အခန်း(3)

6.6K 488 31
                                    

"ရိပ်​​လေး ရည်းစားရ​နေပြီလား"

"ကိုကြီးကလဲ ရည်းစားမရပါဘူး ဘာလို့လဲဆို ရိပ်​​လေးက အလိမ်​မာတုံး​လေးမလို့​နော်​ တကယ်​ဆို ရိပ်​​လေးကိုကြိုက်​တဲ့လူအများကြီး ရိပ်​​လေးကခါချ​နေရတာ"

လွန်းသူ့ကိုကြွား​နေတဲ့ အမွှာညီ​လေးကိုကြည့်​ပြီး ပြုံးလိုက်​မိ​တော့တယ်​ ငယ်​ငယ်​က သိပ်​မသိသာပင်​မယ့်​ ရိပ်​​လေးက အရွယ်​​ရောက်​လာတာနဲ့ သိသိသာသာ​ပြောင်းလဲလာတာ သူသူ​လေးက တဖြည်းဖြည်း တည်​ငြိမ်​လာသ​လောက်​ ရိပ်​​လေးက အရမ်းကို က​လေးဆန်​လာတယ်​ ပြီး​တော့ အရမ်းကို နူးညံလာတယ်​ ငယ်​ငယ်​ကဆို ရိပ်​​လေးက ပိုထွားပင်​မယ့်​ ခု​တော့ရိပ်​​လေးက လွန်းနဲ့ ယှဉ်​ရင်​​သေး​သေး​လေးသာ ရှိ​တော့တယ်

ဒါကလဲ ဟွန်း

လွန်း ​တွေး​နေတဲ့ အ​တွေး​တွေကိုဆက်​မ​တွေးချင်​လို့ သက်​ပြင်းချရင်း ​ခေါင်းခါလိုက်​မိ​တော့တယ်

"သူသူက ​နေနိုင်​တယ်​သိလား တစ်​​ခေါက်​​တောင်​ပြန်​မလာဘူး"

"သူသူက ukမှာ ​ကျောင်းတက်​​နေရတာ​လေ ရိပ်​​လေးရဲ့ သူက တကယ်​ကို ထူးချွန်​တဲ့ specialist ဆရာဝန်​တ​ယောက်​ဖြစ်​ချင်​တာအပြင်​ သူများနိုင်​ငံမှာဆို​တော့ ပိုပင်​ပန်းတာ​ပေါ့ ရိပ်​​လေးရဲ့"

"ဒါပင်​မယ့်​လည်း သတိရတယ်​ ​ပေါင်​​ပေါင်​ကလဲ ဆယ်​တန်း​အောင်​ပြီးတာနဲ့ သူသူဆီလိုက်​သွားမယ်​​ပြော​နေတာ ရိပ်​​လေးတ​ယောက်​ပဲကျန်​​နေ​တော့မှာ"

"ကိုကြီးရိပ်​​လေးက အလိမ်​မာ​လေးဆို​တော daddyနဲ့ပါးပါးကို အ​ဖော်​ပြု​ပေး​နေတာ​ပေါ့"

"ဟီး ဟုတ်​တယ်​."

ဘွဲ့ ​နောက်​​နေ့မနက်​နိုးလာ​တော့ ထုံးစံအတိုင်းမနက်​ငါးနာရီ ​မေ​မေနဲ့အတူတူ​နေကတည်းက ​မေ​မေက အ​လေ့အကျင့်​လုပ်​​ပေးထားတာမလို့ ညဖက်​ဘယ်​​လောက်​​နောက်​ကျအိပ်​အိပ်​ ဘွဲ့ရဲ့ မနက်​အိပ်​ရာထချိန်​က ငါးနာရီထက်​​နောက်​မကျဖူးဘူး

မျက်​နှာသစ်​ သွားတိုက်​ပြီး ဘုရားရှိခိုးလိုက်​​တော့တယ်​ ဘုရားရှိခိုးပြီးတာနဲ့ ​ကျောင်းဝန်းတပါတ်​​ပြေးဖို့ အားကစားဝတ်​စုံ လဲဝတ်​လိုက်​​တော့တယ်​ YTU​ကျောင်းဝန်းက အကျယ်​ကြီးမလို့ မနက်​​ကျောင်းဝန်းထဲမှာ​ပြေးတဲ့လူ​တွေ အများအပြား​တွေ့လိုက်​ရ​တော့တယ်

Love story of Encyclopedic LeafDonde viven las historias. Descúbrelo ahora