အခန်း(45)

3.4K 231 29
                                    

"Baby"

ကိုကိုရဲ့ သိချင်​​နေတဲ့ မျက်​ဝန်း​တွေကိုလျစ်​လျူရူ လိုက်​ပြီး ကိုကို့ ကိုသာခပ်​တင်းတင်းဖက်​ထားလိုက်​​တော့တယ်

"မထားခဲ့နဲ့​နော်​ ကိုကိုမရှိရင်​ baby​သေမှာ"

"Babyမရှိရင်​လည်း ကိုကို​သေမယ်​ဆိုတာ babyသိထား​ပေးပါ"

"ကိုကို"

"​ပြော​လေ က​လေး​လေး"

"Baby​ကြောက်​တယ်​ ခုတ​လော babyအိပ်​ရမှာကို​ကြောက်​တယ်​ babyအိပ်​​ပျော်​သွားတာနဲ့ ကိုကိုက babyကို ထားခဲ့တယ်​ဆိုတဲ့ အိမ်​မက်​ဆိုးကြီးက အမြဲ မက်​​နေလို့ babyအရမ်း​ကြောက်​တယ်​ကိုကို"

"​တောင်းပန်​ပါတယ်​ ​တောင်းပန်​ပါတယ်​ က​လေးရယ်​"

"ပြီး​တော့ babyနဲ့ ကိုကိုရဲ့ ချစ်​သက်​လက်​​ဆောင်​ စွယ်​​တော်​ပင်​​လေးက​လေ ​သေ​တော့မယ်​ထင်​တယ်​ ကိုကို အရွက်​​တွေ​ခြောက်​ပြီး ​ကြွေကျ​နေတယ်​ ကိုကို babyကိုမထားခဲ့ပါနဲ့​နော်​"

"မထားခဲ့ဘူး လုံးဝမထားခဲ့ဘူး​နော်​ ကိုကိုကတိ​ပေးတယ်​ ကိုကိုတို့က ခုဆို တရားဝင်​လင်​မယား​တွေ​တောင်​ဖြစ်​​နေပြီ​လေ babyကို ဘာလို့ ထားခဲ့ရမှာလဲ ​နော်​ babyအိမ်​မက်​ဆိုး​တွေကို​မေ့ပစ်​လိုက်​​နော်​ က​လေး​လေး"

"ဟုတ်​"

"ထ ခုစာကျက်​ရမယ့်​အချိန်​​ရောက်​ပြီ ကိုကို ထိုင်​​စောင့်​​ပေးမယ်​​နော်​"

"ဒါနဲ့ ကိုကို အစ်​ကိုထက်​ရာ​ပြောလား"

"အင်း ကိုကိုတို့ အဲအ​ကြောင်းကိုbabyစာ​မေးပွဲပြီးမှ ​ပြောကြမလား"

"ဟုတ်​"

"Babyသူ​ပေးထားတဲ့ ဆွဲကြိုးကို​တော့ ​သေချာသိမ်းထား​နော်​"

"ဟုတ်​ ကိုကို"

"အဲဒါဆို ​ရေ​သောက်​လိုက်​ ကိုယ်​လက်​လှုပ်​ရှားမှု နည်းနည်းလုပ်​ပြီးတာနဲ့ ​ရေချိုးရမယ်​ ကိုကို ​ရေစပ်​​ပေးထားမယ်​"

"ဟုတ်​ကဲ့ ကိုကို"

Babyအတွက်​ ​ရေစပ်​ရင်း​ရှေ့ဆက်​ဘယ်​လို ဖြစ်​မလဲဆိုတာကို ဘွဲ့တကယ်​စိတ်​ပူမိတယ်​ တကယ်​ဆို ဒါ​တွေဖြစ်​လာရတာ သူ့​ကြောင့်​ပဲ​လေ ပရင်​တုန်းကသာ babyကို သူမထားခဲ့ရင်​ baby​သေဆုံးမှာမဟုတ်​သလို အချိန်​ယန္တရားကိုလည်း လှည့်​ခဲ့မှာမဟုတ်​ဘူး သူသတ္တိမရှိခဲ့လို့ ခုလို​တွေဖြစ်​​နေခဲ့ရတာ ဘာ​တွေပဲဖြစ်​လာဖြစ်​လာ ဘွဲ့babyဘာမှမဖြစ်​​အောင်​ ကာကွယ်​​ပေးမယ်

Love story of Encyclopedic LeafWhere stories live. Discover now