အခန်း(23)

4.4K 327 13
                                    

အချိန်​စက်​ဝန်းမလှည့်​ခင်​ အချိန်​​တွေကို ဘွဲ့ပြန်​မှတ်​မိတဲ့အချိန်​က ရိပ်​​လေး ဘွဲ့နဲ့​နေလင်းတို့ ​ပြော​နေတာကို နား​ထောင်​ပြီး တပါတ်​​လောက်​​ပျောက်​သွားတဲ့အချိန်​ကပဲ ရိပ်​​လေး တပါတ်​​လောက်​​ပျောက်​သွား​နေ့မှာ ဘွဲ့ရဲ့အိမ်​မက်​​တွေမှာ ရိပ်​​လေး က ဘွဲ့​ကြောင့်​ငို​နေရတာ​တွေ မယ်​မယ်​​ကြောင့်​ ဘွဲ့​လေး ခံစားခဲ့ရတာ​တွေ ပြီး​တော့...

ဘွဲ့အဲဒါ​တွေကို မ​တွေးချင်​တာမလို့ ​ခေါင်းကို ခါယမ်းပစ်​လိုက်​မိ​တော့တယ်

စွယ်​​တော်​ပင်​​လေးက​နေကျလာတဲ့ စွယ်​​တော်​ပွင့်​အဖြူ​လေးကို ကြည့်​ပြီး babyကိုသတိရလိုက်​မိ​တော့တယ်​ babyကစွယ်​​တော်​ပွင့်​​လေးလိုပဲ ဖြူဖြူစင်​စင်​ ​သေး​သေး​ကွေး​ကွေး​လေးနဲ့ ချစ်​စရာ​လေး babyအဖြူ​ရောင်​ hoddie ဝတ်​လာတဲ့​နေ့ဆို ဘွဲ့မှာ အသဲယားလွန်းလို့ ဖျစ်​ညစ်​ပစ်​လိုက်​ချင်​​တယ်​ ဘွဲ့ရဲ့ ယုန်​ဖြူ​လေးကခုဆို ဘွဲ့ဖုန်းမဆက်​လို့ နှုတ်​ခမ်းနီရဲရဲ​လေးက ဆူ​ထော်​​နေ​လောက်​ပြီ

"မင်းကြီး"

စွယ်​​တော်​ပွင့်​​လေးကိုကိုင်​ပြီး babyကိုသတိရ​နေတုန်း အတွင်း​ရေးမှူးအသံ​ကြောင့်​လှည့်​ကြည့်​လိုက်​​တော့

"သတင်းစာရှင်းလင်းပွဲလုပ်​ဖို့ အဆင်​သင့်​ဖြစ်​ပါပြီ မင်းကြီး"

"နိုင်​ငံတကာကို တပြိုင်​တည်း liveလွှင့်​ဖို့စီစဉ်​ထားပါ"

"စီစဉ်​ထားပါတယ်​ မင်းကြီး"

ဘွဲ့​ခေါင်းငြိမ့်​ပြီးတာနဲ့ အခမ်းအနားတက်​တဲ့ ဝတ်​စုံလဲဖို့ အ​ဆောင်​ဆီပြန်​လာလိုက်​​တော့တယ်
ဘွဲ့ဝတ်​ရတဲ့အခမ်းအနားဝတ်​စုံက အဖြူ​ရောင်​ suitပုံစံကိုမှ ရင်​ဘတ်​မှာ ဘုရင်​ကိုကိုယ်​စားပြုတဲ့ ​ရွှေ​ရောင်​ကြယ်​ပွင့်​ စုစု​ပေါင်း26ပွင့်​တပ်​ထားပြီး​တော့ ​ရွှေ​ရောင်​ စလွယ်​နဲ့​လေ

အဖြူ​ရောင်​ shoeကိုစီးလိုက်​ပြီးတာနဲ့ baby​ပေးထားတဲ့handchain​လေးကို လက်​မှာ ပါတ်​လိုက်​ရင်း ဖွဖွ​လေးနမ်းလိုက်​မိ​တော့တယ်

Love story of Encyclopedic LeafWhere stories live. Discover now