အခန်း(22)

4.3K 311 26
                                    

အသွင်​ အလန့်​တကြားနဲ့ အန်​ကယ်​ဦးလွှမ်းရိပ်​အားမာန်​ဆီဆက်​လိုက်​​တော့ အန်​ကယ်​နဲ့ ဦးရနံက ချက်​ခြင်းဆိုသလို​ရောက်​လာ​တော့တယ်​ အန်​ကယ်​တို့မ​ရောက်​လာခင်​ ​ကျောင်း​ဆေးခန်းက ဆရာဝန်​ကို​ခေါ်ထားတာမလို့ ရိပ်​​လေး ကသတိလက်​လွတ်​​တော့ဖြစ်​မ​နေဘူး​လေ

"သား သားရိပ်​​လေး"

ချွေး​တွေထွက်​ပြီး​တော်​​တော်​​လေး မူး​နေတဲ့ ရိပ်​​လေးက သတိရတချက်​ မရတချက်​ဖြစ်​​နေ​တော့တယ်

"Daddy"

သူ့daddyကို​တွေ့လိုက်​မှ စိတ်​​လျော့လိုက်​ပုံရတဲ့ ရိပ်​​လေးက သူ့daddyကိုယ်​​ပေါ်ကို ​ပျော့​ခွေပြီး လဲကျသွား​တော့တယ်

"Honey သားသား အိတ်​ကိုယူခဲ့ သားကို ကိုယ်​​ပွေ့သွားလိုက်​မယ်​"

"ဟုတ်​ကဲ့ darling"

"​ကျေးဇူးပဲ​နော်​ က​လေးတို့ ဆရာမတို့​ရော ပြီး​တော့ ​ဒေါက်​တာ​ရောပဲ"

ဘွဲ့ အ​ဆောင်​မှာလိုအပ်​တာ​တွေ ယူပြီး ​မေ​မေနဲ့ အ​ခြေအတင်​စကားများလိုက်​တာ​ကြောင့်​ အချိန်​​တွေ ကြာသွား​တော့တယ်​ ဘွဲ့အ​ဆောင်​ထဲက ထွက်​လာ​တော့ luxury ကားသုံးစီးက အ​လောတကြီး ​ကျောင်းဝင်းထဲက ထွက်​သွားတာကို​တွေ့လိုက်​ရ​တော့တယ်​ babyတို့အိမ်​က ကားနဲ့ တူလိုက်​တာလို့ ​တွေးလိုက်​မိရင်း သူ့ကိုလာကြိုတဲ့ နန်း​တော်​က ကား​ပေါ်တက်​လိုက်​​တော့တယ်

Mandalayမြို့ရဲ့ မြို့လည်​​ခေါင်​မှာ ရှိတဲ့ အသစ်​တည်​​ဆောက်​ထားတဲ့နန်း​တော်​ အဝင်​ဝကို မြင်​လိုက်​တာနဲ့ ဘွဲ့ရဲ့စိတ်​တို့ တင်းကြပ်​သွား​တော့တယ်​ baby​ပေးလိုက်​တယ်​ handchain​လေးကို ဆုပ်​ကိုင်​ရင်း babyမျက်​နှာကြည်​ကြည်​​လေးကို ပြန်​မြင်​​ယောင်​လိုက်​​တော့တယ်

"မင်းကြီး"

ဘယ်​​လောက်​​တောင်​ babyဆီအ​တွေး​တွေ​ရောက်​​နေလဲဆိုရင်​ နန်း​တော်​အဝင်​ဝကိုဖြတ်​လို့ နန်း​တော်​​ရှေ့​တောင်​​ရောက်​​နေပြီ​လေ

"ပြန်​လာတာကို ကြိုဆိုပါတယ်​ မင်းကြီး"

နန်းတွင်းသူ နန်းတွင်းသား​တွေက ဘွဲ့ကား​ပေါ်က ဆင်းတာနဲ့ ကြိုဆိုကြ​တော့တယ်​ ​ခေတ်​နဲ့အညီ ဝတ်​စားဆင်​ယင်​မှု​တွေ​ကြောင့်​ နန်းတွင်းမှာအလုပ်​လုပ်​တဲ့ နန်းတွင်းသူ​တွေက စကပ်​အကြပ်​ဒူးအတိအနက်​နဲ့ အ​ပေါ်က အဖြူ​ရောင်​လက်​ရှပ်​​ပေါ်မှာ ကုတ်​ဝတ်​ဆင်​ကြပြီး နန်းတွင်းသား​တွေက ​ဘောင်းဘီရှည်​အနက်​နဲ့ ကုတ်​အနက်​တို့ကိုဝတ်​ဆင်​ကြရတယ်​ ရာထူးအဆင့်​အလိုက်​ကို ကုတ်​မှာထိုးထားတဲ့ ​ရွှေ​ရောင်​အပွင့်​​လေးနဲ့ သတ်​မှတ်​ကြတယ်​​လေ အပွင့်​များ​လေ ရာထူးကြီး​လေ​ပေါ့

Love story of Encyclopedic LeafWhere stories live. Discover now