Chapter 55 : ငွေလွှဲပြီးစီးခြင်း
အဖိုးရှုသည် ဂျင်ဆင်းအား နှာဘူးတစ်ယောက်က မိန်းမတစ်ယောက်အား စစ်ဆေးသကဲ့သို့ စစ်ဆေးနေသည်။ စစ်ဆေးပြီးနောက် ခဏအကြာတွင် သူ၏မျက်လုံးများမှ အစိမ်းရောင်များ တောက်ပလာ၏။
"သုံးသန်း။ ပိုက်ဆံယူသွား။ ပစ္စည်းကို ထားခဲ့"
အဖိုးရှုသည် ဂဏန်းတစ်ခုကို ချက်ချင်းပင် ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ၏ လက်ထဲမှ ဂျင်ဆင်းကိုတော့ ပြန်လွှတ်ပေးလိမ့်မည်မဟုတ်ပေ။
သို့သော် သူ ကျင်းယွင်ကျောင်းအား ကြည့်သည့် အကြည့်များမှာ သူမသည် ရတနာသေတ္တာတစ်လုံးဖြစ်သကဲ့သို့ပင် ပို၍ စိတ်အား ထက်သန်လာသည်။ သူ သက်ပြင်းချလိုက်၏။ ၎င်းမှာ မြင်ရခဲသော ပစ္စည်းကောင်းတစ်ခုဖြစ်၍ မြို့တော်၌ပင် မြင်ရခဲသောအရာဖြစ်သည်။ သူသည် ၎င်းကို စားသုံးရန်အတွက် တစ်ပိုင်းစီ လှီးပစ်လိမ့်မည်မဟုတ်ပေ၊ ဖြုန်းတီးရာ ကျ၏။ အရက်ထဲတွင် စိမ်ထားသည်က အကောင်းဆုံးဖြစ်သည်။ ကျန်းမာရေးအတွက် အထူးကောင်းမွန်၍ အသက်ရှည်စေသည်။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် သုံးသန်း ဟူသော စကားကြောင့် မူးဝေနေပြီဖြစ်၏။ အတိတ်ဘဝတွင် သူမသည် သုံးသန်းမပြောနှင့်၊ သုံးသောင်းပင် တစ်ခါမှ မထိဖူးခဲ့ပေ။
ထိုအစား သူမသည် ဆင်ခြင်တုံတရား ကင်းမဲ့မသွားခဲ့။
"အဖိုးရှု၊ အဖိုးမှာ ဒီလောက် ပိုက်ဆံအများကြီး မရှိရင် ကျွန်မတို့ ဒီလိုလုပ်ဖို့ မလိုပါဘူး။ ဒီဂျင်ဆင်းကြောင့်တော့ ဒီအိမ်ကြီးကို မရောင်းပါနဲ့"
ဒီအဖိုးရှုက သက်ကြီးရွယ်အိုတစ်ယောက် မဟုတ်လား။ သူ့မှာ ပိုက်ဆံ ဘယ်လောက်များများ ရှိနိုင်လို့လဲ။
အကယ်၍ ဤဂျင်ဆင်းကြောင့်သာ ဤအဖိုးအိုသည် သူ၏ အိမ်ကို ဆုံးရှုံးသွားပြီး ညတိုင်း အေးစက်နေသောနေရာတွင် နေရလျှင် သူမကိုယ်တိုင်လည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဤအဖိုးရှုသည် သူမအပေါ် အလွန်ကောင်း၏။
