"ဆရာကိုကို ဆရာကိုကုိ"
ေအာ္သံန႔ဲ အတူ ျခဴသံေလးေတြကိုတခြၽင္ခြၽင္ၾကားရၿပီး စပ္စလူးစိန္က ဘဲြ႔အနားကိုေရာက္လာေတာ့တယ္ အဲစပ္စလူးစိန္က ဘဲြ႕ကို နည္းနည္းေလးမွကိုမေၾကာက္တာ စာသင္တုန္းက တခ်ိန္လံုးလဲ ဘဲြ႔ကိုမ်က္ေတာင္မခတ္တမ္းလိုက္ၾကည့္ေနလို႔ ဘဲြ႔မွာ ေျခလွမ္းေတြေတာင္မွားတယ္ ေတာ္ေတာ္ဆိုးတ့ဲဟာေလး
"မင္းဘာလိုက္႐ႈပ္အံုးမလို႔လဲ ခ်စ္ရိပ္အားမာန္"
"ဆရာကိုကို ကလဲ ရိပ္ေလးကအ႐ႈပ္ထုတ္ႀကီးက်ေနတာပဲ"
"မဟုတ္လို႔လား"
"ဟုတ္ပါဘူး ဆရာကိုကိုကလဲ"
"ေျပာ ခုဘာလဲ"
"ဌာနကိုလိုက္ပို႔ေပးရမလားလို႔ပါ"
"ငါ့ဘာသာသြားတတ္တယ္"
"ဆရာကိုကို သြားတတ္တာေတာ့ ရိပ္ေလးသိတာေပါ့ ဆရာကိုကို စာအုပ္ေတြသယ္ရတာပင္ပန္းမွာစိုးလို႔ ရိပ္ေလးကလိုက္ပို႔မလို႔ပါ"
"အပိုေတြလုပ္မေနန႔ဲ ခ်စ္ရိပ္အားမာန္ ငါကစာအုပ္ေလးႏွစ္အုပ္သယ္ရတာကို ေလးေနရေအာင္ ဒုကၡတမဟုတ္ဘူး"
"လိုက္မပို႔ရလဲေနေပါ့ တပည့္ေလးက ဆရာအေပၚကိုသိတတ္တာကို ဆရာကတပည့္ကိုအျပစ္ျမင္ေနတယ္ ဘယ္လိုဆရာလဲမသိပါဘူး"
ေျပာခ်င္တာေျပာၿပီး ဆံပင္ေလးေတြခါၿပီး ထြက္သြားတ့ဲ ခ်စ္ရိပ္အားမာန္ေၾကာင့္ ဘဲြ႔မွာ ဘာမွမေျပာႏိုင္ပဲ ေယာင္ေတာင္ေတာင္က်နိေနခ့ဲေတာ့တယ္
သူေျပာမွပဲ ကိုယ္က ဆရာဆိုးျဖစ္ရျပန္ၿပီ ခ်စ္ရိပ္အားမာန္တို႔ကေတာ့
အတန္းထဲကို ခုန္ေပါက္ၿပီး ေျပးဝင္လာတ့ဲ ခ်စ္ရိပ္ေၾကာင့္ အသြင္ ေခါင္းယမ္းလိုက္မိတယ္ လ်ွပ္လွပ္ကိုထေနတာပဲ ခုလဲဘာလုပ္မလို႔လဲ မသိ ဆရာေတြစာသင္တ့ဲ stageစင္ေပၚတက္သြားတယ္ေလ
"အားလံုးပဲ ဒီက လူေခ်ာေလး ခ်စ္ရိပ္အားမာန္က ေျပာစရာ႐ွိလို႔ နားေထာင္ေပးပါ"
"ခုနကထြက္သြားတ့ဲ ဆရာဘုန္းဘဲြ့အလကၤာက ဒီလူေခ်ာေလးရ႕ဲ ခ်စ္သူျဖစ္မယ့္ သူမလို႔ အားလံုးပဲ ဆရာကို ငမ္းတာေလ်ာ့ေပးပါလို႔ ဘာလို႔လဲဆို ဒီလူေခ်ာေလးရ႕ဲႏွလံုးသားက ဆရာမွဆရာ ျဖစ္ေနလို႔ပါ ေက်းဇူးတင္ပါတယ္"
ေျပာခ်င္တာေျပာၿပီး ဆင္းလာတ့ဲ ခ်စ္ရိပ္ေၾကာက့္အသြင္ေခါင္ခါယမ္းၿပီး
"ငေပါေကာင္"
"အခ်စ္အတြက္ဆိုေပါသင့္ရင္ ေပါရမွာေပါ့ကြာ"
"ခ်စ္ရိပ္အားမာန္တို႔ေတာ့ေဆးမမွီေတာ့ဘူး"
