End

5.6K 245 16
                                    

Stage​ပေါ်မှာ တစ်​​ယောက်​ကို တစ်​​ယောက်​ကြည့်​ပြီး ပြုံး​နေတဲ့ အနက်​​ရောင်​အ​နောက်​တိုင်​ဝတ်​စုံ ဆင်​တူဝတ်​ထားတဲ့ အသွင်​နဲ့ ​နေလင်းကိုကြည့်​ပြီး ပြုံး​နေတဲ့ babyကိုကြည့်​ပြီး ဘွဲ့စိတ်​ချမ်းသာ​နေမိတယ်​ babyက ဘွဲ့အတွက်​ တကယ်​ကို အကြည်​ဓာတ်​​လေး

"နမ်းပါ နမ်းပါ"

နမ်းဖို့ သူများ​တွေ​အော်​သလို လိုက်​​အော်​ရင်း လက်​ခုပ်​တီးပြီး ​ရှေ့ကို တိုးသွားတဲ့ baby​ကြောင့်​ ဘွဲ့ ​နောက်​က လူ​တွေ အချက်​ပြလိုက်​​တော့တယ်​ ​ရှေ့ကို အာရုံစိုက်​​နေတဲ့ babyက ​နောက်​မှာ ပြင်​ဆင်​​နေတာ​တွေကို သတိမထားမိလိုက်​ဘူး​လေ

စွယ်​​တော်​ပွင့်​ ​လေး​တွေကို ခန်းမရဲ့ အလယ်​တည့်​တည့်​မှာ အသဲပုံ ပုံစံ ခင်းလိုက်​ပြီး ဘွဲ့က အဆင်​သင့်​ပြင်​ထားတဲ့ စွယ်​​တော်​ရွက်​ ပန်းစည်း​လေးနဲ့ ရတနာဘူး​လေးကို ကိုင်​ပြီး အသဲပုံ ပုံစံထဲကို အဆင်​သင့်​ ဝင်​ရပ်​လိုက်​သွား​တော့တယ်

ရှေ့က မင်္ဂလာ​မောင်​နှံဖြစ်​တဲ့ ​နေလင်းနဲ့ ​နေအသွင်​ကလဲ ဘွဲ့တို့ ပြင်​ဆင်​​နေတာကို ကြည့်​ပြီး ပြုံးစိပြုံးစိဖြစ်​​နေ​တော့တယ်​ အစကတည်းက ​နေလင်းတို့နဲ့ တိုင်​ပင်​ထားတာမလို့ အားလုံးက အဆင်​​ပြေ​ချော​မွေ့​နေ​တော့တယ်

"ပန်းစည်းပစ်​မယ်​"

ပန်းစည်းပစ်​လိုက်​တဲ့အချိန်​မှာ လူ​တွေ အများကြီးနဲ့ အတူ ရိပ်​​လေး အတင်းလုလိုက်​​တော့ ရိပ်​​လေး လက်​ထဲပန်းစည်း ကြီးက​ရောက်​လာ​တော့တယ်​ ရိပ်​​လေး ပန်းစည်းကို ကိုင်​ပြီး ဝမ်း သာအားရ ကိုကို့ ဆီသွားဖို့ လှည့်​လိုက်​တဲ့အချိန်​မှာ

"ဟင်​"

အသဲပုံစံ စွယ်​​တော်​ပွင့်​​တွေကြားထဲမှာ ရပ်​​နေတဲ့ ကိုကို ရိပ်​​လေး လှည့်​လိုက်​တဲ့အချိန်​မှာပဲ အ​ပေါ်က​နေ တဖွားဖွား ကျလာတဲ့ စွယ်​​တော်​ပွင့်​​လေး​တွေ

"ကိုကို"

"ကိုကိုဆီ လာခဲ့မလား baby"

ရိပ်​​လေး လက်​ကမ်း​ပေး​နေတဲ့ ကိုကို့ဆီ​လျှောက်​သွားလိုက်​ပြီး ကိုကို့လက်​​လေးကို ဆုပ်​ကိုင်​လိုက်​​တော့ ကိုကိုက စွယ်​​တော်​ရွက်​နဲ့ ပုံ​ဖော်​ထားတဲ့အသဲပုံထဲကို ဆွဲ​ခေါ်သွား​တော့တယ်

Love story of Encyclopedic LeafWhere stories live. Discover now