အခန်း(37)

3.4K 241 22
                                    

"ရိပ်​​လေး ညကျရင်​ club သွားရ​အောင်​"

"ဘာ ဘယ်​လို အသွင်​ ဘာစိတ်​ကူး​ပေါက်​ပြီး club သွားချင်​ရပြန်​တာလဲ"

ကျောင်း​ရောက်​တာနဲ့ စာသင်​ခန်းထဲမှာ အတန်း တက်​​နေတုန်း ​ဘေးက တိုးတိုးလာ​ပြောတဲ့ အသွင်​​ကြောင့်​ ရိပ်​​လေးမှာ အံသြတကြီး ဖြစ်​ရ​တော့တယ်

"ပြီးမှ​ပြော​တော့ ဟိုမှာ တီချယ်​ လှမ်းကြည့်​​နေတယ်​"

"ချစ်​ရိပ်​အားမာန်​နဲ့ ​နေအသွင်​ ဘာ​တွေ ​ပြော​နေတာလဲ စာရှင်းတာကို နားမ​ထောင်​ပဲ"

"ဟီး တီချယ်​ ဘယ်​​လောက်​​ချောပြီး ဘယ်​​လောက်​သ​ဘော​ကောင်း​ကြောင်းကို ရိပ်​​လေးက အသွင်​ကိုရှင်းပြ​နေတာပါ ဒီ​ကောင်​က တီချယ်​ကို ​ဒေါသကြီး မယ့်​ရုပ်​လို့​ပြော​နေလို့ ရိပ်​​လေးက ​သေချာ ရှင်းပြ​နေတာပါ"

"ချစ်​ရိပ်​အားမာန်​ စကားတတ်​တိုင်း​ပြော​နေတယ်​ ကြပ်​ကြပ်​သတိထား "

"ဟုတ်​ကဲ့ တီချယ်​​ချော​ချော​လေး"

"​ပြော ဘာလို့ clubကိုသွားချင်​ရတာလဲ"

"ချစ်​ရိပ်​ clubကိုတစ်​ခါမှမ​ရောက်​ဖူးတဲ့ innocentရုပ်​နဲ့ ငါ့ကိုပြန်​​မေးမ​နေနဲ့"

"ဘာမှမ​မေးဘူး မသွားတာဖြင့်​ ကြာလှပြီ ဘာလို့ ခုမှသွားချင်​ရတာလဲလို့​မေးတာ"

"ကိုကြီးက ငါ့ကိုပစ်​ထားလို့"

"ဘာ"

"ဟုတ်​တယ်​ ကိုကြီးက ငါ့ကိုအရင်​လိုဂရုမစိုက်​​တော့ဘူး ပြီး​တော့ ပစ်​ထားတယ်​"

"အဲတာမင်းလိုချင်​တာပဲ မလား အသွင်​ရဲ့ ကိုကြီးကို မင်း လက်​မထပ်​ချင်​ဘူးဆို အဲ​တော့"

"ငါ​ပြောတာက ညီ​လေးတစ်​​ယောက်​လို​တော့"

"မင်း​လောဘမတက်​သင့်​ဘူး အသွင်​ ကိုယ့်​ကို ငြင်းထားတဲ့ လူတစ်​​ယောက်​ကို ကိုကြီး​နေလင်းက ဘယ်​လိုအ​နေအထားမျိုးနဲ့ မင်းကို ​စောင့်​​ရှောက်​​ပေး​စေချင်​​နေတာလဲ"

"မသိဘူးကွာ ညကျရင်​ clubသွားမယ်​ မင်းလိုက်​ခဲ့"

"ကိုကိုက ခွင့်​ပြုမှာမဟုတ်​ဘူး"

Love story of Encyclopedic LeafWhere stories live. Discover now