Unicode
D ပြည်နယ်တွင် ဖြစ်သည်။
ချင်းလီက လက်ထဲမှ Ipad ကို ဆောင့်ချကာ ဆိုဖာပေါ် ပစ်လှဲလိုက်၏။ မျက်နှာနှင့် ဆိုဖာအပ်ကာ စိတ်ညစ်နေရှာသည်။
အရင်ကထက် ပို၍ လူမမာရုပ်ပေါက်နေသည့် ချိန်ဖေကျုံးက အနားမှာထိုင်၍ နှစ်သိမ့်ပေးနေသည်။
" လီရယ် စိတ်မညစ်ပါနဲ့.. အင်တာနက်သတင်းတွေကတော့ ဒီလိုပါပဲ.. လူတွေက တစ်ရက်နှစ်ရက်လောက် လှောင်လို့ဝသွားရင် နောက်ရက်ကျ တခြားကို စိတ်ဝင်စားသွားလိမ့်မယ် ... အရမ်းစိတ်မပူနဲ့.. Huangdu က လုံးဝပျက်စီးသွားပြီ. တိဘီရန်လဲ တစ်သက်လုံး အကောင်းအတိုင်း ပြန်ဖြစ်တော့မှာ မဟုတ်ဘူး.. ခဏတော့ လူကြားထဲမထွက်သေးပဲ ငြိမ်နေကြရအောင်.. အဟွတ် အဟွတ်"
ချိန်ဖေကျုံးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်သည်။
" ရှားဆုန်းက နှစ်နှစ် သုံးနှစ်အတွင်း လွတ်လာလိမ့်မယ်.. စိတ်မပူနဲ့.. သူ လွတ်တဲ့အချိန်ကျ နှစ်ဆယ်ကျော်လောက်ပဲ ရှိဦးမှာ ဘဝကို အသစ်ပြန်စဖို့ အများကြီး အချိန်ရသေးတယ်"
" ဒါပေမဲ့ ဘယ်လောက်ရင်နာဖို့ကောင်းလဲ.. ကျွန်မကလေးတွေဘဝက .. တစ်ယောက်က စိတ်ရောဂါရှိနေတယ်လို့ အပြောခံရတယ် တခြားတစ်ယောက်ကျတော့လဲ လူသတ်သမားတဲ့"
ချင်းလီက ချိန်ဖေကျုံးကို ဖက်ကာ ရှိုက်နေ၏။
" ဖေကျုံး.. ဒါ ကျွန်မ ဝဋ်လည်နေတာပဲဖြစ်မယ်.. ငယ်ငယ်က ရှင့်ရဲ့ မေတ္တာတွေကို လျစ်လျှူရှုခဲ့လို့ ဘုရားက ကျွန်မကို ဒဏ်ခတ်တာ.. ဖေကျုံး.. ကျွန်မရှင့်ကို လုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်နော်.. ရှင်လဲ နေမြန်မြန်ပြန်ကောင်းလာပါတော့.. ကျွန်မမှာ အားကိုးစရာ ရှင်တစ်ယောက်ပဲ ရှိတော့တာ"
ချိန်ဖေကျုံးအကြည့်ထဲတွင် မုန်းတီးရိပ်တို့ ခဏတာ ဖြတ်ပြေးသွားပေမဲ့ ချက်ချင်းပင် နူးညံ့သည့်အကြည့်တို့အဖြစ် ပြန်ပြောင်းသွား၏။ ချင်းလီကို ကျောလေးပုတ်ပေးကာ ဆက်၍ နှစ်သိမ့်ပေးနေသည်။
" ကိုယ်လဲ ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်.. မငိုပါနဲ့ကွယ်.. မင်း ပြုံးနေတာလေးကို ကိုယ်က ပိုသဘောကျတာ"
ထိုစကားကြောင့် ချင်းလီ အတော်လေးစိတ်သက်သာရာ ရသွားကာ ရေချိုးခန်းထဲဝင်၍ ကိုယ်လက်သန့်စင်သည်။ ပြန်ထွက်လာတော့ ချိန်ဖေကျုံးအနားထိုင်ကာ ခြေထောက်များ နှိပ်နယ်ပေး၏။
