Chapter 58 : ကိုယ့်ကိုကိုယ် ပြန်၍ အရှက်ခွဲခြင်း
ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းတွင် ငွေလုံလုံလောက်လောက် ပါမလာမည်ကို စိုးရိမ်နေ၏။ သူမသည် ကျင်းယွင်ကျောင်းကို သတိပေး၍ သူမ၏ ကိုယ်ပိုင် ပိုက်ဆံအချို့ကို ထုတ်သုံးချင်နေသည်။ သို့သော် သူမသည် ကျင်းယွင်ကျောင်း၏ မာနကို ထိခိုက်နာကျင်သွားစေမည်ကိုလည်း စိုးရိမ်၏။ ရှောင်ဟိုင်ချင်း ဒုက္ခရောက်နေသည်။
သို့ရာတွင် ကျင်းယွင်ကျောင်းက ထိုကိစ္စသည် သူမအား မည်သို့မှ အနှောင်အယှက်မဖြစ်သယောင် ပြုမူနေ၏။ သူမသည် ခေါင်းညိတ်ရုံသာ ညိတ်ပြ၍ ထိုင်လိုက်သည်။
ဟင်းပွဲများမှာ ကြိုတင်မှာယူပြီးသားဖြစ်၏။ ကျင်းယွင်ကျောင်းသည်လည်း ဗိုက်ဆာနေပြီဖြစ်ကာ သူတို့နှစ်ယောက်တည်းသာရှိသည်ဖြစ်၍ သူမကိုယ်သူ ဆက်လက်ထိန်းမနေတော့ဘဲ စားပွဲထိုးအား အစားအသောက်များ တည်ခင်းပေးရန်သာ ပြောလိုက်သည်။
ရှောင်ဟိုင်ချင်း၏ မိသားစုသည် ငွေကြေးပြည့်စုံ၏။ သူမသည် အော်ဒါမှာစဥ်က ဘာကိုမှ များများစားစား မတွေးခဲ့ပေ။ သို့သော် ယခုအခါတွင်တော့ လက်ရာမြောက်၍ စျေးကြီးလှသော ဟင်းပွဲများအား တစ်ပွဲပြီးတစ်ပွဲ ယူဆောင်လာသည်ကို ကြည့်၍ သူမသည် မသက်မသာ စတင်ခံစားလာရသည်။
အဆာပြေများက လက်ခံနိုင်ဖွယ်ရှိသော်လည်း ထို့နောက်တွင်...
"လှိုင်းလေကြားမှာ ကူးခတ်နေတဲ့ နဂါး၊ နဂါးနဲ့ ဇာမဏီ အာကာပြင်ပျံဝဲ.......
(T/N : တရုတ်ဟင်းလျာတွေရဲ့ ဆန်းဆန်းပြားပြား နာမည်တွေပါ။)
တကယ်တော့ သူတို့က ကျောက်ပုဇွန် ကြက်သွန်ဖြူအုပ်ကြော်၊ ရိုးရာ ပင်လယ်ငါးပေါင်း၊ ပင်လယ်စာစုံ ငါးမန်းတောင် ဟင်းချိူ....."