"ကိုကို ေဆးဆိုရင္ မွီပါတယ္ကြာ"
"ေအးပါကြာ"
"လာ လာ ျမန္ျမန္ သြားရေအာင္"
"ဘာေတြေလာေနတာလဲ ခ်စ္ရိပ္"
ေန႔ခင္းထမင္းစားခ်ိန္ canteenသြားဖို႔စာအုပ္ထည့္ေနတုန္း ခ်စ္ရိပ္တို႔အသဲအသန္ေလာေနတာမလို႔ အသြင္ေမးယူရေတာ့တယ္ အရင္လိုဆို canteenတခါသြားဖို႔အေရး မနည္းေခၚေနရတ့ဲေကာင္က
"ကိုကို႔ ကိုမမွီမွာစိုးလို႔"
"ဆရာက canteenမထိုင္ဘူးတ့ဲ ကိုႀကီးေနလင္းေျပာတာ"
"ဘာ လို႔လဲ ကိုကိုက ထမင္းမစားဘူးလား"
"မစားပဲေနမလားကြာ ဆရာက အေဆာင္မွာသူ႔ဘာသာခ်က္စားတာတ့ဲ ေန႔ခင္းဆိုအေဆာင္ျပန္စားမွာတ့ဲ"
"ဘာ ကိုကိုက ဟင္းခ်က္တတ္တယ္ေပါ့ မိုက္လိုက္တာကြာ ကိုကို႔ကို လက္ထပ္ၿပီးရင္ ေန႔တိုင္းဟင္းခ်က္ေကြၽးခိုင္းရမယ္ ခ်စ္ရိပ္အားမာန္တို႔ ေယာက္က်ားရကံေကာင္းခ်က္"
"ခ်စ္ရိပ္ မင္းကေတာ့ တကယ္အ႐ူးရင့္ေနၿပီ ဟိုက လွည့္ေတာင္မၾကည့္ေသးဘူး မင္းက လက္ထပ္ဖို႔ထိေျပာေနတယ္"
"ဒါကေတာ့ ခ်စ္တာကိုကြာ ဒါေတြ မင္းတို႔နားမလည္ပါဘူးကြာ"
"ေအးပါကြာ"
တစ္လခန္႔ၾကာၿပီေနာက္
ခ်စ္ရိပ္ ဒီေန႔canteen လိုက္မသြားပဲ ကိုကိုအေဆာင္ျပန္မယ့္လမ္းမွာ ရပ္ေစာင့္ေနလိုက္မိတယ္ ကိုကိုကေတာ့ စာအုပ္ေလး တအုပ္လက္ကကိုင္ၿပီး အက်ႌအျဖဴေလးန႔ဲ တည္တည္ၿငိမ္ၿငိမ္ န့ဲ ေလ်ွာက္လာေတာ့တယ္ အရပ္အျမင့္ႀကီးန႔ဲ ကိုကို႔ကို ေကာင္မေလးေတြေရာ ေကာင္ေလးေတြေရာက လိုက္ၾကည့္ေနတာမလို႔ ခ်စ္ရိပ္ႏႈတ္ခမ္းေတာင္ဆူလိုက္မိတယ္ ဘာလို႔အဲေလာက္ၾကည့္ေကာင္းေနမွန္းမသိဘူး ဘဲျကီးက
"ကိုကို"
ဘဲြ႔ အေဆာင္ျပန္မလို႔ လမ္းေလ်ွာက္လာတုန္း building6ေ႐ွ႕ကေန ႐ုတ္တရက္ေခၚလိုက္တ့ဲအသံေၾကာင့္လွည့္ၾကည့္လိုက္ေတာ့ အ႐ႈပ္ထုတ္ေလး ဘဲြ႔လွည့္ၾကည့္လိုက္တာန႔ဲ ဘဲြ႔နားကို တလႊားလႊားန႔ဲေျပးလာတာမ်ား ခ်ဴသံေတြဆူညံလို႔ ဘဲြ႔လည္းဘာလို႔မွန္းမသိ အ႐ႈပ္ထုတ္ေလးကို ရပ္ေစာင့္ေနမိတယ္
"ကိုကို"
"ေျပာ"
"ရိပ္ေလးကို ထမင္းေကြၽးပါလား"
"မင္းဘာသာဝယ္စားပါလား"
"ရိပ္ေလး ပိုက္ဆံပါမလာလို႔ပါ ကိုကိုကလဲ"
"မင္းသူငယ္ခ်င္း႐ွိတယ္မလား"