" ဘယ်လိုနေသေးလဲ.. ဆရာဝန်က ဘာပြောသေးလဲ"
" မင်းက အနားမှာ ရှိနေပေးလို့ ပိုသက်သာပါတယ်"
ချိန်ဖေကျုံးက ပြုံးရွှင်ကာ ပြောနေသည်။
ချင်းလီက ရှက်ပြုံးနှင့် ခေါင်းငုံ့သွား၍ သူမ၏ သားအကြောင်း ဆက်ပြောသည်။
" ဖေကျုံး.. ဒါနဲ့ ကျွန်မ နားမလည်တာ တစ်ခုရှိတယ်.. တိဘီရန်က ကျွန်မကို မကျေနပ်လို့ ရှားဆုန်းကို ပြဿနာတက်အောင် လုပ်ချင်တာတော့ သိပါတယ်.. ဒါပေမဲ့ သူ့ကျန်းမာရေးကို အထိခိုက်ခံတဲ့အထိ စွန့်စားစရာလား.. ဒီနောက်ကွယ်မှာ တခြားတစ်ယောက်ရှိလိမ့်မယ်လို့ ကျွန်မထင်နေတယ်.. အရမ်းကြောက်စရာကောင်းတာပဲ.. ရှင်သေသွားရင် ကျွန်မလဲ လိုက်သေမိမယ်ထင်တယ်.. ဒီကမ္ဘာကြီးက ရှင့်ရဲ့ ကာကွယ်ပေးမှုမရှိရင် ကြောက်စရာကြီးနေမှာ"
" မရူးစမ်းပါနဲ့ကွာ.. ကိုယ်က မင်းကို တစ်သက်လုံး ကာကွယ်ပေးမှာ"
ချိန်ဖေကျုံးက ချင်းလီဆံပင်လေးကို သပ်ပေးရင်း ပြန်ပြော၏။
" အဲ့လို စကားမျိုး နောက်တစ်ခါ လုံးဝ ထပ်မပြောစမ်းနဲ့.. မင်းက ဒီလောက်ငယ်ငယ်လေးရှိသေးတာ.. ပြီးတော့ စိတ်မပူပါနဲ့ နောက်ကွယ်မှာ ဘယ်သူကြိုးကိုင်နေလဲဆိုတာ ကိုယ် စုံစမ်းပေးပါ့မယ်.. သေချာလဲ ဖြေရှင်းလိုက်မယ်.. စိတ်အေးအေးနေ"
ချင်းလီက ရင်ထဲ အတော်လေးထိသွားကာ ချိန်ဖေကျုံးကို ဖက်၍ ငိုတော့သည်။
ချိန်ဖေကျုံးက ချင်းလီမမြင်ရတော့မှ မဲ့ပြုံးပြုံးရင်း စိတ်ထဲမှ မေးလိုက်သည်။
... ချင်းလီရယ်.. ဘယ်သူလုပ်တာလဲဆိုတာ နည်းနည်းလေးတောင် မသိဘူးလား...
ချင်းလီက သဲလွန်စအမှားကို ဆုပ်ကိုင်လိုက်၏။
" အဲဒါ တိချိုးဟယ်ပဲဖြစ်ရမယ်.. ကျွန်မကိုလက်စားချေဖို့ အခွင့်အရေးကို သူ စောင့်နေတာ.. သူပဲ ဖြစ်မှာ.. ရှေ့နေဝမ်နဲ့ တိချိုးဟယ်ပေါင်းပြီးတော့ လုပ်ကြံတာ.. သူတို့ ပူးပေါင်းနေတာ အတော်ကြာပြီနေမှာ.. ကျွန်မရဲ့ မိသားစုကို ပြိုကွဲအောင် တစ်ချိန်လုံး ကြံစည်နေတာလေ"
" တိချိုးဟယ်??"
ချိန်ဖေကျုံးက ရယ်လိုက်ပြီး ချင်းလီ တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ ထို့နောက် ဘာမှမဖြစ်သလို ပြန်ပြောလိုက်သည်။
" အော် .. အဲ့ကောင်လေးလား.. စိတ်မပူနဲ့.. ကိုယ်ရှင်းလိုက်မယ်..."
