Unicode
" ကောင်းတယ်.. အဲ့ဒါဆို သူ့ကို အမြည်းလေးအရင်ကျွေးရအောင်.. ရှောင်ပိုင်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် သဘောထားလိုက်ပေါ့"
ဖန်တာ့က လက်ဖက်ရည်ခွက်ကို လှုပ်ရင်း ပြောလိုက်သည်။
" စက်တင်ဘာလ ချိုးဟယ်မွေးနေ့ကျမှ တကယ့်ပွဲကြီးက်ို ကျွေးရမယ်.. ငါ့မြေးအတွက် မွေးနေ့လက်ဆောင်"
ဟူကျောက်က ခေါင်းညိတ်သည်။
" အခုပဲ လုပ်လိုက်ပါ့မယ်"
နောက်ရက်အနည်းငယ်အကြာတွင် Wolf Venom ရော V&G အတွက်ပါ စာချုပ်ချုပ်ခြင်း ပြီးစီးခဲ့၏။ ရှင်ရှောင်ဖုန်းက တိချိုးဟယ်အတွက် V&G ၏ မော်ဒယ်အစား ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးအနေနှင့်ပါ စာချုပ်ချုပ်ခဲ့ခြင်းဖြစ်၏။
" သူတို့ကတော့ အစက မော်ဒယ်အနေနဲ့ပဲ စာချုပ်ချုပ်ချင်နေတာ .. အဲ့ဒါနဲ့ ဘော့စ်ရဲ့ အလားအလာကောင်းမှုတွေ အားလုံးကိုကြွားလိုက်တာ သူတို့က ဘော့စ်ကို တရုတ်ပြည်အတွက် ပြောခွင့်ရပုဂ္ဂိုလ်အနေနဲ့ စာချုပ်ချုပ်ဖို့ လက်ခံလိုက်တယ်... စာချုပ်ကတော့ တစ်နှစ်ပဲ ဒါပေမဲ့ Wolf Venom ထွက်လာတဲ့အခါကျရင် ကြည့်ပါလိမ့်မယ်... ဘော့စ်နဲ့ ဒီ့ထက်ပိုကြာအောင် စာချုပ်ချုပ်ထားလိမ့်မယ်"
ရှင်းရှောင်ဖုန်းက ပြုံး၍ ထပ်ပြောနေသည်။
" ကြော်ညာရိုက်ကူးရေးက ဇူလိုင်လနောက်ဆုံးပတ်မှာ ရှိမယ်.. ဟောပိုင်က ရိုက်ရမဲ့သူဆိုတော့ အချိန်ကိုကြိုပြောပေးထားတာ"
ဟောပိုင်က ရှင်းရှောင်ဖုန်းကို လက်မထောင်ပြလိုက်သည်။
" အရမ်းတော်တယ်.. ရှောင်ဖုန်း.. ခင်ဗျားအပေါ် အကြွေးတစ်ခုတင်သွားပြီ"
" ဟင်း.. မင်း ငါ့အပေါ်တင်တာ အကြွေးတစ်ခုထဲ မို့လို့လား"
ရှင်းရှောင်ဖုန်းလေသံက ပြောင်းသွားသည်။
" မင်းတို့ weibo ပေါ် တင််လိုက်တဲ့ post ကို ငါ ဘယ်လောက်တောင် လိုက်ရှင်းထားရလဲသိလို့လား ... netizen တွေက အရမ်းအဓိပ္ပါယ်ပါတဲ့ cmt တွေနဲ့ ငါရော ငါ့အဖွဲ့ရော ဖင်မီးထွက်အောင် ထိုင်လုပ်ထားရတာ... မင်းတို့ဘယ်အချိန် အသိပေးမှာလဲ.. ကြိုပြောဦး ငါလဲ ပြင်ထားလို့ရအောင်"