အမှန်ပင်၊ ၎င်းမှာ သူတို့မှာထားသော ဟင်းပွဲများထဲမှ အနည်းငယ်သာဖြစ်၏။ ယဲ့ချင်းကို အနိုင်ယူရန် ရှောင်ဟိုင်ချင်းသည် ပို၍ စျေးကြီးသော ဟင်းပွဲများကိုသာ မှာယူခဲ့သည်။ ဟိုင်ချင်းသည် ထိုဟင်းပွဲများ၏ နာမည်များကို မသိပေ။ သူမ၏ ပါးစပ်ထဲတွင် သူတို့၏ အရသာများသည် ထူးဆန်းလှသည်။ ထို့အပြင် ကျင်းယွင်ကျောင်းသည် ဤဟင်းပွဲများမှ အချို့ပါဝင်ပစ္စည်းများကို ကြားပင်မကြားဖူးချေ။
"အာ...ယွင်ကျောင်း၊ ငါ နင်တစ်ယောက်တည်း ဒါတွေ အကုန်လုံးကို ရှင်းခိုင်းရရင် စိတ်လုံမှာ မဟုတ်ဘူး။ ငါတို့ တစ်ယောက် တစ်ဝက်ရှင်းကြမယ်ဆိုရင်ရော ဘယ်လိုလဲ"
ကျင်းယွင်ကျောင်းက အတော်လေး ပျော်ရွှင်စွာ စားသောက်နေရင်း ဖြေလိုက်သည်။
"မလိုပါဘူးဆို။ ငါ နင့်ကို ဧည့်ခံမယ်လို့ ပြောပြီးသားလေ။ ကျန်နေရင်လည်း အဆင်ပြေတယ်။ ငါ တစ်ချို့ကို အိမ်ယူသွားလိုက်မယ်။ ငါ့မှာ အတူနေသူငယ်ချင်း နှစ်ယောက်ရှိတယ်။ ငါတို့ တူတူနေကြတာ ရက်နည်းနည်းတောင် ကြာပေါ့"
ကျင်းယွင်ကျောင်းက ပြောပြီးနောက် ရှောင်ဟိုင်ချင်းက ပို၍အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရ၏။
"အကုန် ငါ့အပြစ်ပါဟာ။ ငါတွေးသမျှက အလွန်အကြူးချည်းပဲ။ ငါ့မှာ မျှမျှတတတွေးတတ်တဲ့ စိတ်ကို မရှိဘူး"
"နင် နားလည်သရွေ့ အဆင်ပြေပါတယ်။ ဖြုန်းတီးတာက ရှက်စရာကောင်းတယ်၊ ဒါကြောင့် မချန်ဘဲ အကုန်စားကြမယ်။ ဒီပန်းကန်တွေကို ရှင်းပစ်ကြစို့"
ကျင်းယွင်ကျောင်းက ဆက်ပြောလိုက်သည်။ အခန်းထဲတွင် အပြင်လူမရှိသည်ဖြစ်ရာ သူမသည် သူမ၏ အင်္ကျီလက်များကို ခေါက်လိုက်ပြီး သူမ၏ ပုံစံမှာ ချက်ချင်း ပြောင်းလဲသွားတော့၏။
"ငါက စာတော်တဲ့ ကျောင်းသားတွေအားလုံးက ဆက်ဆံရေးမကောင်းဘဲ ကြောင်တောင်တောင်နိုင်တယ်လို့ တွေးခဲ့တာ။ နင့်က ဒီလိုမျိုး သီးသန့်ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"
ရှောင်ဟိုင်ချင်းက မရယ်မိအောင် ထိန်းထား၍ ခါးသီးနေသော မျက်နှာနှင့် ပြောလိုက်သည်။ သူမ၏ အမူအယာမှာ ပို၍ ပို၍ စိတ်ဝင်စားဖွယ်ကောင်းလာ၏။
