲ့ချင်းသည် ယခင်က အခြားသူများအပေါ်တွင် ဤသို့မဟုတ်ချေ။ ထို့ကြောင့် ယနေ့ ယဲ့ချင်း၏ မွေးနေ့ကို ဆင်နွှဲရန် သူမသည် အဝတ်အစားအသစ်များကို အထူးဝတ်ဆင်လာခဲ့သည်။ ယဲ့ချင်းအား မျက်နှာပေးရန်သာမက သူမကိုယ်သူမလည်း အရှက်မရစေရန်ဖြစ်၏။ သို့သော် ယခု ယဲ့ချင်းက ဤသို့ပြုမူခဲ့သည်။ သူမသည် ဟင်းအနှစ်တစ်ပန်းကန်လုံးနှင့် အပက်ခံလိုက်ရပြီး သူမ၏ အဝတ်အစားအသစ်များ ပျက်စီးသွား၏။ သူမ အိမ်ပြန်လျှင် သူမ၏ မိဘများက အဘယ်မျှ ဆူပူကြိမ်းမောင်းမည်ဆိုတာ မည်သူသိမည်နည်း။
"နင် မပြန်ရဘူး။ နင် အခု ငါကျွေးတာကို စားထားတာလေ။ အဲဒီတော့ ငါပြောတာကို နားထောင်ရမယ်"
ယဲ့ချင်းသည် မပြီးနိုင်မစီးနိုင် စိတ်အနှောက်အယှက် ပေးနေ၏။
ယန်ထျန်းထျန်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။
"ပိုက်ဆံ ဘယ်လောက်လဲ ပြော။ နင့်ကို တနင်္လာနေ့ကျရင် ပြန်ပေးမယ်၊ အခုတော့ ဖယ်စမ်း"
"မရဘူး၊ နင် မသွားရဘူး။ နင် ပြန်မပေးနိုင်လို့ ဒီလိုတွေပြောနေတာပဲ။ ဘာလို့ ခွေးလို တအားဟောင်နေပြီး အချိန်တွေ ဖြုန်းနေတာလဲ"
ယခုအခါ ယဲ့ချင်းသည် ပို၍ ဒေါသထွက်လာပြီဖြစ်၏။ သူမ ဒေါသထွက်လာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်ကလည်း ယန်ထျန်းထျန်းအား ကိုယ်ထိလက်ရောက် သွားဆွဲတော့သည်။
ယန်ထျန်းထျန်းသည် ထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်၏။ သူမသည် နည်းနည်းမျှပင် မရွေ့ရသေးချေ။ ထို့ကြောင့် တွန်းထိုးထွက်ရန် အားသုံးလိုက်သော်လည်း ယဲ့ချင်း၏ လက်က ရောက်လာပြီး သူမအား ဆောင့်ဆွဲလိုက်ရာ မထင်မှတ်ဘဲ ကုတ်ဆွဲမိသွား၏။ ၎င်းမှာ နာကျင်လွန်းလှသည်။ ယန်ထျန်းထျန်းလည်း ဒေါသထွက်သွားပြီး သူမ၏ လက်ထဲရှိ ဂျာကင်အင်္ကျီကို အဝေးသို့ ပစ်လိုက်ပြီး ယဲ့ချင်းနှင့် စတင်သတ်ပုတ်ကြတော့၏။
ပတ်ဝန်းကျင်ရှိ လူများသည် ကြောင်အ,နေကြသည်။ အချို့က ရန်ပွဲကို ဆွဲရန် ကြိုးစားနေကြ၍ အချို့က ဘေးလူများကို အကူအညီတောင်းရန် ကြိုးစားနေကြ၏။ အခြေအနေများ ရှုပ်ထွေးနေသည်။
ဤသည်ကို မြင်သောအခါ စားပွဲထိုးသည် သူမ ဆိုးဆိုးဝါးဝါး တစ်ခုခုလုပ်လိုက်မိပြီဟု ခံစားလိုက်ရ၍ လုံခြုံရေးကို ခေါ်ရန် အမြန်ပြေးသွားတော့၏။
သို့ရာတွင် စားပွဲထိုး ထွက်သွားပြီးသည်နှင့် ယန်ထျန်းထျန်းသည် အနည်းဟန် ဟန်ချက် မထိန်းနိုင်ဖြစ်သွားသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စားပွဲများ၊ ထိုင်ခုံများရှိရာသို့ ပစ်လဲကျသွားတော့၏။
"အား........"
