အခန်း(38)

3.6K 262 24
                                    

ဘွဲ့ သံသယဝင်​​နေပင်​မယ့်​ ပုံစံကနည်းနည်းတစ်​မျိုးဖြစ်​​နေတာမလို့ new feeds ကို ဆက်​ကြည့်​​နေလိုက်​တယ်​ ​ပြောမယ့်​သာ ​ပြောတာ DJ Yဆိုတဲ့တစ်​​ယောက်​က နာမည်​​တော်​​တော်​ကြီးတယ်​ဖြစ်​ရမယ်​ new feeds တစ်​ခုလုံးသူ့ပုံ​တွေ ချည်းပဲ

ဘွဲ့လည်း ​သေချာသိချင်​တာမလို့ comment ​တွေကိုပါ ​မွှေ​နှောက်​လိုက်​​တော့တယ်

"ဒါနဲ့ DJ Y တစ်​​ယောက်​တည်းလား Dancer T​ရောမပါဘူးလား"

"ဘယ်​​နေ့မလဲ DJ Yကို​တွေ့ရင်​ Dancer Kပါ ​တွေ့ရမယ်​​လေ ပုံကိုတစ်​ချက်​ ကြည့်​လိုက်​"

"ဟင်​"

ပုံကိုကြည့်​ပြီး ဘွဲ့မှာ ဟင်​ ​တောင်​ဖြစ်​သွားရ​တော့တယ်​ အစက​တော့ babyနဲ့ဆင်​သလိုပဲ​ပေါ့ မဟုတ်​​လောက်​ဘူး​တွေးထားတာ ခု​တော့ babyနဲ့ ​နေအသွင်​ နှစ်​​ယောက်​ တစ်​​ယောက်​ပခုံး တစ်​​ယောက်​ဖက်​ ပြီး ရီ​နေတဲ့ပုံ

"အသဲနှစ်​​ယောက်​ရဲ့ video fileပါတင်​​ပေးလိုက်​ပြီ တချက်​ ရှိုးလိုက်​ လုံးဝ အမိုက်​စား​နော်​"

ထပ်​တက်​လာတဲ့ commentနဲ့ တစ်​ခု video fileတစ်​ခု ဘွဲ့ ချက်​ခြင်း ဖွင့်​ကြည့်​လိုက်​မိ​တော့တယ်

ဘွဲ့နဲ့ ​တွေ့ရင်​ မြင်​​နေကြ က​လေးဆန်​ဆန်​ လိမ္မာပြီး ချစ်​ဖို့ ​ကောင်း​နေတဲ့ babyက videoထဲမှာ ဂျစ်​ကန်​ကန်​​ကောင်​​လေး ပုံစံနဲ့ sexy ကျကျ ​ကောင်​မ​လေး​တွေ အလယ်​မှာ က​နေ​တော့တယ်​ လက်​ထဲမှာလည်း ဘီယာ ဘူးနဲ့ ဝတ်​ထားတဲ့ ပုံကိုလည်း ကြည့်​ အင်္ကျီ က လက်​ပြတ်​နဲ့ ​ဘောင်းဘီကလည်း ဖြဲထားတာများ အသား​တွေ အကုန်​မြင်​​နေရတယ်​ နားမှာလည်း နားကပ်​ တစ်​ဖက်​က ဆွဲထား​သေးတယ်

တွန့်​လိမ်​ပြီး က​နေတာများ အဲတင်​ပါးလုံးလုံး​လေးကို တဖြန်းဖြန်းနဲ့ ရိုက်​ပစ်​လိုက်​ချင်​​တော့တယ်​ အချိန်​ကြည့်​လိုက်​​တော့ ည 11နာရီ ​စော​စော အိပ်​လို့​ပြောထားတာကို ​တော်​​တော်​ စကားနား​ထောင်​​နေတယ်

ကြည့်​ရတာ ဘွဲ့ ကချစ်​သူအလိမ္မာ​လေးရထားတယ်​ မှတ်​တာ လူဆိုး​လေးဖြစ်​​နေတာကို

Love story of Encyclopedic LeafWhere stories live. Discover now