အခန်း(17)

4.5K 320 10
                                    

"ကိုကို ဒါ baby ပါးပါး ဟိုတခါ ကိုကို​တွေ့ဖူးလိုက်​မလား"

"အင်း"

"ပါးပါး ဒါ ရိပ်​​လေးချစ်​သူ ကိုကို ပါးပါးကိုရိပ်​​လေး​ပြောဖူးတယ်​ ​ချောတယ်​​နော်​ ရိပ်​​လေးကိုကိုက"

"​အေးပါ ချစ်​ရိပ်​ရယ်​ စပ်​စလူးကိုထ​နေတာပဲ ငြိမ်​ငြိမ်​​လေးများ​နေပါအုံး"

"သား ထိုင်​​လေ"

"ဟုတ်​ကဲ့ ဦး"

"ဘာ ဦးလဲ ကိုကိုကလဲ ပါးပါးလို့​ခေါ်ရမယ်​​လေ"

"Baby"

"ရိပ်​​လေး​ပြောသလို​ခေါ်ပါ သားရဲ့ ​နောက်​လဲ မိသားစုဝင်​​တွေဖြစ်​​တော့မှာပဲ"

"ဟုတ်​ကဲ့ ပါးပါး"

ဘောလုံးပွဲပြီးတဲ့​နောက်​ည​နေမှာပဲ ဘွဲ့ babyမိဘ​တွေကို လိုက်​​တွေ့ လိုက်​ရ​တော့တယ်​ ကိုကို စိတ်​​ပြောင်းသွားလိမ့်​မယ်​ ခု babyအိမ်​လိုက်​ခဲ့ဆိုတဲ့ စကား​ကြောင့်​ ဘွဲ့မှာ ​ဘောလုံးပွဲပြီး နား​တောင်​ မနားရပဲ ​ရေချိုးပြီး babyအိမ်​ကို ပါလာရတာ​လေ

babyက ဖခင်​နှစ်​​ယောက်​က ဆင်းသက်​လာတဲ့ က​လေးဆိုပင်​မယိ့ babyတို့မိသားစုက အရမ်း​နွေး​ထွေးလွန်းတယ်​ အရင်​တုန်းက ဘွဲ့မသိခဲ့တဲ့ babyရဲ့မိသားစုမှာ ​မောင်​နှမ​လေး​ယောက်​​တောင်​ရှိ​နေတယ်​​လေ babyကအမွှာသုံး​ယောက်​မှာ အလတ်​​လေးတဲ့

"သား ​အေး​အေး​ဆေး​ဆေး ​နေအုံး​နော်​ babyရိပ်​​လေးက သူ့ညီမအငယ်​ဆုံး​လေးနဲ့ဆို အဲလိုပဲ"

"ဟုတ်​ကဲ့ ပါးပါး"

Babyလိုပဲ ပါးချိုင့်​​လေးပါတဲ့ ပါးပါးက တကယ်​ကို ​အေးချမ်းတယ်​လို့ခံစားမိ​စေတယ်​ baby​ပေါက်​စက​တော့ သူ့အိမ်​​ရောက်​တာနဲ့ သူ့ကို ဧည့်​ခနိးမှာ သူ့ပါးပါးနဲ့ထားခဲ့ပြီး သူ့ညီမအငယ်​ဆုံးနဲ့ power ranger seriesအသစ်​ထွက်​တာကို လု​နေ​လေရဲ့

"သား ဒါ ရိပ်​​လေးငယ်​ငယကပုံ​လေး​တွေ​လေ သားကြည့်​​နေ​နော်​ ပါးပါး ဟင်းချက်​တာ သွားကြည့်​လိုက်​အုံးမယ်​ ရိပ်​​လေး daddyလည်း ခန​နေ​ရောက်​လိမ့်​မယ်​"

Love story of Encyclopedic LeafWhere stories live. Discover now