သူမ၏ စူးစူးဝါးဝါးအော်သံကြီးက အခြားသူများကို နှလုံးခုန် ရပ်သွားစေသည်။
ထိုအခိုက်တွင် ကျင်းယွင်ကျောင်းသည် သီးသန့်ခန်းလိုက်ကာကို ဖွင့်လိုက်ရာ ထိုမြင်ကွင်းကို မြင်လိုက်ရ၏။ သူမ၏ နှလုံးသား ဆောင့်ခုန်သွားသည်။
"အိုး...မဟုတ်တော့ဘူး။ အောက်ထပ်မှာ တစ်ခုခုဖြစ်နေပြီ။ သွားကြစို့"
"ဘာဖြစ်တာလဲ။ ယဲ့ချင်း တစ်ခုခု လုပ်ပြန်ပြီလား။ ငါတို့က ဘာလို့ သူ့ကို ဂရုစိုက်နေမှာလဲ"
ရှောင်ဟိုင်ချင်းသည် အခြေအနေကို မမြင်သေးပေ။ သူမ၏ မျက်နှာက ဝိုင်ကြောင့် နီရဲနေ၏။ သူမသည် မျက်နှာကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သောအခါ တစ်ကိုယ်လုံး တုန်သွားတော့သည်။ သူမ၏ စိတ်သည် ချက်ချင်းပင် ကြည်လင်သွားပြီး လှည့်ကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်း ထွက်သွားသည်ကို မြင်လိုက်ရ၏၊
အောက်ထပ်၌ ရှုပ်ထွေးနေသည်။ ကျောင်းသားများသည် ကြောက်လွန်း၍ တုန်ယင်နေကြ၏။ စင်စစ် သူတို့သည် ကလေးများသာ ဖြစ်ကြသည်။ သူတို့သည် ကြောက်ရွံ့ထိတ်လန့်နေကြပြီး ဘာလုပ်ရမှန်း မသိပေ။
သူတို့သည် ယန်ထျန်းထျန်း၏ နဖူးမှ သွေးများစီးကျလာသည်ကို မြင်လိုက်ရသည်။ သူမ၏ လက်များက ညာဘက်မျက်လုံးကို အုပ်ထား၏။ နဖူးမှ သွေးများက မျက်လုံးဆီသို့ တရဟော စီးကျနေသည့် မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဖယ်ကြစမ်း"
ကျင်းယွင်ကျောင်းသည် ရှေ့သို့ ခပ်မြန်မြန် တိုးသွား၍ ယန်ထျန်းထျန်း၏ လက်ကို ဖယ်လိုက်၏။ သူမ၏ မျက်လုံးသည် အနည်းငယ် ပေါက်နေ၍ သွေးများ ပန်းထွက်နေသည်။ သွေးပျက်ဖွယ်ရာ မြင်ကွင်းပင်။
Zawgyi
Chapter 61 : ေမွ်ာ္လင့္မထားေသာ မေတာ္တဆျဖစ္ရပ္
ထိုအခ်ိန္တြင္ က်န္ရွက သူသည္ သေဘာထားႀကီးၿပီး ခ်င့္ခ်ိန္တတ္သူတစ္ေယာက္ျဖစ္၍ ဖ်န္ေျဖေပးနိုင္လိမ့္မည္ဟု ယုံၾကည္ေနသည္။ သို႔ရာတြင္ ယဲ့ခ်င္းက ထိုစကားကို ၾကားေသာအခါ သူမ၏မ်က္ႏွာသည္ နီျမန္းေနရာမွ ျဖဴေဖ်ာ့သြား၏။
သူမသည္ က်င္းယြင္ေက်ာင္းက ဟင္းအက်န္ တစ္ပန္းကန္ ပို႔လိုက္ျခင္းေၾကာင့္ ေဒါသထြက္ျခင္းမဟုတ္ေပ။ ဟင္းပြဲ၏ ေစ်းႏႈန္းေၾကာင့္သာ ေဒါသထြက္ျခင္းျဖစ္၏။
