အခန်း(21)

4.6K 329 39
                                    

ရိပ်​​လေးနဲ့ ကိုကို မုန့်​စားပြီး​ကျောင်းထဲပြန်​ဝင်​လာ​တော့ ​ကျောင်းဝန်းထဲမှာ ​ကျောင်းသား​တွေ ​ရောက်​​နေကြပြီ​လေ အတန်းမစ​သေးတာမလို့ အခန်း​တွေထဲမှာမရှိပဲ canteenသွားတဲ့လမ်းတစ်​​လျှောက်​ လူ​တွေအပြည့်​နဲ့​လေ ကိုကိုက​တော့ ဆိုင်​က​နေပြီး လမ်းတ​လျှောက်​ကိုင်​လာတဲ့ ရိပ်​​လေးလက်​ကို လုံးဝမလွှတ်​​ပေးပဲ သူကိုနှုတ်​ဆက်​တဲ့ ​ကျောင်းသား​တွေ​ရော ဝန်​ထမ်း​တွေ​ရော ကိုပြန်​နှုတ်​ဆက်​​နေ​တော့တယ်

"ဆရာဘွဲ့ ကြားထားတဲ့သတင်းကအမှန်​​ပေါ့"

"ဒါ​ပေါ့ဗျာ"

"Congratulationsပါ ဆရာဘွဲ့ရယ်​ တ​ကျောင်းလုံးရဲ့စပ်​စလူးစိန်​ကို ရ​အောင်​ယူနိုင်​တာ ဂုဏ်​ယူပါတယ်​"

Mechnical ဌာနကဆရာက နဂိုကတည်းက ရိပ်​​လေးနဲ့လည်း ရင်းနှီးပြီးသားမလို့ စ​နေတာကို ကိုကိုက ရီ​နေ​တော့တယ်

"ဆရာထွန်း​နော်​ ခုတ​လော ရိပ်​​လေးမလာလို့ ပျင်း​နေတာမလား"

"မလာပါနဲ့ ကိုယ့်​ကိုကိုနားသာကပ်​​နေလိုက်​ပါ ​မောင်​ချစ်​ရိပ်​ရယ်​ အ​မောင်​ချစ်​ရိပ်​လာမှာ ကျုပ်​ဌာနကဆရာမ​တွေ ​ယောက်​ကျားရကုန်​ပါအုံးမယ်​"

"ကြည့်​စမ်း တခြားဌာနပါသွားပြီး​မွှေ​နေတယ်​​ပေါ့"

ကိုကိုက ဆရာထွန်းထွက်​သွားတာနဲ့ ရိပ်​​လေးနှာ​ခေါင်းကိုဆွဲပြီး ​ပြောလိုက်​တာမလို့ ရိပ်​​လေးနှုတ်​ခမ်း ဆူလိုက်​ပြီး

"ကိုကိုကလည်း mechanical ကဆရာမ​တွေ တသက်​လုံးအပျိုကြီးဖြစ်​​နေမှာစိုးလို့ ရိပ်​​လေးက ကူညီ​ပေး​နေတာပါ​နော်​"

"ဒါနဲ့အခုတ​လော မမနွယ်​ကိုမ​တွေ့ဘူး​နော်​"

"အနွယ်​က သူ့​မေ​မေ​နေမ​ကောင်းလို့ခွင့်​ပြန်​သွားတယ်​တဲ့"

"​အော်​"

"လာ ကိုကို အခန်းထိလိုက်​ပို့မယ်​ ​နေ့ခင်းထမင်းသားဖို့ လာ​ခေါ်မယ်​​နော်​"

"ဟုတ်​ ကိုကို ချစ်​တယ်​"

ဘွဲ့ babyရဲ့ လက်​ဖမိုး​လေးကိုနမ်းလိုက်​ပြီး

Love story of Encyclopedic LeafWhere stories live. Discover now