ဟောပိုင်က မျက်နှာလေးရဲသွားကာ သူ့ weibo ကို နှစ်ယောက်ပိုင်ပစ္စည်းအဖြစ် သုံးနေသည့် တိချိုးဟယ်ကို စိုက်ကြည့်သည်။
" နှစ်ကုန်ကျရင်.. ဆုပေးပွဲတွေ ပြီးတဲ့အချိန်ထိပဲ စောင့်ပေးပါဗျာ"
တိချိုးဟယ်က ပါးစပ်အဟောင်းသားနှင့် လက်ထဲမှ စာချုပ်ပါ လွတ်ကျသွား၏။
" ပြောပြီးတာ ပြောပြီးတာပဲနော်.. ပြန်ပြင်လို့မရဘူး"
မျက်လုံးလေးဝိုင်းစက်ကာ ဟောပိုင်ကို ပြေးဖက်သည်။
" တကယ်လား.. တကယ်နော်.. လူတွေကို ပြောမယ်ဆိုတာကို မကန့်ကွက်တော့ဘူးပေါ့.. အဲ့ဒါဆို ကိုယ်တို့ ဘယ်တော့လက်ထပ်ကြမှာလဲ.. အခု လက်ထပ်လိုက်ရင် ကောင်းမလား... မင်းလက်လေးကို လူကြားထဲမှာ ရဲရဲဝံ့ဝံ့ကိုင်ဖို့ မစောင့်နိုင်တော့ဘူး "
ဟောပိုင်က တိချိုးဟယ်ပါးစပ်ကို အတင်းပိတ်ကာ ရှင်းရှောင်ဖုန်းကို ရှက်ရှက်နှင့်ပြုံးပြလိုက်သည်။
" ခင်ဗျားရော ဘယ်လိုသဘောရလဲ.. ပိုကောင်းတဲ့အကြံလေးများ ရှိမလား.. နောက်ကို ထပ် ရွှေ့လိုက်ရမလား.. ဆုပေးပွဲတွေမတိုင်ခင်တော့ လူတွေမသိစေချင်ဘူး.. ချိုးဟယ်ကိုရော Cheng's Army ကိုပါ ထိခိုက်မှာစိုးရတယ်"
တိချိုးဟယ်က ငြင်းနေသည်။
" မလုပ်ပါနဲ့.. နောက်ကိုတော့ ထပ်မဆုတ်ပါနဲ့တော့ နော်"
" ခင်ဗျားငြိမ်ငြိမ်လေးနေပါ"
ဟောပိုင်က ရှင်းရှောင်ဖုန်းကိုတောင် အကြည့်ချင်းမဆုံနိုင်လောက်အောင် ရှက်နေရှာသည်။ ရှင်းရှောင်ဖုန်းကတော့ ချောင်းနှစ်ချက်ဆိုးကာ ခေါင်းငုံ့၍ ရယ်ချင်စိတ်ကို မြိုသိပ်ပြီး အခန်းထဲမှ ထွက်သွား၏။
......
တိဘီရန်က ရှေ့နေဝမ်ကို တအံ့တသြမေးလိုက်သည်။
" ချင်းလီက လက်ထပ်လိုက်ပြီ ဟုတ်လား.. ဘယ်သူနဲ့လဲ.. တစ်ခုခု လွဲနေတာနဲ့တူတယ်.. သူက ငါ့ကိုရော Huangdu ကိုပါ ကူပေးနေတာလေ.. သူ တခြားတစ်ယောက်နဲ့ လက်ထပ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"
" သူဌေးတိ.. စိတ်မကောင်းပေမဲ့ သတင်းအမှန်ပါပဲ.."
