အခန်း(31)

4K 281 16
                                    

"ကိုကို ရုပ်​ရှင်​လိုက်​ပြ"

မနက်​က ကိစ္စ​တွေ ပြီးသွား​တော့ ကိုကိုက ရိပ်​​လေးကို ဖက်​ထားပြီး နှစ်​​ယောက်​တူတူ ကုတင်​​ပေါ်မှာ လှဲ​နေလိုက်​​တော့တယ်​ ရိပ်​​လေးက ကိုကို လက်​​မောင်း​ပေါ် ​ခေါင်း​လေးအုံးရင်း​ပေါ့ ကိုကိုက ရိပ်​​လေး ဆံပင်​​တွေကို ဖွရင်း

"ဘာဇာတ်​ကားကြည့်​ချင်​လို့လဲ babyက"

"ဘာဇာတ်​ကားရယ်​မဟုတ်​ပါဘူး ကိုကိုနဲ့တူတူ ရုပ်​ရှင်​ကြည့်​ချင်​တာ"

"သွားကြတာ​ပေါ့ ကိုကို ဘာဇာတ်​ကား​တွေ ပြ​နေလဲ ကြည့်​လိုက်​အုံးမယ်​ Royal garden မှာပဲကြည့်​မယ်​မလား"

"ဟုတ်​ ကိုကို ကိုကို့သ​ဘော"

ကိုကိုက ရိပ်​​လေးကို ဖက်​ထားရင်း ဖုန်းထဲက​နေ royal gardenက ဘာဇာတ်​ကား​တွေ တင်​​နေလဲကိုရှာကြည့်​​နေ​တော့တယ်​ royal gardenက ဒီနိုင်​ငံမှာဆို အကြီးမားဆုံးနဲ့ facilityအ​ကောင်းဆုံး ရုပ်​ရှင်​ရုံကြီး​လေ

"Baby zombieလို ကားမျိုးကြည့်​ရဲ့လား"

"ကိုကိုရှိရင်​ ဘယ်​ဇာတ်​ကားမဆိုကြည့်​ရဲတယ်​"

"အတတ်​​လေး"

ကိုကိုက ရိပ်​​လေး နှာ​ခေါင်းကို ဖွဖွဆွဲရင်း​ပြောလိုက်​တာမလို့ ရိပ်​​လေး ရီလိုက်​မိ​တော့တယ်

"ကိုကို ရိုးရိုးတန်းလက်​မှတ်​ဝယ်​​ပေး​နော်​"

"ဘာလို့လဲ က​လေး"

"ခုတ​လော royal gardenက ရိုးရိုးတနိးရုပ်​ရှင်​ရုံ​တွေဖက်​မှာ ဝန်​ထမ်း​တွေ အလုပ်​မလုပ်​ဘူး ဆိုတဲ့ အသံ​တွေထွက်​​နေလို့"

Babyစကား​ကြောင့်​ ဘွဲ့ပြုံးလိုက်​မိ​တော့တယ်​ ဘွဲ့က babyကို က​လေး​လေးလိုသ​ဘောထား​နေတဲ့အချိန်​မှာ babyက​တော့ မိဘလုပ်​ငန်းကို စိတ်​ဝင်​စားတဲ့ လူကြီး​ပေါက်​စ​လေးဖြစ်​​နေပြီ​လေ royal gardenက babyတို့ပိုင်​ဆိုင်​မှုဆို​တော့ CEO​ပေါက်​စ​လေးက သွားစစ်​​ဆေးချင်​​နေပြီ​လေ

"ဟုတ်​ပါပြီ CEO​ပေါက်​စ​လေးရယ်​ ချစ်​သူနဲ့dateတာ​တောင်​ အလုပ်​ကလုပ်​ချင်​​သေးတယ်​"

Love story of Encyclopedic LeafWhere stories live. Discover now