အခန်း(15)

5.1K 333 13
                                    

"ကိုကို ကိုကို morning မွ"

မနက်​အိပ်​ရာနိုးတာနဲ့ လမ်း​လျှောက်​ထွက်​ပြီး ပြန်​လာ​တော့ babyဆီက voice message​လေး ​ရောက်​​နေတာမလို့ဖွင့်​ကြည့်​လိုက်​​တော့ babyအသံစူးစူး​လေး နဲ့ မွဆိုတဲ့အသံ​လေး​ကြောင့်​ ဘွဲ့ပြုံးလိုက်​မိ​တော့တယ်

"Morning baby"

ဘွဲ့လည်း voice messageပြန်​ပို့ပြီး ​ရေချိုးဖို့တဘက်​နဲ့ ​ရေခွက်​တို့ကိုယူ​နေတုန်း ဖုန်းringtoneက မြည်​လာ​တော့တယ်

"Helloကိုကို"

"အင်း baby​ပြော"

"ကိုကို ​နေမ​ကောင်းဘူးလား အသံက မ​ကောင်းသလိုပဲ"

ဘွဲ့ ညကအိပ်​​ရေးပျက်​ထားတာမလို့လအသံကတမျိုးဖြစ်​​နေတာကို babyကတန်းသိ​နေတာ​ကြောင့်​ ဘွဲ့အံ​တောင်​သြမိတယ်​ ​သေချာသတိမထားမိရင်​ ဘွဲ့အသံက ပုံမှန်​လိုပဲ​လေ

"​ကောင်းပါတယ်​ babyရဲ့ ကိုကို ညကအိပ်​​ရေးနည်းနည်းပျက်​သွားလို့ပါ"

"ကိုကို မနက်​စာကို babyယူလာခဲ့မယ်​​နော်​ အ​ဆောင်​မှာပဲ​စောင့်​​နော်​"

"ဟုတ်​ပါပြီ ကားကို ကိုယ်​တိုင်​မ​မောင်းနဲ့​နော်​"

"ဟုတ်​ ကိုကို baby​စော​စောလာခဲ့မယ်​​နော်​ တာ့တာ ချစ်​တယ်​ ကိုကို မွချိ"

အသံ​တွေ​ပေါင်းစုံထွက်​ပြီး ဖုန်းချသွားတဲ့ baby​ကြောင့်​ ဘွဲ့မှာ ဒုတိယအကြိမ်​ ရီလိုက်​မိ​တော့တယ်​ တကယ်​ကို ဘွဲ့အတွက်​ babyကလူရွှင်​​တော်​​လေး

ကျောင်းသွားဖို့ပြင်​ပြီးတာနဲ့ အခန်းထဲမှာ စာဖတ်​ရင်း babyကို​စောင့်​​နေလိုက်​​တော့တယ်​ ခန​နေ​တော့ ချူသံ​လေး​တွေ corrider တ​လျှောက်​ကြားလိုက်​ရတာမလို့ baby​ရောက်​လာပြီမှန်း သိလိုက်​ရတယ်​ ဘွဲ့အခန်းတံခါးဖွင့်​​ပေးလိုက်​​တော့ အ​ပေါက်​ဝမှာ ချိုင့်​​တွေ ဓာတ်​ဘူး​တွေနဲ့ ဘွဲ့ကို ပြုံးပြ​နေတဲ့ baby​လေး

"ကိုကို"

"လာ အထဲကိုမြန်​မြန်​ဝင်​"

Babyအခန်းထဲ​ရောက်​တာနဲ့ တံခါးကိုပိတ်​လိုက်​ပြီး ပါးချိုင့်​​လေးကိုငုံ့နမ်းလိုက်​​တော့တယ်

Love story of Encyclopedic LeafWhere stories live. Discover now