ရှေ့နေဝမ်က သက်ပြင်းချသည်။
" ကျွန်တော်လဲ အမှတ်မထင်ပဲ သိခဲ့ရတာပါ.. တကယ်လက်ထပ်ထားတာ.. ယောကျ်ားနာမည်က ချိန်ဖေကျုံးတဲ့"
ထိုစကားကြောင့် တိဘီရန်၏ မျက်နှာ မာတင်းသွား၏။
" ဘယ်သူ??? အဲ့နာမည်ကို ပြန်ပြောပါဦး"
" ချိန်ဖေကျုံး"
ရှေ့နေဝမ်က တိဘီရန်ကြောင့် ခြေတစ်လှမ်းနောက်ဆုတ်ကာ ဆက်ပြောလိုက်သည်။
" ပြီးတော့ ကျွန်တော်တို့ရဲ့ ရှယ်ယာရှင်အသစ်တွေထဲမှာလဲ ချိန်ဖေကျုံးဆိုတာ ရှိတယ်.. ဘယ်လိုများ..."
တိဘီရန်က ဒေါသကိုထိန်းကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။
" ပြီးတော့ ဘာရှိသေးလဲ"
ရှေ့နေဝမ်က ဆက်ပြောသည်။
"ချင်းလီက တိချွန်းဟွာကို သွားတွေ့မယ်လို့ပြောပေမဲ့ တကယ်တော့ ချိန်ဖေကျုံးရှိတဲ့ D တိုင်းဘက်ကို သွားဖို့ လေယာဥ်လက်မှတ် ဖြတ်ခဲ့တာပါ"
တိဘီရန်၏ ချင်းလီအပေါ် ယုံကြည်မှုတွေကပြိုလဲနေသည်။ တိဘီရန်က ခုံပေါ် ဆောင့်ထိုင်ချလိုက်ပြီး အကြည့်များက ကြမ်းတမ်းလာသည်။
" ချင်းလီ.. ခွေးမ... ချိန်ဖေကျုံးအတွက် လမ်းခင်းဖို့ Huangdu ကို အသုံးချတယ်ပေါ့.. ဟုတ်လား... မင်း ဘာဖြစ်လာမလဲ မကြာခင် သိရမှာပါ"
ရှေ့နေဝမ်က ပြေရာပြေကြောင်း ဝင်ပြောသည်။
" သူဌေးတိ.. ချင်းလီက သေချာဆုံးဖြတ်ထားတာဖြစ်မှာပါ... သူ့မှာ သူဌေးနဲ့ သားတောင် မွေးထားတာပဲကို.. Huangdu နဲ့ သူဌေးအတွက် အကောင်းဆုံးပဲ စဥ်းစားမှာပါ"
" ငါ့ရဲ့သား ဟုတ်လား"
တိဘီရန်က ရယ်သည်။
" ရှားဆုန်းက ချိန်ဖေကျုံးနဲ့ ဘယ်လောက်ရင်းနှီးလဲ မင်းသိလား... သူက ငါ့သားဟုတ်လား မဟုတ်လားတောင် ငါ မသိတော့ဘူး"
" သူဌေးတိ..."
" တော်တော့.."
တိဘီရန်က စကားစဖြတ်ကာ မျက်လုံးမှိတ်ထားလိုက်သည်။
" မင်းပဲ သိထား.. အခု ထွက်သွားလိုက်တော့ .. ငါ တစ်ယောက်ထဲနေချင်တယ်"
ရှေ့နေဝမ်က သက်ပြင်းချကာ ရုံးခန်းထဲမှ ထွက်သွားသည်။ ထို့နောက် ရုံးခန်းကိုတစ်ချက်ကြည့်ရင်း သူ ပြောခဲ့တာ မမှားပါစေနဲ့ဟုသာ ဆုတောင်းနေလိုက်၏။
တိရှားဆုန်းက အခန်းထောင့်တစ်နေရာတွင် ရှိနေကာ သူတို့စကားများကို ကြားသွားလေ၏။
... သူက ငါ့သားဟုတ်လား မဟုတ်လားတောင် မသိတော့ဘူး.. ဟူသည့် စကားက သူ့နားထဲ စွဲနေသည်။
" တိဘီရန်က ချိန်ဖေကျုံးအကြောင်း သိသွားတာလား... အမေ့ရဲ့အစီအစဥ်တွေရော ရိပ်မိကုန်ပြီလား.. အမေက သူ့ယုံကြည်မှုကို မရတော့ရင် ငါကရော. Huangdu မှာ ငါရမဲ့ ရှယ်ယာတွေကရော..."