အဖိုးရှုသည် ထိုစကားကို ကြားသောအခါ ဒေါသူပုန်ထသွားသည်။ သူသည် သူမအား အော်ဟစ်ကြိမ်းမောင်းချင်သော်လည်း သူ၏ လက်ထဲရှိ ဂျင်စင်းကို သတိရသွားပြီး စိတ်ကိုလျှော့ချလိုက်၏။ သူသည် သုံးခဲလှသည့် နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
"မင်းကို ငါ့ကို အထင်သေးနေတာပဲ။ ဒီလောက်ပိုက်ဆံကတော့ ငါ့အတွက် ဘာမှမဟုတ်ဘူး။ ရှင်းယွမ်၊ မင်း ဒီကောင်မလေးကို ငွေလွဲပေးဖို့ တာဝန်ယူလိုက်"
အမှန်ပင် အဖိုးရှု၏ ဘေးရှိ သက်လတ်ပိုင်းအရွယ်လူကြီး၏ အမည်မှာ ရှင်းယွမ်ဖြစ်သည်။
သူသည် အေးစက်စက်အမူအယာနှင့် ဖြစ်၏။ အဖိုးရှုတစ်ဦးတည်းကိုသာ ရိုသေလေးစားသည်။ သူ၏ အမူအယာသည်လည်း ချက်ချင်းပင် ပြောင်းသွား၏။ သို့သော် ကျင်းယွင်ကျောင်းသည် အဖိုးရှု၏ မျက်နှာသာပေးခံရသူဖြစ်ရာ ရှင်းယွမ်သည် ယခင်ကထက် ပို၍ ယဥ်ကျေးသွားပုံပင်။
"ကျွန်မမှာ ဘဏ်ကဒ်မရှိဘူး"
ကျင်းယွင်ကျောင်းသည် အနည်းငယ် ရှိုးတို့ရှန်းတန့် ခံစားနေရ၏။
"ဒါဆို ရှင်းယွမ်က မင်းကို ခေါ်သွားပြီး တစ်ခုလုပ်ပေးလိမ့်မယ်"
အဖိုးရှုက စိတ်မရှည်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်ပြီး ဂျင်ဆင်းကို ကိုင်ရင်း အထဲသို့ ဝင်သွားသည်။
ကျင်းယွင်းကျောင်းက အနည်းငယ် မျှော်လင့်ချက်မဲ့ဖြစ်နေ၏။
"ဦးလေးရှင်းယွမ်၊ ဂျင်ဆင်းက တကယ်ကြီး အဲ့လောက်တောင် တန်တာလားဟင်"
"မင်းယူလာတဲ့တစ်ခုက သက်တမ်းရင့်နေပြီ။ သူရဲ့ပုံစံကလည်း ထိခိုက်ထားမှုမရှိဘူး၊ ဒါကြောင့် သူ့ရဲ့တန်ဖိုးက ကျမသွားတာ။ ဒါပေမယ့် ဒီလိုအရည်အသွေးကောင်းတာမျိုးက အများကြီးမရနိုင်ဘူး"
ဦးလေးရှင်းယွမ် ခဏကြာအောင် အံအားသင့်နေပြီးနောက် ပြန်ဖြေလာသည်။
ကျင်းယွင်ကျောင်းသည် ရုတ်တရက် အရေးပေါ်သတိပေးချက်တစ်ခု ရရှိလိုက်သလို ခံစားလိုက်ရ၏။ ဤဂျင်ဆင်းကို ရောင်းချခြင််းသည် တစ်ကြိမ်နှင့်ပင် လုံလောက်သည်။ အကယ်၍ သူမသာ အကြိမ်များစွာ ရောင်းချမိပါက အဖိုးရှုသည် မေးခွန်းများ မမေးလာဘဲ နေတော့မည် မဟုတ်ပေ။
