Chapter 60 : ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း
ဤကိစ္စအားလုံးကို မည်သူက အစပြုခဲ့သည်ဆိုသည်အား မေ့နေသည့်ပုံဖြင့် ယဲ့ချင်း၏ မျက်လုံးများက နီရဲနေသည်။ အဖိုးတန်ဟင်းပွဲ၏ အကျန်များကိုကြည့်ရင်း သူမ၏ မနာလိုဝန်တိုစိတ်ကို မထိန်းနိုင်တော့ချေ။
ကျင်းယွင်ကျောင်းက မိဘမဲ့တစ်ယောက် မဟုတ်လား။ သူမကို ဒီလို အရှက်ခွဲဖို့ သင်းဆီမှာ ဘာအခွင့်အရေးရှိလို့လဲ။
"ယဲ့ချင်း၊ ဒီလိုမလုပ်နဲ့လေ။ ဟင်းပန်းကန်ကို အရင်ဆုံးပို့တာ ငါတို့ မဟုတ်လား"
သူမ၏ ဘေးရှိ မိန်းကလေးက ထပ်မကြည့်နိုင်တော့သဖြင့် ယဲ့ချင်းအား သတိပေးရန် စကားဆိုလိုက်သည်။
ယဲ့ချင်းသည် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက် ဖြစ်၏။ သူမသည် များသောအားဖြင့် တည်ငြိမ် ငြင်သာစွာ စကားပြောလေ့ရှိပြီး သူမ၏ အကျင့်စရိုက်မှာလည်း အတော်လေး ကောင်းသည်။ သို့သော် သူမသည် မကြာသေးမီကပင် အတော်လေး ပြောင်းလဲသွားကြောင်း သိပြီးဖြစ်ကြ၏။ အထူးသဖြင့် ယခုအချိန်တွင် ဟင်းတစ်ပွဲကြောင့် သူမသည် လူများစွာ၏ ရှေ့၌အော်ဟစ်ရန်လိုနေသည်။ သူမသည် အပေါက်ဆိုးသော မိန်းမကြီးတစ်ဦးကဲ့သို့ အော်ဟစ်နေ၏။ ဘယ်လောက်တောင် အရှက်ကွဲလိုက်သလဲ။
သူတို့သည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးသည်။ သူတို့သည် သူတို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်သည်မှာလည်း သဘာဝကျ၏။ ဤကဲ့သို့ ဇာချဲ့လှသည့် ယဲ့ချင်းနှင့်ဆိုလျှင် ဘယ်သူကများ ဂုဏ်သိက္ခာကို ထိန်းထားနိုင်မည်နည်း။
"ဒါဆို ငါက အရင်ဆုံး ဒါကို ဘာလို့ပို့ခဲ့တာလဲ။ အဲဒီပန်းကန်ထဲမှာ အများကြီးကျန်သေးတယ်လေ။ ဒါပေမယ့် သူကကျတော့ရော။ အကုန်လုံး စားပြီးသား ညစ်ပတ်နေတာကြီး။ နင်က သူ့ဘက်က ပြောပေးရင် ဘာလို့ နင် အဲဒါကို မစားလိုက်တာလဲ"
ယဲ့ချင်း၏ ဒေါသသည် အလွန်ကြီးလှသည်။ သူမသည် စားပွဲထိုး၏ လက်ထဲမှ ပန်းကန်ကို လုယူလိုက်ပြီး ထိုမိန်းကလေးဆီသို့ လွှင့်ပစ်လိုက်၏။ ပန်းကန်ကွဲသံ ထွက်ပေါ်လာပြီး ထိုပန်းကန်ထဲမှ ဟင်းအနှစ်များသည် နေရာအနှံ့ ပြန့်ကျဲသွားသည်။ ဘေးရှိကျောင်းသားများသည်လည်း ဟင်းအနှစ်အချို့ စင်ကုန်၏။
