Chapter 59 : မျက်နှာကို ဖြတ်ရိုက်ခြင်း
စားပွဲထိုးသည် မူလက ဟင်းပွဲကို ဤနေရာသို့ ယူလာခဲ့စဥ်က ဒုက္ခရောက်နေခဲ့သည်။ အကယ်၍ အောက်ထပ်ရှိ မိန်းကလေးကသာ သူမသည် ဤသီးသန့်ခန်းထဲရှိသူများသည် သူမနှင့် ရင်းနှီးပါသည်ဟုဆို၍ အတင်းမတိုက်တွန်းခဲ့ပါက သူမသည် အခြားစားပွဲမှ ဟင်းပွဲကို ဤနေရာသို့ ယူလာပေးမည်မဟုတ်ပေ။
ဧည့်သည်က စိတ်မဆိုးရုံသာမက သူမကပင် ဟင်းအကျန်တစ်ပွဲကို လက်ဆောင်အဖြစ်ပေးခဲ့သေးသည်။ စားပွဲထိုးသည် အနည်းငယ် ပျော်ရွှင်သွား၏။
ဘာလို့ ဒီဧည့်သည်နှစ်ယောက်က အတူလာကြတဲ့ပုံ မပေါ်တာလဲ။ သို့သော် သူမ တာဝန်ယူထားရသည့် အောက်ထပ်မှ စားပွဲသည် သူမ၏ရှေ့ရှိ ဧည့်သည်နှစ်ယောက်နှင့် နှိုင်းယှဥ်၍ပင် မရပေ။
အထူးသဖြင့် ဤမိန်းကလေး (ကျင်းယွင်ကျောင်း) သည် လှပရုံသာမက သူမ၏မျက်နှာကလည်း အထက်တန်းကျလှသည်။ အထူးသဖြင့် သူမ၏ မြင့်မြတ်သော အရှိန်အဝါအရ အလွန်ချမ်းသာကြွယ်ဝသော မိသားစုက မမလေးတစ်ယောက်ပင် ဖြစ်ရမည် မဟုတ်လား။
စားပွဲထိုးသည် ယဥ်ကျေးစွာပင် လက်ခံလိုက်၍ ကျင်းယွင်ကျောင်း ပြောသည့်အတိုင်း လုပ်ပေးလိုက်၏။
"နင်က ဥာဏ်များလွန်းလိုက်တာ၊ ယဲ့ချင်းက ဂုဏ်သိက္ခာကို အလေးအထားဆုံးပဲ။ သူက နင့်ကို ကြက်သွန်နဲ့ တို့ဖူးအကျန်တွေပါတဲ့ ပန်းကန်ကို ပို့လိုက်ကတည်းက နင်က သာမန်ဟင်းပွဲလေးတစ်ပွဲကို မမှာစားနိုင်လောက်ဘူးလို့ သူမျှော်လင့်နေတာပဲဖြစ်ရမယ်။ နင်လုပ်လိုက်တာက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း ဖြတ်ရိုက်လိုက်သလိုပဲ။ အိုး...ဟုတ်သား။ ယဲ့ချင်းရဲ့တစ်စားပွဲလုံးစာ ဟင်းပွဲတွေအကုန်လုံးက ယွမ်တစ်ထောင့်ခြောက်ရာပဲ ကျတယ်လို့ ငါကြားတယ်။ ဒါက နင် ပြန်ပို့ပေးလိုက်တဲ့ ဟင်းတစ်ပွဲက သူ့ရဲ့တစ်စားပွဲလုံးစာ ဟင်းပွဲတွေလောက် တန်တယ်ဆိုတဲ့ သဘောပဲ"
ရှောင်ဟိုင်ချင်းက ယဲ့ချင်းက ဒေါသအိုးပေါက်ကွဲနေမည့်ပုံအား မြင်ယောင်နေသကဲ့သို့ အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက ကွေးညွတ်သွားသည်။
