အခန်း(11)

5.1K 382 17
                                    

"ကိုဘုန်း ​စောင့်​​နေတာကြာပြီလား"

ဒီ​နေ့ဘွဲ့ အနွယ်​ကို ကြိုဖို့ ​အောင်​မင်္ဂလာအ​ဝေး​ပြေးကားဝန်းအတွင်းကို မနက်​​လေးနာရီ​လောက်​ကတည်းက ​ရောက်​​နေတာ​ပေါ့ ကားစိုက်​ဖို့ နာရီဝက်​​လောက်​ကြို​ရောက်​​နေတာမလို့ ပါတ်​ဝန်းကျင်​ကိုလှည့်​ပါတ်​ကြည့်​​နေလိုက်​တယ်​ မြတ်​မန္တာလာထွန်း VVIP ကားနဲ့လာမယ်​​ပြောထားတာမလို့ ကားဂိတ်​က vip sectionကိုကြို​စောင့်​​နေတဲ့အချိန်​ အသံ​အေး​အေး​လေး​ကြောင့်​ ဘွဲ့လှည့်​ကြည့်​လိုက်​မိတယ်

ဒူး​အောက်​​လောက်​ရှိတဲ့ဆံပင်​အရှည်​ကြီး နဲ့မြန်​မာဝမ်းစက်​ ဝတ်​ထားတဲ့အနွယ်​က ရိုးရိုးယဉ်​ယဉ်​​လေးနဲ့ ​တော်​​တော်​​လေးကိုလှလာတာ ပါတ်​ဝန်းကျင်​ကလည်း အနွယ်​ကို မင်းသမီးထင်​​နေလားမသိဘူး ဝိုင်းကြည့်​​နေ​တော့တယ်

"မကြာ​သေးဘူး အနွယ်​ ပင်​ပန်း​နေပြီလား"

"သိပ်​မပင်​ပန်းပါဘူး ကိုဘုန်းရဲ့ ကိုဘုန်းကိုသာ အနွယ်​ကအားနာလို့ လာကြိုခိုင်းရတာ"

"ရပါတယ်​ အနွယ်​ ကိုယ်​တို့သွားကြမလား"

"ဟုတ်​ကဲ့ ကိုဘုန်း"

"​ပေး ကိုယ့်​ကို အိတ်​"

"ရပါတယ်​ ကိုဘုန်းရဲ့ ထမိန်​​တွေလည်းပါ​တော့ အားနာလို့"

"အားမနာနဲ့ လာ ကိုယ်​တို့သွားကြမယ်​"

ဘွဲ့ ​နေလင်းဆီက ငှါးထားတဲ့ surfအဖြူ​ရောင်​​ပေါကို အနွယ်​luggageတင်​​ပေးပြီး ကား​ပေါ်တက်​လိုက်​​တော့တယ်

"ကိုဘုန်း ကားchangeထားတာလား"

"မဟုတ်​ဘူး ​နေလင်းဆီကငှါးထားတာ"

"ကို​နေလင်းလည်း မ​တွေ့ရတာကြာပြီ"

"အင်း ဒါနဲ့ အနွယ်​ဆရာမများအ​ဆောင်​မှာပဲ ​နေမှာလား"

"ဟုတ်​တယ်​ ကိုဘုန်း ရန်​ကုန်​မှာ တစ်​​ယောက်​တည်း​နေဖို့က သိပ်​အဆင်​မ​ပြေ​တော့ အ​ဆောင်​ပဲ ​နေလိုက်​တာ ကိုဘုန်းလည်းအ​ဆောင်​မှာ​နေတာမလား"

"အင်း​လေ"

ဘွဲ့ အနွယ်​ကို အ​ဆောင်​လိုက်​ပို့ပြီး အ​ဆောင်​ပြန်​​ရေချိုး အဝတ်​အစားလဲလိုက်​ပြီး ​ကျောင်းသွားဖို့ပြင်​​နေတုန်း တီ ဆိုတဲ့ ဖုန်းထဲက messgageဝင်​တဲ့အသံကြားလိုက်​ရ​တော့တယ်

Love story of Encyclopedic LeafKde žijí příběhy. Začni objevovat