အခန်း(19)

4.3K 335 25
                                    

(မ​နေ့ကအ​ဖြေ​တွေထဲမှာ အနီးစပ်​ဆုံးခန့်​မှန့်​နိုင်​တဲ့အ​ဖြေ​လေးတခု​တွေ့လို့ ကတိအတိုင်း ​နောက်​တစ်​ပိုင်း တင်​​ပေးလိုက်​ပါတယ်​)

"ကိုကို ကလည်း ဘယ်​သူနဲ့​ပြော​နေလို့ တချိန်​လုံး ဖုန်းမအားဘူးပဲ ဖြစ်​​နေတာဘဲမသိဘူး"

ရိပ်​​လေး အိမ်​ပြန်​​ရောက်​တာနဲ့ ကိုကို့ဆီဖုန်းဆက်​​တော့ တချိန်​လုံး busyပဲဖစ်​​နေတဲ့ ကိုကို့ဖုန်း​ကြောင့်​ နှုတိခမ်းကautoဆူလာမိ​တော့တယ်​ ဖုန်းကို ကုတင်​​ပေါ်ပစ်​တင်​လိုက်​တဲ့အချိန်​မှ မြည်​လာတဲ့ဖုန်းကို ကြည့်​လိုက်​​တော့ အသွင်​ဆီက

"Hello ဘာလဲ​ပြော"

"မင်း​လေသံကလည်း ဘာဖြစ်​​နေတာလဲ ရည်းစားနဲ့ဖုန်းမရလို့ စိတ်​​ကောက်​​နေတဲ့အသံကြီးနဲ့"

"ဟုတ်​တယ်​ ကိုကိုနဲ့ဖုန်းမ​ပြောရလို့ စိတ်​ဆိုး​နေတာ"

"အဲဒါအသာ​နေစမ်းကာ ချစ်​ရိပ်​ရာ ငါမင်းကို​ပြောစရာရှိလို့ မင်းဒီ​နေ့ ​ကျောင်းwebsiteကိုဝင်​ကြည့်​ပြီးပြီလား ပြီး​တော့ ​ကျောင်းfacebook page​ရော"

"မကြည့်​ရ​သေးဘူး​လေ ဘာဖြစ်​လို့လဲ"

"ကြည့်​ကြည့်​လိုက်​ မင်းနဲ့ ဆရာတို့အရမ်းနာမည်​ကြီး​နေတာ"

"ဘာကြီး"

"ငါ့သူငယ်​ချင်း​လေးက ဓာတ်​ပုံ​တော့ စားသားပဲ ပုံ​တွေထဲမှာ ​တော်​​တော်​​ချော​နေတာ"

"ခန​နေမှ မင်းကို ငါပြန်​ဆက်​မယ်​"

ရိပ်​​လေး ဖုန်းချပြီး ​ကျောင်း websiteထဲကိုဝင်​ကြည့်​လိုက်​​တော့ ဒီ​နေ့ ​ဘောလုံးပွဲဖွင့်​ပွဲ အခမ်းအနားဓာတ်​ပုံ​တွေရယ်​ ပြီး​တော့ ကိုကိုနဲ့ သူ့ရဲ့ပုံ​တွေကို ​တွေ့လိုက်​ရတယ်​ ​ကျောင်းရဲ့official websiteမလို့ထင်​တယ်​ ရိပ်​​လေးနဲ့ ကိုကိုရဲ့ပုံ သုံးပုံ​လောက်​သာ​တွေ့ရတယ်​ ကိုကို့ကို ရိပ်​​လေးက ​ရေဘူး​ပေး​နေတဲ့ပုံရယ်​ ပြီး​တော့ ရိပ်​​လေးက ကိုကို့ကို​ချွေးသုတ်​​ပေး​နေတဲ့ပုံနဲ့ ကိုကိုက ရိပ်​​လေးလက်​ကို ဆွဲပြီး စကား​ပြော​နေတဲ့ပုံ​လေးသုံးပုံထဲကို အသွင်​တို့က စကားလုပ်​ပြီး​ပြော​နေတယ်​ တခြားအတွဲ​တွေ ပုံ​တွေပါ ပါတာမလို့ အဲ​လောက်​လည်းမထူးဆန်းသွားပါနဲ့

Love story of Encyclopedic LeafWhere stories live. Discover now