ဤဟင္းပြဲတစ္ပြဲသည္ သူမ၏ တစ္စားပြဲလုံးစာ တန္ဖိုးႏွင့္ ညီမွ်သည္။ ယခု သူက သူမကို အဲဒီဟင္းႏွစ္ပြဲ မွာေစခ်င္ေနတာလား။ ထိုမ်ားျပားေသာ ပိုက္ဆံကို သူမ ဘယ္က ရလိမ့္မည္နည္း။
သူမ၏ ေမြးေန႕ျဖစ္တာေတာင္ သူမသည္ မိဘမ်ားအား အခ်ိန္အေတာ္ၾကာေအာင္ ေတာင္းပန္ၿပီးမွ ယြမ္ငါးရာသာရခဲ့သည္။ သို႔ေသာ္ ထိုပမာဏႏွင့္ မည္သို႔ေလာက္ငွမည္နည္း။ သူမတြင္ ေ႐ြးျခယ္စရာမရွိေသာေၾကာင့္ လက္ဝတ္လက္စားမ်ားႏွင့္ ယခင္ႏွစ္ေမြးေန႕မ်ားက သူမ၏ မိဘမ်ား လက္ေဆာင္ေပးခဲ့ေသာ လက္ေဆာင္ပစၥည္းမ်ားကို ေရာင္းခ်ခဲ့ရသည္။ သူမသည္ ထိုပိုက္ဆံကို သူမအတြက္ ဝတ္စုံအလွမ်ားဝယ္ရန္ သုံးလိုက္ၿပီး ထိုမွ က်န္ေသာ ပိုက္ဆံႏွင့္သာ သူမ၏ အတန္းေဖာ္မ်ားကို ထမင္းတစ္နပ္ ဧည့္ခံျခင္းျဖစ္၏။
"က်န္ရွ၊ နင္ ဆက္ေျပာစရာမလိုဘူး။ ငါတို႔က သူေတာင္းစားေတြ မဟုတ္ဘူး။ ငါတို႔လာခဲ့တာလည္း အစားအေသာက္အတြက္မဟုတ္ဘဲ သူ႕ကို မ်က္ႏွာသာေပးဖို႔ လာခဲ့တာ။ ဒါေပမယ့္ သူက ငါတို႔ကို ဒီလိုမ်ိဳး ေစာ္ကားမယ္လို႔ေတာ့ မထင္လိုက္မိဘူး။ ဒီလိုျဖစ္သြားကတည္းက ဒီမွာ ေနစရာအေၾကာင္းလည္း မရွိေတာ့ဘူး။ ငါတို႔ အရင္ဆုံး ထြက္သြားမယ္"
ဟင္းအႏွစ္မ်ားႏွင့္ ပက္ခံရေသာ မိန္းကေလးက မတ္တပ္ထရပ္လိုက္ၿပီး သူမ၏ ဂ်ာကင္အကၤ်ီကို ဆြဲယူကာ ထြက္သြားရန္ ဟန္ျပင္လိုက္သည္။
သို႔ေသာ္ ယဲ့ခ်င္းသည္ ထိတ္ထိတ္ပ်ာပ်ာျဖစ္သြား၏။ ဤမိန္းကေလးသာ ထြက္သြားပါက အျခားသူမ်ားကလည္း အဘယ္ေၾကာင့္ ဆက္ထိုင္ေနရပါဦးမည္နည္း။ သူမ ပိုၿပီး အရွက္ကြဲသြားမည္မဟုတ္လား။
သူမသည္ ထိုမိန္းကေလးအား တားရန္ ကမူးရႈးထိုးေျပးသြားလိုက္သည္။
"နင္ ထြက္မသြားရဘူး"
"ငါ့ေျခေထာက္ေတြက ငါ့ခႏၶာကိုယ္ကေလ။ နင့္မွာ ငါ့ကို တားဖို႔ ဘာအခြင့္အေရးရွိလို႔လဲ"
ထိုမိန္းကေလးက ယဲ့ခ်င္း၏ လက္ကို ခါထုတ္ပစ္လိုက္ၿပီး သူမအား စိုက္ၾကည့္လိုက္၏။
ထိုမိန္းကေလးအမည္မွာ ယန္ထ်န္းထ်န္းျဖစ္ၿပီး ယခင္က သူမသည္ ယဲ့ခ်င္းႏွင့္ အေတာ္ေလး ေကာင္းမြန္ေသာ ဆက္ဆံေရးရွိသည္။ သို႔ေသာ္ ယဲ့ခ်င္းသည္ ယခင္က အျခားသူမ်ားအေပၚတြင္ ဤသို႔မဟုတ္ေခ်။ ထို႔ေၾကာင့္ ယေန႕ ယဲ့ခ်င္း၏ ေမြးေန႕ကို ဆင္ႏႊဲရန္ သူမသည္ အဝတ္အစားအသစ္မ်ားကို အထူးဝတ္ဆင္လာခဲ့သည္။ ယဲ့ခ်င္းအား မ်က္ႏွာေပးရန္သာမက သူမကိုယ္သူမလည္း အရွက္မရေစရန္ျဖစ္၏။ သို႔ေသာ္ ယခု ယဲ့ခ်င္းက ဤသို႔ျပဳမူခဲ့သည္။ သူမသည္ ဟင္းအႏွစ္တစ္ပန္းကန္လုံးႏွင့္ အပက္ခံလိုက္ရၿပီး သူမ၏ အဝတ္အစားအသစ္မ်ား ပ်က္စီးသြား၏။ သူမ အိမ္ျပန္လွ်င္ သူမ၏ မိဘမ်ားက အဘယ္မွ် ဆူပူႀကိမ္းေမာင္းမည္ဆိုတာ မည္သူသိမည္နည္း။
"နင္ မျပန္ရဘူး။ နင္ အခု ငါေကြၽးတာကို စားထားတာေလ။ အဲဒီေတာ့ ငါေျပာတာကို နားေထာင္ရမယ္"
ယဲ့ခ်င္းသည္ မၿပီးနိုင္မစီးနိုင္ စိတ္အေႏွာက္အယွက္ ေပးေန၏။
ယန္ထ်န္းထ်န္း၏ မ်က္ႏွာမွာ ေဒါသေၾကာင့္ နီရဲသြားသည္။
"ပိုက္ဆံ ဘယ္ေလာက္လဲ ေျပာ။ နင့္ကို တနလၤာေန႕က်ရင္ ျပန္ေပးမယ္၊ အခုေတာ့ ဖယ္စမ္း"
"မရဘူး၊ နင္ မသြားရဘူး။ နင္ ျပန္မေပးနိုင္လို႔ ဒီလိုေတြေျပာေနတာပဲ။ ဘာလို႔ ေခြးလို တအားေဟာင္ေနၿပီး အခ်ိန္ေတြ ျဖဳန္းေနတာလဲ"
ယခုအခါ ယဲ့ခ်င္းသည္ ပို၍ ေဒါသထြက္လာၿပီျဖစ္၏။ သူမ ေဒါသထြက္လာသည္ႏွင့္အမွ် သူမ၏ ခႏၶာကိုယ္ကလည္း ယန္ထ်န္းထ်န္းအား ကိုယ္ထိလက္ေရာက္ သြားဆြဲေတာ့သည္။
ယန္ထ်န္းထ်န္းသည္ ထြက္သြားရန္ ဆုံးျဖတ္ထားၿပီးျဖစ္၏။ သူမသည္ နည္းနည္းမွ်ပင္ မေ႐ြ႕ရေသးေခ်။ ထို႔ေၾကာင့္ တြန္းထိုးထြက္ရန္ အားသုံးလိုက္ေသာ္လည္း ယဲ့ခ်င္း၏ လက္က ေရာက္လာၿပီး သူမအား ေဆာင့္ဆြဲလိုက္ရာ မထင္မွတ္ဘဲ ကုတ္ဆြဲမိသြား၏။ ၎မွာ နာက်င္လြန္းလွသည္။ ယန္ထ်န္းထ်န္းလည္း ေဒါသထြက္သြားၿပီး သူမ၏ လက္ထဲရွိ ဂ်ာကင္အကၤ်ီကို အေဝးသို႔ ပစ္လိုက္ၿပီး ယဲ့ခ်င္းႏွင့္ စတင္သတ္ပုတ္ၾကေတာ့၏။
ပတ္ဝန္းက်င္ရွိ လူမ်ားသည္ ေၾကာင္အ,ေနၾကသည္။ အခ်ိဳ႕က ရန္ပြဲကို ဆြဲရန္ ႀကိဳးစားေနၾက၍ အခ်ိဳ႕က ေဘးလူမ်ားကို အကူအညီေတာင္းရန္ ႀကိဳးစားေနၾက၏။ အေျခအေနမ်ား ရႈပ္ေထြးေနသည္။
ဤသည္ကို ျမင္ေသာအခါ စားပြဲထိုးသည္ သူမ ဆိုးဆိုးဝါးဝါး တစ္ခုခုလုပ္လိုက္မိၿပီဟု ခံစားလိုက္ရ၍ လုံၿခဳံေရးကို ေခၚရန္ အျမန္ေျပးသြားေတာ့၏။
သို႔ရာတြင္ စားပြဲထိုး ထြက္သြားၿပီးသည္ႏွင့္ ယန္ထ်န္းထ်န္းသည္ အနည္းဟန္ ဟန္ခ်က္ မထိန္းနိုင္ျဖစ္သြားသည္။ သူမ၏ ခႏၶာကိုယ္တစ္ခုလုံးသည္ စားပြဲမ်ား၊ ထိုင္ခုံမ်ားရွိရာသို႔ ပစ္လဲက်သြားေတာ့၏။
"အား........"