" မဖြစ်တော့ဘူး.. ချွန်းဟွာက အခုထိ အချုပ်ထဲမှာရှိနေသေးတယ်.. အဖိုးကလဲ သေတော့မယ်.. အမေ အစီအစဥ် ပျက်စီးသွားလို့မဖြစ်ဘူး.. Huangdu က ငါ့ရှယ်ယာတွေ ရရမယ်.. အမေ ပြန်မလာခင် ငါ တစ်ခုခု စီစဥ်မှ ဖြစ်မယ်"
တိရှားဆုန်းက ထိုသို့တွေးကာ တိအိမ်၏ အိမ်စေများအကြောင်းကို ပြန်စဥ်းစားရင်း အစီအစဥ်တစ်ခု ချနေသည်။
.......
End of part 226
Thank u all
Zawgyi
" ေကာင္းတယ္.. အဲ့ဒါဆို သူ႕ကို အျမည္းေလးအရင္ေကြၽးရေအာင္.. ေရွာင္ပိုင္ရဲ႕ ေမြးေန႕လက္ေဆာင္အျဖစ္ သေဘာထားလိုက္ေပါ့"
ဖန္တာ့က လက္ဖက္ရည္ခြက္ကို လႈပ္ရင္း ေျပာလိုက္သည္။
" စက္တင္ဘာလ ခ်ိဳးဟယ္ေမြးေန႕က်မွ တကယ့္ပြဲႀကီးက္ို ေကြၽးရမယ္.. ငါ့ေျမးအတြက္ ေမြးေန႕လက္ေဆာင္"
ဟူေက်ာက္က ေခါင္းညိတ္သည္။
" အခုပဲ လုပ္လိုက္ပါ့မယ္"
ေနာက္ရက္အနည္းငယ္အၾကာတြင္ Wolf Venom ေရာ V&G အတြက္ပါ စာခ်ဳပ္ခ်ဳပ္ျခင္း ၿပီးစီးခဲ့၏။ ရွင္ေရွာင္ဖုန္းက တိခ်ိဳးဟယ္အတြက္ V&G ၏ ေမာ္ဒယ္အစား ေျပာခြင့္ရပုဂၢိဳလ္တစ္ဦးအေနႏွင့္ပါ စာခ်ဳပ္ခ်ဳပ္ခဲ့ျခင္းျဖစ္၏။
" သူတို႔ကေတာ့ အစက ေမာ္ဒယ္အေနနဲ႕ပဲ စာခ်ဳပ္ခ်ဳပ္ခ်င္ေနတာ .. အဲ့ဒါနဲ႕ ေဘာ့စ္ရဲ႕ အလားအလာေကာင္းမႈေတြ အားလုံးကိုႂကြားလိုက္တာ သူတို႔က ေဘာ့စ္ကို တ႐ုတ္ျပည္အတြက္ ေျပာခြင့္ရပုဂၢိဳလ္အေနနဲ႕ စာခ်ဳပ္ခ်ဳပ္ဖို႔ လက္ခံလိုက္တယ္... စာခ်ဳပ္ကေတာ့ တစ္ႏွစ္ပဲ ဒါေပမဲ့ Wolf Venom ထြက္လာတဲ့အခါက်ရင္ ၾကည့္ပါလိမ့္မယ္... ေဘာ့စ္နဲ႕ ဒီ့ထက္ပိုၾကာေအာင္ စာခ်ဳပ္ခ်ဳပ္ထားလိမ့္မယ္"
ရွင္းေရွာင္ဖုန္းက ၿပဳံး၍ ထပ္ေျပာေနသည္။
" ေၾကာ္ညာရိုက္ကူးေရးက ဇူလိုင္လေနာက္ဆုံးပတ္မွာ ရွိမယ္.. ေဟာပိုင္က ရိုက္ရမဲ့သူဆိုေတာ့ အခ်ိန္ကိုႀကိဳေျပာေပးထားတာ"
ေဟာပိုင္က ရွင္းေရွာင္ဖုန္းကို လက္မေထာင္ျပလိုက္သည္။
" အရမ္းေတာ္တယ္.. ေရွာင္ဖုန္း.. ခင္ဗ်ားအေပၚ အေႂကြးတစ္ခုတင္သြားၿပီ"
