Chapter 50 : အမှန်တရားထွက်ပေါ်လာခြင်း(၂)
ကျင်းယွင်ကျောင်းသည် သက်သေထွက်ဆိုချက်များကို အတည်ပြု၍ လုပ်ဆောင်စရာရှိသည့် လုပ်ငန်းစဥ်များကို လုပ်ဆောင်ပြီး နောက်ဆုံးတွင် ရဲစခန်းမှ ထွက်လာနိုင်ခဲ့သည်။
မထွက်လာမီတွင် ဝမ်းနည်းပမ်းနည်း ရေရွတ်သံများ၊ မုန်းတီးရွံရှာစွာ အော်ဟစ်ကြိမ်းမောင်းသံများ ထွက်ပေါ်လာ၏။
"ဒီကို မလာခင်က အဖိုး မင်းရဲ့ဆရာမကို ဖုန်းဆက်အကြောင်းကြားပြီးသွားပြီ။ ဒီလိုအငြင်းပွားစရာကိစ္စတွေ ဖြတ်သန်းခဲ့ရတာဆိုတော့ မင်း အိမ်ကိုပြန်ပြီး အနားယူသင့်တယ်။ ဒီနေ့ ကျောင်းသွားစရာမလိုတော့ဘူး"
ကန်စုန့်ပိုင်က သက်ပြင်းတစ်ချက် ကျယ်ကျယ်လောင်လောင်ချလိုက်ပြီး ကျင်းယွင်ကျောင်းကို နှစ်သိမ့်လိုက်သည်။
ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်၏။ ယနေ့သည် သောကြာနေ့ဖြစ်ပြီး နောက်နေ့သည် ကျောင်းတက်ရက်မဟုတ်ပေ။ ထို့အပြင် သူမ၏ အဆင့်များကလည်း အမြဲကောင်းသည်။ သူမသည် ကိစ္စများစွာကို သင်ယူခဲ့ရပြီးဖြစ်၏။ ဤရှားရှားပါးပါး အချိန်ပိုလေးကို ဆေးပညာရပ်နှင့် ကိုယ်ခံပညာရပ်များလေ့လာရန် သုံးလိုက်သည်က ပို၍ ကောင်း၏။
အထူးသဖြင့် ဤကိစ္စအပြီးတွင် သူမသည် အားနည်းလွန်းကြောင်း ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိသည်။ အကယ်၍ သူမသာ ကိုယ်ခံပညာရပ်ကို လုံလုံလောက်လောက် လေ့ကျင့်ထားလျှင် ထိုသူများသည် သူမ၏ အနားသို့ပင် တစ်ခါမှ ကပ်နိုင်မည်မဟုတ်ပေ။ ယခုတွင်တော့ ထိုသို့မဟုတ်ဘဲ တစ်ဖက်မှလူများက ခံရသူများဖြစ်သည်ဆိုလျှင်တောင် သူမကိုယ်တိုင်လည်း ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင်် ဒဏ်ရာများစွာ ရရှိခဲ့သည်။
သူမ၏ မျက်နှာပေါ်ရှိ ဒဏ်ရာသေးသေးလေးကို ထိကြည့်လိုက်ရင်း ကျင်းယွင်ကျောင်း၏အမူအယာက ရှုပ်ထွေးနေသည်။
"ဒါ..."