"သစ်ပင်က တည်ငြိမ်နေတယ်လို့ ရည်ညွှန်းပေမယ့် လေကတော့ မငြိမ်ဘူးလေ။ ငါ့မှာ သူနဲ့အပြိုင် ကြွားစရာမရှိပါဘူး"
ယဲ့ချင်းက သူမအား ကန့်လန့်တိုက်နေသည်မှာ အကြောင်းရင်းနှစ်ခုသာရှိ၏။
တစ်ခုမှာ သူမ၏ အဆင့်များမှာ အမြဲတမ်း ကျောင်း၏ နံပါတ်တစ်ဖြစ်နေ၍ပင်။ သူတို့သည် အလိုလျောက်ပင် အခန်းတူများဖြစ်ကြပြီး ယဲ့ချင်းကဲ့သို့သော ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက်က သူမအောက် တစ်ဆင့်နိမ့်နေ၏။
ဒုတိယအချက်မှာ ကျန်ရှကြောင့် ဖြစ်သည်။
ယဲ့ချင်းက ကျန်ရှအား ကြိုက်နေကြောင်း လူတိုင်းသိကြသော်လည်း သူကမူ ချောင်ဟုန်ယဲ့ကိုသာ ကြိုက်၏။ ချောင်ဟုန်ယဲ့ကြောင့်သာ ကျန်ရှက ကျင်းယွင်ကျောင်း၏ ကိစ္စများတွင် ဝင်ပါနေခြင်းဖြစ်သည်။ ယဲ့ချင်းကဲ့သို့ ကိုယ့်ကိုကိုယ်သာ အာရုံစိုက်သော လူတစ်ယောက်သည် ကျင်းယွင်ကျောင်းနှင့် ကျန်ရှတို့ကြားတွင် ရှက်စရာကိစ္စတစ်ခုခု ဖြစ်နေသည်ဟု ယူဆမည်မှာ အသေအချာပင်။ ထို့အပြင် ယဲ့ချင်း၏ မိသားစုနောက်ခံအရ သူမ၏ မြင့်မားသော ဖြစ်တည်မှုအား စော်ကားနေသကဲ့သို့ ခံစားနေရမည်ဖြစ်၏။
"ကျင်းယွင်ကျောင်း၊ တစ်ယောက်ယောက်ကများ နင့်ကို အရမ်းပြောင်းလဲသွားတယ်လို့ မပြောဘူးလား။ ငါ နင့်ကို နက်နက်ရှိုင်းရှိုင်းကို လေးစားမိတယ်။ အရင်တုန်းက နင်က စာပဲ တအားကြိုးစားနေပြီးတော့ နင်က အိန္ဒြေကြီးလွန်းတယ်ဆိုတဲ့ ကောလာဟလတွေရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ နင်က လူတိုင်းကို အနိုင်ကျင့်နိုင်တယ်။ ဒါပေမယ့် နင်က အဲဒီလိုပုံမပေါက်ဘူး။ နင်က အတော်လေး ခက်ထန်တယ်။ နင့်ကို အကြိမ်များစွာ အနိုင်ကျင့်နေကြတာတောင် နင်က ဘယ်တော့မှာ အခွင့်ကောင်းမယူခဲ့ဘူး။ အန္တရာယ်အရှိဆုံးအချိန်တွေမှာလည်း အသက်အန္တရာယ်တောင် ကြုံခဲ့ရပေမယ့် နင့်အပေါ်မှာ သက်ရောက်မှုမရှိဘူး"
ရှောင်ဟိုင်ချင်းက ဆက်ပြောရင်း လက်မ ထောင်မပြဘဲ မနေနိုင်ချေ။
ကျင်းယွင်ကျောင်းက သူမအား တစ်ချက်ကြည့်လိုက်သည်။