သူမ၏ စူးစူးဝါးဝါးေအာ္သံႀကီးက အျခားသူမ်ားကို ႏွလုံးခုန္ ရပ္သြားေစသည္။
ထိုအခိုက္တြင္ က်င္းယြင္ေက်ာင္းသည္ သီးသန့္ခန္းလိုက္ကာကို ဖြင့္လိုက္ရာ ထိုျမင္ကြင္းကို ျမင္လိုက္ရ၏။ သူမ၏ ႏွလုံးသား ေဆာင့္ခုန္သြားသည္။
"အိုး...မဟုတ္ေတာ့ဘူး။ ေအာက္ထပ္မွာ တစ္ခုခုျဖစ္ေနၿပီ။ သြားၾကစို႔"
"ဘာျဖစ္တာလဲ။ ယဲ့ခ်င္း တစ္ခုခု လုပ္ျပန္ၿပီလား။ ငါတို႔က ဘာလို႔ သူ႕ကို ဂ႐ုစိုက္ေနမွာလဲ"
ေရွာင္ဟိုင္ခ်င္းသည္ အေျခအေနကို မျမင္ေသးေပ။ သူမ၏ မ်က္ႏွာက ဝိုင္ေၾကာင့္ နီရဲေန၏။ သူမသည္ မ်က္ႏွာကို ျပတင္းေပါက္ဘက္သို႔ လွည့္လိုက္ေသာအခါ တစ္ကိုယ္လုံး တုန္သြားေတာ့သည္။ သူမ၏ စိတ္သည္ ခ်က္ခ်င္းပင္ ၾကည္လင္သြားၿပီး လွည့္ၾကည့္လိုက္ေသာအခါ က်င္းယြင္ေက်ာင္း ထြက္သြားသည္ကို ျမင္လိုက္ရ၏၊
ေအာက္ထပ္၌ ရႈပ္ေထြးေနသည္။ ေက်ာင္းသားမ်ားသည္ ေၾကာက္လြန္း၍ တုန္ယင္ေနၾက၏။ စင္စစ္ သူတို႔သည္ ကေလးမ်ားသာ ျဖစ္ၾကသည္။ သူတို႔သည္ ေၾကာက္႐ြံ႕ထိတ္လန့္ေနၾကၿပီး ဘာလုပ္ရမွန္း မသိေပ။
သူတို႔သည္ ယန္ထ်န္းထ်န္း၏ နဖူးမွ ေသြးမ်ားစီးက်လာသည္ကို ျမင္လိုက္ရသည္။ သူမ၏ လက္မ်ားက ညာဘက္မ်က္လုံးကို အုပ္ထား၏။ နဖူးမွ ေသြးမ်ားက မ်က္လုံးဆီသို႔ တရေဟာ စီးက်ေနသည့္ ျမင္ကြင္းမွာ ေၾကာက္မက္ဖြယ္ေကာင္းလွသည္။
"ဖယ္ၾကစမ္း"
က်င္းယြင္ေက်ာင္းသည္ ေရွ႕သို႔ ခပ္ျမန္ျမန္ တိုးသြား၍ ယန္ထ်န္းထ်န္း၏ လက္ကို ဖယ္လိုက္၏။ သူမ၏ မ်က္လုံးသည္ အနည္းငယ္ ေပါက္ေန၍ ေသြးမ်ား ပန္းထြက္ေနသည္။ ေသြးပ်က္ဖြယ္ရာ ျမင္ကြင္းပင္။