ကန်စု့န်ပိုင် ပြောရင်းဖြင့် ခဏရပ်လိုက်၏။ သူသည် ခဏကြာအောင် တွေးနေပြီးနောက် ဆက်ပြောရန် ဆုံးဖြတ်လိုက်၏။
"ကလေး၊ ဒီမှာက လုံခြုံရေးအခြေအနေက သိပ်မဆိုးဘူးဆိုပေမယ့် မင်းက ငယ်သေးတယ်။ ညဘက်တွေမှာ လျှောက်မသွားပါနဲ့၊ အထူးသဖြင့် ဒီပတ်ဝန်းကျင်မှာပေါ့။ မှောင်မဲနေတဲ့ လမ်းကြားလေးတွေက နေရာတိုင်းပဲ။ တကယ်သာ တစ်ခုခုဖြစ်သွားခဲ့ရင် ဘာသက်သေသဲလွန်စမှတောင် ကျန်ခဲ့မှာ မဟုတ်ဘူး"
ကန်စုန့်ပိုင်တွင် ကောင်းစေလိုသော စေတနာများသာရှိကြောင်း ကျင်းယွင်ကျောင်း အပြည့်အဝ နားလည်၏။
အကယ်၍ သူမသာ ကန်စုန့်ပိုင်၏ မြေးအရင်းဖြစ်ပါက သူသည် သူမအား ဤကဲ့သို့ ငြင်ငြင်သာသာ အကြံပေးနေလိမ့်မည်မဟုတ်ပေ။ သူသည် သူမအား ဆူပူငေါက်ငမ်းပြီးသား ဖြစ်မည်ပင်။
သို့ရာတွင် အဖိုးကန် ပြောသည်ကလည်း မမှားပေ။ သူမသည် သူမ၏ အသက်အရွယ်နှင့် ကိုယ်ခံပညာ အနည်းငယ် တတ်လျှင်တောင်မှ အဓိကအချက်မှာ သူမသည် အချိန်အများစုတွင် တစ်ယောက်တည်း ဖြစ်နေသဖြင့် အခြေခံအားဖြင့် ၎င်းက အခြားသူများကို ရာဇဝတ်မှု ကျူးလွန်ရန် တိုက်တွန်းနေသလိုပင်။
"ကျွန်မ နားလည်ပါပြီ အဖိုး။ အဲဒီကို ညဘက်မှာ ထပ်မသွားတော့ပါဘူး"
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
ကန်စုန့်ပိုင် အနည်းငယ် ရှုပ်ထွေးသွား၏။ အဲဒီကို ညဘက်တွေထပ်မသွားတော့ပါဘူး၊ ဟုတ်လား။ အဲဒါဆို သူက အဲဒီနေရာကို ထပ်သွားဦးမယ့် သဘောလား။
ကျင်းယွင်ကျောင်းသည် ချောင်မိသားစုနှင့် သူမ၏ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူမသည် ထိုသူများနှင့် တွေ့ဆုံရန် အကြောင်းသိပ်မရှိပေ။၊ ဒါဆို သူက ဘာလို့ ဒီနေရာကို ပြန်လာနေသေးတာလဲ။
(T/N : အဖိုးရှုရဲ့အိမ်က ချောင်မိသားစုရဲ့အိမ်နဲ့နီးပါတယ်။ အဲဒါကြောင့် ကျင်းယွင်ကျောင်းက ချောင်မိသားစုကြောင့် ဒီနေရာကိုလာတယ်လို့ ကန်စုန့်ပိုင် ယူဆလိုက်တာပါ။)
ကန်စုန့်ပိုင်သည် အသက်ကြီးပြီဖြစ်ပြီး ကျင်းယွင်ကျောင်းသည်လည်း မိန်းကလေးငယ်တစ်ယောက်သာဖြစ်၏။ ထို့ထက်ပိုသောအချက်မှာ သူတို့သည် သွေးသားရင်းချာများ မဟုတ်ကြပေ။ ထို့ကြောင့် အချို့မေးခွန်းများသည် ထုတ်မေးရန် မကောင်းတတ်။ သူသည် ကျင်းယွင်ကျောင်းကို ပိုဂရုစိုက်ပေးရန် ချူချူ၊ ထိုကလေးကို နောက်မှ မှာထားဦးမည်ဟု စိတ်ထဲတွင် မှတ်လိုက်လေတော့သည်။
