"ကိုကို ကိုကိုဘယ်သွားမလို့လဲ"
ရိပ်လေးကို ပြုံးပြီး တစ်ချက်ကြည့်ရင်း အမှောင်ထုထဲကို တိုးဝင်ဖို့ လုပ်နေတဲ့ ကိုကို နောက်ကို ရိပ်လေး လိုက်ရင်း ကိုကို့ကို ခေါ်နေမိတယ် ကိုကိုကတော့ ရိပ်လေးကိုမကြည့်ပဲ တဖြည်းဖြည်းနဲ့ သွားနေတော့တယ်
"ကိုကို ကိုကို မသွားနဲ့ မသွားပါနဲ့"
"သားသား သားသား သတိထားအုံးလေ သားသား မျက်လုံးဖွင့်ကြည့်ပါအုံး သားသား"
ပါးပါးရဲ့အသံကြောင့် ရိပ်လေး မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ပါးပါးရဲ့စိုးရိမ်တကြီးနဲ့ အကြည့်တွေကို တွေ့လိုက်ရတော့တယ်
"ပါးပါး ကိုကို ကိုကိုရော"
"သားကိုကို ပြန်မလာသေးဘူးလေ သားရဲ့"
"ကြာနေပြီ သားသွားကြည့်အုံးမယ်"
စောင်ကို ဖယ်ပြီး ဆင်းမလိုပြင်လိုက်တာနဲ့ ပါးပါးက တားလိုက်ပြီး
"သားရယ် ဘွဲ့လေးက အလုပ်ရှုပ်နေလို့လားမှမသိတာ"
"မဟူတ်ဘူး ပါးပါး ကိုကို ကိုကို တခုခုဖြစ်နေပြီ ရိပ်လေး သွားကြည့်ချင်တယ် ရိပ်လေး ရိပ်လေးကို သွားကြည့်ခွင့်ပေးပါ"
"ပါးပါး လိုက်ပို့မယ်"
ပါးပါးနဲ့ တူတူသွားနေတဲ့ ရိပ်လေးရဲ့ခြေလှမ်းတွေက ဒီနေ့မှနှေးနေသလိုပဲ ငါးလွှာနဲ့ ခြောက်လွှာဆိုတော့ ဓာတ်လှေကားက တော်တော်နဲ့ ရောက်မလာ ပါးပါးဆွဲထားလို့ မဟုတ်ရင် ရိပ်လေး ရိုးရိုးလှေကားကနေ ပြေးတက်မိမှာ ရိပ်လေးရင်ဘတ်တစ်ခုလုံးလည်း တင်းကြပ်နေပြီး ကိုကို့ ကိုတွေ့ချင်စိတ်တွေနဲ့သာ ပြည့်နှက်နေတော့တယ်
ရိပ်လေး ဦးရန်ဆေးရုံတက်နေတဲ့ အခန်းရှေ့ရောက်တော့ အခန်းရဲ့ နံရံကို မှီပြီး ထိုင်နေတဲ့ ဦးရန်ကိုတွေ့လိုက်ရတဲ့အချိန်မှာ ရိပ်လေး ကိုကို့ကို ပိုစိုးရိမ်မိသွားတော့တယ်
YOU ARE READING
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