"နင်လည်း ခက်ထန်တာပဲမဟုတ်လား။ စကားတစ်ခွန်းတည်းနဲ့တင် ကျန်ရှကို ငြိမ်ကျသွားအောင် ခြောက်လှန့်နိုင်တယ်"
သူမ၏ အတိတ်ဘဝတွင်လည်း ရှောင်ဟိုင်ချင်းသည် အလွန်သန်မာသော အမျိုးသမီးဖြစ်၏။ သူမ၏ အချစ်ရေးကိစ္စများကြောင့် နာမည်မကောင်းသော်လည်း သူမသည် သူမအား မည်သူကမှ လာမရှုပ်ရဲအောင် ခက်ထန်ဆဲဖြစ်သည်။
"ငါတို့ တစ်ယောက်နဲ့တစ်ယောက် မြှောက်ပင့်နေကြတာလား။ ငါ မျက်နှာတွေ နီရဲလာပြီ"
ရှောင်ဟိုင်ချင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"တကယ်လား။ ဝိုင်ကြောင့်များ ဖြစ်နိုင်မလား"
ကျင်းယွင်ကျောင်းက ပျော်ရွှင်စွာ ပြန်ဖြေလိုက်ပြီး ဝိုင်ခွက်ကို မြှောက်ပြီး ရှောင်ဟိုင်ချင်းနှင့် ခွက်ချင်းတိုက်လိုက်၍ တစ်ခွက်လုံးအား တစ်ခါတည်း အကုန် မော့ချပစ်လိုက်၏။
စိတ်လှုပ်ရှားမှုပိုများလာသဖြင့် လေထုက ပို၍ ကောင်းမွန်လာသည်။
သို့သော် အဓိကခန်းမထဲတွင်မူ လက်ရှိအချိန်၌ ယဲ့ချင်းသည် ဒေါသချောင်းချောင်း ထွက်နေ၏။
သူမသည် အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ သူမ၏ မျက်နှာသည် လောင်ကျွမ်းတော့မတတ် နီရဲနေ၏။ သူမ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။
ကျင်းယွင်ကျောင်းသည် အမှန်တကယ် အရေထူလှ၏။ သင်းက သူမကို ဒီနေရာမှာ စားပြီးသားဟင်းအကျန်တစ်ပွဲနဲ့ အရှက်ခွဲလိုက်တာပင်။
"နင်တို့စားသောက်ဆိုင်က ဒါ ဘာအချိုးချိုးတာလဲ။ သူတို့က နင့်ကို တစ်ခုခု ပို့ခိုင်းတိုင်း နင်က ပို့ပေးတယ်လား။ ဒီပန်းကန်ထဲမှာ အခြားသူတွေရဲ့ တံထွေးနေပါတယ်လေ။ ဒီနေရာမှာ ရောဂါပိုးတွေ ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်သူက သိမှာလဲ။ ဒီဟာကို စားခဲ့တဲ့သူတွေက ရောဂါတွေတောင် ရှိနေနိုင်တယ်"
ယဲ့ချင်းက သူမ၏ ဂုဏ်သိက္ခာကို ဂရုစိုက်မနေတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ရန်တွေ့ခဲ့သည်။
သူမ၏ ဘေးတွင် ထိုင်နေသော ကျန်ရှက မျက်မှောင်ကြုံ့လိုက်ရင်း ...