"သူက ျပန္သြားၿပီ ကိုကိုကလဲ ေကြၽးပါေနာ္ ရိပ္ေလးဗိုက္အရမ္းဆာေနလို႔ပါ"
"ေရာ့"
"ဘာႀကီးလဲ"
"ပိုက္ဆံေလ သြားဝယ္စား"
"ကိုကိုကလဲ ရိပ္ေလးကပိုက္ဆံလိုခ်င္တာမဟုတ္ဘူးေလ ကိုကို ထမင္းေကြၽးတာ စားခ်င္တာ ေကြၽးပါေနာ္"
"႐ႈပ္႐ႈပ္႐ွက္႐ွက္"
"ရပါတယ္ ကိုကိုမေကြၽးခ်င္ရင္ ရိပ္ေလး မစားေတာ့ပါဘူး ထမင္းမစားရလို႔ ရိပ္ေလးတခုခုေတာ့ျဖစ္မသြားပါဘူး"
သနားကမား အသံ မ်က္ႏွာငယ္ေလးန႔ဲေျပာေနပံု က မသိရင္ ကိုယ္ကပါ ထမင္းတနပ္အတြက္ တြန္႔တိုေနတ့ဲလူလိုလို ခ်စ္ရိပ္အားမာန္ မင္းေလးကတကယ္အ႐ႈပ္ထုတ္ပဲ
"လာ လိုက္ခ့ဲ"
"ဟုတ္"
ခုနကအသံ မ်က္ႏွာန႔ဲတျခားစီ ခ်စ္ရိပ္အားမာန္တို႔က အေျပာင္းအလဲျမန္ခ်က္ ဘဲြ႔ကိုယ့္ဘာသာလဲအ့ံျသမိပါရ႕ဲ ဘာလို႔ အဲအ႐ႈပ္ေလးမ်က္ႏွာညႇိဳးသြားတာန႔ဲ ခ်က္ခ်င္းကိုသနားေနမိတာ
"ဆရာ့ အခန္းက ႐ွင္း႐ွင္းေလးေနာ္ ရိပ္ေလးအခန္းဆို အ႐ုပ္ေတြအမ်ားႀကီးန႔ဲ ၿပီးေတာ့stickerေတြအျပည့္ပဲ"
ဘဲြ႔အခန္းကိုေရာက္တာန႔ဲ ေလ်ွာက္ၾကည့္ေနၿပီး စပ္စုေနတ့ဲ စပ္စုစိန္ေလး ဟိုဟာကိုင္ၾကည့္လိုက္ေျပာလိုက္န႔ဲ မ်က္စိကိုေနာက္ေနေရာ ေခၚလာမိတာေတာင္မွားၿပီလာ မသိဘူး
"ၿငိမ္ၿငိမ္ထိုင္ေနစမ္း ခ်စ္ရိပ္အားမာန္"
"ကိုကိုကလဲ ခ်စ္ရိပ္အားမာန္ ခ်စ္ရိပ္အားမာန္ ေခၚေနတာမေမာဘူးလား ရိပ္ေလးေျပာသလို ခ်စ္လို႔ပဲ ေခၚပါဆို"
"ပါးစပ္ပိတ္ၿပီးလာစားေတာ့"
"ကိုကိုေရာ မစားဘူးလား"
"မင္းၿပီးမွစားမယ္ ထမင္းပန္ကန္ကတစ္ခ်ပ္ပဲထားတာ"
"ကိုကိုကလဲ တူတူစားမယ္ေလ ရိပ္ေလးကမရံြတတ္ပါဘူး ရိပ္ေလးၿပီးမွ ကိုကိုစားရင္ ကိုကို ေန႔ခင္းအတန္းခ်ိန္မမွီပဲေနလိမ့္မယ္"
"အဲဒါမင္းလာ႐ႈပ္လို႔ေလ အ႐ႈပ္ထုပ္ရဲ႕"
"ကိုကိုကလဲ ရိပ္ေလးကိုေျပာမယ္ဆိုတာခ်ည္းပဲ လာပါ ဟ ရိပ္ေလးခြံေကြၽးမယ္"
"မင္းဘာသာ မင္းပဲဝေအာင္စားစမ္း လူကပိန္ေနၿပီ"
"ကိုကိုက ရိပ္ေလးကိုစိုးရိမ္ေနတာေပါ့"
အဟြတ္ဟြတ္
ဘဲြ႔မွာ ခ်စ္ရိပ္အားမာန္အေျပာေၾကာင့္ ေသာက္ေနတ့ဲေရေတာင္ျပန္ထြက္ၿပီး သီးသြားေတာ့တယ္
ေတာ္ေတာ္ေကာင္းက်ိဳးမေပးတ့ဲဟာေလး
Unicode
"ဆရာကိုကို ဆရာကိုကို"
