အခန်း(32)

3.9K 274 7
                                    

ရိုးရိုးတန်း ရုပ်​ရှင်​ရုံဖြစ်​ပင်​မယ့်​ ​တော်​​တော်​​လေး သန့်​ရှင်း​နေတဲ့ အ​နေအထားမလို့ ရိပ်​​လေး​ကျေနပ်​မိ​တော့တယ်​ air conကလည်း​တော်​​တော်​​လေး ​အေး​နေသလို ခုံ​တွေကလည်း ​တော်​​တော်​​လေး ​ပြောင်​လတ်​​နေတယ်​​လေ တခုပဲ ​ရှေ့ခုံတန်းနဲ့ ​နောက်​ခုံတန်းက​တော့ ကပ်​​နေတယ်​​လေ

ရိပ်​​လေးတို့ လက်​မှတ်​​နေရာက ညာဖက်​​လျှောက်​လမ်းရဲ့ အစွန်းဆုံး ခုံ​နေရာမလို့ ကိုကိုက ​လျှောက်​လမ်းဖက်​မှာထိုင်​ပြီး ရိပ်​​လေးကို​တော့အတွင်း ခုံမှာထိုင်​ခိုင်းတာမလို့ ပြုံးလိုက်​မိ​တော့တယ်

"​အေး​နေလား baby"

"မ​အေးပါဘူး ကိုကိုရဲ့ baby​မ​အေးပါဘူး"

ကိုကို့လက်​ထဲကို ရိပ်​​လေးလက်​ထည့်​လိုက်​​တော့ ကိုကိုက ပြုံးပြီး ရိပ်​​လေးလက်​ကို ဆုပ်​ကိုင်​လာ​တော့တယ်​ ဇာတ်​ကားက ​ဆေးလက်​​တွေ့စမ်းသပ်​ခန်းက ​ဆေးစမ်းသပ်​ရာက​နေ မှာယွင်းမှု​ကြောင့်​ zombie​တွေအဖြစ်​​ပြောင်းသွားပြီး နှိမ်​နှင်းရတဲ့ ဇာတ်​လမ်းအမျိုးအစား​လေ

"အား အွန်း"

ဇာတ်​လမ်းကို စိတ်​ဝင်​တစားကြည့်​​နေတုန်း ​နောက်​ဖက်​က​နေ ​အော်​လိုက်​တဲ့ အသံကြားလို့ လှည့်​ကြည့်​လိုက်​​တော့ ​ရိပ်​​လေးတို့​နောက်​အတန်းက အစ်​ကိုကြီးတစ်​​ယောက်​ zombieထွက်​လာလို့ ​အော်​လိုက်​တဲ့အသံကို ​ဘေးက အစ်​ကိုတစ်​​ယောက်​က လက်​နဲ့ အတင်းလိုက်​ပိတ်​​နေတာ​လေ

"မင်းဘယ်​လိုဖြစ်​​နေတာလဲ ​မောင်​ အဲ​လောက်​​အော်​ရလား"

"သဲငယ်​ကလည်း ရုတ်​တရက်​ထွက်​လာ​တော့ ​မောင်​ကလန့်​သွားတာ​ပေါ့ ​နောက်​မ​အော်​​တော့ဘူး​နော်​"

"မ​အော်​နဲ့ ရှက်​ဖို့​ကောင်းတယ်​"

ကြည့်​ရတာ ရိပ်​​လေးနဲ့ ကိုကိုလို အတွဲထင်​တယ်​ ဘယ်​​လောက်​ပဲမ​အော်​နဲ့​ပြော​ပြော ဟိုအစ်​ကိုကြီးက zombieတစ်​ခါထွက်​လာတိုင်း ​အော်​ဟစ်​​နေတာမလို့ ရိပ်​​လေးနဲ့ ကိုကိုမှာ တစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​ပြီး ရီလိုက်​မိ​တော့တယ်

Love story of Encyclopedic LeafWhere stories live. Discover now