အခန်း(8)

5.2K 389 27
                                    

"ကိုကို"

ဘွဲ့ကိုမြင်​တာနဲ့ ပြုံးပြလာသလို လူကလဲ ဘွဲ့အနားကို​ရောက်​လာ​တော့တယ်​ သူ့မူပိုင်​ ချုသံ​လေး​တွေ ဆူညံ​နေပြီး​တော့​ပေါ့

"ဆရာကိုကို ကိုရိပ်​​လေးကလွမ်း​နေတာ"

အသံ​လေးကထွက်​လာသလို ဘွဲ့ကိုလည်းသူ့အပိုင်​ထင်​​နေလားမသိဘူး ဘွဲ့လက်​​မောင်းကို အတင်းလာဖက်​တွယ်​​နေ​တော့တယ်

"ဆရာကိုကို ဒီမှာထိုင်​"

ဘွဲ့ စပ်​စလူး​လေး​ပြောတဲ့​နေရာမှာထိုင်​ပြီး စားပွဲဝိုင်းကလူ​တွေကိုကြည့်​လိုက်​​တော့ ဟို​ကျောင်းတက်​ခါစက စပ်​စလူး​လေးနားမှာ​တွေ့ဖူးတဲ့ လူကို​တွေ့လိုက်​ကတာမလို့ စိတ်​ထဲအလိုမကျသလိုဖြစ်​သွား​တော့တယ်

"ရိပ်​​လေး အဲဒါမစားရဘူး​လေ မတည့်​ဘူး​လေ အရမ်းစပ်​တယ်​ ပြီးရင်​ဗိုက်​​အောင့်​အုံးမယ်​"

"ရိပ်​​လေးစားဖို့မဟုတ်​ဘူး ကိုကြီး ကိုကိုက အစပ်​ကြိုက်​လို့ထည့်​​ပေးမလို့"

"အင်း ဖြည်းဖြည်းစား အစားကိုအာရုံစိုက်​ထားအုံး"

"ဟုတ်​ကဲ့ ကိုကြီး"

"လွန်းလည်းစားအုံး​လေ ရိပ်​​လေးက က​လေးမဟုတ်​​တော့ပါဘူး"

"က​လေးမဟုတ်​လို့​ပေါ့ အသွင်​ က​လေးဆိုရင်​ အဲလိုပုံမျိုးနဲ့ ခနခန အရိုက်​ခံ​နေရပြီ"

"ကိုကြီးကလဲ"

"ကိုကို့ ကိုမိတ်​ဆက်​​ပေးရအုံးမယ်​ ဒါက ရိပ်​​လေးရဲ့အစ်​ကို ချစ်​လွန်းအားမာန်​တဲ့"

အစ်​ကိုဆိုတဲ့ စကား​လေးက ဘာလို့မှန်းမသိပဲ ဘွဲ့ရဲ့ စိတ်​ထဲ​အေးချမ်းသွား​တော့တယ်

"ကိုကြီး ဒါက ရိပ်​​လေးရဲ့ဆရာကိုကို ဘုန်းဘွဲ့အလင်္ကာ တဲ့ ​နောက်​လည်းမိသားစုတခုတည်းဖြစ်​ ​တော့မှာဆို​တော့ ခုကတည်းကရင်းနှီး​အောင်​ မိတ်​ဆက်​​ပေးထားတာ"

အဟွတ်​ ဟွတ်​ ဟွတ်​ ဟွတ်

စပ်​စလူး​လေးစကား​ကြောင့်​ ဘွဲ့မှာ ​သောက်​​နေတဲ့ ​ရေ​နွေး​တောင်​သီးသွားပြီး ​ချောင်း​တွေ တဟွတ်​ဟွတ်​ ထဆိုး​တော့တယ်

Love story of Encyclopedic LeafWhere stories live. Discover now