အခန်း(7)

5K 385 16
                                    

ဘွဲ့ ​အဲ​နေ့ပြီးကတည်းက ဘွဲ့နားမှာ တီတီတာတာ ​ပြောတတ်​တဲ့ အသံ​လေး​တွေ ချူသံ​လေး​တွေ ​ပျောက်​ကွယ်​သွား​တော့တယ်​ ဘွဲ့တခုခုကို လိုက်​ရှာမိ​နေသလို တခုခုကိုလွမ်းသလိုဖြစ်​​နေပင်​မယ့်​ ဘွဲ့ဘာဖြစ်​​နေမှန်းကိုယ့်​ကိုယ်​ကို​သေချာမသိဖြစ်​​နေ​တော့တယ်​ ထမင်း​တွေ ပိုချက်​မိသလို ထမင်းခွံ​ကျွေးဖို့လည်း တ​ယောက်​​ယောက်​ကို ရှာမိ​နေ​တော့တယ်

"​တောက်​ စိတ်​ရှုပ်​စရာကွာ"

နှစ်​လ​ကျော်​ သုံးလဆိုတဲ့ အ​ခြေအ​နေမှာ တကယ်​ပဲ အဲက​လေးကို ဘွဲ့ ခင်​တွယ်​မိ​နေတာလား ဘွဲ့ ​ခေါင်းကိုသာ ခါယမ်းလိုက်​မိ​တော့တယ်​ တကယ်​ဆို ဘယ်​လိုမှ မဖြစ်​သင့်​ဘူးမလား ဟုတ်​တယ်​ သူ့မှာ ညီ​လေးမရှိလို့ ညီ​လေး တစ်​​ယောက်​လို ခင်​တွယ်​မိတာ

ငယ်​ငယ်​​လေးကတည်းက တစ်​​ယောက်​တည်းကြီးပြင်းလာရတဲ့ သူမလို့ ချစ်​ရိပ်​အားမာန်​ဆိုတဲ့​ကောင်​​လေးကို သူ ညီ​လေးတစ်​​ယောက်​လို သတ်​မှတ်​​နေမိတာ

ဒီ​နေ့ mondayဆို​တော့ third year အခန်းကို စာသင်​ရမှာမလို့ ဘွဲ့ကိုယ်​တိုင်​​တောင်​ သတိမထားမိပဲ ​ခြေလှမ်း​တွေက တက်​ကြွ​နေ​တော့တယ်​ အတန်းထဲ ဝင်​လိုက်​တာနဲ့ ဘွဲ့ မျက်​လုံး​တွေက စပ်​စလူး​လေး ထိုင်​​နေကြ​နေရာကို ကြည့်​လိုက်​​တော့ ခုံ​နေရာလွှတ်​​နေတာမလို့ ရင်​ထဲ ဟာခနဲ​တောင်​ဖြစ်​သွား​တော့တယ်

"​နေအသွင်​ ချစ်​ရိပ်​အားမာန်​​ရော"

"ရိပ်​​လေးက ​ကျောင်းမတက်​တာ ငါးရက်​ရှိပါပြီဆရာ ​ဆေးခွင့်​တပါတ်​ တင်​ထားပါတယ်​"

"ဘာ"

"ဘာဖြစ်​လို့လဲ သူ​နေမ​ကောင်းလို့လား"

ဘွဲ့ စိတ်​ထဲ ပူခနဲဖစ်​သွားပြီး အ​လောတကြီး ​မေးလိုက်​မိ​တော့တာ်

"ကျွန်​​တော်​လည်းမသိဘူးဆရာ ကျွန်​​တော်​လည်း သူ့ကိုဆက်​သွယ်​မရလို့ စိတ်​ပူ​နေတာ"

ဘွဲ့ ကိုယ့်​စိတ်​ကိုယ်​ပြန်​ထိန်းလိုက်​ပြီး ​ကျောင်းသား​တွေကိုကြည့်​ရင်း

Love story of Encyclopedic LeafМесто, где живут истории. Откройте их для себя