သို့ရာတွင် ရှောင်ဟိုင်ချင်းသည် သက်ပြင်းချလိုက်သည်။ ကျင်းယွင်ကျောင်း၏ အပြုအမူများသည် ကပိုကရိုဆန်သော်လည်း အနည်းငယ်မျှပင် အပေါစားဆန်မနေပေ။ အကယ်၍ ဤအပြုအမူများကို အခြားတစ်ယောက်ကသာ လုပ်ပါက လုံးဝကွဲပြားခြားနားနေပေလိမ့်မည်။
ကျင်းယွင်ကျောင်း နှစ်နှစ်ခြိုက်ခြိုက်စားသောက်နေသည်ကို ကြည့်၍ ရှောင်ဟိုင်ချင်းသည် လျှာမသပ်ဘဲ မနေနိုင်တော့ပေ။ သူမက အရှုံးပေးလိုက်ပြီး ပြောလာ၏။
"ဖြည်းဖြည်းစား၊ ငါဖို့လည်း နည်းနည်းချန်ပါဦး...အား၊ ဒါက အရသာရှိလိုက်တာ။ နောက်တစ်ကိုက်လောက်၊ ငါ့ဆီက မလုနဲ့လေ"
နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင် စားသောက်နေစဥ်မှာပင် သူတို့၏ သီသန့်ခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။
"ဧည့်သည်တော်တို့၊ အောက်ထပ်က ဧည့်သည်တော်တွေက လူကြီးမင်းတို့အတွက် 'ကြွယ်ဝချမ်းသာကောင်းချီးဖြာ' ဟင်းတစ်ပွဲ လက်ဆောင်ပို့ခိုင်းလိုက်ပါတယ်။ ကျေးဇူးပြုပြီး သုံးဆောင်ပါ"
စားပွဲထိုးက ယဥ်ကျေးစွာပင် ၎င်းကို အထဲသို့ ယူဆောင်လာ၏။ သူတို့နှစ်ယောက်လုံး ကြည့်လိုက်သောအခါ ကြက်သွန်နှင့် တို့ဖူးအကျန်များကိုသာ မြင်လိုက်ရသည်။
အောက်ထပ်က ဧည့်သည်တွေ၊ ယဲ့ချင်းကလွဲပြီး ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ။
ရှောင်ဟိုင်ချင်း ဘာမှမပြောရသေးမီမှာပင် ကျင်းယွင်ကျောင်းသည် သူမ၏ ဘေးရှိ ပန်းကန်ကို ယူလိုက်ပြီး စားပွဲထိုးကို ပေးလိုက်သည်။
"ဒီလက်ဆောင်လေး ပြန်ပေးပြီး ကျွန်မတို့ကို ဟင်းပွဲပေးတဲ့ မိန်းကလေးကို ပြောပေးပါဦး၊ ဒီဟင်းပွဲက အရသာတော်တော်ကောင်းတယ်၊ ကျွန်မ သူ့ကို မြည်းကြည့်စေချင်တယ်လို့ ပြောလိုက်ပါ။ သူက ဟင်းပွဲရဲ့ပါဝင်ပစ္စည်းတွေကို မေးရင်လည်း အမှန်အတိုင်းသာ ဖြေပေးလိုက်ပါ"
ကျင်းယွင်ကျောင်းသည် ရက်ရောလွန်းသူမဟုတ်ပေ။ သူမ ပြန်ပေးလိုက်သော ဟင်းပွဲသည် အမှန်တကယ်ပင် စျေးကြီးလှသည်။ ၎င်း၏ အမည်မှာ 'သန္တာရောင်စဥ်ပန်းမျိုးတရာပင်လယ်ခရု' ဖြစ်၏။ သို့သော် ပန်းကန်ထဲတွင် ဟင်းအနှစ်အနည်းငယ်နှင့် အလှဆင်ထားသည့် အရာအနည်းငယ်သာ ကျန်သည်။ ဤဟင်းပွဲ၏ စျေးနှုန်းမှာ ယွမ်တစ်ထောင့်ခြောက်ရာကျော်ဖြစ်၏။ ယဲ့ချင်းမြင်လျှင် ဒေါသထွက်လွန်း၍ သွေးအန်မည်မှာ အသေအချာပင်။