ယဲ့ချင်းသည် ပန်းကန်ကို လွှင့်ပစ်ပြီးနောက် ချက်ချင်း နောင်တရသွားသည်။ သူမသည် ဒေါသထွက်လွန်းသွားရုံသာဖြစ်သော်လည်း သူမ,ပြောခဲ့သည်များကိုလည်း ပြန်မရုတ်သိမ်းချင်ခဲ့ပေ။ ထို့အပြင် သူမသည် ဂုဏ်သိက္ခာကိုလည်း ချစ်မြတ်နိုး၏။ ထို့ကြောင့် သူမသည် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ဒေါသထွက်နေသေးသယောင်သာ ပြုမူလိုက်သည်။
ထိုသို့ဖြစ်ပြီးနောက်တွင် လူတိုင်းသည် ဆက်လက်၍ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ ယဲ့ချင်းသည် ကျင်းယွင်ကျောင်းအား စိတ်ဆိုးသည်မှာ အဆင်ပြေသော်လည်း သူမက အဘယ်ကြောင့် သူတို့အားလုံးအပေါ်တွင်ပါ မဲနေရသနည်း။
သူတို့သည် ယဲ့ချင်း ကျွေးသော အစားအသောက်ကို စားသောက်၍ အမှန်တကယ်လည်း ယဲ့ချင်း ဖိတ်ကြားသောကြောင့်သာ လာခဲ့ခြင်းဖြစ်သော်လည်း ဒါတွေအားလုံးက သူမရဲ့မွေးနေ့ကို ကျင်းပဖို့ မဟုတ်လား။
သို့သော် ယခုတွင်တော့ သူတို့သည် အစားအသောက်ကောင်းများကို မစားနိုင်ရုံသာမက သူတို့ပါ ဒုက္ခတွေ့နေရသည်။
"နင်က ဘောင်ကျော်လွန်းနေပြီနော်။ ကျောင်းကောင်စီအဖွဲ့ဝင် တစ်ယောက်ဖြစ်နေတာနဲ့တင် နင့်ကိုယ့်နင် အရာအားလုံးက ကြီးမြတ်လှပြီလို့များ တကယ်ကြီး ထင်နေတာလား။ အနည်းဆုံးတော့ ကျင်းယွင်ကျောင်းက အခြားသူတွေထက် ပိုတော်ပိုတတ်နေသလို မပြုမူဖူးသလို အခြားသူတွေကိုလည်း အထင်မသေးဖူးဘူး။ နင် ချက်ချင်း တောင်းပန်တာ ပိုကောင်းမယ်နော်။ မဟုတ်ရင် လူတိုင်းက ငါတို့အတန်းထဲမှာ နင့်လိုလူမျိုးမရှိသလို ပြုမူပြီးနေရလိမ့်မယ်"
ကျောင်းသားတစ်ယောက်က မတ်တပ်ထရပ်၍ ဒေါသတကြီးပြောလိုက်၏။
"နင်တို့က နင်တို့ ကျင်းယွင်ကျောင်းကို ကြဥ်ထားသလိုမျိုး ငါ့ကိုကြဥ်ချင်တာလား။ နင်တို့ကိုယ်နင်တို့ ဘာထင်နေလဲ။ အခု နင်တို့ သောက်ထား၊ စားထားသမျှတွေကို ပိုက်ဆံရှင်းတာ ငါဆိုတာလည်း မမေ့နဲ့။ နင့်မှာ ငါ့ကို ဆရာလာလုပ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ။ ပြီးတော့ ငါက ဘာအမှားလုပ်လို့လဲ။ နင်တို့က ငါ့မွေးနေ့ကို ကျင်းပဖို့ ဒီကိုရောက်နေကြတာ မဟုတ်လား။ နင်က ဘာလို့ ကျင်းယွင်ကျောင်းဘက်ကနေ ပြောပေးနေတာလဲ"
ယဲ့ချင်းက အချိုးပြောင်းရန် ငြင်းဆန်နေဆဲပင်။