"ယဲ့ချင်း၊ ပြဿနာရှာနေတာကို ရပ်လိုက်တော့။ ဒီမှာ အခြားအတန်းဖော်တွေ အားလုံးလည်း ရှိနေတယ်လေ။ ကြည့်မကောင်းဘူး"
ယဲ့ချင်းက ထိုစကားကိုကြားသောအခါ အသည်းကွဲသွားရမည့်အစား ဒေါသတကြီး တုံ့ပြန်လိုက်သည်။
"ဘယ်လိုများ ကြည့်မကောင်းတာလဲ။ အခြားတစ်ယောက်ရဲ့ စားကြွင်းစားကျန်တွေနဲ့ စော်ကားခံရတာထက် ကြည့်မကောင်းတာ ဘာများရှိသေးလို့လဲ။ ငါက သူ့ကို စိတ်ရင်းနဲ့ 'ကြွယ်ဝချမ်းသာကောင်းချီးဖြာ' ဟင်းတစ်ပွဲပို့ပေးခဲ့တာလေ။ သူက ငါ့ကို ဘာပို့လိုက်လဲ။ တကယ်လို့ သူသာ တကယ်တတ်နိုင်တယ်ဆိုရင် ဘာလို့ မစားရသေးတဲ့ ဟင်းတစ်ပွဲ မပို့ပေးတာလဲ။ ငါ့ကို အကျန်တွေပို့လိုက်တယ်ဆိုတော့ သူက ငါ့ကို သူတောင်းစားလို့ တွေးနေတာလား"
Zawgyi
Chapter 59 : မ်က္ႏွာကို ျဖတ္ရိုက္ျခင္း
စားပြဲထိုးသည္ မူလက ဟင္းပြဲကို ဤေနရာသို႔ ယူလာခဲ့စဥ္က ဒုကၡေရာက္ေနခဲ့သည္။ အကယ္၍ ေအာက္ထပ္ရွိ မိန္းကေလးကသာ သူမသည္ ဤသီးသန့္ခန္းထဲရွိသူမ်ားသည္ သူမႏွင့္ ရင္းႏွီးပါသည္ဟုဆို၍ အတင္းမတိုက္တြန္းခဲ့ပါက သူမသည္ အျခားစားပြဲမွ ဟင္းပြဲကို ဤေနရာသို႔ ယူလာေပးမည္မဟုတ္ေပ။
ဧည့္သည္က စိတ္မဆိုး႐ုံသာမက သူမကပင္ ဟင္းအက်န္တစ္ပြဲကို လက္ေဆာင္အျဖစ္ေပးခဲ့ေသးသည္။ စားပြဲထိုးသည္ အနည္းငယ္ ေပ်ာ္႐ႊင္သြား၏။
ဘာလို႔ ဒီဧည့္သည္ႏွစ္ေယာက္က အတူလာၾကတဲ့ပုံ မေပၚတာလဲ။ သို႔ေသာ္ သူမ တာဝန္ယူထားရသည့္ ေအာက္ထပ္မွ စားပြဲသည္ သူမ၏ေရွ႕ရွိ ဧည့္သည္ႏွစ္ေယာက္ႏွင့္ ႏွိုင္းယွဥ္၍ပင္ မရေပ။
အထူးသျဖင့္ ဤမိန္းကေလး (က်င္းယြင္ေက်ာင္း) သည္ လွပ႐ုံသာမက သူမ၏မ်က္ႏွာကလည္း အထက္တန္းက်လွသည္။ အထူးသျဖင့္ သူမ၏ ျမင့္ျမတ္ေသာ အရွိန္အဝါအရ အလြန္ခ်မ္းသာႂကြယ္ဝေသာ မိသားစုက မမေလးတစ္ေယာက္ပင္ ျဖစ္ရမည္ မဟုတ္လား။
စားပြဲထိုးသည္ ယဥ္ေက်းစြာပင္ လက္ခံလိုက္၍ က်င္းယြင္ေက်ာင္း ေျပာသည့္အတိုင္း လုပ္ေပးလိုက္၏။