ကျင်းယွင်ကျောင်းသည် ဘယ်သောအခါကမှ ကြွားဝါးပလွှားခြင်းမရှိခဲ့ပေ၊ သို့သော် ယဲ့ချင်းက သူမအား ရန်လာစသူဖြစ်သည်။ အကယ်၍ သူတို့ အေးအေးချမ်းချမ်းနှင့် စားသောက်ပြီးသွားလျှင်လည်း ယဲ့ချင်းက သူတို့ကို သွားခွင့်ပြုမည်မဟုတ်ပေ။ သူမသည် သူမကိုယ်သူမ အရှက်ခွဲရန် ကြိုးစားနေသည်။
Zawgyi
Chapter 58 : ကိုယ့္ကိုကိုယ္ ျပန္၍ အရွက္ခြဲျခင္း
ေရွာင္ဟိုင္ခ်င္းက က်င္းယြင္ေက်ာင္းတြင္ ေငြလုံလုံေလာက္ေလာက္ ပါမလာမည္ကို စိုးရိမ္ေန၏။ သူမသည္ က်င္းယြင္ေက်ာင္းကို သတိေပး၍ သူမ၏ ကိုယ္ပိုင္ ပိုက္ဆံအခ်ိဳ႕ကို ထုတ္သုံးခ်င္ေနသည္။ သို႔ေသာ္ သူမသည္ က်င္းယြင္ေက်ာင္း၏ မာနကို ထိခိုက္နာက်င္သြားေစမည္ကိုလည္း စိုးရိမ္၏။ ေရွာင္ဟိုင္ခ်င္း ဒုကၡေရာက္ေနသည္။
သို႔ရာတြင္ က်င္းယြင္ေက်ာင္းက ထိုကိစၥသည္ သူမအား မည္သို႔မွ အေႏွာင္အယွက္မျဖစ္သေယာင္ ျပဳမူေန၏။ သူမသည္ ေခါင္းညိတ္႐ုံသာ ညိတ္ျပ၍ ထိုင္လိုက္သည္။
ဟင္းပြဲမ်ားမွာ ႀကိဳတင္မွာယူၿပီးသားျဖစ္၏။ က်င္းယြင္ေက်ာင္းသည္လည္း ဗိုက္ဆာေနၿပီျဖစ္ကာ သူတို႔ႏွစ္ေယာက္တည္းသာရွိသည္ျဖစ္၍ သူမကိုယ္သူ ဆက္လက္ထိန္းမေနေတာ့ဘဲ စားပြဲထိုးအား အစားအေသာက္မ်ား တည္ခင္းေပးရန္သာ ေျပာလိုက္သည္။
ေရွာင္ဟိုင္ခ်င္း၏ မိသားစုသည္ ေငြေၾကးျပည့္စုံ၏။ သူမသည္ ေအာ္ဒါမွာစဥ္က ဘာကိုမွ မ်ားမ်ားစားစား မေတြးခဲ့ေပ။ သို႔ေသာ္ ယခုအခါတြင္ေတာ့ လက္ရာေျမာက္၍ ေစ်းႀကီးလွေသာ ဟင္းပြဲမ်ားအား တစ္ပြဲၿပီးတစ္ပြဲ ယူေဆာင္လာသည္ကို ၾကည့္၍ သူမသည္ မသက္မသာ စတင္ခံစားလာရသည္။
အဆာေျပမ်ားက လက္ခံနိုင္ဖြယ္ရွိေသာ္လည္း ထို႔ေနာက္တြင္...
"လွိုင္းေလၾကားမွာ ကူးခတ္ေနတဲ့ နဂါး၊ နဂါးနဲ႕ ဇာမဏီ အာကာျပင္ပ်ံဝဲ.......
(T/N : တ႐ုတ္ဟင္းလ်ာေတြရဲ႕ ဆန္းဆန္းျပားျပား နာမည္ေတြပါ။)
တကယ္ေတာ့ သူတို႔က ေက်ာက္ပုဇြန္ ၾကက္သြန္ျဖဴအုပ္ေၾကာ္၊ ရိုးရာ ပင္လယ္ငါးေပါင္း၊ ပင္လယ္စာစုံ ငါးမန္းေတာင္ ဟင္းခ်ိဴ....."