သူမသည် အမှန်တကယ်ပင် ကြောက်ရွံ့နေ၏။ သို့သော် သူမကို ခေါင်းငုံ့ပြီး အရှုံးကို ဝန်ခံဖို့ ပြောသည်လား။ လုံးဝမဖြစ်နိုင်ပေ။
သူမ ထိုသို့ပြောပြီးနောက် အခြားကျောင်းသားများသည်လည်း ဒေါသထွက်သွားကြသည်။ သူတို့၏ ရန်ဖြစ်ငြင်းခုံနေကြသော အသံများမှာ မတိုးလှရာ သူတို့၏ ပတ်ဝန်းကျင်ရှိ ထူးဆန်းသော အကြည့်များကို ဖမ်းစားနိုင်၏။
ယဲ့ချင်း၏ မျက်နှာသည် နီရဲနေပြီး သူမသည် ဆက်လက်၍ တင်းခံနေသည်။
"ယဲ့ချင်း၊ ငါ နင့်ကို နူးညံ့တဲ့အကျင့်စရိုက်ရှိတဲ့သူလို့ပဲ အမြဲတမ်း ထင်ခဲ့တာ။ နင်က ဒီလိုလူစားမျိုးမှန်း ငါ တကယ် ထင်မထားခဲ့ဘူး။ ဒါပေမယ့် ကျင်းယွင်ကျောင်းကလည်း ဒီတစ်ခါတော့ တကယ်ကို စေးကုပ်လွန်းပါတယ်။ ဟင်းပွဲတစ်ပွဲပို့ပေးတာ ကောင်းပေမယ့် အကျန်တွေဖြစ်နေတာက ကျတော့ရော။ ဒါဘယ်လိုလုပ်မလဲ၊ ယဲ့ချင်း။ နင် ဘာလို့ အားလုံးကို တောင်းပန်ဖို့ 'သန္တာရောင်စဥ်ပန်းမျိုးတရာပင်လယ်ခရု' နှစ်ပွဲလောက် ထပ်မမှာတာလဲ။ ငါတို့အကုန်လုံးက ဒီကို ပျော်ဖို့ လာတာလေ။ လူတစ်ယောက်ကြောင့်နဲ့တော့ အပျက်စီးမခံနိုင်ဘူး"
ကျန်ရှသည် ရက်ရော၍ ကြင်နာတတ်သူတစ်ယောက်ဟု လူသိများသည်။ ယခုအချိန်မှာတောင်မှ သူသည် ကြင်နာသောစကားလုံးအချို့ကို ပြောရန် မမေ့ချေ။
သို့ရာတွင် သူ၏စကားလုံးများက နှစ်သက်စရာ မကောင်းပေ။ သူတို့၏ဘေးစားပွဲများမှ လူများပင် ထိုစကားကြောင့် ဒေါသထွက်ကုန်ကြ၏။
ဤကောင်လေးသည် ငယ်ရွယ်သေးသော်လည်း သူသည် ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသော စရိုက်ရှိ၍ အနည်းငယ်လည်း တစ်ကိုယ်ကောင်းဆန်သည်။ သူတို့သည် ရန်ဖြစ်လုနီးပါးဖြစ်နေသော်လည်း သူသည် ဟင်းပွဲအကြောင်းကိုသာ တွေးနေ၏။ သူသည် မိန်းကလေးတစ်ယောက်ဆီမှ အမြတ်ထုတ်ချင်နေဆဲပင်။
တကယ်တော့ ကျန်ရှသည် ထိုသို့မတွေးပေ။ သူသည် သူတို့ရန်ဖြစ်ကြသည်မှာ ပင်လယ်ခရုကြောင့်ဟူ၍သာ တွေးနေ၏။ ထို့ကြောင့် သူတို့သည် ပြဿနာကို ပင်လယ်ခရုနှင့်သာ ဖြေရှင်းရပေမည်။ ယဲ့ချင်း၏ သဘောထားကြီးရက်ရောမှုကိုလည်း ပြသရာ ရောက်သည်။ သူသည် ကျင်းယွင်ကျောင်းကိုလည်း သူမက ပြဿနာဖြစ်စေရန် ပို့ပေးလိုက်သော ဟင်းပွဲသည် သူတို့၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ကြောင်း မြင်စေချင်၏။ သူတို့လည်း သူတို့စားချင်သည်ကို စားနိုင်မည်ဖြစ်လေသတည်း။