"နင္က ဥာဏ္မ်ားလြန္းလိုက္တာ၊ ယဲ့ခ်င္းက ဂုဏ္သိကၡာကို အေလးအထားဆုံးပဲ။ သူက နင့္ကို ၾကက္သြန္နဲ႕ တို႔ဖူးအက်န္ေတြပါတဲ့ ပန္းကန္ကို ပို႔လိုက္ကတည္းက နင္က သာမန္ဟင္းပြဲေလးတစ္ပြဲကို မမွာစားနိုင္ေလာက္ဘူးလို႔ သူေမွ်ာ္လင့္ေနတာပဲျဖစ္ရမယ္။ နင္လုပ္လိုက္တာက သူ႕မ်က္ႏွာကို ရွင္းရွင္းလင္းလင္း ျဖတ္ရိုက္လိုက္သလိုပဲ။ အိုး...ဟုတ္သား။ ယဲ့ခ်င္းရဲ႕တစ္စားပြဲလုံးစာ ဟင္းပြဲေတြအကုန္လုံးက ယြမ္တစ္ေထာင့္ေျခာက္ရာပဲ က်တယ္လို႔ ငါၾကားတယ္။ ဒါက နင္ ျပန္ပို႔ေပးလိုက္တဲ့ ဟင္းတစ္ပြဲက သူ႕ရဲ႕တစ္စားပြဲလုံးစာ ဟင္းပြဲေတြေလာက္ တန္တယ္ဆိုတဲ့ သေဘာပဲ"
ေရွာင္ဟိုင္ခ်င္းက ယဲ့ခ်င္းက ေဒါသအိုးေပါက္ကြဲေနမည့္ပုံအား ျမင္ေယာင္ေနသကဲ့သို႔ အူလွိုက္သည္းလွိုက္ ရယ္ေမာလိုက္သည္။
က်င္းယြင္ေက်ာင္း၏ ႏႈတ္ခမ္းမ်ားက ေကြးၫြတ္သြားသည္။
"သစ္ပင္က တည္ၿငိမ္ေနတယ္လို႔ ရည္ၫႊန္းေပမယ့္ ေလကေတာ့ မၿငိမ္ဘူးေလ။ ငါ့မွာ သူနဲ႕အၿပိဳင္ ႂကြားစရာမရွိပါဘူး"
ယဲ့ခ်င္းက သူမအား ကန့္လန့္တိုက္ေနသည္မွာ အေၾကာင္းရင္းႏွစ္ခုသာရွိ၏။
တစ္ခုမွာ သူမ၏ အဆင့္မ်ားမွာ အၿမဲတမ္း ေက်ာင္း၏ နံပါတ္တစ္ျဖစ္ေန၍ပင္။ သူတို႔သည္ အလိုေလ်ာက္ပင္ အခန္းတူမ်ားျဖစ္ၾကၿပီး ယဲ့ခ်င္းကဲ့သို႔ေသာ ေက်ာင္းေကာင္စီအဖြဲ႕ဝင္တစ္ေယာက္က သူမေအာက္ တစ္ဆင့္နိမ့္ေန၏။
ဒုတိယအခ်က္မွာ က်န္ရွေၾကာင့္ ျဖစ္သည္။
ယဲ့ခ်င္းက က်န္ရွအား ႀကိဳက္ေနေၾကာင္း လူတိုင္းသိၾကေသာ္လည္း သူကမူ ေခ်ာင္ဟုန္ယဲ့ကိုသာ ႀကိဳက္၏။ ေခ်ာင္ဟုန္ယဲ့ေၾကာင့္သာ က်န္ရွက က်င္းယြင္ေက်ာင္း၏ ကိစၥမ်ားတြင္ ဝင္ပါေနျခင္းျဖစ္သည္။ ယဲ့ခ်င္းကဲ့သို႔ ကိုယ့္ကိုကိုယ္သာ အာ႐ုံစိုက္ေသာ လူတစ္ေယာက္သည္ က်င္းယြင္ေက်ာင္းႏွင့္ က်န္ရွတို႔ၾကားတြင္ ရွက္စရာကိစၥတစ္ခုခု ျဖစ္ေနသည္ဟု ယူဆမည္မွာ အေသအခ်ာပင္။ ထို႔အျပင္ ယဲ့ခ်င္း၏ မိသားစုေနာက္ခံအရ သူမ၏ ျမင့္မားေသာ ျဖစ္တည္မႈအား ေစာ္ကားေနသကဲ့သို႔ ခံစားေနရမည္ျဖစ္၏။