ကန်စုန့်ပိုင်အား လိုက်ပို့ပြီးနောက် ကျင်းယွင်ကျောင်းသည် ချက်ချင်းပင် ပရဆေးပစ္စည်းစျေးသို့ သွား၍ မျိုးစေ့ အတော်များများ ဝယ်ခဲ့၏။ သူမတွင် ရှိသော ယွမ်တစ်သောင်းကျော်နှင့် မျိုးစေ့မျိုးစုံနှင့် အပင်ပေါက်အချို့ကိုပါ ထပ်ဝယ်လိုက်သည်။ မကြာမီတွင် သူမတွင် ရှိသော ငွေအားလုံးကို သုံးပစ်လိုက်၏။
သူမသည် အိမ်အပြန်လမ်းတွင် အဖိုးရှု၏ အိမ်သို့ဝင်၍ သူမ ညဘက်တွင် လာရန် အဆင်မပြေကြောင်း အကြောင်းကြားခဲ့သေးသည်။
မမျှော်လင့်ဘဲ အဖိုးအို၏ ဒေါသထွက်သည်ကိုလည်း ထူးထူးဆန်းဆန်းကြုံလိုရသည်။ သူသည် ကျင်းယွင်ကျောင်း ပြောသည်ကို ကြားသည်နှင့် သူမသည် ပျင်းရိ၍ ထွက်ပြေးရန် ကြိုးစားနေသည်ဟု စွပ်စွဲတော့သည်။ သူသည် လက်ကို ဝေ့ယမ်းလိုက်ပြီး သူမဆီသို့ စာအုပ်တစ်ဒါဇင်ခန့် ပစ်ချပေးလိုက်၏။ အနာဂတ်တွင် သူသည် သူမအား တစ်ပတ်တစ်ခါ လာစေချင်သည်။ သူမ လာတိုင်းလည်း အနည်းဆုံး စာအုပ်ငါးအုပ် အလွတ်ဆိုရမည်ဖြစ်၏။ သို့မဟုတ်ပါက ဆေးပင်များ၏ အရည်အသွေး မည်မျှပင် ကောင်းနေပါစေ၊ သူသည် တစ်ပင်မှ ဝယ်မည်မဟုတ်ပေ။
ဤတောင်းဆိုချက်မှာ အနည်းငယ် ပြင်းထန်သော်လည်း ကျင်းယွင်ကျောင်းသည် ဝမ်းမြောက်ဝမ်းသာပင် သဘောတူလိုက်သည်။ နယ်မြေလွတ်ထဲတွင် သူမသည် သာမန်လူတစ်ယောက်ထက် အချိန်ငါးဆမျှ ပို၍ရ၏။ ထို့အပြင် သူမသည် ဤစာအုပ်အမျိုးအစားများကို ကျောက်စိမ်းအပိုင်းထဲတွင်သာ ရှာတွေ့ပါက အလွတ်ကျက်ရန် ပို၍ လွယ်ကူသေးသည်။ လုံးဝ အခက်အခဲကြီး မဟုတ်ပေ။
နောက်ထပ်သုံးရက်ကြာသည်အထိ ကျင်းယွင်ကျောင်းသည် သူမကိုယ်သူမ အိမ်ထဲတွင်သာ ပိတ်လှောင်ထားသည်။ အမှန်တကယ် မလိုအပ်ဘဲ အပြင်မထွက်ပေ။
နေရာလွတ်နယ်မြေထဲတွင် လဝက်ကျော်ခန့်မျှသော အချိန်သည် ထိုက်ထိုက်တန်တန် ကုန်ဆုံးသွားသည်။
သူမသည် အချိန်ကို ဂရုမထားဘဲ အလွတ်ကျက်မှတ်ခြင်းနှင့် ကိုယ်ခံပညာရပ်လေ့ကျင့်ခြင်းကို အင်တိုက်အားတိုက် လုပ်ဆောင်နေခဲ့၏။