အော်သံနဲ့ အတူ ခြူသံလေးတွေကိုတချွင်ချွင်ကြားရပြီး စပ်စလူးစိန်က ဘွဲ့အနားကိုရောက်လာတော့တယ် အဲစပ်စလူးစိန်က ဘွဲ့ကို နည်းနည်းလေးမှကိုမကြောက်တာ စာသင်တုန်းက တချိန်လုံးလဲ ဘွဲ့ကိုမျက်တောင်မခတ်တမ်းလိုက်ကြည့်နေလို့ ဘွဲ့မှာ ခြေလှမ်းတွေတောင်မှားတယ် တော်တော်ဆိုးတဲ့ဟာလေး
"မင်းဘာလိုက်ရှုပ်အုံးမလို့လဲ ချစ်ရိပ်အားမာန်"
"ဆရာကိုကို ကလဲ ရိပ်လေးကအရှုပ်ထုတ်ကြီးကျနေတာပဲ"
"မဟုတ်လို့လား"
"ဟုတ်ပါဘူး ဆရာကိုကိုကလဲ"
"ပြော ခုဘာလဲ"
"ဌာနကိုလိုက်ပို့ပေးရမလားလို့ပါ"
"ငါ့ဘာသာသွားတတ်တယ်"
"ဆရာကိုကို သွားတတ်တာတော့ ရိပ်လေးသိတာပေါ့ ဆရာကိုကို စာအုပ်တွေသယ်ရတာပင်ပန်းမှာစိုးလို့ ရိပ်လေးကလိုက်ပို့မလို့ပါ"
"အပိုတွေလုပ်မနေနဲ့ ချစ်ရိပ်အားမာန် ငါကစာအုပ်လေးနှစ်အုပ်သယ်ရတာကို လေးနေရအောင် ဒုက္ခတမဟုတ်ဘူး"
"လိုက်မပို့ရလဲနေပေါ့ တပည့်လေးက ဆရာအပေါ်ကိုသိတတ်တာကို ဆရာကတပည့်ကိုအပြစ်မြင်နေတယ် ဘယ်လိုဆရာလဲမသိပါဘူး"
ပြောချင်တာပြောပြီး ဆံပင်လေးတွေခါပြီး ထွက်သွားတဲ့ ချစ်ရိပ်အားမာန်ကြောင့် ဘွဲ့မှာ ဘာမှမပြောနိုင်ပဲ ယောင်တောင်တောင်ကျနိနေခဲ့တော့တယ်
သူပြောမှပဲ ကိုယ်က ဆရာဆိုးဖြစ်ရပြန်ပြီ ချစ်ရိပ်အားမာန်တို့ကတော့
အတန်းထဲကို ခုန်ပေါက်ပြီး ပြေးဝင်လာတဲ့ ချစ်ရိပ်ကြောင့် အသွင် ခေါင်းယမ်းလိုက်မိတယ် လျှပ်လှပ်ကိုထနေတာပဲ ခုလဲဘာလုပ်မလို့လဲ မသိ ဆရာတွေစာသင်တဲ့ stageစင်ပေါ်တက်သွားတယ်လေ
"အားလုံးပဲ ဒီက လူချောလေး ချစ်ရိပ်အားမာန်က ပြောစရာရှိလို့ နားထောင်ပေးပါ"
"ခုနကထွက်သွားတဲ့ ဆရာဘုန်းဘွဲ့အလင်္ကာက ဒီလူချောလေးရဲ့ ချစ်သူဖြစ်မယ့် သူမလို့ အားလုံးပဲ ဆရာကို ငမ်းတာလျော့ပေးပါလို့ ဘာလို့လဲဆို ဒီလူချောလေးရဲ့နှလုံးသားက ဆရာမှဆရာ ဖြစ်နေလို့ပါ ကျေးဇူးတင်ပါတယ်"
ပြောချင်တာပြောပြီး ဆင်းလာတဲ့ ချစ်ရိပ်ကြောက့်အသွင်ခေါင်ခါယမ်းပြီး
"ငပေါကောင်"
"အချစ်အတွက်ဆိုပေါသင့်ရင် ပေါရမှာပေါ့ကွာ"
"ချစ်ရိပ်အားမာန်တို့တော့ဆေးမမှီတော့ဘူး"