သို့သော် အဖိုးရှုနှင့် ဦးလေးရှင်းယွမ်သည် လူကောင်းများဖြစ်ကြသည်။ ယခင်က သူမ ယူလာသည့် ဆေးပင်များသည် ဤဂျင်ဆင်းလောက် အဖိုးမတန်သော်လည်း ၎င်းတို့၏ အရည်အသွေးများအားလုံးမှာ ရှားပါး၍ အလွန်ကောင်းမွန်၏။ ဤလူနှစ်ယောက်သည် တွန့်ဆုတ်မှုမရှိဘဲ လက်ခံခဲ့ကြသည်။ အကယ်၍ အခြားသူသာဆိုပါက သူတို့သည် သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးမြန်းပြီးဖြစ်လိမ့်မည်ပင်။
ဤလမ်းကြားသည် အတော်လေး ခေါင်သော နေရာတွင် ရှိသော်လည်း အနီးနားတွင် ဘဏ်တစ်ခုရှိသည်။ ကျင်းယွင်ကျောင်းသည် ငယ်ရွယ်သော်လည်း ရှင်းယွမ်က သူမနှင့်အတူ အဖော်လိုက်လာပေးသည်ဖြစ်ရာ မည်သူကမှ သူတို့အား အလွန်အမင်း ဂရုစိုက်မနေကြပေ။
သူမသည် ကျောင်းအတွက် ငွေအမြောက်အမြားလိုသည်။ နေ့စဥ် အသုံးစရိတ်များလည်း လို၏။ ထို့ကြောင့် လက်ထဲတွင် ငွေသိန်းဂဏန်းခန့် ချန်ထားလိုက်ပြီး ကျန်သောငွေများကို ကဒ်နှစ်ကဒ် ခွဲ၍ သိမ်းလိုက်သည်။
ငွေလွှဲခြင်းကိစ္စများပြီးသောအခါ ကျင်းယွင်းကျောင်းသည် ချိန်းထားသည့် ထျန်းရှန်းလော်သို့ ဦးတည်လိုက်၏။
ထျန်းရှန်းလော်သည် ခရိုင်မြို့၏ အလယ်တွင်ရှိပြီး အလွန်ကျယ်ဝန်းသည်။ အထဲရှိ အပြင်အဆင်များသည်လည်း လုံးဝ ထိပ်တန်းအဆင့် ဖြစ်၏။
ဤထျန်းရှန်းလော်၏ ပိုင်ရှင်သည် ဤဇာတိမဟုတ်ဘဲ မြို့တော်ရှိ အင်အားကြီးမိသားစုတစ်ခုမှဟူ၍ တစ်စုံတစ်ယောက် ပြောသည်အား ကျင်းယွင်ကျောင်း တစ်ခါကြားဖူးသည်။ သူ၏ ဘိုးဘေးများသည် ဟွားနင်ခရိုင်မှဖြစ်ပြီး သူသည် ဘိုးဘေးများအား အောက်မေ့သတိရသည့် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲ ကျင်းပရန် တစ်ခါတစ်ရံ ပြန်လာတတ်သည် ဟူ၍လည်း သူမ ကြားဖူးသေးသည်။ ထို့ကြောင့် သူသည် သူ အဆင်ပြေစေရန်အတွက် ဤစားသောက်ဆိုင်ကြီးကို တည်ဆောက်ခဲ့၏။
"ယွင်ကျောင်း"
သူမ တံခါးမှ ဝင်လိုက်သည်နှင့် ရှောင်ဟိုင်ချင်းက ခုန်ပေါက်၍ ပြေးလာသည်။