ပြန်ထွက်လာပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်သည် ပို၍ ပျော့ပြောင်းလာပြီး လှပကျော့ရှင်းလာသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် သွယ်လျသွား၏။ ထို့အပြင် အတိတ်က သူမ၏ ဖြူဖျော့ပြီး အသွေးအရောင်မရှိသော အသားအရေနှင့်လည်း မတူတော့ပဲ အသားအရေအခြေအနေက ပို၍ တိုးတက်ကောင်းမွန်လာသည်။
ကျောင်းတွင်မူ လုကျား၏ အရိပ်ကိုပင် မမြင်ရတော့ချေ။
Zawgyi
Chapter 50 : အမွန္တရားထြက္ေပၚလာျခင္း(၂)
က်င္းယြင္ေက်ာင္းသည္ သက္ေသထြက္ဆိုခ်က္မ်ားကို အတည္ျပဳ၍ လုပ္ေဆာင္စရာရွိသည့္ လုပ္ငန္းစဥ္မ်ားကို လုပ္ေဆာင္ၿပီး ေနာက္ဆုံးတြင္ ရဲစခန္းမွ ထြက္လာနိုင္ခဲ့သည္။
မထြက္လာမီတြင္ ဝမ္းနည္းပမ္းနည္း ေရ႐ြတ္သံမ်ား၊ မုန္းတီး႐ြံရွာစြာ ေအာ္ဟစ္ႀကိမ္းေမာင္းသံမ်ား ထြက္ေပၚလာ၏။
"ဒီကို မလာခင္က အဖိုး မင္းရဲ႕ဆရာမကို ဖုန္းဆက္အေၾကာင္းၾကားၿပီးသြားၿပီ။ ဒီလိုအျငင္းပြားစရာကိစၥေတြ ျဖတ္သန္းခဲ့ရတာဆိုေတာ့ မင္း အိမ္ကိုျပန္ၿပီး အနားယူသင့္တယ္။ ဒီေန႕ ေက်ာင္းသြားစရာမလိုေတာ့ဘူး"
ကန္စုန့္ပိုင္က သက္ျပင္းတစ္ခ်က္ က်ယ္က်ယ္ေလာင္ေလာင္ခ်လိဳက္ၿပီး က်င္းယြင္ေက်ာင္းကို ႏွစ္သိမ့္လိုက္သည္။
က်င္းယြင္ေက်ာင္းက ေခါင္းၿငိမ့္ျပလိုက္၏။ ယေန႕သည္ ေသာၾကာေန႕ျဖစ္ၿပီး ေနာက္ေန႕သည္ ေက်ာင္းတက္ရက္မဟုတ္ေပ။ ထို႔အျပင္ သူမ၏ အဆင့္မ်ားကလည္း အၿမဲေကာင္းသည္။ သူမသည္ ကိစၥမ်ားစြာကို သင္ယူခဲ့ရၿပီးျဖစ္၏။ ဤရွားရွားပါးပါး အခ်ိန္ပိုေလးကို ေဆးပညာရပ္ႏွင့္ ကိုယ္ခံပညာရပ္မ်ားေလ့လာရန္ သုံးလိုက္သည္က ပို၍ ေကာင္း၏။
အထူးသျဖင့္ ဤကိစၥအၿပီးတြင္ သူမသည္ အားနည္းလြန္းေၾကာင္း ကိုယ့္ကိုကိုယ္ ျပန္သုံးသပ္မိသည္။ အကယ္၍ သူမသာ ကိုယ္ခံပညာရပ္ကို လုံလုံေလာက္ေလာက္ ေလ့က်င့္ထားလွ်င္ ထိုသူမ်ားသည္ သူမ၏ အနားသို႔ပင္ တစ္ခါမွ ကပ္နိုင္မည္မဟုတ္ေပ။ ယခုတြင္ေတာ့ ထိုသို႔မဟုတ္ဘဲ တစ္ဖက္မွလူမ်ားက ခံရသူမ်ားျဖစ္သည္ဆိုလွ်င္ေတာင္ သူမကိုယ္တိုင္လည္း ခႏၶာကိုယ္ႏွင့္ မ်က္ႏွာေပၚတြင္္ ဒဏ္ရာမ်ားစြာ ရရွိခဲ့သည္။
သူမ၏ မ်က္ႏွာေပၚရွိ ဒဏ္ရာေသးေသးေလးကို ထိၾကည့္လိုက္ရင္း က်င္းယြင္ေက်ာင္း၏အမူအယာက ရႈပ္ေထြးေနသည္။
"ဒါ..."
ကန္စု႔န္ပိုင္ ေျပာရင္းျဖင့္ ခဏရပ္လိုက္၏။ သူသည္ ခဏၾကာေအာင္ ေတြးေနၿပီးေနာက္ ဆက္ေျပာရန္ ဆုံးျဖတ္လိုက္၏။