" ဟင္း.. မင္း ငါ့အေပၚတင္တာ အေႂကြးတစ္ခုထဲ မို႔လို႔လား"
ရွင္းေရွာင္ဖုန္းေလသံက ေျပာင္းသြားသည္။
" မင္းတို႔ weibo ေပၚ တင္္လိုက္တဲ့ post ကို ငါ ဘယ္ေလာက္ေတာင္ လိုက္ရွင္းထားရလဲသိလို႔လား ... netizen ေတြက အရမ္းအဓိပၸါယ္ပါတဲ့ cmt ေတြနဲ႕ ငါေရာ ငါ့အဖြဲ႕ေရာ ဖင္မီးထြက္ေအာင္ ထိုင္လုပ္ထားရတာ... မင္းတို႔ဘယ္အခ်ိန္ အသိေပးမွာလဲ.. ႀကိဳေျပာဦး ငါလဲ ျပင္ထားလို႔ရေအာင္"
ေဟာပိုင္က မ်က္ႏွာေလးရဲသြားကာ သူ႕ weibo ကို ႏွစ္ေယာက္ပိုင္ပစၥည္းအျဖစ္ သုံးေနသည့္ တိခ်ိဳးဟယ္ကို စိုက္ၾကည့္သည္။
" ႏွစ္ကုန္က်ရင္.. ဆုေပးပြဲေတြ ၿပီးတဲ့အခ်ိန္ထိပဲ ေစာင့္ေပးပါဗ်ာ"
တိခ်ိဳးဟယ္က ပါးစပ္အေဟာင္းသားႏွင့္ လက္ထဲမွ စာခ်ဳပ္ပါ လြတ္က်သြား၏။
" ေျပာၿပီးတာ ေျပာၿပီးတာပဲေနာ္.. ျပန္ျပင္လို႔မရဘူး"
မ်က္လုံးေလးဝိုင္းစက္ကာ ေဟာပိုင္ကို ေျပးဖက္သည္။
" တကယ္လား.. တကယ္ေနာ္.. လူေတြကို ေျပာမယ္ဆိုတာကို မကန့္ကြက္ေတာ့ဘူးေပါ့.. အဲ့ဒါဆို ကိုယ္တို႔ ဘယ္ေတာ့လက္ထပ္ၾကမွာလဲ.. အခု လက္ထပ္လိုက္ရင္ ေကာင္းမလား... မင္းလက္ေလးကို လူၾကားထဲမွာ ရဲရဲဝံ့ဝံ့ကိုင္ဖို႔ မေစာင့္နိုင္ေတာ့ဘူး "
ေဟာပိုင္က တိခ်ိဳးဟယ္ပါးစပ္ကို အတင္းပိတ္ကာ ရွင္းေရွာင္ဖုန္းကို ရွက္ရွက္ႏွင့္ၿပဳံးျပလိုက္သည္။
" ခင္ဗ်ားေရာ ဘယ္လိုသေဘာရလဲ.. ပိုေကာင္းတဲ့အႀကံေလးမ်ား ရွိမလား.. ေနာက္ကို ထပ္ ေ႐ႊ႕လိုက္ရမလား.. ဆုေပးပြဲေတြမတိုင္ခင္ေတာ့ လူေတြမသိေစခ်င္ဘူး.. ခ်ိဳးဟယ္ကိုေရာ Cheng's Army ကိုပါ ထိခိုက္မွာစိုးရတယ္"
တိခ်ိဳးဟယ္က ျငင္းေနသည္။
" မလုပ္ပါနဲ႕.. ေနာက္ကိုေတာ့ ထပ္မဆုတ္ပါနဲ႕ေတာ့ ေနာ္"
" ခင္ဗ်ားၿငိမ္ၿငိမ္ေလးေနပါ"
ေဟာပိုင္က ရွင္းေရွာင္ဖုန္းကိုေတာင္ အၾကည့္ခ်င္းမဆုံနိုင္ေလာက္ေအာင္ ရွက္ေနရွာသည္။ ရွင္းေရွာင္ဖုန္းကေတာ့ ေခ်ာင္းႏွစ္ခ်က္ဆိုးကာ ေခါင္းငုံ႕၍ ရယ္ခ်င္စိတ္ကို ၿမိဳသိပ္ၿပီး အခန္းထဲမွ ထြက္သြား၏။
......
