အခန်း(36)

3.6K 262 18
                                    

ကောင်​ကင်​တစ်​ခုလုံး မဲ​မှောင်​ပြီး မိုး​တွေ တဝုန်း ဝုန်း ရွာ​နေတဲ့ လမ်းမ​ပေါ်မှာ ​ကောင်​​လေး​သေး​သေး​လေးတစ်​​ယောက်​တည်း​လျှောက်​သွား​နေတာကို​တွေ့လိုက်​ရ​တော့တယ်​ ​ကောင်​​လေးမျက်​နှာက မိုး​ရေ​ကြောင့်​လား ငိုထားတာ​ကြောင့်​လား မသိ နီရဲ​နေပြီး မျက်​ခွံ​တွေက မို့အစ်​​နေတာ ကို ​သေချာဂရုစိုက်​ကြည့်​ရင်​ မြင်​လိုက်​ရမှာ အ​သေအချာပဲ​လေ

ကောင်​​လေးရဲ့ ပါးစပ်​ကလည်း တိုးတိုး​လေးနဲ့ စကားတစ်​ခွန်းကိုအဆတ်​မပြတ်​ ​ရေရွတ်​​နေ​သေးတယ်​​လေ

"ကိုကို ကိုကို ကိုကို ကိုကို အဲလိုမလုပ်​ပါနဲ့ မလုပ်​လိုက်​ပါနဲ့ မထားခဲ့ပါနဲ့ ​တောင်းပန်​ပါတယ်​"

အော်​ဟစ်​ ငို​နေတဲ့ ​ကောင်​ငယ်​​လေးက လမ်းတစ်​​နေရာ ​ရောက်​​တော့ လဲကျသွားပြီး မျက်​လုံး​လေး​တွေက မှိတ်​သွား​တော့တယ်

"Baby baby baby"

ဘွဲ့ ပါးစပ်​က​နေ babyဆိုတာ ကို ​ခေါ်ပြီး နှိုးလာ​တော့တယ်​ အိမ်​မက်​ထဲမှာ မိုး​ရေထဲလဲကျသွားတဲ့ ပုံရိပ်​က ဘွဲ့မျက်​လုံးထဲက​နေ လုံးဝကို ​ဖျောက်​ဖြတ်​မရတဲ့ ပုံရိပ်​​လေး ဖြစ်​​နေ​တော့တယ်​ အိမ်​မက်​ထဲမှာ နာကျင်​​နေတဲ့ babyပုံရိပ်​​လေးက ဘွဲ့နှလုံးသားကို အစွမ်းကုန်​ နာကျင်​သွား​စေ​တော့တယ်

ဘေးနားက ​ရေဘူးထဲက ​ရေကို အဆတ်​မပြတ်​​မော့​သောက်​လိုက်​ပြီး ဘွဲ့စိတ်​ကို အတတ်​နိုင်​ဆုံး ငြိမ်​​အောင်​ ထိန်းလိုက်​မိ​တော့တယ်​ ခုတ​လော ဘာဖြစ်​လို့များ အချိန်​စက်​ဝိုင်းမလှည့်​ခင်​ အ​ကြောင်းအရာ​တွေကို အိမ်​မက်​ ပြန်​မက်​​နေတာလဲ ဘွဲ့နားမလည်​နိုင်​ဖြစ်​​နေမိတယ်

အိမ်​မက်​​တွေ​ကြောင့်​ ဘွဲ့အိပ်​​ရေးပျက်​တဲ့ ည​တွေ တဖြည်းဖြည်းများလာသလို အိမ်​မက်​​တွေတိုင်း ကလဲ ​ကြောက်​ဖို့​ကောင်း​လောက်​​အောင်​ babyလဲကျသွားတဲ့ ပုံရိပ်​​တွေပဲ ဖြစ်​​နေတယ်​​လေ တိုက်​တိုက်​ဆိုင်​ဆိုင်​ အိမ်​မက်​​တွေ လန့်​နိုးလာတိုင်း မနက်​ 3နာရီခွဲ အချိန်​ဖြစ်​​နေတယ်​​လေ

Love story of Encyclopedic LeafWhere stories live. Discover now