"ကေလး၊ ဒီမွာက လုံၿခဳံေရးအေျခအေနက သိပ္မဆိုးဘူးဆိုေပမယ့္ မင္းက ငယ္ေသးတယ္။ ညဘက္ေတြမွာ ေလွ်ာက္မသြားပါနဲ႕၊ အထူးသျဖင့္ ဒီပတ္ဝန္းက်င္မွာေပါ့။ ေမွာင္မဲေနတဲ့ လမ္းၾကားေလးေတြက ေနရာတိုင္းပဲ။ တကယ္သာ တစ္ခုခုျဖစ္သြားခဲ့ရင္ ဘာသက္ေသသဲလြန္စမွေတာင္ က်န္ခဲ့မွာ မဟုတ္ဘူး"
ကန္စုန့္ပိုင္တြင္ ေကာင္းေစလိုေသာ ေစတနာမ်ားသာရွိေၾကာင္း က်င္းယြင္ေက်ာင္း အျပည့္အဝ နားလည္၏။
အကယ္၍ သူမသာ ကန္စုန့္ပိုင္၏ ေျမးအရင္းျဖစ္ပါက သူသည္ သူမအား ဤကဲ့သို႔ ျငင္ျငင္သာသာ အႀကံေပးေနလိမ့္မည္မဟုတ္ေပ။ သူသည္ သူမအား ဆူပူေငါက္ငမ္းၿပီးသား ျဖစ္မည္ပင္။
သို႔ရာတြင္ အဖိုးကန္ ေျပာသည္ကလည္း မမွားေပ။ သူမသည္ သူမ၏ အသက္အ႐ြယ္ႏွင့္ ကိုယ္ခံပညာ အနည္းငယ္ တတ္လွ်င္ေတာင္မွ အဓိကအခ်က္မွာ သူမသည္ အခ်ိန္အမ်ားစုတြင္ တစ္ေယာက္တည္း ျဖစ္ေနသျဖင့္ အေျခခံအားျဖင့္ ၎က အျခားသူမ်ားကို ရာဇဝတ္မႈ က်ဴးလြန္ရန္ တိုက္တြန္းေနသလိုပင္။
"ကြၽန္မ နားလည္ပါၿပီ အဖိုး။ အဲဒီကို ညဘက္မွာ ထပ္မသြားေတာ့ပါဘူး"
က်င္းယြင္ေက်ာင္းက ျပန္ေျဖလိုက္သည္။
ကန္စုန့္ပိုင္ အနည္းငယ္ ရႈပ္ေထြးသြား၏။ အဲဒီကို ညဘက္ေတြထပ္မသြားေတာ့ပါဘူး၊ ဟုတ္လား။ အဲဒါဆို သူက အဲဒီေနရာကို ထပ္သြားဦးမယ့္ သေဘာလား။
က်င္းယြင္ေက်ာင္းသည္ ေခ်ာင္မိသားစုႏွင့္ သူမ၏ဆက္ဆံေရးအားလုံးကို ျဖတ္ေတာက္ခဲ့ၿပီးျဖစ္၏။ ထို႔ေၾကာင့္ သူမသည္ ထိုသူမ်ားႏွင့္ ေတြ႕ဆုံရန္ အေၾကာင္းသိပ္မရွိေပ။၊ ဒါဆို သူက ဘာလို႔ ဒီေနရာကို ျပန္လာေနေသးတာလဲ။
(T/N : အဖိုးရႈရဲ႕အိမ္က ေခ်ာင္မိသားစုရဲ႕အိမ္နဲ႕နီးပါတယ္။ အဲဒါေၾကာင့္ က်င္းယြင္ေက်ာင္းက ေခ်ာင္မိသားစုေၾကာင့္ ဒီေနရာကိုလာတယ္လို႔ ကန္စုန့္ပိုင္ ယူဆလိုက္တာပါ။)
ကန္စုန့္ပိုင္သည္ အသက္ႀကီးၿပီျဖစ္ၿပီး က်င္းယြင္ေက်ာင္းသည္လည္း မိန္းကေလးငယ္တစ္ေယာက္သာျဖစ္၏။ ထို႔ထက္ပိုေသာအခ်က္မွာ သူတို႔သည္ ေသြးသားရင္းခ်ာမ်ား မဟုတ္ၾကေပ။ ထို႔ေၾကာင့္ အခ်ိဳ႕ေမးခြန္းမ်ားသည္ ထုတ္ေမးရန္ မေကာင္းတတ္။ သူသည္ က်င္းယြင္ေက်ာင္းကို ပိုဂ႐ုစိုက္ေပးရန္ ခ်ဴခ်ဴ၊ ထိုကေလးကို ေနာက္မွ မွာထားဦးမည္ဟု စိတ္ထဲတြင္ မွတ္လိုက္ေလေတာ့သည္။