တိဘီရန္က ေရွ႕ေနဝမ္ကို တအံ့တၾသေမးလိုက္သည္။
" ခ်င္းလီက လက္ထပ္လိုက္ၿပီ ဟုတ္လား.. ဘယ္သူနဲ႕လဲ.. တစ္ခုခု လြဲေနတာနဲ႕တူတယ္.. သူက ငါ့ကိုေရာ Huangdu ကိုပါ ကူေပးေနတာေလ.. သူ တျခားတစ္ေယာက္နဲ႕ လက္ထပ္တယ္ဆိုတာ ျဖစ္နိုင္ပါ့မလား"
" သူေဌးတိ.. စိတ္မေကာင္းေပမဲ့ သတင္းအမွန္ပါပဲ.."
ေရွ႕ေနဝမ္က သက္ျပင္းခ်သည္။
" ကြၽန္ေတာ္လဲ အမွတ္မထင္ပဲ သိခဲ့ရတာပါ.. တကယ္လက္ထပ္ထားတာ.. ေယာက်္ားနာမည္က ခ်ိန္ေဖက်ဳံးတဲ့"
ထိုစကားေၾကာင့္ တိဘီရန္၏ မ်က္ႏွာ မာတင္းသြား၏။
" ဘယ္သူ??? အဲ့နာမည္ကို ျပန္ေျပာပါဦး"
" ခ်ိန္ေဖက်ဳံး"
ေရွ႕ေနဝမ္က တိဘီရန္ေၾကာင့္ ေျခတစ္လွမ္းေနာက္ဆုတ္ကာ ဆက္ေျပာလိုက္သည္။
" ၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ရွယ္ယာရွင္အသစ္ေတြထဲမွာလဲ ခ်ိန္ေဖက်ဳံးဆိုတာ ရွိတယ္.. ဘယ္လိုမ်ား..."