Huangdu ၏ ရုံးချုပ်နှင့် လက်ခွဲရုံးများအားလုံး တစ်ခုပြီးတစ်ခု ပိတ်နေရပြီး မကြာခင် ဒေဝါလီခံရတော့မည်ဟု အင်တာနက်သုံးသူများက မှတ်ချက်ချသည်။
ဇူလိုင်လအလယ်တွင် တိချိုးဟယ်နှင့် ဟောပိုင်တို့က V&G အတွက် ကြော်ညာရိုက်ကူးရန် လေယာဥ်လက်မှတ်ကအစ အားလုံး စီစဥ်ပြီးနေပြီဖြစ်၏။ ရှေ့နေဝမ်က ရုတ်တရက် တံခါးလာခေါက်သည်။ တိဘီရန်ကိုယ်စား လာခဲ့ခြင်းဖြစ်ပြီး တိဘီရန်က တိချိုးဟယ်ကို တွေ့ချင်သည်ဟု တောင်းဆိုနေသည်ဟု ဆို၏။
" ကျွန်တော်က ခင်ဗျား ဒီ့ထက်သာတဲ့အလုပ်ကို ပြောင်းသွားပြီလို့ ထင်နေတာ"
တိချိုးဟယ်က အိမ်ထဲဖိတ်ကာ လက်ဖက်ရည်ငှဲ့ပေးနေသည်။ ရှေ့နေဝမ်နှင့် ဖန်တာ့တို့ လက်တွဲအလုပ်လုပ်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း သူ သိသွားပြီဖြစ်၏။
ရှေ့နေဝမ်က ခေါင်းညိတ်ကာ လှပစွာ ပြင်ဆင်ထားသော အိမ်နှင့် ဆိုဖာပေါ် အနားယူနေသော ဟောပိုင်ကို ကြည့်ရင်း တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။ ထို့နောက် ပြန်ဖြေသည်။
" ကျွန်တော် Huangdu အတွက် အလုပ်လုပ်နေတာ ဆယ်စုနှစ်တစ်ခု မကတော့ဘူး.. နောက်ဆုံးတော့လဲ ကျွန်တော့်စည်းမျဥ်းတွေကို လက်လျှော့လိုက်ရတာပါပဲ.. ထားလိုက်ပါတော့လေ.. ဒီနေ့ကတော့ တိဘီရန်ကိုယ်စား လာခဲ့တာပါ.. သခင်လေး သူနဲ့တွေ့ဖို့ အဆင်ပြေရဲ့လား"
" သူက ဘယ်လိုပြောတာလဲ"
တိချိုးဟယ်က အမေးကို အမေးနှင့် တုံ့ပြန်သည်။
" ကျွန်တော်လဲ သေချာတော့ မပြောတတ်ဘူး.. သူက စကားတောင် သေချာမပြောနိုင်တာကြာပြီ.. သခင်လေးကို တွေ့ချင်တယ်လို့ပဲ ပြောနေတာ.. တခြားတော့ ဘာမှမပြောဘူး"
တိချိုးဟယ်က ရုတ်တရက် သတိရသွားသည်။ အရင်နှစ်က ဒီအချိန်လောက်ပဲဖြစ်မည်ထင်သည်။ သူ တိမိသားစုကနေ အပြီးအပိုင်ထွက်ပြီး နယ်စပ်ကို ရိုက်ကူးရေးလုပ်ဖို့ ထွက်သွားခဲ့ရ၏။
အခု ကြည့်ပါဦး.. အချိန်တွေက အကုန်မြန်၏။
" ရတာပေါ့"
တိချိုးဟယ်က ဟောပိုင်ဆံပင်လေးကို သပ်ရင်း ပြန်ဖြေ၏။
" နှစ်ယောက်လုံး သေသေချာချာ အဆုံးသတ်သင့်တယ်လေ"
တိချိုးဟယ်က ဆက်ပြောသည်။
တိချိုးဟယ်၏ ဆုံးဖြတ်ချက်ကိုကြားတော့ ဟောပိုင်က ပြုံးလိုက်ရင်း တိချိုးဟယ်လက်ကို ဆွဲညှစ်သည်။
ရှေ့နေဝမ်က သူ့ခန့်မှန်းချက် မှန်ကန်သွားသည်ဟု ယူဆကာ သူတို့နှစ်ယောက်ကို ပြုံးကြည့်၍ နားလည်စွာနှင့် အပြင်ထွက်သွား၏။
နောက်တစ်နေ့တွင် တိချိုးဟယ်က ဆေးရုံလိုက်သွားသည်။ တံခါးဖွင့်လိုက်တော့ တိဘီရန်က လက်တွန်းလှည်းပေါ် ထိုင်ကာ ပြတင်းပေါက်မှ အပြင်သို့ငေးကြည့်နေ၏။ တိချိုးဟယ်က အထဲဝင်ကာ တိဘီရန်ရှိရာသို့ လျှောက်လာသည်။
" ကျွန်တော့်ကို ဘာပြောစရာများ ကျန်သေးလို့လဲ"
အေးဆေးတည်ငြိမ်နေသည့် တိချိုးဟယ်ကိုတွေ့တော့ တိဘီရန်က မျက်ရည်များကျလာသည်။
" ချိုးဟယ်.. နောက်ဆုံးတော့ ရောက်လာပြီပေါ့"
......