အမွန္ပင္၊ ၎မွာ သူတို႔မွာထားေသာ ဟင္းပြဲမ်ားထဲမွ အနည္းငယ္သာျဖစ္၏။ ယဲ့ခ်င္းကို အနိုင္ယူရန္ ေရွာင္ဟိုင္ခ်င္းသည္ ပို၍ ေစ်းႀကီးေသာ ဟင္းပြဲမ်ားကိုသာ မွာယူခဲ့သည္။ ဟိုင္ခ်င္းသည္ ထိုဟင္းပြဲမ်ား၏ နာမည္မ်ားကို မသိေပ။ သူမ၏ ပါးစပ္ထဲတြင္ သူတို႔၏ အရသာမ်ားသည္ ထူးဆန္းလွသည္။ ထို႔အျပင္ က်င္းယြင္ေက်ာင္းသည္ ဤဟင္းပြဲမ်ားမွ အခ်ိဳ႕ပါဝင္ပစၥည္းမ်ားကို ၾကားပင္မၾကားဖူးေခ်။
"အာ...ယြင္ေက်ာင္း၊ ငါ နင္တစ္ေယာက္တည္း ဒါေတြ အကုန္လုံးကို ရွင္းခိုင္းရရင္ စိတ္လုံမွာ မဟုတ္ဘူး။ ငါတို႔ တစ္ေယာက္ တစ္ဝက္ရွင္းၾကမယ္ဆိုရင္ေရာ ဘယ္လိုလဲ"
က်င္းယြင္ေက်ာင္းက အေတာ္ေလး ေပ်ာ္႐ႊင္စြာ စားေသာက္ေနရင္း ေျဖလိုက္သည္။
"မလိုပါဘူးဆို။ ငါ နင့္ကို ဧည့္ခံမယ္လို႔ ေျပာၿပီးသားေလ။ က်န္ေနရင္လည္း အဆင္ေျပတယ္။ ငါ တစ္ခ်ိဳ႕ကို အိမ္ယူသြားလိုက္မယ္။ ငါ့မွာ အတူေနသူငယ္ခ်င္း ႏွစ္ေယာက္ရွိတယ္။ ငါတို႔ တူတူေနၾကတာ ရက္နည္းနည္းေတာင္ ၾကာေပါ့"
က်င္းယြင္ေက်ာင္းက ေျပာၿပီးေနာက္ ေရွာင္ဟိုင္ခ်င္းက ပို၍အျပစ္ရွိသကဲ့သို႔ ခံစားလိုက္ရ၏။
"အကုန္ ငါ့အျပစ္ပါဟာ။ ငါေတြးသမွ်က အလြန္အၾကဴးခ်ည္းပဲ။ ငါ့မွာ မွ်မွ်တတေတြးတတ္တဲ့ စိတ္ကို မရွိဘူး"
"နင္ နားလည္သေ႐ြ႕ အဆင္ေျပပါတယ္။ ျဖဳန္းတီးတာက ရွက္စရာေကာင္းတယ္၊ ဒါေၾကာင့္ မခ်န္ဘဲ အကုန္စားၾကမယ္။ ဒီပန္းကန္ေတြကို ရွင္းပစ္ၾကစို႔"
က်င္းယြင္ေက်ာင္းက ဆက္ေျပာလိုက္သည္။ အခန္းထဲတြင္ အျပင္လူမရွိသည္ျဖစ္ရာ သူမသည္ သူမ၏ အကၤ်ီလက္မ်ားကို ေခါက္လိုက္ၿပီး သူမ၏ ပုံစံမွာ ခ်က္ခ်င္း ေျပာင္းလဲသြားေတာ့၏။
"ငါက စာေတာ္တဲ့ ေက်ာင္းသားေတြအားလုံးက ဆက္ဆံေရးမေကာင္းဘဲ ေၾကာင္ေတာင္ေတာင္နိုင္တယ္လို႔ ေတြးခဲ့တာ။ နင့္က ဒီလိုမ်ိဳး သီးသန့္ျဖစ္ေနလိမ့္မယ္လို႔ မထင္ထားဘူး"
ေရွာင္ဟိုင္ခ်င္းက မရယ္မိေအာင္ ထိန္းထား၍ ခါးသီးေနေသာ မ်က္ႏွာႏွင့္ ေျပာလိုက္သည္။ သူမ၏ အမူအယာမွာ ပို၍ ပို၍ စိတ္ဝင္စားဖြယ္ေကာင္းလာ၏။
သို႔ရာတြင္ ေရွာင္ဟိုင္ခ်င္းသည္ သက္ျပင္းခ်လိဳက္သည္။ က်င္းယြင္ေက်ာင္း၏ အျပဳအမူမ်ားသည္ ကပိုကရိုဆန္ေသာ္လည္း အနည္းငယ္မွ်ပင္ အေပါစားဆန္မေနေပ။ အကယ္၍ ဤအျပဳအမူမ်ားကို အျခားတစ္ေယာက္ကသာ လုပ္ပါက လုံးဝကြဲျပားျခားနားေနေပလိမ့္မည္။
က်င္းယြင္ေက်ာင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္စားေသာက္ေနသည္ကို ၾကည့္၍ ေရွာင္ဟိုင္ခ်င္းသည္ လွ်ာမသပ္ဘဲ မေနနိုင္ေတာ့ေပ။ သူမက အရႈံးေပးလိုက္ၿပီး ေျပာလာ၏။