"ကိုကို ဆေးဆိုရင် မှီပါတယ်ကွာ"
"အေးပါကွာ"
"လာ လာ မြန်မြန် သွားရအောင်"
"ဘာတွေလောနေတာလဲ ချစ်ရိပ်"
နေ့ခင်းထမင်းစားချိန် canteenသွားဖို့စာအုပ်ထည့်နေတုန်း ချစ်ရိပ်တို့အသဲအသန်လောနေတာမလို့ အသွင်မေးယူရတော့တယ် အရင်လိုဆို canteenတခါသွားဖို့အရေး မနည်းခေါ်နေရတဲ့ကောင်က
"ကိုကို့ ကိုမမှီမှာစိုးလို့"
"ဆရာက canteenမထိုင်ဘူးတဲ့ ကိုကြီးနေလင်းပြောတာ"
"ဘာ လို့လဲ ကိုကိုက ထမင်းမစားဘူးလား"
"မစားပဲနေမလားကွာ ဆရာက အဆောင်မှာသူ့ဘာသာချက်စားတာတဲ့ နေ့ခင်းဆိုအဆောင်ပြန်စားမှာတဲ့"
"ဘာ ကိုကိုက ဟင်းချက်တတ်တယ်ပေါ့ မိုက်လိုက်တာကွာ ကိုကို့ကို လက်ထပ်ပြီးရင် နေ့တိုင်းဟင်းချက်ကျွေးခိုင်းရမယ် ချစ်ရိပ်အားမာန်တို့ ယောက်ကျားရကံကောင်းချက်"
"ချစ်ရိပ် မင်းကတော့ တကယ်အရူးရင့်နေပြီ ဟိုက လှည့်တောင်မကြည့်သေးဘူး မင်းက လက်ထပ်ဖို့ထိပြောနေတယ်"
"ဒါကတော့ ချစ်တာကိုကွာ ဒါတွေ မင်းတို့နားမလည်ပါဘူးကွာ"
"အေးပါကွာ"
တစ်လခန့်ကြာပြီနောက်
ချစ်ရိပ် ဒီနေ့canteen လိုက်မသွားပဲ ကိုကိုအဆောင်ပြန်မယ့်လမ်းမှာ ရပ်စောင့်နေလိုက်မိတယ် ကိုကိုကတော့ စာအုပ်လေး တအုပ်လက်ကကိုင်ပြီး အင်္ကျီအဖြူလေးနဲ့ တည်တည်ငြိမ်ငြိမ် နဲ့ လျှောက်လာတော့တယ် အရပ်အမြင့်ကြီးနဲ့ ကိုကို့ကို ကောင်မလေးတွေရော ကောင်လေးတွေရောက လိုက်ကြည့်နေတာမလို့ ချစ်ရိပ်နှုတ်ခမ်းတောင်ဆူလိုက်မိတယ် ဘာလို့အဲလောက်ကြည့်ကောင်းနေမှန်းမသိဘူး ဘဲကြီးက
"ကိုကို"
ဘွဲ့ အဆောင်ပြန်မလို့ လမ်းလျှောက်လာတုန်း building6ရှေ့ကနေ ရုတ်တရက်ခေါ်လိုက်တဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့ အရှုပ်ထုတ်လေး ဘွဲ့လှည့်ကြည့်လိုက်တာနဲ့ ဘွဲ့နားကို တလွှားလွှားနဲ့ပြေးလာတာများ ချူသံတွေဆူညံလို့ ဘွဲ့လည်းဘာလို့မှန်းမသိ အရှုပ်ထုတ်လေးကို ရပ်စောင့်နေမိတယ်
"ကိုကို"
"ပြော"
"ရိပ်လေးကို ထမင်းကျွေးပါလား"
"မင်းဘာသာဝယ်စားပါလား"
"ရိပ်လေး ပိုက်ဆံပါမလာလို့ပါ ကိုကိုကလဲ"
"မင်းသူငယ်ချင်းရှိတယ်မလား"
