"အတနိးနောက်ကျတော့မှာမလို့ ရိပ်လေးအရင်သွားတော့မယ်နော် ကိုကို ချစ်တယ်နော်"
Fly kiss တွေပေးပြီး ဘေးကထွက်ပြေးသွားတဲ့ စပ်စလူးစိန်ကြောင့် ဘွဲ့မှာ ဘာပြောရမှန်းမသိဖြစ်သွားတော့တယ် ခုလိုခေတ်မှာ ယောက်ကျားချင်း ယူတယ်ဆိုတဲ့ကိစ္စက အထူးအဆန်းမဟုတ်ပင်မယ့် ရှေးရိုးဆန်တဲ့ မိသားစုက ဆင်းသက်လာတဲ့ ဘွဲ့အတွက်တော့ ဒါကတော်တော်လေးလက်မခံနိုင်စရာ ကိစ္စပဲလေ မေမေသာသိရင်လည်း ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ဘူးလေ
ဘွဲ့ခေါင်းယမ်းပြီး ကျောင်းဆောင်ဖက်သာလျှောက်လာမိတော့တယ်
ရိပ်လေး ချစ်တယ်လို့ပြောလိုက်တဲ့အချိန်မှာ ရဲတက်သွားတဲ့ ကိုကို့မျက်နှာကတော်တော်ကြီးရှက်သွားပုံပဲ ကိုကြီးနေ ပြောပုံအရဆို ကိုကိုက တကယ်ကို ရေမရောတဲ့လူပျိုကြီးတဲ့ သူ့ကိုကြိုက်တဲ့လူတွေအများကြီးရှိပင်မယ့် ခု 25နှစ်ပြည့်တော့မယ့်အချိန်ထိ ဘယ်သူနဲ့မှ မdateဖူးဘူး ma ma boyလေးလို့ပြောတယ်
အသားညိုညိုနဲ့ မျက်နှာလေးကြည်နေတဲ့ ကိုကိုက ပထမဆုံးစတွေ့တဲ့အချိနိမှာပဲ ရိပ်လေးနှလုံးသားကို ဖမ်းစားသွားနိုင်တယ်လေ ဘယ်လောက်ပဲ ရိပ်လေး စနောက်နေပင်မယ့် သေချာတာတစ်ခုက ကိုကို့ ကိုချစ်မိနေပြီဆိုတာပဲ
"ဟေ့ကောင် ချစ်ရိပ် နောက်ကျလှချည်လား"
"အသွင် ဒီနေ့ ငါ့ကို ကိုကြီးလိုက်ပို့တာ"
"ဘာ တကယ် ချစ်ရိပ်မင်းတကယ် အကျင့်ပုတ်တဲ့ကောင် လွန်း လိုက်ပို့မယ်ဆိုရင်လည်း မင်းငါ့ကိုဖုန်း ဆက်ပါလား ငါ ကားparkingမှာ လာစောင့်မှာပေါ့"
"မင်းစောင့်မှာစိုးလို့ မဆက်တာ"
"ချစ်ရိပ် မင်းအကျင့်ကိုမကောင်းဘူး နောက်နေ့မှ အိမ်ကို လာကြည့်မယ် အူပုတ်ကောင်"
"ကိုကြီးက ပြန်တော့မှာ ဒီနေ့"
"ဟေ့ကောင် မင်းကဘာလဲ ငါ့ကိုလွန်းနဲ့ သဘောမတူဘူးလား"
YOU ARE READING
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