အခန်း(10)

5.3K 382 20
                                    

"ရိပ်​​လေး"

"ပါးပါး ပါးပါးလာကြိုတာလား"

ရိပ်​​လေး ည​နေ​ရောက်​​တော့ အတန်းဆင်းတာနဲ့ ကိုကို​ပေးတဲ့ မုန့်​ထုပ်​​လေးကို လက်​ကဆွဲပြီး ကားparkingကို​ရောက်​​တော့ ပါးပါးကို​တွေ့လိုက်​ရ​တော့တယ်​ ပါးပါးက ​ကျောင်းလာကြိုတယ်​ဆိုတာရှားတယ်​​လေ ကြည့်​ရတာ daddyမအားပြန်​ဘူးထင်​တယ်

"ပါးပါး ရဲ့ သားငယ်​​လေးကိုလာကြိုတာ​လေ"

"Daddyမအားပြန်​ဘူးလား"

"ဘာလဲ သားသားက ပါးပါးလာကြိုတာမကြိုက်​ဘူးလား"

"မဟုတ်​ပါဘူး ရိပ်​​လေးက ပါးပါးပင်​ပန်းမှာစိုးလို့ပါ ပြီး​တော့ ပါးပါးက ကား​မောင်းရတာမကြိုက်​ဘူးမလား"

"ကြိုက်​ပါတယ်​ အချွဲ​လေးရဲ့ ပါးပါးက ဒီအတိုင်းပဲ မ​မောင်းချင်​တာပါ လာပြန်​ကြမယ်​"

"ပါးပါး ခန​လေး"

ဦးရနံ့ချစ်​သူ သူ့လက်​ကိုအတင်းဆွဲပြီးလာတား​နေတဲ့သားငယ်​​ကြောင့်​ ခနရပ်​လိုက်​​တော့ သားငယ်​ကတ​နေရာကိုထိုးပြပြီး

"ဟိုမှာ​တွေ့လား ပါးပါး ပါးပါးရဲ့သမက်​​လောင်း ရိပ်​​လေးရဲ့ကိုကို"

ဦးရနံချစ်​သူ သားသား​ပြောတဲ့​နေရာ​လေးကိုကြည့်​လိုက်​​တော့  အသားညိုညို အရပ်​ရှည်​ရှည်​နဲ့​တော်​​တော်​​လေးကို ​ယောက်​ကျားပီသတဲ့​ကောင်​​လေးကို​တွေ့လိုက်​ရ​တော့တယ်​ သားဖြစ်​သူက​တော့ အဲ​ကောင်​​လေးရှိရာကို​ပြေးသွားပြီး အတင်းကိုလက်​​တွေဆွဲပြီး ရနံ ဆီကို​ခေါ်လာ​တော့တယ်

"ပါးပါး ဒါ သား​ပြော​နေတဲ့ ဆရာကိုကို​လေ ဘုန်းဘွဲ့အလင်္ကာတဲ့ ကိုကို ဒါ ရိပ်​​လေးပါးပါး ဦးရနံ့ချစ်​သူတဲ့"

"ဟုတ်​ကဲ့ အစ်​ကို"

"ကိုကိုကလဲ ပါးပါးပါဆို ဘယ်​ကအစ်​ကိုလို့​ခေါ်ရတာလဲ"

စပ်​စလူး​လေးက ဘွဲ့အ​ဆောင်​ပြန်​မယ့်​အချိန်​ အတင်းလက်​ဆွဲလာပြီး သူ့ပါးပါးနဲ့လာမိတ်​ဆက်​​ပေး​နေတာမလို့ ဘွဲ့ပြန်​နှုတ်​ဆက်​လိုက်​ရ​တော့တယ်​ စပ်​စလူး​လေးရဲ့ပါးပါးက တကယ်​ကို နုဖက်​​နေတာ သူ့မှာ ဦးလို့​ခေါ်ဖို့အားနာလို့အစ်​ကိုလို့​ခေါ်လိုက်​မိတာ အဲဒါကို စပ်​စလူး​လေးက ပါးပါးလို့​ခေါ်ခိုင်း​နေ​သေးတယ်

Love story of Encyclopedic LeafHikayelerin yaşadığı yer. Şimdi keşfedin