"သူက ပြန်သွားပြီ ကိုကိုကလဲ ကျွေးပါနော် ရိပ်လေးဗိုက်အရမ်းဆာနေလို့ပါ"
"ရော့"
"ဘာကြီးလဲ"
"ပိုက်ဆံလေ သွားဝယ်စား"
"ကိုကိုကလဲ ရိပ်လေးကပိုက်ဆံလိုချင်တာမဟုတ်ဘူးလေ ကိုကို ထမင်းကျွေးတာ စားချင်တာ ကျွေးပါနော်"
"ရှုပ်ရှုပ်ရှက်ရှက်"
"ရပါတယ် ကိုကိုမကျွေးချင်ရင် ရိပ်လေး မစားတော့ပါဘူး ထမင်းမစားရလို့ ရိပ်လေးတခုခုတော့ဖြစ်မသွားပါဘူး"
သနားကမား အသံ မျက်နှာငယ်လေးနဲ့ပြောနေပုံ က မသိရင် ကိုယ်ကပါ ထမင်းတနပ်အတွက် တွန့်တိုနေတဲ့လူလိုလို ချစ်ရိပ်အားမာန် မင်းလေးကတကယ်အရှုပ်ထုတ်ပဲ
"လာ လိုက်ခဲ့"
"ဟုတ်"
ခုနကအသံ မျက်နှာနဲ့တခြားစီ ချစ်ရိပ်အားမာန်တို့က အပြောင်းအလဲမြန်ချက် ဘွဲ့ကိုယ့်ဘာသာလဲအံ့သြမိပါရဲ့ ဘာလို့ အဲအရှုပ်လေးမျက်နှာညှိုးသွားတာနဲ့ ချက်ချင်းကိုသနားနေမိတာ
"ဆရာ့ အခန်းက ရှင်းရှင်းလေးနော် ရိပ်လေးအခန်းဆို အရုပ်တွေအများကြီးနဲ့ ပြီးတော့stickerတွေအပြည့်ပဲ"
ဘွဲ့အခန်းကိုရောက်တာနဲ့ လျှောက်ကြည့်နေပြီး စပ်စုနေတဲ့ စပ်စုစိန်လေး ဟိုဟာကိုင်ကြည့်လိုက်ပြောလိုက်နဲ့ မျက်စိကိုနောက်နေရော ခေါ်လာမိတာတောင်မှားပြီလာ မသိဘူး
"ငြိမ်ငြိမ်ထိုင်နေစမ်း ချစ်ရိပ်အားမာန်"
"ကိုကိုကလဲ ချစ်ရိပ်အားမာန် ချစ်ရိပ်အားမာန် ခေါ်နေတာမမောဘူးလား ရိပ်လေးပြောသလို ချစ်လို့ပဲ ခေါ်ပါဆို"
"ပါးစပ်ပိတ်ပြီးလာစားတော့"
"ကိုကိုရော မစားဘူးလား"
"မင်းပြီးမှစားမယ် ထမင်းပန်ကန်ကတစ်ချပ်ပဲထားတာ"
"ကိုကိုကလဲ တူတူစားမယ်လေ ရိပ်လေးကမရွံတတ်ပါဘူး ရိပ်လေးပြီးမှ ကိုကိုစားရင် ကိုကို နေ့ခင်းအတန်းချိန်မမှီပဲနေလိမ့်မယ်"
"အဲဒါမင်းလာရှုပ်လို့လေ အရှုပ်ထုပ်ရဲ့"
"ကိုကိုကလဲ ရိပ်လေးကိုပြောမယ်ဆိုတာချည်းပဲ လာပါ ဟ ရိပ်လေးခွံကျွေးမယ်"
"မင်းဘာသာ မင်းပဲဝအောင်စားစမ်း လူကပိန်နေပြီ"
"ကိုကိုက ရိပ်လေးကိုစိုးရိမ်နေတာပေါ့"
အဟွတ်ဟွတ်
ဘွဲ့မှာ ချစ်ရိပ်အားမာန်အပြောကြောင့် သောက်နေတဲ့ရေတောင်ပြန်ထွက်ပြီး သီးသွားတော့တယ်
တော်တော်ကောင်းကျိုးမပေးတဲ့ဟာလေး