Zawgyi
Chapter 60 : ကိုယ့္ကိုကိုယ္အထင္ႀကီးျခင္း
ဤကိစၥအားလုံးကို မည္သူက အစျပဳခဲ့သည္ဆိုသည္အား ေမ့ေနသည့္ပုံျဖင့္ ယဲ့ခ်င္း၏ မ်က္လုံးမ်ားက နီရဲေနသည္။ အဖိုးတန္ဟင္းပြဲ၏ အက်န္မ်ားကိုၾကည့္ရင္း သူမ၏ မနာလိုဝန္တိုစိတ္ကို မထိန္းနိုင္ေတာ့ေခ်။
က်င္းယြင္ေက်ာင္းက မိဘမဲ့တစ္ေယာက္ မဟုတ္လား။ သူမကို ဒီလို အရွက္ခြဲဖို႔ သင္းဆီမွာ ဘာအခြင့္အေရးရွိလို႔လဲ။
"ယဲ့ခ်င္း၊ ဒီလိုမလုပ္နဲ႕ေလ။ ဟင္းပန္းကန္ကို အရင္ဆုံးပို႔တာ ငါတို႔ မဟုတ္လား"
သူမ၏ ေဘးရွိ မိန္းကေလးက ထပ္မၾကည့္နိုင္ေတာ့သျဖင့္ ယဲ့ခ်င္းအား သတိေပးရန္ စကားဆိုလိုက္သည္။
ယဲ့ခ်င္းသည္ ေက်ာင္းေကာင္စီအဖြဲ႕ဝင္တစ္ေယာက္ ျဖစ္၏။ သူမသည္ မ်ားေသာအားျဖင့္ တည္ၿငိမ္ ျငင္သာစြာ စကားေျပာေလ့ရွိၿပီး သူမ၏ အက်င့္စရိုက္မွာလည္း အေတာ္ေလး ေကာင္းသည္။ သို႔ေသာ္ သူမသည္ မၾကာေသးမီကပင္ အေတာ္ေလး ေျပာင္းလဲသြားေၾကာင္း သိၿပီးျဖစ္ၾက၏။ အထူးသျဖင့္ ယခုအခ်ိန္တြင္ ဟင္းတစ္ပြဲေၾကာင့္ သူမသည္ လူမ်ားစြာ၏ ေရွ႕၌ေအာ္ဟစ္ရန္လိုေနသည္။ သူမသည္ အေပါက္ဆိုးေသာ မိန္းမႀကီးတစ္ဦးကဲ့သို႔ ေအာ္ဟစ္ေန၏။ ဘယ္ေလာက္ေတာင္ အရွက္ကြဲလိုက္သလဲ။
သူတို႔သည္ ဆယ့္ငါးႏွစ္၊ ဆယ့္ေျခာက္ႏွစ္အ႐ြယ္သာ ရွိေသးသည္။ သူတို႔သည္ သူတို႔၏ ဂုဏ္သိကၡာကို ဂ႐ုစိုက္သည္မွာလည္း သဘာဝက်၏။ ဤကဲ့သို႔ ဇာခ်ဲ့လွသည့္ ယဲ့ခ်င္းႏွင့္ဆိုလွ်င္ ဘယ္သူကမ်ား ဂုဏ္သိကၡာကို ထိန္းထားနိုင္မည္နည္း။
"ဒါဆို ငါက အရင္ဆုံး ဒါကို ဘာလို႔ပို႔ခဲ့တာလဲ။ အဲဒီပန္းကန္ထဲမွာ အမ်ားႀကီးက်န္ေသးတယ္ေလ။ ဒါေပမယ့္ သူကက်ေတာ့ေရာ။ အကုန္လုံး စားၿပီးသား ညစ္ပတ္ေနတာႀကီး။ နင္က သူ႕ဘက္က ေျပာေပးရင္ ဘာလို႔ နင္ အဲဒါကို မစားလိုက္တာလဲ"
ယဲ့ခ်င္း၏ ေဒါသသည္ အလြန္ႀကီးလွသည္။ သူမသည္ စားပြဲထိုး၏ လက္ထဲမွ ပန္းကန္ကို လုယူလိုက္ၿပီး ထိုမိန္းကေလးဆီသို႔ လႊင့္ပစ္လိုက္၏။ ပန္းကန္ကြဲသံ ထြက္ေပၚလာၿပီး ထိုပန္းကန္ထဲမွ ဟင္းအႏွစ္မ်ားသည္ ေနရာအႏွံ႕ ျပန့္က်ဲသြားသည္။ ေဘးရွိေက်ာင္းသားမ်ားသည္လည္း ဟင္းအႏွစ္အခ်ိဳ႕ စင္ကုန္၏။
