အခန်း(27)

4.1K 286 14
                                    

"Baby ဘူးညွှန့်​​တွေများများစား အဲဒါက​သွေးအား​ကောင်းတယ်​"

ကိုကိုက ရိပ်​​လေးရဲ့ ကျန်းမာ​ရေးအ​ကြောင်း ကိုသိပြီးကတည်းက အစားအ​သောက်​က အစ အရမ်းကို ဂရုစိုက်​လာတာ ဒါနဲ့​လေ ရိပ်​​လေးကြွားရအုံးမယ်​သိလား ရိပ်​​လေးရဲ့ ကိုကို ကဘုရင်​တဲ့ ဟီး ရိပ်​​လေးသာ ကိုကိုနဲ့ယူရင်​ ရိပ်​​လေးက royal ladyဖြစ်​ပြီး နန်းတွင်းမှာ ​နေရမှာ ဒါပင်​မယ့်​ ရိပ်​​လေးက ​ပြောသာ​ပြောပြရတာ တကယ်​ဆို နန်းတွင်းမှာသာ ​နေခဲ့ရရင်​ အ​နေအထိုင်​ ကျဉ်းကြပ်​မလားလို့ ကြိုပြီးစိတ်​ပူ​နေမိတယ်

ဒါနဲ့ ကိုကိုက သူ့ကိုယ်​သူဘုရင်​ဆိုတာကို ရိပ်​​လေးကို နည်းနည်းမှ​ပေးမသိဘူး ဘန်​​ကောက်​က ပြန်​​ရောက်​ပြီး ​အသွင်​ဆီကိုဖုန်းဆက်​မှ သိရတာ ကိုကိုက တကယ်​ကြီးကိုလျိုဝှက်​တာ ​နော်​ ကိုကိုက တကယ်​လူဆိုး ဒါပင်​မယ့်​ရိပ်​​လေးက​တော့ ချစ်​တာပါပဲ

ကိုကို ဘုရင်​ဆိုတာ သိပြီး​တော့ မ​ကောင်းတာ တစ်​ခုက ကိုကိုကအ​ဆောင်​မှာမ​နေ​တော့ ကိုကို့အ​ဆောင်​ကိုမနက်​တိုင်းသွားလည်​လို့မရ​တော့သလို့ ​နေရာတိုင်းမှာလည်း သက်​​တော်​​စောင့်​​တွေနဲ့​လေ ကိုကို ​ပြောင်း​နေတဲ့ အိမ်​ကလဲ ရိပ်​​လေးတို့အိမ်​နဲ့ဆို ​တောင်​နဲ့​မြောက်​လို အ​ဝေးကြီးပဲ ပြီး​တော့ ​ကျောင်းမှာလည်း ကိုကို့ ကို လူ​တွေကပိုအာရုံစိုက်​လာတယ်​​လေ အဲဒါကြီးက​တော့ တကယ်​မ​ကောင်း တာ

ကိုကိုက ရိပ်​​လေး​ကျောင်းတက်​မယ့်​ သုံးနှစ်​အတွင်း သာမာန်​လူတစ်​​ယောက်​ဘဝကို ​အေး​အေး​ဆေး​ဆေး ဖြတ်​သန်းချင်​တယ်​လို့ အားလုံးကို ​ပြောထားလို့သာပဲ မဟုတ်​ရင်​ ကိုကို က​ကျောင်းမှာ ​အေး​ဆေး​တောင်​​နေရမှာ မဟုတ်​ဘူး

"ဘာ​တွေ​တွေး​နေတာမလို့ ဇွန်းကြီးကိုကိုက်​ထားပြန်​တာလဲ baby"

"ဟီး ကိုကို့အ​ကြောင်းပဲစဉ်းစားတာ​ပေါ့ babyမှာစဉ်းစားစရာ ကိုကိုပဲရှိတာကို"

"​အေး​ပါ ကိုကိုမျက်​နှာ တကမ္ဘာ ကိုကိုဂုဏ်​​ဏောအန​န္တော ဆိုပြီး ​နေတိုင်းသာ​ရေရွတ်​​နေလိုက်​ပါ ချစ်​ရိပ်​အားမာန်​ရယ်​ ငါ့သူငယ်​ချင်းမလို့သာပဲ မဟုတ်​ရင်​ ငါမင်းကို ​တော်​​တော်​​လေးကို ​သောက်​မြင်​ကတ်​တယ်​"

Love story of Encyclopedic LeafWhere stories live. Discover now