တိဘီရန္က ေဒါသကိုထိန္းကာ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္သည္။
" ၿပီးေတာ့ ဘာရွိေသးလဲ"
ေရွ႕ေနဝမ္က ဆက္ေျပာသည္။
"ခ်င္းလီက တိခြၽန္းဟြာကို သြားေတြ႕မယ္လို႔ေျပာေပမဲ့ တကယ္ေတာ့ ခ်ိန္ေဖက်ဳံးရွိတဲ့ D တိုင္းဘက္ကို သြားဖို႔ ေလယာဥ္လက္မွတ္ ျဖတ္ခဲ့တာပါ"
တိဘီရန္၏ ခ်င္းလီအေပၚ ယုံၾကည္မႈေတြကၿပိဳလဲေနသည္။ တိဘီရန္က ခုံေပၚ ေဆာင့္ထိုင္ခ်လိဳက္ၿပီး အၾကည့္မ်ားက ၾကမ္းတမ္းလာသည္။
" ခ်င္းလီ.. ေခြးမ... ခ်ိန္ေဖက်ဳံးအတြက္ လမ္းခင္းဖို႔ Huangdu ကို အသုံးခ်တယ္ေပါ့.. ဟုတ္လား... မင္း ဘာျဖစ္လာမလဲ မၾကာခင္ သိရမွာပါ"
ေရွ႕ေနဝမ္က ေျပရာေျပေၾကာင္း ဝင္ေျပာသည္။
" သူေဌးတိ.. ခ်င္းလီက ေသခ်ာဆုံးျဖတ္ထားတာျဖစ္မွာပါ... သူ႕မွာ သူေဌးနဲ႕ သားေတာင္ ေမြးထားတာပဲကို.. Huangdu နဲ႕ သူေဌးအတြက္ အေကာင္းဆုံးပဲ စဥ္းစားမွာပါ"
" ငါ့ရဲ႕သား ဟုတ္လား"
တိဘီရန္က ရယ္သည္။
" ရွားဆုန္းက ခ်ိန္ေဖက်ဳံးနဲ႕ ဘယ္ေလာက္ရင္းႏွီးလဲ မင္းသိလား... သူက ငါ့သားဟုတ္လား မဟုတ္လားေတာင္ ငါ မသိေတာ့ဘူး"
" သူေဌးတိ..."
" ေတာ္ေတာ့.."
တိဘီရန္က စကားစျဖတ္ကာ မ်က္လုံးမွိတ္ထားလိုက္သည္။
" မင္းပဲ သိထား.. အခု ထြက္သြားလိုက္ေတာ့ .. ငါ တစ္ေယာက္ထဲေနခ်င္တယ္"
ေရွ႕ေနဝမ္က သက္ျပင္းခ်ကာ ႐ုံးခန္းထဲမွ ထြက္သြားသည္။ ထို႔ေနာက္ ႐ုံးခန္းကိုတစ္ခ်က္ၾကည့္ရင္း သူ ေျပာခဲ့တာ မမွားပါေစနဲ႕ဟုသာ ဆုေတာင္းေနလိုက္၏။
တိရွားဆုန္းက အခန္းေထာင့္တစ္ေနရာတြင္ ရွိေနကာ သူတို႔စကားမ်ားကို ၾကားသြားေလ၏။
... သူက ငါ့သားဟုတ္လား မဟုတ္လားေတာင္ မသိေတာ့ဘူး.. ဟူသည့္ စကားက သူ႕နားထဲ စြဲေနသည္။
" တိဘီရန္က ခ်ိန္ေဖက်ဳံးအေၾကာင္း သိသြားတာလား... အေမ့ရဲ႕အစီအစဥ္ေတြေရာ ရိပ္မိကုန္ၿပီလား.. အေမက သူ႕ယုံၾကည္မႈကို မရေတာ့ရင္ ငါကေရာ. Huangdu မွာ ငါရမဲ့ ရွယ္ယာေတြကေရာ..."
" မျဖစ္ေတာ့ဘူး.. ခြၽန္းဟြာက အခုထိ အခ်ဳပ္ထဲမွာရွိေနေသးတယ္.. အဖိုးကလဲ ေသေတာ့မယ္.. အေမ အစီအစဥ္ ပ်က္စီးသြားလို႔မျဖစ္ဘူး.. Huangdu က ငါ့ရွယ္ယာေတြ ရရမယ္.. အေမ ျပန္မလာခင္ ငါ တစ္ခုခု စီစဥ္မွ ျဖစ္မယ္"
တိရွားဆုန္းက ထိုသို႔ေတြးကာ တိအိမ္၏ အိမ္ေစမ်ားအေၾကာင္းကို ျပန္စဥ္းစားရင္း အစီအစဥ္တစ္ခု ခ်ေနသည္။
.......
End of part 226
Thank u all