End of part 230
Thank u all
Zawgyi
D ျပည္နယ္တြင္ ျဖစ္သည္။
ခ်င္းလီက လက္ထဲမွ Ipad ကို ေဆာင့္ခ်ကာ ဆိုဖာေပၚ ပစ္လွဲလိုက္၏။ မ်က္ႏွာႏွင့္ ဆိုဖာအပ္ကာ စိတ္ညစ္ေနရွာသည္။
အရင္ကထက္ ပို၍ လူမမာ႐ုပ္ေပါက္ေနသည့္ ခ်ိန္ေဖက်ဳံးက အနားမွာထိုင္၍ ႏွစ္သိမ့္ေပးေနသည္။
" လီရယ္ စိတ္မညစ္ပါနဲ႕.. အင္တာနက္သတင္းေတြကေတာ့ ဒီလိုပါပဲ.. လူေတြက တစ္ရက္ႏွစ္ရက္ေလာက္ ေလွာင္လို႔ဝသြားရင္ ေနာက္ရက္က် တျခားကို စိတ္ဝင္စားသြားလိမ့္မယ္ ... အရမ္းစိတ္မပူနဲ႕.. Huangdu က လုံးဝပ်က္စီးသြားၿပီ. တိဘီရန္လဲ တစ္သက္လုံး အေကာင္းအတိုင္း ျပန္ျဖစ္ေတာ့မွာ မဟုတ္ဘူး.. ခဏေတာ့ လူၾကားထဲမထြက္ေသးပဲ ၿငိမ္ေနၾကရေအာင္.. အဟြတ္ အဟြတ္"
ခ်ိန္ေဖက်ဳံးက အသက္ျပင္းျပင္း တစ္ခ်က္ရွိုက္သည္။
" ရွားဆုန္းက ႏွစ္ႏွစ္ သုံးႏွစ္အတြင္း လြတ္လာလိမ့္မယ္.. စိတ္မပူနဲ႕.. သူ လြတ္တဲ့အခ်ိန္က် ႏွစ္ဆယ္ေက်ာ္ေလာက္ပဲ ရွိဦးမွာ ဘဝကို အသစ္ျပန္စဖို႔ အမ်ားႀကီး အခ်ိန္ရေသးတယ္"
" ဒါေပမဲ့ ဘယ္ေလာက္ရင္နာဖို႔ေကာင္းလဲ.. ကြၽန္မကေလးေတြဘဝက .. တစ္ေယာက္က စိတ္ေရာဂါရွိေနတယ္လို႔ အေျပာခံရတယ္ တျခားတစ္ေယာက္က်ေတာ့လဲ လူသတ္သမားတဲ့"
ခ်င္းလီက ခ်ိန္ေဖက်ဳံးကို ဖက္ကာ ရွိုက္ေန၏။
" ေဖက်ဳံး.. ဒါ ကြၽန္မ ဝဋ္လည္ေနတာပဲျဖစ္မယ္.. ငယ္ငယ္က ရွင့္ရဲ႕ ေမတၱာေတြကို လ်စ္လ်ႉရႈခဲ့လို႔ ဘုရားက ကြၽန္မကို ဒဏ္ခတ္တာ.. ေဖက်ဳံး.. ကြၽန္မရွင့္ကို လုပ္ခဲ့မိတာေတြအတြက္ ေတာင္းပန္ပါတယ္ေနာ္.. ရွင္လဲ ေနျမန္ျမန္ျပန္ေကာင္းလာပါေတာ့.. ကြၽန္မမွာ အားကိုးစရာ ရွင္တစ္ေယာက္ပဲ ရွိေတာ့တာ"
ခ်ိန္ေဖက်ဳံးအၾကည့္ထဲတြင္ မုန္းတီးရိပ္တို႔ ခဏတာ ျဖတ္ေျပးသြားေပမဲ့ ခ်က္ခ်င္းပင္ ႏူးညံ့သည့္အၾကည့္တို႔အျဖစ္ ျပန္ေျပာင္းသြား၏။ ခ်င္းလီကို ေက်ာေလးပုတ္ေပးကာ ဆက္၍ ႏွစ္သိမ့္ေပးေနသည္။
