အခန်း(12)

5.3K 381 18
                                    

ဘွဲ့ အနွယ်​နဲ့ တူတူ canteenကထွက်​လာ​တော့ ကားparkingနားမှာ အဖြူ​ရောင်​အရိပ်​​သေး​သေး​လေးကို​တွေ့လိုက်​ရတယ်​ အရင်​ဆို ဘွဲ့ကိုမြင်​တာနဲ့​ပြေးလာတတ်​တဲ့ အရိပ်​​လေးက ဘွဲ့ကိုမြင်​တာနဲ့ ​ပြေးထွက်​သွားတာမလို့ ဘွဲ့စိတ်​​တွေ ပူ​လောင်​လာ​တော့တယ်

"အနွယ်​ ဌာနကိုသွားတတ်​တယ်​မလား ခုနက ကိုယ်​​ပြောထားတာ​လေ ကိုယ်​ကိစ္စ​လေးရှိ​နေလို့"

"ဟုတ်​ ရတယ်​ကိုဘုန်း အနွယ်​ဘာသာ သွားလိုက်​မယ်​ ကိုဘုန်းကိစ္စရှိရင်​ သွား​လေ"

"အို​ကေ အနွယ်​"

ဘွဲ့ အနွယ်​ကိုထားပြီး အရိပ်​​လေး​နောကို​ပြေးလိုက်​သွားမိ​တော့တယ်​ ဆရာတစ်​​ယောက်​ရဲ့ဂုဏ်​သိက္ခာ​ကြောင့်​မလို့ ဘွဲ့ အမြန်​လည်း​ပြေးသွားဖို့ကလည်းအဆင်​မ​ပြေဘူး

Main building​ရှေ့ကဖြတ်​ပြီး TRC building ဖက်​ကို ဦးတည်​သွားပြီးရှာလိုက်​​တော့ ​ရှေ့မှာ သွား​နေတဲ့ လှုပ်​စိလှုပ်​စိ ကိုယ်​​လေးကို​တွေ့လိုက်​ရတယ်​ ဘွဲ့​နောက်​က​နေ အမြန်​လိုက်​သွားပြီး ကိုယ်​​သေး​သေး​လေးနားကပ်​လိုက်​​တော့ ငို​နေတဲ့အပြင်​ ဘွဲ့ကိုလည်း ပွစိပွစိ​ပြော​နေတဲ့အသံပိစိ​လေးကိုလည်းကြားလိုက်​ရ​တော့တယ်

"အလကားလူကြီး သူ့idea typeနဲ့​တွေ့တာနဲ့ ပြုံးရယ်​​နေတာများ အမြင်​ကတ်​ချင်​စရာကြီး သူ့မှာချစ်​သူရှိတယ်​ဆိုတာကို သတိရ​သေးရဲ့လားမသိဘူး ဘုန်းဘွဲ့အလင်္ကာရဲ့"

"ဟုတ်​လား ကိုယ့်​မှာ ဘယ်​တုန်းကချစ်​သူရှိသွားတာလဲ ကိုယ်​​တောင်​မသိလိုက်​ရပါလား"

"အမ​လေး လန့်​ထှာ ဟင်​ ဆရာကိုကိုနဲ့ ရိပ်​​လေးရ"

သူ့ရင်​ဘတ်​​ပေါ်ဖိပြီး လန့်​သွားတဲ့ပုံ​လေး ပြူး​ကြောင်​​ကြောင်​နဲ့ချစ်​စရာ​လေးဖြစ်​​နေသလို လန့်​တဲ့အသံကစ အသဲယားဖို့​ကောင်း​နေ​တော့တယ်​ ဘာတဲ့ ဆရာကိုကိုနဲ့ ရိပ်​​လေး ရတဲ့

သေ​သေချာချာကြည့်​လိုက်​​တော့ မျက်​နှာ​လေးကရဲ​နေပြီး မျက်​ဝန်း​လေး​တွေမှာလည်း မျက်​ရည်​​လေး​တွေနဲ့ ဘွဲ့ရင်​ထဲမ​ကောင်းဖြစ်​သွား​တော့တယ်

Love story of Encyclopedic LeafWhere stories live. Discover now