ယဲ့ခ်င္းသည္ ပန္းကန္ကို လႊင့္ပစ္ၿပီးေနာက္ ခ်က္ခ်င္း ေနာင္တရသြားသည္။ သူမသည္ ေဒါသထြက္လြန္းသြား႐ုံသာျဖစ္ေသာ္လည္း သူမ,ေျပာခဲ့သည္မ်ားကိုလည္း ျပန္မ႐ုတ္သိမ္းခ်င္ခဲ့ေပ။ ထို႔အျပင္ သူမသည္ ဂုဏ္သိကၡာကိုလည္း ခ်စ္ျမတ္နိုး၏။ ထို႔ေၾကာင့္ သူမသည္ ေခါင္းကို တစ္ဖက္သို႔ လွည့္လိုက္ၿပီး ေဒါသထြက္ေနေသးသေယာင္သာ ျပဳမူလိုက္သည္။
ထိုသို႔ျဖစ္ၿပီးေနာက္တြင္ လူတိုင္းသည္ ဆက္လက္၍ တည္တည္ၿငိမ္ၿငိမ္ မေနနိုင္ေတာ့ေပ။ ယဲ့ခ်င္းသည္ က်င္းယြင္ေက်ာင္းအား စိတ္ဆိုးသည္မွာ အဆင္ေျပေသာ္လည္း သူမက အဘယ္ေၾကာင့္ သူတို႔အားလုံးအေပၚတြင္ပါ မဲေနရသနည္း။
သူတို႔သည္ ယဲ့ခ်င္း ေကြၽးေသာ အစားအေသာက္ကို စားေသာက္၍ အမွန္တကယ္လည္း ယဲ့ခ်င္း ဖိတ္ၾကားေသာေၾကာင့္သာ လာခဲ့ျခင္းျဖစ္ေသာ္လည္း ဒါေတြအားလုံးက သူမရဲ႕ေမြးေန႕ကို က်င္းပဖို႔ မဟုတ္လား။
သို႔ေသာ္ ယခုတြင္ေတာ့ သူတို႔သည္ အစားအေသာက္ေကာင္းမ်ားကို မစားနိုင္႐ုံသာမက သူတို႔ပါ ဒုကၡေတြ႕ေနရသည္။
"နင္က ေဘာင္ေက်ာ္လြန္းေနၿပီေနာ္။ ေက်ာင္းေကာင္စီအဖြဲ႕ဝင္ တစ္ေယာက္ျဖစ္ေနတာနဲ႕တင္ နင့္ကိုယ့္နင္ အရာအားလုံးက ႀကီးျမတ္လွၿပီလို႔မ်ား တကယ္ႀကီး ထင္ေနတာလား။ အနည္းဆုံးေတာ့ က်င္းယြင္ေက်ာင္းက အျခားသူေတြထက္ ပိုေတာ္ပိုတတ္ေနသလို မျပဳမူဖူးသလို အျခားသူေတြကိုလည္း အထင္မေသးဖူးဘူး။ နင္ ခ်က္ခ်င္း ေတာင္းပန္တာ ပိုေကာင္းမယ္ေနာ္။ မဟုတ္ရင္ လူတိုင္းက ငါတို႔အတန္းထဲမွာ နင့္လိုလူမ်ိဳးမရွိသလို ျပဳမူၿပီးေနရလိမ့္မယ္"
ေက်ာင္းသားတစ္ေယာက္က မတ္တပ္ထရပ္၍ ေဒါသတႀကီးေျပာလိုက္၏။
"နင္တို႔က နင္တို႔ က်င္းယြင္ေက်ာင္းကို ၾကဥ္ထားသလိုမ်ိဳး ငါ့ကိုၾကဥ္ခ်င္တာလား။ နင္တို႔ကိုယ္နင္တို႔ ဘာထင္ေနလဲ။ အခု နင္တို႔ ေသာက္ထား၊ စားထားသမွ်ေတြကို ပိုက္ဆံရွင္းတာ ငါဆိုတာလည္း မေမ့နဲ႕။ နင့္မွာ ငါ့ကို ဆရာလာလုပ္ဖို႔ ဘာအခြင့္အေရးရွိလို႔လဲ။ ၿပီးေတာ့ ငါက ဘာအမွားလုပ္လို႔လဲ။ နင္တို႔က ငါ့ေမြးေန႕ကို က်င္းပဖို႔ ဒီကိုေရာက္ေနၾကတာ မဟုတ္လား။ နင္က ဘာလို႔ က်င္းယြင္ေက်ာင္းဘက္ကေန ေျပာေပးေနတာလဲ"
ယဲ့ခ်င္းက အခ်ိဳးေျပာင္းရန္ ျငင္းဆန္ေနဆဲပင္။