"က်င္းယြင္ေက်ာင္း၊ တစ္ေယာက္ေယာက္ကမ်ား နင့္ကို အရမ္းေျပာင္းလဲသြားတယ္လို႔ မေျပာဘူးလား။ ငါ နင့္ကို နက္နက္ရွိုင္းရွိုင္းကို ေလးစားမိတယ္။ အရင္တုန္းက နင္က စာပဲ တအားႀကိဳးစားေနၿပီးေတာ့ နင္က အိေႏၵျႀကီးလြန္းတယ္ဆိုတဲ့ ေကာလာဟလေတြရွိတယ္။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ နင္က လူတိုင္းကို အနိုင္က်င့္နိုင္တယ္။ ဒါေပမယ့္ နင္က အဲဒီလိုပုံမေပါက္ဘူး။ နင္က အေတာ္ေလး ခက္ထန္တယ္။ နင့္ကို အႀကိမ္မ်ားစြာ အနိုင္က်င့္ေနၾကတာေတာင္ နင္က ဘယ္ေတာ့မွာ အခြင့္ေကာင္းမယူခဲ့ဘူး။ အႏၲရာယ္အရွိဆုံးအခ်ိန္ေတြမွာလည္း အသက္အႏၲရာယ္ေတာင္ ႀကဳံခဲ့ရေပမယ့္ နင့္အေပၚမွာ သက္ေရာက္မႈမရွိဘူး"
ေရွာင္ဟိုင္ခ်င္းက ဆက္ေျပာရင္း လက္မ ေထာင္မျပဘဲ မေနနိုင္ေခ်။
က်င္းယြင္ေက်ာင္းက သူမအား တစ္ခ်က္ၾကည့္လိုက္သည္။
"နင္လည္း ခက္ထန္တာပဲမဟုတ္လား။ စကားတစ္ခြန္းတည္းနဲ႕တင္ က်န္ရွကို ၿငိမ္က်သြားေအာင္ ေျခာက္လွန့္နိုင္တယ္"
သူမ၏ အတိတ္ဘဝတြင္လည္း ေရွာင္ဟိုင္ခ်င္းသည္ အလြန္သန္မာေသာ အမ်ိဳးသမီးျဖစ္၏။ သူမ၏ အခ်စ္ေရးကိစၥမ်ားေၾကာင့္ နာမည္မေကာင္းေသာ္လည္း သူမသည္ သူမအား မည္သူကမွ လာမရႈပ္ရဲေအာင္ ခက္ထန္ဆဲျဖစ္သည္။
"ငါတို႔ တစ္ေယာက္နဲ႕တစ္ေယာက္ ျမႇောက္ပင့္ေနၾကတာလား။ ငါ မ်က္ႏွာေတြ နီရဲလာၿပီ"
ေရွာင္ဟိုင္ခ်င္းက က်ယ္ေလာင္စြာ ရယ္ေမာလိုက္သည္။
"တကယ္လား။ ဝိုင္ေၾကာင့္မ်ား ျဖစ္နိုင္မလား"
က်င္းယြင္ေက်ာင္းက ေပ်ာ္႐ႊင္စြာ ျပန္ေျဖလိုက္ၿပီး ဝိုင္ခြက္ကို ျမႇောက္ၿပီး ေရွာင္ဟိုင္ခ်င္းႏွင့္ ခြက္ခ်င္းတိုက္လိုက္၍ တစ္ခြက္လုံးအား တစ္ခါတည္း အကုန္ ေမာ့ခ်ပစ္လိုက္၏။
