အခန်း(50)

3.4K 249 20
                                    

"မပြန်​ချင်​​သေးဘူး​လေ ကိုကိုရယ်​ ကိုကို​ပြော​တော့ က​လောရဲ့ view pointမှာ မနက်​​နေထွက်​တာ လိုက်​ပို့မယ်​ဆို ပြီး​တော့ က​လော​ဈေးလည်း သွားအုံးမယ်​​လေ အင်း​လေးလည်း လိုက်​ပို့မယ်​ဆို"

"မဟုတ်​ဘူး​လေ က​လေးရဲ့ အဲဒါ​တွေက ​နောက်​မှ တစ်​​ခေါက်​ထပ်​လိုက်​ပို့မယ်​​လေ ခုက က​လေးကျန်း မာ​ရေးက အ​ရေးကြီးတာမလို့​လေ"

"ကိုကို ခုbabyအဲ့အ​ကြောင်းအရာ​တွေကို​မေ့ထားပြီး​တော့ ကိုကိုနဲ့​လျှောက်​လည်​ချင်​တယ်​ တူတူ​ပျော်​ချင်​တယ်​"

"ကိုကိုလည်းသိထားတာပဲ ခုကျန်းမာ​ရေးအ​ခြေအ​နေဆိုတာ babyအတွက်​ သတ်​မှတ်​ထားတဲ့ ကံတရားဆိုတာ"

"Babyကလည်း ကုလို့ရပါတယ်​"

"ကိုကို baby ငယ်​ငယ်​​လေးကတည်းက ​သေခြင်း တရားနဲ့ ရင်​ဆိုင်​ခဲ့ရပြီသားမလို့ babyမ​ကြောက်​ဘူး ကိုကို babyအတ္တကြီးတယ်​လို့​ပြော​ပြော babyမရှိ​တော့ရင်​​တောင်​ ကိုကို့ကို babyနဲ့တူတူ ​ပျော်​ရွှင်​ခဲ့တဲ့ အမှတ်​တရ​တွေကို ​ပေးထားခဲ့ချင်​တယ်​ ကိုကို့ ဘဝမှာ babyကိုမ​မေ့နိုင်​​အောင်​ တံဆိပ်​ခတ်​သွားချင်​တယ်​ ကိုကို"

"Babyရယ်​ က​လေးက ကိုကို့ရဲ့ ဟိုအနက်​ရှိုင်းဆုံး ​နေရာမှာရှိထားပြီးသားမလို့ babyကို​မေ့ဖို့ဆိုတာ ဘယ်​လိုမှမဖြစ်​နိုင်​ပါဘူး က​လေးရယ်​"

"အဲဒါဆို ​လျှောက်​လည်​ကြမယ်​​နော်​"

"ဒါပင်​မယ့်​"

"သုံးရက်​ပဲ​လေ သုံးရက်​ပဲတူတူ​လျှောက်​လည်​ကြမယ်​​လေ"

လက်​​လေးသုံး​ချောင်း​ထောင်​ပြီး ဘွဲ့မျက်​နှာကို ​မော့ကြည့်​လာတဲ့ မျက်​ဝန်း​လေး​ကြောင့်​ ဘွဲ့မှာ ​ခေါင်းငြိမ့်​လိုက်​ရ​တော့တယ်

"ဟီး အဲဒါ​ကြောင့်​ ကိုကို့ ကိုအချစ်​ပိုရတာ"

ပါးပြင်​ကို ထိလာတဲ့နှုတ်​ခမ်း​လေး​ကြောင့်​ ဘွဲ့ပြုံးလိုက်​မိ​တော့တယ်​ babyက တကယ်​ကိုချွဲစိန်​​လေးပါ

"ကိုကို"

"ဗျာ"

"​နေထွက်​လာပြီ ကြည့်​ကြည့်​ အရမ်းလှတယ်​"

Love story of Encyclopedic LeafWhere stories live. Discover now