" ကိုယ္လဲ ျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္ပါတယ္.. မငိုပါနဲ႕ကြယ္.. မင္း ၿပဳံးေနတာေလးကို ကိုယ္က ပိုသေဘာက်တာ"
ထိုစကားေၾကာင့္ ခ်င္းလီ အေတာ္ေလးစိတ္သက္သာရာ ရသြားကာ ေရခ်ိဳးခန္းထဲဝင္၍ ကိုယ္လက္သန့္စင္သည္။ ျပန္ထြက္လာေတာ့ ခ်ိန္ေဖက်ဳံးအနားထိုင္ကာ ေျခေထာက္မ်ား ႏွိပ္နယ္ေပး၏။
" ဘယ္လိုေနေသးလဲ.. ဆရာဝန္က ဘာေျပာေသးလဲ"
" မင္းက အနားမွာ ရွိေနေပးလို႔ ပိုသက္သာပါတယ္"
ခ်ိန္ေဖက်ဳံးက ၿပဳံး႐ႊင္ကာ ေျပာေနသည္။
ခ်င္းလီက ရွက္ၿပဳံးႏွင့္ ေခါင္းငုံ႕သြား၍ သူမ၏ သားအေၾကာင္း ဆက္ေျပာသည္။
" ေဖက်ဳံး.. ဒါနဲ႕ ကြၽန္မ နားမလည္တာ တစ္ခုရွိတယ္.. တိဘီရန္က ကြၽန္မကို မေက်နပ္လို႔ ရွားဆုန္းကို ျပႆနာတက္ေအာင္ လုပ္ခ်င္တာေတာ့ သိပါတယ္.. ဒါေပမဲ့ သူ႕က်န္းမာေရးကို အထိခိုက္ခံတဲ့အထိ စြန့္စားစရာလား.. ဒီေနာက္ကြယ္မွာ တျခားတစ္ေယာက္ရွိလိမ့္မယ္လို႔ ကြၽန္မထင္ေနတယ္.. အရမ္းေၾကာက္စရာေကာင္းတာပဲ.. ရွင္ေသသြားရင္ ကြၽန္မလဲ လိုက္ေသမိမယ္ထင္တယ္.. ဒီကမာၻႀကီးက ရွင့္ရဲ႕ ကာကြယ္ေပးမႈမရွိရင္ ေၾကာက္စရာႀကီးေနမွာ"
" မ႐ူးစမ္းပါနဲ႕ကြာ.. ကိုယ္က မင္းကို တစ္သက္လုံး ကာကြယ္ေပးမွာ"
ခ်ိန္ေဖက်ဳံးက ခ်င္းလီဆံပင္ေလးကို သပ္ေပးရင္း ျပန္ေျပာ၏။
" အဲ့လို စကားမ်ိဳး ေနာက္တစ္ခါ လုံးဝ ထပ္မေျပာစမ္းနဲ႕.. မင္းက ဒီေလာက္ငယ္ငယ္ေလးရွိေသးတာ.. ၿပီးေတာ့ စိတ္မပူပါနဲ႕ ေနာက္ကြယ္မွာ ဘယ္သူႀကိဳးကိုင္ေနလဲဆိုတာ ကိုယ္ စုံစမ္းေပးပါ့မယ္.. ေသခ်ာလဲ ေျဖရွင္းလိုက္မယ္.. စိတ္ေအးေအးေန"
ခ်င္းလီက ရင္ထဲ အေတာ္ေလးထိသြားကာ ခ်ိန္ေဖက်ဳံးကို ဖက္၍ ငိုေတာ့သည္။
ခ်ိန္ေဖက်ဳံးက ခ်င္းလီမျမင္ရေတာ့မွ မဲ့ၿပဳံးၿပဳံးရင္း စိတ္ထဲမွ ေမးလိုက္သည္။
... ခ်င္းလီရယ္.. ဘယ္သူလုပ္တာလဲဆိုတာ နည္းနည္းေလးေတာင္ မသိဘူးလား...