"ျဖည္းျဖည္းစား၊ ငါဖို႔လည္း နည္းနည္းခ်န္ပါဦး...အား၊ ဒါက အရသာရွိလိုက္တာ။ ေနာက္တစ္ကိုက္ေလာက္၊ ငါ့ဆီက မလုနဲ႕ေလ"
ႏွစ္ဦးသား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စားေသာက္ေနစဥ္မွာပင္ သူတို႔၏ သီသန့္ခန္းတံခါးက ႐ုတ္တရက္ ပြင့္လာသည္။
"ဧည့္သည္ေတာ္တို႔၊ ေအာက္ထပ္က ဧည့္သည္ေတာ္ေတြက လူႀကီးမင္းတို႔အတြက္ 'ႂကြယ္ဝခ်မ္းသာေကာင္းခ်ီးျဖာ' ဟင္းတစ္ပြဲ လက္ေဆာင္ပို႔ခိုင္းလိုက္ပါတယ္။ ေက်းဇူးျပဳၿပီး သုံးေဆာင္ပါ"
စားပြဲထိုးက ယဥ္ေက်းစြာပင္ ၎ကို အထဲသို႔ ယူေဆာင္လာ၏။ သူတို႔ႏွစ္ေယာက္လုံး ၾကည့္လိုက္ေသာအခါ ၾကက္သြန္ႏွင့္ တို႔ဖူးအက်န္မ်ားကိုသာ ျမင္လိုက္ရသည္။
ေအာက္ထပ္က ဧည့္သည္ေတြ၊ ယဲ့ခ်င္းကလြဲၿပီး ဘယ္သူမ်ား ျဖစ္နိုင္ဦးမွာလဲ။
ေရွာင္ဟိုင္ခ်င္း ဘာမွမေျပာရေသးမီမွာပင္ က်င္းယြင္ေက်ာင္းသည္ သူမ၏ ေဘးရွိ ပန္းကန္ကို ယူလိုက္ၿပီး စားပြဲထိုးကို ေပးလိုက္သည္။
"ဒီလက္ေဆာင္ေလး ျပန္ေပးၿပီး ကြၽန္မတို႔ကို ဟင္းပြဲေပးတဲ့ မိန္းကေလးကို ေျပာေပးပါဦး၊ ဒီဟင္းပြဲက အရသာေတာ္ေတာ္ေကာင္းတယ္၊ ကြၽန္မ သူ႕ကို ျမည္းၾကည့္ေစခ်င္တယ္လို႔ ေျပာလိုက္ပါ။ သူက ဟင္းပြဲရဲ႕ပါဝင္ပစၥည္းေတြကို ေမးရင္လည္း အမွန္အတိုင္းသာ ေျဖေပးလိုက္ပါ"
က်င္းယြင္ေက်ာင္းသည္ ရက္ေရာလြန္းသူမဟုတ္ေပ။ သူမ ျပန္ေပးလိုက္ေသာ ဟင္းပြဲသည္ အမွန္တကယ္ပင္ ေစ်းႀကီးလွသည္။ ၎၏ အမည္မွာ 'သႏၲာေရာင္စဥ္ပန္းမ်ိဳးတရာပင္လယ္ခ႐ု' ျဖစ္၏။ သို႔ေသာ္ ပန္းကန္ထဲတြင္ ဟင္းအႏွစ္အနည္းငယ္ႏွင့္ အလွဆင္ထားသည့္ အရာအနည္းငယ္သာ က်န္သည္။ ဤဟင္းပြဲ၏ ေစ်းႏႈန္းမွာ ယြမ္တစ္ေထာင့္ေျခာက္ရာေက်ာ္ျဖစ္၏။ ယဲ့ခ်င္းျမင္လွ်င္ ေဒါသထြက္လြန္း၍ ေသြးအန္မည္မွာ အေသအခ်ာပင္။
က်င္းယြင္ေက်ာင္းသည္ ဘယ္ေသာအခါကမွ ႂကြားဝါးပလႊားျခင္းမရွိခဲ့ေပ၊ သို႔ေသာ္ ယဲ့ခ်င္းက သူမအား ရန္လာစသူျဖစ္သည္။ အကယ္၍ သူတို႔ ေအးေအးခ်မ္းခ်မ္းႏွင့္ စားေသာက္ၿပီးသြားလွ်င္လည္း ယဲ့ခ်င္းက သူတို႔ကို သြားခြင့္ျပဳမည္မဟုတ္ေပ။ သူမသည္ သူမကိုယ္သူမ အရွက္ခြဲရန္ ႀကိဳးစားေနသည္။