"နင် လာတာ နောက်ကျလိုက်တာ။ ငါက နင် ငါ့ကို မေ့နေပြီထင်နေတာ"
Zawgyi
Chapter 55 : ေငြလႊဲၿပီးစီးျခင္း
အဖိုးရႈသည္ ဂ်င္ဆင္းအား ႏွာဘူးတစ္ေယာက္က မိန္းမတစ္ေယာက္အား စစ္ေဆးသကဲ့သို႔ စစ္ေဆးေနသည္။ စစ္ေဆးၿပီးေနာက္ ခဏအၾကာတြင္ သူ၏မ်က္လုံးမ်ားမွ အစိမ္းေရာင္မ်ား ေတာက္ပလာ၏။
"သုံးသန္း။ ပိုက္ဆံယူသြား။ ပစၥည္းကို ထားခဲ့"
အဖိုးရႈသည္ ဂဏန္းတစ္ခုကို ခ်က္ခ်င္းပင္ ေျပာလိုက္သည္။ ဘာပဲျဖစ္ျဖစ္ သူ၏ လက္ထဲမွ ဂ်င္ဆင္းကိုေတာ့ ျပန္လႊတ္ေပးလိမ့္မည္မဟုတ္ေပ။
သို႔ေသာ္ သူ က်င္းယြင္ေက်ာင္းအား ၾကည့္သည့္ အၾကည့္မ်ားမွာ သူမသည္ ရတနာေသတၱာတစ္လုံးျဖစ္သကဲ့သို႔ပင္ ပို၍ စိတ္အား ထက္သန္လာသည္။ သူ သက္ျပင္းခ်လိဳက္၏။ ၎မွာ ျမင္ရခဲေသာ ပစၥည္းေကာင္းတစ္ခုျဖစ္၍ ၿမိဳ႕ေတာ္၌ပင္ ျမင္ရခဲေသာအရာျဖစ္သည္။ သူသည္ ၎ကို စားသုံးရန္အတြက္ တစ္ပိုင္းစီ လွီးပစ္လိမ့္မည္မဟုတ္ေပ၊ ျဖဳန္းတီးရာ က်၏။ အရက္ထဲတြင္ စိမ္ထားသည္က အေကာင္းဆုံးျဖစ္သည္။ က်န္းမာေရးအတြက္ အထူးေကာင္းမြန္၍ အသက္ရွည္ေစသည္။
ထိုအခ်ိန္တြင္ က်င္းယြင္ေက်ာင္းသည္ သုံးသန္း ဟူေသာ စကားေၾကာင့္ မူးေဝေနၿပီျဖစ္၏။ အတိတ္ဘဝတြင္ သူမသည္ သုံးသန္းမေျပာႏွင့္၊ သုံးေသာင္းပင္ တစ္ခါမွ မထိဖူးခဲ့ေပ။
ထိုအစား သူမသည္ ဆင္ျခင္တုံတရား ကင္းမဲ့မသြားခဲ့။
"အဖိုးရႈ၊ အဖိုးမွာ ဒီေလာက္ ပိုက္ဆံအမ်ားႀကီး မရွိရင္ ကြၽန္မတို႔ ဒီလိုလုပ္ဖို႔ မလိုပါဘူး။ ဒီဂ်င္ဆင္းေၾကာင့္ေတာ့ ဒီအိမ္ႀကီးကို မေရာင္းပါနဲ႕"
ဒီအဖိုးရႈက သက္ႀကီး႐ြယ္အိုတစ္ေယာက္ မဟုတ္လား။ သူ႕မွာ ပိုက္ဆံ ဘယ္ေလာက္မ်ားမ်ား ရွိနိုင္လို႔လဲ။
အကယ္၍ ဤဂ်င္ဆင္းေၾကာင့္သာ ဤအဖိုးအိုသည္ သူ၏ အိမ္ကို ဆုံးရႈံးသြားၿပီး ညတိုင္း ေအးစက္ေနေသာေနရာတြင္ ေနရလွ်င္ သူမကိုယ္တိုင္လည္း အသက္ရွင္နိုင္မည္ မဟုတ္ေပ။ ဘာပဲျဖစ္ျဖစ္ ဤအဖိုးရႈသည္ သူမအေပၚ အလြန္ေကာင္း၏။
