အခန်း(39)

3.5K 250 16
                                    

"အ ကျွတ်​ ကျွတ်​ ​ခေါင်းကိုက်​လိုက်​တာကွာ"

ရိပ်​​လေး မနက်​ခင်း​နေ​ရောင်​​ကြောင့်​ နိုးလာ​တော့ ​ခေါင်းကအ​တော်​​လေးကို ကိုက်​​နေတာမလို့ ​ခေါင်း ကို ကိုင်​ပြီး အိပ်​ရာက​နေ ထလိုက်​မိ​တော့တယ်

"အ တင်​ပါးကလည်းနာလိုက်​တာ ညက ​အောက်​ပြုတ်​ကျတာများလား"

"ဟင်​ ငါဘယ်​​ရောက်​​နေတာလဲ ညက အသွင်​နဲ့ ကား​မောင်းပြီး ပြန်​တာမလား ခု ဒါက"

ရိပ်​​လေး ​ရောက်​​နေတဲ့ ​နေရာ ပါတ်​ဝန်းကျင်​ကိုလှည့်​ပါတ်​ကြည့်​လိုက်​​တော့

"ဒါ ကိုကို့ အခန်း ဟုတ်​တယ်​ ကိုကို့အခန်းပဲ ဘယ်​လိုဖြစ်​လို့ ငါ"

"အမူးသမား​လေး နိုးပြီလား"

"ကိုကို"

ရုတ်​တရက်​ ကြားလိုက်​ရတဲ့ ကိုကိုအသံ​ကြောင့်​ ရိပ်​​လေး ​လန့်​သွားမိ​တော့တယ်​ သူ ညကclubကို ခိုးသွားတာ ကိုကိုသိသွားပြီထင်​တယ်​ ရိပ်​​လေး ကိုကို့ ကို ​မော့ကြည့်​လိုက်​မိ​တော့

"DJ Y"

"ဟို အဲဒါက​လေ ကိုကို babyက"

"​ရော့ ဆန်​ပြုတ်​​သောက်​ ​ဆေး​သောက်​လိုက်​ ပြီးရင်​ ​ရေချိုးပြီး ​အောက်​ဆင်းလာခဲ့ အိမ်​လိုက်​ပို့မယ်​"

ကိုကိုက ရိပ်​​လေးသူ့ကိုလိမ်​ထားတာမလို့ ​တော်​​တော်​ စိတ်​ဆိုးသွားတယ်​ထင်​တယ်​ ရိပ်​​လေးတို့စ​တွေ့တုန်းက မျက်​နှာလိုမျိုး မျက်​နှာထားခပ်​တင်း တင်းနဲ့ ဆန်​ပြုတ်​ပန်းကန်​ကို ​ပေးပြီး အခန်းအပြင်​ကို ထွက်​သွားဖို့ တံခါးဆီကို​လျှောက်​သွား​တော့တယ်

ရိပ်​​လေး ဘာမှမစဉ်းစားနိုင်​​တော့ပဲ ဝမ်းနည်း လာတာမလို့ ကုတင်​​ပေါ်က​ပြေးဆင်းပြီး အခန်း ထဲကထွက်​သွား​တော့မယ့်​ ကိုကို့ခါးကိုဖက်​လိုက်​ပြီး

"​တောင်းပန်​ပါတယ်​ ကိုကို babyတမင်​ လိမ်​တာမဟုတ်​ပါဘူး ကိုကို baby​တောင်းပန်​ပါတယ်​"

"မျက်​နှာသစ်​​တော့လို့ ကိုကို​ပြောတယ်​မလား"

"ကိုကို"

Love story of Encyclopedic LeafWhere stories live. Discover now