အခန်း(54)

4.5K 259 28
                                    

"အရာအားလုံးအတွက်​ ​ကျေးဇူးတင်​ပါတယ်​ အ​ဒေါ်"

"မင်းတို့ရဲ့ ချစ်​ခြင်း​တွေက အရမ်းခိုင်​မာ​နေလို့ နတ်​ဘုရား​တွေရဲ့ ​ကောင်းချီးကိုခံစားရတာပါ အ​ဒေါ်ဘာမှ မလုပ်​​ပေးခဲ့ပါဘူး"

"ဘာပဲဖြစ်​ဖြစ်​ ခုလိုလာ​တွေ့​ပေးတာကိုပဲ ​ကျေးဇူးတင်​လှပါပြီ"

"သွားခွင့်​ပြုပါအုံး အရှင်​"

"​ကောင်းပါပြီ"

ဘွဲ့နဲ့ babyတို့ တစ်​ခါက သွား​တွေ့ခဲ့တဲ့ နတ်​ဝင်​သည်​အ​ဒေါ် ထွက်​သွားတာကိုကြည့်​ပြီး ဘွဲ့ ရိပ်​​လေး လက်​ကိုဆုပ်​ကိုင်​လိုက်​ရင်း အမာရွတ်​​လေးထင်း​နေတဲ့ လက်​​ကောက်​ဝတ်​​လေးကို ငုံ့နမ်း လိုက်​မိ​တော့တယ်

"​နောက်​ခါ အဲလိုရူးမိုက်​မှု​တွေ မလုပ်​ပါနဲ့ က​လေးရယ်​"

"အဲအ​ကြောင်း​တွေ​ပြောရင်​ babyက ကိုကို့ကို ​ပြောရမှာပဲ ကိုကို့ကို babyအရမ်းစိတ်​ဆိုးတာပဲ babyစကားကိုလည်း ဘယ်​​တော့မှအ​ရေးမစိုက်​ဘူး

"ဘာလို့လဲက​လေးရဲ့ ကိုကိုဘာလုပ်​မိလို့လဲ"

"ဘာလုပ်​မိလို့လဲ ဟုတ်​လား ကိုကို ဘာလို့ ကိုယ့်​ကိုယ်​ကိုသတ်​​သေတာလဲ ဘာလို့ ကိုကို့အသက်​နဲ့ babyအသက်​ကိုလဲဖို့ ကြိုးစားခဲ့တာလဲ ​ပြော​လေ"

ဆေးရုံကုတင်​​ပေါ်မှာ လှဲ​နေရာက​နေ ထလာပြီး ဘွဲ့ရင်​ဘတ်​ကို ထုလိုက်​ ငိုလိုက်​ ​ပြောလိုက်​လုပ်​​နေတဲ့ baby​လေးက တကယ်​ကို ဝမ်းနည်း​နေသလိုပဲ

"​ပြော​လေ ကိုကို ​ပြော​လေ baby ကို အဲလိုထားခဲ့ဖို့ ကိုကို ကြံစည်​ရက်​တယ်​ ကိုကို မရှိရင်​ babyက အသက်​ရှင်​ရက်​​နေနိုင်​မယ်​လို့များ ကိုကိုထင်​​နေတာလား"

"က​လေးရယ်​ ကိုကို မှားသွားပါတယ်​ ​တောင်းပန်​ပါတယ်​ ​တောင်းပန်​ပါတယ်​​နော်​"

အသံကျယ်​ကြီး ငိုပြီး ဘွဲ့ကို အတင်းဖက်​တွယ်​လာတဲ့ baby​ကြောင့်​ ဘွဲ့အရမ်းကို စိတ်​မ​ကောင်း ဖြစ်​မိ​တော့တယ်​ အဲ​နေ့ကသာ babyအသက်​ကို မကယ်​နိုင်​ခဲ့ရင်​ ဘွဲ့တစ်​ကယ်​ကို ရူး​တော့မှာ

Love story of Encyclopedic LeafWhere stories live. Discover now