အဖိုးရႈသည္ ထိုစကားကို ၾကားေသာအခါ ေဒါသူပုန္ထသြားသည္။ သူသည္ သူမအား ေအာ္ဟစ္ႀကိမ္းေမာင္းခ်င္ေသာ္လည္း သူ၏ လက္ထဲရွိ ဂ်င္စင္းကို သတိရသြားၿပီး စိတ္ကိုေလွ်ာ့ခ်လိဳက္၏။ သူသည္ သုံးခဲလွသည့္ ႏူးညံ့ေသာ အသံျဖင့္ ေျပာလိုက္သည္။
"မင္းကို ငါ့ကို အထင္ေသးေနတာပဲ။ ဒီေလာက္ပိုက္ဆံကေတာ့ ငါ့အတြက္ ဘာမွမဟုတ္ဘူး။ ရွင္းယြမ္၊ မင္း ဒီေကာင္မေလးကို ေငြလြဲေပးဖို႔ တာဝန္ယူလိုက္"
အမွန္ပင္ အဖိုးရႈ၏ ေဘးရွိ သက္လတ္ပိုင္းအ႐ြယ္လူႀကီး၏ အမည္မွာ ရွင္းယြမ္ျဖစ္သည္။
သူသည္ ေအးစက္စက္အမူအယာႏွင့္ ျဖစ္၏။ အဖိုးရႈတစ္ဦးတည္းကိုသာ ရိုေသေလးစားသည္။ သူ၏ အမူအယာသည္လည္း ခ်က္ခ်င္းပင္ ေျပာင္းသြား၏။ သို႔ေသာ္ က်င္းယြင္ေက်ာင္းသည္ အဖိုးရႈ၏ မ်က္ႏွာသာေပးခံရသူျဖစ္ရာ ရွင္းယြမ္သည္ ယခင္ကထက္ ပို၍ ယဥ္ေက်းသြားပုံပင္။
"ကြၽန္မမွာ ဘဏ္ကဒ္မရွိဘူး"
က်င္းယြင္ေက်ာင္းသည္ အနည္းငယ္ ရွိုးတို႔ရွန္းတန့္ ခံစားေနရ၏။
"ဒါဆို ရွင္းယြမ္က မင္းကို ေခၚသြားၿပီး တစ္ခုလုပ္ေပးလိမ့္မယ္"
အဖိုးရႈက စိတ္မရွည္ဟန္ျဖင့္ လက္ကို ေဝွ႕ယမ္းကာ ေျပာလိုက္ၿပီး ဂ်င္ဆင္းကို ကိုင္ရင္း အထဲသို႔ ဝင္သြားသည္။
က်င္းယြင္းေက်ာင္းက အနည္းငယ္ ေမွ်ာ္လင့္ခ်က္မဲ့ျဖစ္ေန၏။
"ဦးေလးရွင္းယြမ္၊ ဂ်င္ဆင္းက တကယ္ႀကီး အဲ့ေလာက္ေတာင္ တန္တာလားဟင္"
"မင္းယူလာတဲ့တစ္ခုက သက္တမ္းရင့္ေနၿပီ။ သူရဲ႕ပုံစံကလည္း ထိခိုက္ထားမႈမရွိဘူး၊ ဒါေၾကာင့္ သူ႕ရဲ႕တန္ဖိုးက က်မသြားတာ။ ဒါေပမယ့္ ဒီလိုအရည္အေသြးေကာင္းတာမ်ိဳးက အမ်ားႀကီးမရနိုင္ဘူး"
ဦးေလးရွင္းယြမ္ ခဏၾကာေအာင္ အံအားသင့္ေနၿပီးေနာက္ ျပန္ေျဖလာသည္။
က်င္းယြင္ေက်ာင္းသည္ ႐ုတ္တရက္ အေရးေပၚသတိေပးခ်က္တစ္ခု ရရွိလိုက္သလို ခံစားလိုက္ရ၏။ ဤဂ်င္ဆင္းကို ေရာင္းခ်ျခင္္းသည္ တစ္ႀကိမ္ႏွင့္ပင္ လုံေလာက္သည္။ အကယ္၍ သူမသာ အႀကိမ္မ်ားစြာ ေရာင္းခ်မိပါက အဖိုးရႈသည္ ေမးခြန္းမ်ား မေမးလာဘဲ ေနေတာ့မည္ မဟုတ္ေပ။