သူမသည္ အမွန္တကယ္ပင္ ေၾကာက္႐ြံ႕ေန၏။ သို႔ေသာ္ သူမကို ေခါင္းငုံ႕ၿပီး အရႈံးကို ဝန္ခံဖို႔ ေျပာသည္လား။ လုံးဝမျဖစ္နိုင္ေပ။
သူမ ထိုသို႔ေျပာၿပီးေနာက္ အျခားေက်ာင္းသားမ်ားသည္လည္း ေဒါသထြက္သြားၾကသည္။ သူတို႔၏ ရန္ျဖစ္ျငင္းခုံေနၾကေသာ အသံမ်ားမွာ မတိုးလွရာ သူတို႔၏ ပတ္ဝန္းက်င္ရွိ ထူးဆန္းေသာ အၾကည့္မ်ားကို ဖမ္းစားနိုင္၏။
ယဲ့ခ်င္း၏ မ်က္ႏွာသည္ နီရဲေနၿပီး သူမသည္ ဆက္လက္၍ တင္းခံေနသည္။
"ယဲ့ခ်င္း၊ ငါ နင့္ကို ႏူးညံ့တဲ့အက်င့္စရိုက္ရွိတဲ့သူလို႔ပဲ အၿမဲတမ္း ထင္ခဲ့တာ။ နင္က ဒီလိုလူစားမ်ိဳးမွန္း ငါ တကယ္ ထင္မထားခဲ့ဘူး။ ဒါေပမယ့္ က်င္းယြင္ေက်ာင္းကလည္း ဒီတစ္ခါေတာ့ တကယ္ကို ေစးကုပ္လြန္းပါတယ္။ ဟင္းပြဲတစ္ပြဲပို႔ေပးတာ ေကာင္းေပမယ့္ အက်န္ေတြျဖစ္ေနတာက က်ေတာ့ေရာ။ ဒါဘယ္လိုလုပ္မလဲ၊ ယဲ့ခ်င္း။ နင္ ဘာလို႔ အားလုံးကို ေတာင္းပန္ဖို႔ 'သႏၲာေရာင္စဥ္ပန္းမ်ိဳးတရာပင္လယ္ခ႐ု' ႏွစ္ပြဲေလာက္ ထပ္မမွာတာလဲ။ ငါတို႔အကုန္လုံးက ဒီကို ေပ်ာ္ဖို႔ လာတာေလ။ လူတစ္ေယာက္ေၾကာင့္နဲ႕ေတာ့ အပ်က္စီးမခံနိုင္ဘူး"
က်န္ရွသည္ ရက္ေရာ၍ ၾကင္နာတတ္သူတစ္ေယာက္ဟု လူသိမ်ားသည္။ ယခုအခ်ိန္မွာေတာင္မွ သူသည္ ၾကင္နာေသာစကားလုံးအခ်ိဳ႕ကို ေျပာရန္ မေမ့ေခ်။
သို႔ရာတြင္ သူ၏စကားလုံးမ်ားက ႏွစ္သက္စရာ မေကာင္းေပ။ သူတို႔၏ေဘးစားပြဲမ်ားမွ လူမ်ားပင္ ထိုစကားေၾကာင့္ ေဒါသထြက္ကုန္ၾက၏။
ဤေကာင္ေလးသည္ ငယ္႐ြယ္ေသးေသာ္လည္း သူသည္ ကိုယ့္ကိုကိုယ္အထင္ႀကီးလြန္းေသာ စရိုက္ရွိ၍ အနည္းငယ္လည္း တစ္ကိုယ္ေကာင္းဆန္သည္။ သူတို႔သည္ ရန္ျဖစ္လုနီးပါးျဖစ္ေနေသာ္လည္း သူသည္ ဟင္းပြဲအေၾကာင္းကိုသာ ေတြးေန၏။ သူသည္ မိန္းကေလးတစ္ေယာက္ဆီမွ အျမတ္ထုတ္ခ်င္ေနဆဲပင္။
တကယ္ေတာ့ က်န္ရွသည္ ထိုသို႔မေတြးေပ။ သူသည္ သူတို႔ရန္ျဖစ္ၾကသည္မွာ ပင္လယ္ခ႐ုေၾကာင့္ဟူ၍သာ ေတြးေန၏။ ထို႔ေၾကာင့္ သူတို႔သည္ ျပႆနာကို ပင္လယ္ခ႐ုႏွင့္သာ ေျဖရွင္းရေပမည္။ ယဲ့ခ်င္း၏ သေဘာထားႀကီးရက္ေရာမႈကိုလည္း ျပသရာ ေရာက္သည္။ သူသည္ က်င္းယြင္ေက်ာင္းကိုလည္း သူမက ျပႆနာျဖစ္ေစရန္ ပို႔ေပးလိုက္ေသာ ဟင္းပြဲသည္ သူတို႔၏ မ်က္လုံးထဲတြင္ ဘာမွမဟုတ္ေၾကာင္း ျမင္ေစခ်င္၏။ သူတို႔လည္း သူတို႔စားခ်င္သည္ကို စားနိုင္မည္ျဖစ္ေလသတည္း။