စိတ္လႈပ္ရွားမႈပိုမ်ားလာသျဖင့္ ေလထုက ပို၍ ေကာင္းမြန္လာသည္။
သို႔ေသာ္ အဓိကခန္းမထဲတြင္မူ လက္ရွိအခ်ိန္၌ ယဲ့ခ်င္းသည္ ေဒါသေခ်ာင္းေခ်ာင္း ထြက္ေန၏။
သူမသည္ အရွက္ခြဲခံလိုက္ရသကဲ့သို႔ ခံစားေနရသည္။ သူမ၏ မ်က္ႏွာသည္ ေလာင္ကြၽမ္းေတာ့မတတ္ နီရဲေန၏။ သူမ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနသည္။
က်င္းယြင္ေက်ာင္းသည္ အမွန္တကယ္ အေရထူလွ၏။ သင္းက သူမကို ဒီေနရာမွာ စားၿပီးသားဟင္းအက်န္တစ္ပြဲနဲ႕ အရွက္ခြဲလိုက္တာပင္။
"နင္တို႔စားေသာက္ဆိုင္က ဒါ ဘာအခ်ိဳးခ်ိဳးတာလဲ။ သူတို႔က နင့္ကို တစ္ခုခု ပို႔ခိုင္းတိုင္း နင္က ပို႔ေပးတယ္လား။ ဒီပန္းကန္ထဲမွာ အျခားသူေတြရဲ႕ တံေထြးေနပါတယ္ေလ။ ဒီေနရာမွာ ေရာဂါပိုးေတြ ဘယ္ေလာက္ရွိမယ္ဆိုတာ ဘယ္သူက သိမွာလဲ။ ဒီဟာကို စားခဲ့တဲ့သူေတြက ေရာဂါေတြေတာင္ ရွိေနနိုင္တယ္"
ယဲ့ခ်င္းက သူမ၏ ဂုဏ္သိကၡာကို ဂ႐ုစိုက္မေနေတာ့ဘဲ က်ယ္ေလာင္စြာ ေအာ္ဟစ္ရန္ေတြ႕ခဲ့သည္။
သူမ၏ ေဘးတြင္ ထိုင္ေနေသာ က်န္ရွက မ်က္ေမွာင္ႀကဳံ႕လိုက္ရင္း ...
"ယဲ့ခ်င္း၊ ျပႆနာရွာေနတာကို ရပ္လိုက္ေတာ့။ ဒီမွာ အျခားအတန္းေဖာ္ေတြ အားလုံးလည္း ရွိေနတယ္ေလ။ ၾကည့္မေကာင္းဘူး"
ယဲ့ခ်င္းက ထိုစကားကိုၾကားေသာအခါ အသည္းကြဲသြားရမည့္အစား ေဒါသတႀကီး တုံ႕ျပန္လိုက္သည္။
"ဘယ္လိုမ်ား ၾကည့္မေကာင္းတာလဲ။ အျခားတစ္ေယာက္ရဲ႕ စားႂကြင္းစားက်န္ေတြနဲ႕ ေစာ္ကားခံရတာထက္ ၾကည့္မေကာင္းတာ ဘာမ်ားရွိေသးလို႔လဲ။ ငါက သူ႕ကို စိတ္ရင္းနဲ႕ 'ႂကြယ္ဝခ်မ္းသာေကာင္းခ်ီးျဖာ' ဟင္းတစ္ပြဲပို႔ေပးခဲ့တာေလ။ သူက ငါ့ကို ဘာပို႔လိုက္လဲ။ တကယ္လို႔ သူသာ တကယ္တတ္နိုင္တယ္ဆိုရင္ ဘာလို႔ မစားရေသးတဲ့ ဟင္းတစ္ပြဲ မပို႔ေပးတာလဲ။ ငါ့ကို အက်န္ေတြပို႔လိုက္တယ္ဆိုေတာ့ သူက ငါ့ကို သူေတာင္းစားလို႔ ေတြးေနတာလား"