အခန်း(14)

4.9K 334 13
                                    

"ကိုကို အိမ်​ထဲလိုက်​ခဲ့ပါလား"

"မလိုက်​​တော့ပါဘူး baby အိမ်​ထဲဝင်​​တော့​လေ ကိုကို ပြန်​​တော့မယ်​"

"လိုက်​ခဲ့ပါ ကိုကိုရဲ့ babyက ပါးပါးတို့daddyတို့ကို babyကိုကို ဆိုပြီးကြွားချင်​လို့"

Babyကို လိုက်​ပို့​တော့ babyကို ခြံတံခါးဝမှာကားရပ်​လိုက်​တာနဲ့ babyက အိမ်​ထဲအတင်းလိုက်​ဖို့​ခေါ်​နေ​တော့တယ်​ babyကို ချမ်းသာတဲ့အသိုင်းအဝိုင်းကမှန်း ခန့်​မှန်းမိပင်​မယ့်​ အဲ​လောက်​ချမ်းသာလိမ့်​မယ်​​တော့ ဘွဲ့တစ်​ကယ်​မထင်​မိဘူး ခြံ​ရှေ့ရပ်​လိုက်​တာနဲ့ လှမ်းမြင်​လိုက်​ရတဲ့ ခြံအ​နေအထား အိမ်​ရဲ့ပုံစံ​တွေက ​တော်​ရုံမိသားစုမဟုတ်​မှန်း သိသာ​စေတယ်​​လေ

"​နောက်​မှ​ပေါ့ baby"

"ကိုကိုက babyကိုအလိုမလိုက်​ဘူး"

Baby မျက်​နှာ​လေးညှိုးသွားတာမလို့ ဘွဲ့ စိတ်​​တောင်​မ​ကောင်းဖြစ်​သွား​တော့တယ်​ babyလက်​​လေးကိုဆုပ်​ကိုင်​လိုက်​​တော့

"ကိုကိုက babyကို အ​ပျော်​တွဲတာလား"

"အိမ်​ထဲဝင်​​တော့"

လက်​ကိုလွှတ်​ချပြီး ကား​ပေါ်ကဆင်းဖို့လုပ်​​နေတဲ့ကိုကို့ လက်​ကိုအတင်းပြန်​ဆွဲလိုက်​ပြီး

"ကိုကို"

"ကိုကိုတို့ ချစ်​သူဖြစ်​တာ တစ်​ရက်​မပြည့်​​သေးဘူး ကိုကို စိတ်​မဆိုးချင်​ဘူး baby"

"Babyက ကိုကို့ကို babyမိဘ​တွေနဲ့ မိတ်​ဆက်​​ပေးချင်​တာ​လေ"

"​စော​သေးတယ်​လို့ ကိုကို​ပြောတယ်​​လေ"

"babyအတွက်​က ​နောက်​​တောင်​ကျ​နေပြီ"

"ကိုကိုက စကားနား​ထောင်​မှကြိုက်​တာ baby ကိုကိုက ​စော​သေးတယ်​​ပြောရင်​ လက်​ခံလိုက်​ ​စော​စောအိပ်​​တော့ မနက်​ဖြန်​မှ​တွေ့မယ်​"

"ကိုကိုပြန်​​ကောက်​တာနဲ့ဖုန်းဆက်​မယ်​​နော်​ ဂျစ်​တူး​လေး"

နဖူးကိုနမ်းပြီး ကား​ပေါ်ကဆင်းသွားတဲ့ ကိုကို​နောက်​​ကျောကိုကြည့်​ပြီး ရိပ်​​လေးနှုတ်​ခမ်းဆူလိုက်​မိ​တော့တယ်

Love story of Encyclopedic LeafWhere stories live. Discover now