ခ်င္းလီက သဲလြန္စအမွားကို ဆုပ္ကိုင္လိုက္၏။
" အဲဒါ တိခ်ိဳးဟယ္ပဲျဖစ္ရမယ္.. ကြၽန္မကိုလက္စားေခ်ဖိဳ႕ အခြင့္အေရးကို သူ ေစာင့္ေနတာ.. သူပဲ ျဖစ္မွာ.. ေရွ႕ေနဝမ္နဲ႕ တိခ်ိဳးဟယ္ေပါင္းၿပီးေတာ့ လုပ္ႀကံတာ.. သူတို႔ ပူးေပါင္းေနတာ အေတာ္ၾကာၿပီေနမွာ.. ကြၽန္မရဲ႕ မိသားစုကို ၿပိဳကြဲေအာင္ တစ္ခ်ိန္လုံး ႀကံစည္ေနတာေလ"
" တိခ်ိဳးဟယ္??"
ခ်ိန္ေဖက်ဳံးက ရယ္လိုက္ၿပီး ခ်င္းလီ တစ္ကိုယ္လုံးကို ေျခဆုံးေခါင္းဆုံးၾကည့္သည္။ ထို႔ေနာက္ ဘာမွမျဖစ္သလို ျပန္ေျပာလိုက္သည္။
" ေအာ္ .. အဲ့ေကာင္ေလးလား.. စိတ္မပူနဲ႕.. ကိုယ္ရွင္းလိုက္မယ္..."
Huangdu ၏ ႐ုံးခ်ဳပ္ႏွင့္ လက္ခြဲ႐ုံးမ်ားအားလုံး တစ္ခုၿပီးတစ္ခု ပိတ္ေနရၿပီး မၾကာခင္ ေဒဝါလီခံရေတာ့မည္ဟု အင္တာနက္သုံးသူမ်ားက မွတ္ခ်က္ခ်သည္။
ဇူလိုင္လအလယ္တြင္ တိခ်ိဳးဟယ္ႏွင့္ ေဟာပိုင္တို႔က V&G အတြက္ ေၾကာ္ညာရိုက္ကူးရန္ ေလယာဥ္လက္မွတ္ကအစ အားလုံး စီစဥ္ၿပီးေနၿပီျဖစ္၏။ ေရွ႕ေနဝမ္က ႐ုတ္တရက္ တံခါးလာေခါက္သည္။ တိဘီရန္ကိုယ္စား လာခဲ့ျခင္းျဖစ္ၿပီး တိဘီရန္က တိခ်ိဳးဟယ္ကို ေတြ႕ခ်င္သည္ဟု ေတာင္းဆိုေနသည္ဟု ဆို၏။
" ကြၽန္ေတာ္က ခင္ဗ်ား ဒီ့ထက္သာတဲ့အလုပ္ကို ေျပာင္းသြားၿပီလို႔ ထင္ေနတာ"
တိခ်ိဳးဟယ္က အိမ္ထဲဖိတ္ကာ လက္ဖက္ရည္ငွဲ႕ေပးေနသည္။ ေရွ႕ေနဝမ္ႏွင့္ ဖန္တာ့တို႔ လက္တြဲအလုပ္လုပ္ေနသည္မွာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ေၾကာင္း သူ သိသြားၿပီျဖစ္၏။
ေရွ႕ေနဝမ္က ေခါင္းညိတ္ကာ လွပစြာ ျပင္ဆင္ထားေသာ အိမ္ႏွင့္ ဆိုဖာေပၚ အနားယူေနေသာ ေဟာပိုင္ကို ၾကည့္ရင္း တစ္စုံတစ္ခုကို သေဘာေပါက္သြားပုံရသည္။ ထို႔ေနာက္ ျပန္ေျဖသည္။