ကန္စုန့္ပိုင္အား လိုက္ပို႔ၿပီးေနာက္ က်င္းယြင္ေက်ာင္းသည္ ခ်က္ခ်င္းပင္ ပရေဆးပစၥည္းေစ်းသို႔ သြား၍ မ်ိဳးေစ့ အေတာ္မ်ားမ်ား ဝယ္ခဲ့၏။ သူမတြင္ ရွိေသာ ယြမ္တစ္ေသာင္းေက်ာ္ႏွင့္ မ်ိဳးေစ့မ်ိဳးစုံႏွင့္ အပင္ေပါက္အခ်ိဳ႕ကိုပါ ထပ္ဝယ္လိုက္သည္။ မၾကာမီတြင္ သူမတြင္ ရွိေသာ ေငြအားလုံးကို သုံးပစ္လိုက္၏။
သူမသည္ အိမ္အျပန္လမ္းတြင္ အဖိုးရႈ၏ အိမ္သို႔ဝင္၍ သူမ ညဘက္တြင္ လာရန္ အဆင္မေျပေၾကာင္း အေၾကာင္းၾကားခဲ့ေသးသည္။
မေမွ်ာ္လင့္ဘဲ အဖိုးအို၏ ေဒါသထြက္သည္ကိုလည္း ထူးထူးဆန္းဆန္းႀကဳံလိုရသည္။ သူသည္ က်င္းယြင္ေက်ာင္း ေျပာသည္ကို ၾကားသည္ႏွင့္ သူမသည္ ပ်င္းရိ၍ ထြက္ေျပးရန္ ႀကိဳးစားေနသည္ဟု စြပ္စြဲေတာ့သည္။ သူသည္ လက္ကို ေဝ့ယမ္းလိုက္ၿပီး သူမဆီသို႔ စာအုပ္တစ္ဒါဇင္ခန့္ ပစ္ခ်ေပးလိုက္၏။ အနာဂတ္တြင္ သူသည္ သူမအား တစ္ပတ္တစ္ခါ လာေစခ်င္သည္။ သူမ လာတိုင္းလည္း အနည္းဆုံး စာအုပ္ငါးအုပ္ အလြတ္ဆိုရမည္ျဖစ္၏။ သို႔မဟုတ္ပါက ေဆးပင္မ်ား၏ အရည္အေသြး မည္မွ်ပင္ ေကာင္းေနပါေစ၊ သူသည္ တစ္ပင္မွ ဝယ္မည္မဟုတ္ေပ။
ဤေတာင္းဆိုခ်က္မွာ အနည္းငယ္ ျပင္းထန္ေသာ္လည္း က်င္းယြင္ေက်ာင္းသည္ ဝမ္းေျမာက္ဝမ္းသာပင္ သေဘာတူလိုက္သည္။ နယ္ေျမလြတ္ထဲတြင္ သူမသည္ သာမန္လူတစ္ေယာက္ထက္ အခ်ိန္ငါးဆမွ် ပို၍ရ၏။ ထို႔အျပင္ သူမသည္ ဤစာအုပ္အမ်ိဳးအစားမ်ားကို ေက်ာက္စိမ္းအပိုင္းထဲတြင္သာ ရွာေတြ႕ပါက အလြတ္က်က္ရန္ ပို၍ လြယ္ကူေသးသည္။ လုံးဝ အခက္အခဲႀကီး မဟုတ္ေပ။
ေနာက္ထပ္သုံးရက္ၾကာသည္အထိ က်င္းယြင္ေက်ာင္းသည္ သူမကိုယ္သူမ အိမ္ထဲတြင္သာ ပိတ္ေလွာင္ထားသည္။ အမွန္တကယ္ မလိုအပ္ဘဲ အျပင္မထြက္ေပ။
ေနရာလြတ္နယ္ေျမထဲတြင္ လဝက္ေက်ာ္ခန့္မွ်ေသာ အခ်ိန္သည္ ထိုက္ထိုက္တန္တန္ ကုန္ဆုံးသြားသည္။
သူမသည္ အခ်ိန္ကို ဂ႐ုမထားဘဲ အလြတ္က်က္မွတ္ျခင္းႏွင့္ ကိုယ္ခံပညာရပ္ေလ့က်င့္ျခင္းကို အင္တိုက္အားတိုက္ လုပ္ေဆာင္ေနခဲ့၏။
ျပန္ထြက္လာၿပီးေနာက္တြင္ သူမ၏ ခႏၶာကိုယ္သည္ ပို၍ ေပ်ာ့ေျပာင္းလာၿပီး လွပေက်ာ့ရွင္းလာသည္။ ခႏၶာကိုယ္တစ္ခုလုံးသည္ သြယ္လ်သြား၏။ ထို႔အျပင္ အတိတ္က သူမ၏ ျဖဴေဖ်ာ့ၿပီး အေသြးအေရာင္မရွိေသာ အသားအေရႏွင့္လည္း မတူေတာ့ပဲ အသားအေရအေျခအေနက ပို၍ တိုးတက္ေကာင္းမြန္လာသည္။
ေက်ာင္းတြင္မူ လုက်ား၏ အရိပ္ကိုပင္ မျမင္ရေတာ့ေခ်။