သို႔ေသာ္ အဖိုးရႈႏွင့္ ဦးေလးရွင္းယြမ္သည္ လူေကာင္းမ်ားျဖစ္ၾကသည္။ ယခင္က သူမ ယူလာသည့္ ေဆးပင္မ်ားသည္ ဤဂ်င္ဆင္းေလာက္ အဖိုးမတန္ေသာ္လည္း ၎တို႔၏ အရည္အေသြးမ်ားအားလုံးမွာ ရွားပါး၍ အလြန္ေကာင္းမြန္၏။ ဤလူႏွစ္ေယာက္သည္ တြန့္ဆုတ္မႈမရွိဘဲ လက္ခံခဲ့ၾကသည္။ အကယ္၍ အျခားသူသာဆိုပါက သူတို႔သည္ သိခ်င္စိတ္ကို မထိန္းနိုင္ဘဲ ေမးျမန္းၿပီးျဖစ္လိမ့္မည္ပင္။
ဤလမ္းၾကားသည္ အေတာ္ေလး ေခါင္ေသာ ေနရာတြင္ ရွိေသာ္လည္း အနီးနားတြင္ ဘဏ္တစ္ခုရွိသည္။ က်င္းယြင္ေက်ာင္းသည္ ငယ္႐ြယ္ေသာ္လည္း ရွင္းယြမ္က သူမႏွင့္အတူ အေဖာ္လိုက္လာေပးသည္ျဖစ္ရာ မည္သူကမွ သူတို႔အား အလြန္အမင္း ဂ႐ုစိုက္မေနၾကေပ။
သူမသည္ ေက်ာင္းအတြက္ ေငြအေျမာက္အျမားလိုသည္။ ေန႕စဥ္ အသုံးစရိတ္မ်ားလည္း လို၏။ ထို႔ေၾကာင့္ လက္ထဲတြင္ ေငြသိန္းဂဏန္းခန့္ ခ်န္ထားလိုက္ၿပီး က်န္ေသာေငြမ်ားကို ကဒ္ႏွစ္ကဒ္ ခြဲ၍ သိမ္းလိုက္သည္။
ေငြလႊဲျခင္းကိစၥမ်ားၿပီးေသာအခါ က်င္းယြင္းေက်ာင္းသည္ ခ်ိန္းထားသည့္ ထ်န္းရွန္းေလာ္သို႔ ဦးတည္လိုက္၏။
ထ်န္းရွန္းေလာ္သည္ ခရိုင္ၿမိဳ႕၏ အလယ္တြင္ရွိၿပီး အလြန္က်ယ္ဝန္းသည္။ အထဲရွိ အျပင္အဆင္မ်ားသည္လည္း လုံးဝ ထိပ္တန္းအဆင့္ ျဖစ္၏။
ဤထ်န္းရွန္းေလာ္၏ ပိုင္ရွင္သည္ ဤဇာတိမဟုတ္ဘဲ ၿမိဳ႕ေတာ္ရွိ အင္အားႀကီးမိသားစုတစ္ခုမွဟူ၍ တစ္စုံတစ္ေယာက္ ေျပာသည္အား က်င္းယြင္ေက်ာင္း တစ္ခါၾကားဖူးသည္။ သူ၏ ဘိုးေဘးမ်ားသည္ ဟြားနင္ခရိုင္မွျဖစ္ၿပီး သူသည္ ဘိုးေဘးမ်ားအား ေအာက္ေမ့သတိရသည့္ အထိမ္းအမွတ္ ဝတ္ျပဳဆုေတာင္းပြဲ က်င္းပရန္ တစ္ခါတစ္ရံ ျပန္လာတတ္သည္ ဟူ၍လည္း သူမ ၾကားဖူးေသးသည္။ ထို႔ေၾကာင့္ သူသည္ သူ အဆင္ေျပေစရန္အတြက္ ဤစားေသာက္ဆိုင္ႀကီးကို တည္ေဆာက္ခဲ့၏။
"ယြင္ေက်ာင္း"
သူမ တံခါးမွ ဝင္လိုက္သည္ႏွင့္ ေရွာင္ဟိုင္ခ်င္းက ခုန္ေပါက္၍ ေျပးလာသည္။
"နင္ လာတာ ေနာက္က်လိဳက္တာ။ ငါက နင္ ငါ့ကို ေမ့ေနၿပီထင္ေနတာ"