" ကြၽန္ေတာ္ Huangdu အတြက္ အလုပ္လုပ္ေနတာ ဆယ္စုႏွစ္တစ္ခု မကေတာ့ဘူး.. ေနာက္ဆုံးေတာ့လဲ ကြၽန္ေတာ့္စည္းမ်ဥ္းေတြကို လက္ေလွ်ာ့လိုက္ရတာပါပဲ.. ထားလိုက္ပါေတာ့ေလ.. ဒီေန႕ကေတာ့ တိဘီရန္ကိုယ္စား လာခဲ့တာပါ.. သခင္ေလး သူနဲ႕ေတြ႕ဖို႔ အဆင္ေျပရဲ႕လား"
" သူက ဘယ္လိုေျပာတာလဲ"
တိခ်ိဳးဟယ္က အေမးကို အေမးႏွင့္ တုံ႕ျပန္သည္။
" ကြၽန္ေတာ္လဲ ေသခ်ာေတာ့ မေျပာတတ္ဘူး.. သူက စကားေတာင္ ေသခ်ာမေျပာနိုင္တာၾကာၿပီ.. သခင္ေလးကို ေတြ႕ခ်င္တယ္လို႔ပဲ ေျပာေနတာ.. တျခားေတာ့ ဘာမွမေျပာဘူး"
တိခ်ိဳးဟယ္က ႐ုတ္တရက္ သတိရသြားသည္။ အရင္ႏွစ္က ဒီအခ်ိန္ေလာက္ပဲျဖစ္မည္ထင္သည္။ သူ တိမိသားစုကေန အၿပီးအပိုင္ထြက္ၿပီး နယ္စပ္ကို ရိုက္ကူးေရးလုပ္ဖို႔ ထြက္သြားခဲ့ရ၏။
အခု ၾကည့္ပါဦး.. အခ်ိန္ေတြက အကုန္ျမန္၏။
" ရတာေပါ့"
တိခ်ိဳးဟယ္က ေဟာပိုင္ဆံပင္ေလးကို သပ္ရင္း ျပန္ေျဖ၏။
" ႏွစ္ေယာက္လုံး ေသေသခ်ာခ်ာ အဆုံးသတ္သင့္တယ္ေလ"
တိခ်ိဳးဟယ္က ဆက္ေျပာသည္။
တိခ်ိဳးဟယ္၏ ဆုံးျဖတ္ခ်က္ကိုၾကားေတာ့ ေဟာပိုင္က ၿပဳံးလိုက္ရင္း တိခ်ိဳးဟယ္လက္ကို ဆြဲညွစ္သည္။
ေရွ႕ေနဝမ္က သူ႕ခန့္မွန္းခ်က္ မွန္ကန္သြားသည္ဟု ယူဆကာ သူတို႔ႏွစ္ေယာက္ကို ၿပဳံးၾကည့္၍ နားလည္စြာႏွင့္ အျပင္ထြက္သြား၏။
ေနာက္တစ္ေန႕တြင္ တိခ်ိဳးဟယ္က ေဆး႐ုံလိုက္သြားသည္။ တံခါးဖြင့္လိုက္ေတာ့ တိဘီရန္က လက္တြန္းလွည္းေပၚ ထိုင္ကာ ျပတင္းေပါက္မွ အျပင္သို႔ေငးၾကည့္ေန၏။ တိခ်ိဳးဟယ္က အထဲဝင္ကာ တိဘီရန္ရွိရာသို႔ ေလွ်ာက္လာသည္။
" ကြၽန္ေတာ့္ကို ဘာေျပာစရာမ်ား က်န္ေသးလို႔လဲ"
ေအးေဆးတည္ၿငိမ္ေနသည့္ တိခ်ိဳးဟယ္ကိုေတြ႕ေတာ့ တိဘီရန္က မ်က္ရည္မ်ားက်လာသည္။
" ခ်ိဳးဟယ္.. ေနာက္ဆုံးေတာ့ ေရာက္လာၿပီေပါ့"
......
End of part 230
Thank u all